18/04/2026
🎉 နှစ်သစ်ဆုမွန်ကောင်းနှင့် ဆိုင်ပြန်လည်ဖွင့်လှစ်ခြင်း အသိပေးချက် 🎉
ချစ်ခင်လေးစားရပါသော မိတ်ဟောင်း၊ မိတ်သစ် Customer များအားလုံးပဲ မင်္ဂလာပါရှင့်။
ယခုရောက်ရှိလာသော မြန်မာနှစ်သစ်မှစ၍ စိတ်၏အေးချမ်းခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပါစေလို့ ဗဟိုစည် ဆေးဆိုင်မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင့်။ 🌸🙏
မြန်မာနှစ်ဆန်း (၂) ရက်နေ့မှစတင်ပြီး ကျွန်မတို့ရဲ့ ဆေးဆိုင်လေးကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ကာ ဆေးဝါးများကို စိတ်ချယုံကြည်စွာ ဝယ်ယူနိုင်ရန် ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ သတင်းကောင်းပါးအပ်ပါတယ်ရှင့်။ 👩⚕️💊✨