ပွင့်မေတ္တာတိုင်းရင်းဆေး - Pwint Myitta

  • Home
  • Myanmar
  • Pakokku
  • ပွင့်မေတ္တာတိုင်းရင်းဆေး - Pwint Myitta

ပွင့်မေတ္တာတိုင်းရင်းဆေး - Pwint Myitta တိုင်းရင်းဆေးစွမ်းကောင်းတွေကို ထုတ်လုပ်ဖြန့်ချိရောင်းချပေးပါတယ်။

🙏 ဆေးဝါးလှူဒါန်းမှု ကုသိုလ်မှတ်တမ်း 🙏အလှူရှင် – ပွင့်မေတ္တာဆေးတိုက် (ပခုက္ကူမြို့)ယနေ့ မကွေးမြို့ရှိ သာသနာ့အကျိုးဆောင် က...
18/07/2026

🙏 ဆေးဝါးလှူဒါန်းမှု ကုသိုလ်မှတ်တမ်း 🙏

အလှူရှင် – ပွင့်မေတ္တာဆေးတိုက် (ပခုက္ကူမြို့)

ယနေ့ မကွေးမြို့ရှိ သာသနာ့အကျိုးဆောင် ကျောင်းတိုက်များတွင် ဆေးဝါးများကို ကုသိုလ်ပြု လှူဒါန်းခဲ့ပါသည်။

📍 အောင်မြေရတနာကျောင်းတိုက် – ပွင့်မေတ္တာအာရုံကြောဆေးဘူး ၂၀၀+ပွင့်မေတ္တာအဆီကျဆေးဘူး၂၀၀+ပွင့်မေတ္တာအကြောဖြေလိမ်းဆေးနှင့် အခြားပွင့်မေတ္တာဆေးတိုက်ထုတ်ဆေးမျိုးစုံ နှင့်
📍 မကွေးမြို့ပေါ်ရှိသီလရှင်ကျောင်း များ အတွက်– ပွင့်မေတ္တာဆေးမျိုးစုံ

💰 စုစုပေါင်း တန်ဖိုး – ၁၇ သိန်း ၅ သောင်းကျပ်ဖိုး...လှူဒါန်းကုသိုလ်ပြုခဲ့ပါသည်ရှင်🙏🙏🙏

ဤမြတ်သောအလှူကုသိုလ်ကို ပွင့်မေတ္တာဆေးတိုက် (ပခုက္ကူမြို့) နှင့်ဝယ်ယူအားပေးကြသူ အားလုံးရဲ့ စေတနာသဒ္ဓါတရားဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။

ဤကုသိုလ်အစုစုကို အလှူရှင်နှင့်တကွ ပါဝင်ကုသိုလ်ယူကြသူအားလုံးအတွက် ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ၍ စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေ။ လိုရာဆန္ဒများလည်း ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင်...

🙏 သာဓု… သာဓု… သာဓု… 🙏

💚 ကျေးဇူးတင်ပါတယ် 💚လွန်ခဲ့တဲ့ ၁၄ နှစ်က "ပွင့်မေတ္တာတိုင်းရင်းဆေးထုတ်လုပ်ရေး" ကို မျှော်လင့်ချက်တွေနဲ့ စတင်ခဲ့တဲ့အချိန်မှ...
24/06/2026

💚 ကျေးဇူးတင်ပါတယ် 💚

လွန်ခဲ့တဲ့ ၁၄ နှစ်က "ပွင့်မေတ္တာတိုင်းရင်းဆေးထုတ်လုပ်ရေး" ကို မျှော်လင့်ချက်တွေနဲ့ စတင်ခဲ့တဲ့အချိန်မှာ ဒီနေ့လို အခြေအနေမျိုးကို ရောက်လာမယ်လို့ မထင်မှတ်ခဲ့ပါဘူး။
၂၀၂၂ခုနှစ်မေလ၂၂ရက်နေ့မှာ...ပခုက္ကူမှာ ပွင့်မေတ္တာဆေးတိုက်ကြီးကို အောင်မြင်စွာ ဆောက်နိုင်ခဲ့ပြီး ပွင့်မေတ္တာဆေးနှင့်စတိုးဆိုင်အဖြစ်လည်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်...🥰🥰🥰

