Aye Clinic By Dr.M

Aye Clinic By Dr.M Update informations for health

10/07/2025

ဒေါက်တာမော်သူထွန်း ဆေးခန်း
(ယခင် အေး ဆေးခန်း) အား
မင်းကြီးလမ်းနှင့် ကမ္ဘာအေးလမ်းထောင့်
အလက ၃ ကျောင်းအနီး
ငဝန်ကျွန်းသာရပ်ကွက်ထိပ် သို့
ပြောင်းရွှေ့ ဖွင့်လှစ်ထားကြောင်း
အသိပေးအပ်ပါသည်။
ဆေးခန်းဖွင့်ချိန်…
မနက် 8 နာရီမှ 9:30 ထိ
ညနေ 5 နာရီမှ 7 နာရီထိ

ကျွန်တော့်လူနာတွေ အမေးများတဲ့ဆီးချိုသွေးချိုနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုရေးပြပေးဖို့အစီစဉ်ရှိပါတယ်...အဲ့ဒါကြောင့် နောက...
09/10/2020

ကျွန်တော့်လူနာတွေ အမေးများတဲ့
ဆီးချိုသွေးချိုနဲ့ပတ်သက်တဲ့
အကြောင်းအရာများကို
ရေးပြပေးဖို့
အစီစဉ်ရှိပါတယ်...
အဲ့ဒါကြောင့် နောက်ထပ်မိမိသိချင်တဲ့
ဆီးချိုသွေးချိုနဲ့ပတ်သက်တဲ့
မေးခွန်းများကို
Comment သို့မဟုတ် Message Box မှ
တဆင့်မေးမြန်းထားနိုင်ပါတယ်ခင်ဗျာ...

📸🎞 ...Google

➡️ Stay Home ကာလမှာ ပြုလုပ်သင့်တဲ့ အချက်များကို ဖော်ပြပေးလိုက်ပါတယ်...😊🏡🏡🏡 Tips for Stay Home 🏡🏡🏡1️⃣   စာဖတ်ပါ...2️⃣   သ...
04/10/2020

➡️ Stay Home ကာလမှာ ပြုလုပ်သင့်တဲ့
အချက်များကို ဖော်ပြပေးလိုက်ပါတယ်...😊

🏡🏡🏡 Tips for Stay Home 🏡🏡🏡

1️⃣ စာဖတ်ပါ...
2️⃣ သီချင်းနားထောင်ပါ
3️⃣ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်ပါ
4️⃣ မိမိနှစ်သက်ရာ ပြင်ဆင်ချက်ပြုတ်ပါ
5️⃣ ချစ်ရတဲ့သူတွေနဲ့ online မှတွေ့ဆုံစကားပြောပါ
6️⃣ သစ်ပင်ပန်းမန်များစိုက်ပါ၊ပြုစုပါ
7️⃣ တရားထိုင်ပါ၊ဘာသာရေးအတွက်အချိန်ပေးပါ
8️⃣ ရုပ်ရှင်၊ဇာတ်လမ်းတွဲ စိတ်ဝင်တစားကြည့်ပါ
9️⃣ မိသားစုအတွက် အချိန်ပေးပါ
1️⃣0️⃣ အိမ်သန့်ရှင်းရေး၊အခန်းသန့်ရှင်းရေးလုပ်ပါ
1️⃣1️⃣ Online မှ Learning တစ်ခုခုလုပ်ပါ
1️⃣2️⃣ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အချိန်ပေးပြုလုပ်ပါ...
1️⃣3️⃣ Work from Home စိတ်ဝင်တစားလုပ်ပါ

➡️ နေ့တိုင်း အပေါ်ကအချက်စုံအောင် လုပ်စရာမလိုပါဘူး...ကိုယ့်လုပ်မယ့်အချက်တွေကို အချိန်ဇယားဆွဲပြီး တစ်နေ့ ၃-၄ မျိုးလုပ်ရင်ရပါတယ်...
➡️ တစ်ခုသတိထားရမှာက အလုပ်တစ်ခုလုပ်နေတုန်း ကျန်တာတွေကိုအာရုံမစိုက်မိဖို့ပါ...
(ဖုန်းတစ်ချိန်လုံး သုံးနေတာမျိုးမလုပ်သင့်ပါ)

🌄📸🎞 Google

📝ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့    အကောင်းဆုံး    အထိရောက်ဆုံးနှင့်    အတိုဆုံး သတိပေးလမ်းညွှန်...👍👍👍🔜 မိမိက စ ကာက...
21/09/2020

📝ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့
အကောင်းဆုံး
အထိရောက်ဆုံးနှင့်
အတိုဆုံး သတိပေးလမ်းညွှန်...👍👍👍

🔜 မိမိက စ ကာကွယ်မှ ရမှာပါ...

📝 ဖုန်းတွေလှမ်းဆက်ပြီးလူနာကြည့်ပေးဖို့ တောင်းဆိုကြတဲ့သူများကိုလဲ အားနာမိပါတယ်...📝 ခုလိုအခြေနေမှာ ဆေးခန်းလဲပိတ်ထားသလိုလူန...
20/09/2020

📝 ဖုန်းတွေလှမ်းဆက်ပြီး
လူနာကြည့်ပေးဖို့ တောင်းဆိုကြတဲ့သူများကိုလဲ အားနာမိပါတယ်...

📝 ခုလိုအခြေနေမှာ ဆေးခန်းလဲပိတ်ထားသလို
လူနာကြည့်ပေးဖို့လဲ မဖြစ်နိုင်လို့ပါ...

📝 ဆေးခန်းပြန်ဖွင့်မယ့်ရက်လဲ
အတိအကျမပြောနိုင်သေးပါဘူး...

📝 မိမိရောဂါဝေဒနာနဲ့ပတ်သက်ပြီး
တိုင်ပင်ဆွေးနွေးချင်ရင်တော့

🔜ဒီ Page မှာဆွေးနွေးနိုင်ပါတယ်...😊

🔜သောက်နေကျဆေးများ ဆက်ထုတ်လိုတဲ့
လူနာများအနေဖြင့် (ဆေးဆိုင်များမှလဲ ဝယ်မသောက်လိုလျင်)

📝 ဒီ Page ကနေမှာနိုင်သလို
☎️ အောက်ပါဖုန်းများမှတဆင့်လဲ
မှာနိုင်ပါတယ်...

☎️ 09681288830
☎️ 09792980155

📸🎞 Google

🔜ဒီနေ့တစ်နေ့တည်းတင်Covid-19 ပိုးတွေ့လူနာကစံချိန်တင် 642 ဦး...🔜အတော်စိုးရိမ်ရတဲ့အခြေအနေတစ်ခုပါ...ထပ်ပြီးကူးစက်မှုတွေမဖြစ်...
20/09/2020

🔜ဒီနေ့တစ်နေ့တည်းတင်
Covid-19 ပိုးတွေ့လူနာက
စံချိန်တင် 642 ဦး...

🔜အတော်စိုးရိမ်ရတဲ့အခြေအနေတစ်ခုပါ...

ထပ်ပြီးကူးစက်မှုတွေမဖြစ်ပွါးဖို့
ပိုပြီးဆင်ခြင်နေထိုင်ကြရတော့မှာပါ...

📝 မလိုအပ်ပဲအပြင်လုံးဝမထွက်ကြပါနဲ့
📝 မဖြစ်မနေအပြင်သွားရမယ့်ကိစ္စရှိလျှင်လဲ
ဖွင့်နေကျဓာတ်ပြားဟောင်းပဲ ပြန်ဖွင့်ရမှာပါ

📝 Mask နှင့် Face Shield စနစ်တကျတပ်ခြင်း
📝 လက်ကိုရေနှင့်ဆပ်ပြာတို့ဖြင့်သေချာစနစ်တကျဆေးခြင်း
📝 Hand gel သေချာသုံးခြင်း
📝 အပြင်ကပါလာတဲ့ပစ္စည်းများကို ဆပ်ပြာစိမ်ထားတဲ့အဝတ်ဖြင့်သေချာသုတ်ခြင်း...ပြီးမှရေနဲ့သေချာပြန်ဆေးခြင်း
📝 အိမ်မှာလဲ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာအတတ်နိုင်ဆုံးနေခြင်း
📝 လူစုလူဝေးဖြစ်စေမည့်ကိစ္စများကို
လုံးဝ မပြုလုပ်ခြင်း တို့ကို သေချာလိုက်နာရမှာပါ....

🔜အထူးသတိပြုစေချင်တာကတော့

🩸 အိမ်မှာရှိသော သက်ကြီးရွယ်အိုများ
🩸 ဆီးချိုသွေးချိုရောဂါရှင်များ
🩸 သွေးတိုးနှလုံးလေငန်းနှင့် အဆုတ်အားနည်းသောလူနာရှင််များ
🩸 သွေးလေးဘက်နာ အရေပြားလေးဘက်နာရောဂါ ကျောက်ကပ်ရောဂါနှင့် တခြားသော နာတာရှည် ရောဂါဝေဒနာရှင်များ ကို ပိုးကူစက်မှုမရှိစေရန် တခြားအိမ်သားများက အထူးဂရုစိုက်ရမှာပါ...