ဒီနှစ်၂၀၂၆ခုနှစ်မေလ ၂၆ ရက်နေ့မှာတော့ "ပွင့်မေတ္တာဆေးနှင့်စတိုး" ကို မန္တလေးမြို့မှာ ဆိုင်ခွဲအဖြစ် ထပ်မံဖွင့်လှစ်နိုင်ခဲ့တာဟာလည်း ကျွန်မတို့ရဲ့ ကြိုးစားအားထုတ်မှုတစ်ခုတည်းကြောင့် မဟုတ်ဘဲ အစဉ်တစိုက် ယုံကြည်စွာ အားပေးခဲ့ကြတဲ့ Customer များအားလုံးရဲ့ ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှုတွေကြောင့် လည်း ဖြစ်ပါတယ်။

ဆိုင်သေးသေးလေးတစ်ဆိုင်ကနေ ဒီနေ့ ဆိုင်(၂)ဆိုင်အထိ တိုးချဲ့နိုင်ခဲ့တာဟာ Customer တစ်ယောက်ချင်းစီရဲ့ အားပေးမှုတွေ စုပေါင်းထားတဲ့ ရလဒ်တစ်ခုပါပဲ။

ဝယ်ယူအားပေးခဲ့သူများ၊ မိတ်ဆွေများ၊ မျှဝေပေးခဲ့သူများ၊ ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ပေးခဲ့သူများအားလုံးကို ကျွန်မတို့ မမေ့နိုင်တဲ့ ကျေးဇူးရှင်များအဖြစ် အမြဲတမ်း မှတ်ထားပါမယ်ရှင်🥰

"ပွင့်မေတ္တာတိုင်းရင်းဆေးထုတ်လုပ်ရေး" နှင့် "ပွင့်မေတ္တာဆေးနှင့်စတိုး" တို့ကို ယုံကြည်စွာ လက်တွဲအားပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ 🙏

ရှေ့ဆက်ပြီးလည်း ယုံကြည်မှုကို တန်ဖိုးထားပြီး ပိုမိုကောင်းမွန်သော ထုတ်ကုန်များ၊ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ပြန်လည်ပေးဆပ်သွားပါမည်။
viber group လေးတွေမှာနေ့စဥ်စျေးလေးတွေတင်ပေးထားလို့...09-797844162 (pku)
09793449715(mdy)joinထားပြီးကြည့်ရှုမေးမြန်းနိုင်ပါတယ်ရှင်...
Edit...မင်မင်တို့ဆေးတိုက်ကနေ...ပထမအကြိမ်...အိမ်ခြေ၂၀၀.ဆန်၁ပြည်ဆီ၅၀သားနဲ့ဆေးကုသိုလ်ပြုခဲ့တဲ့မှတ်တမ်းလေးနဲ့
စတုဒီသာကျွေးတဲ့ကုသိုလ်လေး ဝေမျှလိုက်ရပါတယ်ရှင်...အားလုံးကုသိုလ်ထပ်တူရကြပါစေရှင်🙏🙏🙏

ကျေးဇူးတင်ပါတယ်...ကျေးဇူးတင်နေပါမယ်...💚💚💚

💓သားတို့ရုပ်ရည် သီတာမြည်သား        ရေကြည်ချမ်းမျှ   တစ်ပေါက်ကျက မိဘတို့ဝမ်း             ငြိမ်းစတမ်း။💓 တဲ့ 🔶သားတို့ သမီးတ...
15/06/2026

💓သားတို့ရုပ်ရည် သီတာမြည်သား
ရေကြည်ချမ်းမျှ
တစ်ပေါက်ကျက မိဘတို့ဝမ်း
ငြိမ်းစတမ်း။💓 တဲ့

🔶သားတို့ သမီးတို့ မျက်နှာပြုံးရွှင်
ကျန်းမာနေတယ်ဆိုရင် မေမေတိုင်း
စိတ်ပျော်ရွှင် အေးချမ်းကြရပါတယ်

🔶ကလေးရှိတဲ့ မေမေတို့ အတွက်
ဘေဘီပွင့် ရင်လူးဆေးက မိတ်ကောင်းဆွေမွန်ပါ

🔶ဆီးချုပ် ဝမ်းချုပ် အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းနဲ့
စမြင်းခံတာ တငိုငိုတရီရီဖြစ်တာ ကလေးကအီတတ်တာတွေအတွက်
ဘေဘီပွင့်သာဆောင်ထားပါ

🔶အအေးပတ်တာ အစားမှားတာက အစ
ကလေးဘာဖြစ်မှန်း မသိဘူးဆိုရင်
ရင်လူးဆေးသာပွတ်လူးပေးပါ

🔶ဆေးတိုက်ရခက်လို့ ဆေးမတိုက်ချင်တဲ့
မေမေတို့အတွက် အဖော်ကောင်းအဖော်မွန်
ဘေဘီပွင့်ပါ

🔶အမှတ်တကယ် စိတ်ချမ်းသာရတဲ့
မေမေတို့ကိုယ်တွေ့ Feedback ကောင်းလေးတွေလည်း
ရထားပါတယ်ရှင် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါတယ်ရှင့်

🔷ကလေးတွေတင်မဟုတ်ပဲ
လူကြီးပဲလူးလူး ကလေးပဲ လူးလူး
လူးတဲ့သူမှန်သမျှ ချမ်းသာရာရတဲ့
ဘေဘီပွင့်ရင်လူးဆေးပါ

🔷လူကြီးတွေ ချွဲကပ် ချွဲကြပ် ချွဲပုတ်ထခြင်း
ရင်ပြည့် ရင်ကယ်နဲ့ ပန်းနာ လေနာ ရောဂါတွေဖြစ်ခဲ့ရင်
ကျောနဲ့ ရင် နှံ့အောင်လူးပေးရုံနဲ့ တင်
ဝေဒနာသက်သာချမ်းသာကြပါတယ်

🔷ဘေဘီပွင့် ရင်လူးဆေး
တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် TMR - 016229
တစ်ဘူးကို ၁၇၀၀ ကျပ် ဝန်းကျင် နဲ့
အမြို့မြို့ အနယ်နယ် က ဆေးဆိုင်တော်တော်များများမှာ
ဝယ်လို့ရနေပါပြီ

🔷ဝယ်ရမယ့်ဆိုင်မသိရင်
Comment မှာ မေးပေးပါရှင်
မြန်မြန်လေး ပြန်ဖြေပေးပါ့မယ် ရှင့်

#ဘေဘီပွင့်ရင်လူးဆေးနဲ့ အတူ
#ကျန်းမာရင်အေး_ဘေးလည်းကင်းကြပါစေရှင်

#ပွင့်မေတ္တာဆေးတိုက် #တိုင်းရင်းဆေး
#အစွမ်းထက်တိုင်းရင်ဆေးစစ်စစ်
#ဘေဘီပွင့်ချွဲသလိပ်ကြေရင်လူးဆေး

🥶ဒီလို အေးတဲ့ ရာသီမှာလိမ်းဆေး(ပူ)တစ်ဘူး ဆောင်ထားဖို့လိုပြီ…❄️ရာသီဥတုက အအေးပိုလာပြီဆိုတော့အိမ်တိုင်းမှာ လိမ်းဆေးပူ(ဒဏ်ကြေ...
15/06/2026

🥶ဒီလို အေးတဲ့ ရာသီမှာ
လိမ်းဆေး(ပူ)တစ်ဘူး ဆောင်ထားဖို့လိုပြီ…

❄️ရာသီဥတုက အအေးပိုလာပြီဆိုတော့
အိမ်တိုင်းမှာ လိမ်းဆေးပူ(ဒဏ်ကြေလိမ်းဆေး)တစ်ဘူးတော့
ဆောင်ထားသင့်ပါပြီ

🌨️ရာသီက အေးလာပြီဆို
အသက်အရွယ်ကြီးသူတွေနဲ့လေးဘက်နာ၊
ဂေါက်နဲ့ အဆစ်အမြစ်ကိုက်တတ်သူတွေအဖို့
ည အိပ်မရနိုင်အောင် ကိုက်ခဲ နာကျင်တတ်ပါတယ်

🔥ပွင့်မေတ္တာ အကြောဖြေလိမ်းဆေး (ဆေးပူ)လေး
ဆောင်ထားပြီး ညစဥ်လူးနယ်ပေးရင်
ကိုက်ခဲ နာကျင်တာသက်သာပြီး
အိပ်ရေးဝဝ အိပ်မက်လည်း လှစေပါတယ်ရှင်

👨‍👩‍👦ကလေးတွေနဲ့ လူကြီးမိဘတွေရဲ့
ကျောနဲ့ရင်ကို လိမ်းပေးထားရင်
အအေးဒဏ်လည်းခံနိုင်ပြီး
အဆုတ်အအေးပတ်တာကိုလည်း သက်သာစေပါတယ်

🌈ရာသီအေးလို့ ချောင်းတွေဆိုးနေရင်လည်း
လိမ်းဆေးပူလေး လည်ပင်းကို ပွတ်ပေးရင်
သလိပ်ပျော်ပြီး ချောင်းဆိုးလည်းသက်သာ
နေလို့လည်းကောင်းပါတယ်ရှင်

🍀လည်ချောင်းထဲက ယားပြီးဆိုးတဲ့ ချောင်းခြောက်ဆိုရင်
လက်ဖဝါးထဲ ဆေးပူလေးထည့်ပြီးပွတ်
ပြီးရင် ပါးစပ်ရော နှာခေါင်းနဲ့ပါရှုပေးရင်
ချောင်းခြောက်ဆိုးတာသက်သာပြီး
ချက်ခြင်းနေလို့ကောင်းပါတယ်

🌼ပွင့်မေတ္တာအကြောဖြေ လိမ်းဆေးပူ
တစ်ဘူးကို ၂၀၀၀ ကျပ် ဝန်းကျင်နဲ့ မှာယူသုံးစွဲလို့ရပါတယ်
ဆိုင်တွေမှာလည်း ဆေးဖြန့်ပေးထားတာမို့
ဝယ်ရမယ့် ဆိုင်မသိရင် Comment မှာ မေးပါရှင်
မြန်မြန်လေး ပြန်ဖြေပေးပါ့မယ်ရှင့်

📬Page Chat Box (သို့)
☎️09 426 805 353, 09 797 844 162 ကနေ
ဆက်သွယ် မှာယူလို့ ရပါတယ်ရှင့်

တိုင်းရင်းဆေးဝါး မှတ်ပုံတင်အမှတ် TMR - 016962

⛳️ပွင့်မေတ္တာ ဆေးတိုက်
အမှတ် - ၁၁၊ မြိုင်လမ်း၊တက္ကသိုလ်အရှေ့၊ ပခုက္ကူမြို့။

ပွင့်မေတ္တာ ဆေးဆိုင်
မြနန္ဒာစျေး ၆၆ လမ်း၊ ၁၁၀ x ၁၀၉ လမ်းကြား မန္တလေးမြို့


#ပွင့်မေတ္တာဆေးတိုက်
#ထုံကျင်ကိုက်ခဲပျောက်အကြောပြေလိမ်းဆေး

08/06/2026
ဒီတစ်ခါတော့ ပွင့်မေတ္တာမင်းသားချောလေးရဲ့  တစ်ကိုယ်တော် အမှတ်တရ ပုံရိပ်များပါရှင် မင်းသားကိုချစ်လို့လည်း ရှယ်လို့ရပါတယ် ပ...
08/06/2026

ဒီတစ်ခါတော့ ပွင့်မေတ္တာမင်းသားချောလေးရဲ့
တစ်ကိုယ်တော် အမှတ်တရ ပုံရိပ်များပါရှင်

မင်းသားကိုချစ်လို့လည်း ရှယ်လို့ရပါတယ်
ပွင့်မေတ္တာကို မေတ္တာထားပြီးလည်း ရှယ်လ် လို့ ရပါတယ်ရှင်

#ပွင့်မေတ္တာတိုင်းရင်းဆေး
#ပွင့်မေတ္တာ
#ဆေးဆိုင်
#ဖွင့်ပွဲ
#ဟင်နရီစံ

ပွင့်မေတ္တာဆိုင်ဖွင့်ပွဲအမှတ်တရ ပုံလေးတွေ Save ပါရစေရှင် ဒီတစ်ခါတော့ ပွဲတက် ရောက်လာပေးတဲ့ မင်းသားနဲ့ လာရောက်ဝန်းရံကြသူတွ...
06/06/2026

ပွင့်မေတ္တာဆိုင်ဖွင့်ပွဲအမှတ်တရ
ပုံလေးတွေ Save ပါရစေရှင်

ဒီတစ်ခါတော့
ပွဲတက် ရောက်လာပေးတဲ့ မင်းသားနဲ့
လာရောက်ဝန်းရံကြသူတွေကို ကျေးဇူးတင်စွာဖြင့်
Group ပုံလေးတွေ အမှတ်တရ ရှယ်လ်လိုက်ပါတယ်ရှင်

မန္တလေးမြို့ မြနန္ဒာစျေး ၆၆ လမ်း၊ ၁၁၀ x ၁၀၉ လမ်းကြားက
ပွင့်မေတ္တာ ဆေးဆိုင်ကို လာရောက်အားပေးကြဖို့လည်း
လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်ရှင် ..ပွင့်မေတ္တာတိုင်းရင်းဆေးမျိုးစုံအပြင်.....

အခြားမြန်မာဆေး အင်္ဂလိပ်ဆေးမျိုးစုံကို
စျေးမှန် ပစ္စည်မှန် လက်လီ လက်ကား
ရောင်းချပေးနေပါပြီရှင့် ....နယ်ဝေးကိုလည်းကားဂိတ်အရောက်တင်ပေးပါတယ်...မန္တလေးမြို့တွင်းလည်း...အိမ်အရောက်ပို့ပေးပါတယ်ရှင့်

#ပွင့်မေတ္တာတိုင်းရင်းဆေး
#ပွင့်မေတ္တာ
#ဆေးဆိုင်
#ဖွင့်ပွဲ

ရွှေမန္တလေးက ပွင့်မေတ္တာ ဆိုင်သစ်ဖွင့်ပွဲ အမှတ်တရ(၂၆.၆.၂၀၂၆ မှတ်မှတ်ရရ) ပွင့်မေတ္တာ မင်းသမီးချောများနဲ့ ပွင့်မေတ္တာ မင်း...
05/06/2026

ရွှေမန္တလေးက
ပွင့်မေတ္တာ ဆိုင်သစ်ဖွင့်ပွဲ အမှတ်တရ
(၂၆.၆.၂၀၂၆ မှတ်မှတ်ရရ)

ပွင့်မေတ္တာ မင်းသမီးချောများနဲ့
ပွင့်မေတ္တာ မင်းသားချော ဟင်နရီစံတို့ရဲ့
လှလှပပ အမှတ်တရ ပုံများပါရှင်

#ပွင့်မေတ္တာတိုင်းရင်းဆေး
#ပွင့်မေတ္တာ
#ဆေးဆိုင်
#ဖွင့်ပွဲ

Address

အမှတ်/၁၁၊ မြိုင်လမ်း၊ တက္ကသိုလ်အရှေ့၊ ပခုက္ကူမြို့။
Pakokku
04201

Telephone

+959426805353

Website

Alerts

Be the first to know and let us send you an email when ပွင့်မေတ္တာတိုင်းရင်းဆေး - Pwint Myitta posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ပွင့်မေတ္တာတိုင်းရင်းဆေး - Pwint Myitta:

Shortcuts

Share