🔜ရောဂါအခံရှိသူများအနေဖြင့်

💊 သောက်နေကျဆေးများပြတ်လပ်မှုမရှိစေရန်နှင့်
💊 ရောဂါကိုအကောင်းဆုံးအခြေနေတစ်ခုတွင်ထိန်းထားနိုင်ရန် အလွန်အရေးကြီးပါကြောင်း
အသိပေးအပ်ပါသည်...

အသက်အရွယ်ရလာတာနဲ့အမျှ🍂 အလုပ်လုပ်ဆောင်နိုင်စွမ်းတွေလျော့လာခြင်း🍂 အစားအသောက်ပျက်လာခြင်း🍂 ကိုယ်ခံစွမ်းအားတွေကျလာခြင်း🍂 ကောင...
19/09/2020

အသက်အရွယ်ရလာတာနဲ့အမျှ

🍂 အလုပ်လုပ်ဆောင်နိုင်စွမ်းတွေလျော့လာခြင်း
🍂 အစားအသောက်ပျက်လာခြင်း
🍂 ကိုယ်ခံစွမ်းအားတွေကျလာခြင်း
🍂 ကောင်းစွာအိပ်စက်နိုင်မှုလျော့နည်းလာခြင်း
🍂 မှတ်ဥာဏ်စွမ်းအားလျော့နည်းလာခြင်းတွေဖြစ်လာတတ်ကြပါတယ်...

🔜ထိုလက္ခဏာတွေ ရင်ဆိုင်လာရရင်

🩺💊 ဗီတာမင်နှင့် သတ္တုဓာတ် လုံလောက်စွာပါဝင်တဲ့ အားဆေးတနေ့တလုံးပုံမှန်သောက်သုံးသင့်ပါတယ်...
🩺💊 ခုလိုအချိန်မှာ လူကြီးများအတွက် အားဆေးပုံမှန်သောက်ဖို့အလွန်ကြီးပါတယ်
🩺💊 ဆေးခန်းမှာ ဆရာဝန်ပေးနေကျ လူကြီးများအတွက် Recommend ပေးချင်တဲ့အားဆေးတမျိုးကတော့

💊Vitall 50 အားဆေးပါ...💊

💊အသက် 50 နှင့်အထက်လူကြီးများ
💊တစ်နေ့တစ်လုံး ပုံမှန်သောက်သုံးနိုင်ပါတယ်





☎️📝 ဒီ post နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက
☎️📝 Page Message Box or Phone မှတဆင့်ဆက်သွယ်နိုင်ပါတယ်...

💊Covid-19 ကာလမှာ ကိုယ်ခံအားကောင်းအောင်နေဖို့ အရေးကြီးပါတယ်...💊ကိုယ်ခံအားကောင်းအောင်ဘာဆေးသောက်ရမလဲမေးကြတဲ့သူတွေအတွက်💊Vita...
17/09/2020

💊Covid-19 ကာလမှာ
ကိုယ်ခံအားကောင်းအောင်နေဖို့
အရေးကြီးပါတယ်...
💊ကိုယ်ခံအားကောင်းအောင်ဘာဆေးသောက်ရမလဲမေးကြတဲ့သူတွေအတွက်
💊Vitamin-C 500 mg (ဗီတာမင်စီ/စီဗစ် 500 အား) တနေ့တလုံး သောက်ဖို့အကြံပေးချင်ပါတယ်...
💊ဆေးခန်းမှာ အသုံးများပြီး Recommend ပေးချင်တဲ့ဆေးကတော့ C-Vion 500 mg(စီဗိုင်ရွန်)ပါ...စျေးနှုန်းလဲသင့်တင့်ပါတယ်😊(ပုံမှာပြထားပါတယ်)
🔜ဗီတာမင်စီ ကြွယ်ဝတဲ့အစားအသောက်များ စားပေးခြင်းဖြင့်လဲ ကိုယ်ခံအားကောင်းအောင်လုပ်နိုင်ပါတယ်...🍏🍒🍎🍉🥝🍑🍇🍓
ဗီတာမင်စီရဲ့ အဓိကကောင်းကျိုးတွေကတော့..
-🍓ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်းရောဂါဝင်ရောက်ခြင်းများကိုတားဆီးနိုင်ခြင်း
-🍓အနာကျက်မြန်စေခြင်း
-🍓သွားဖုံးရောင်သွားဖုံးသွေးယိုစီးခြင်းကိုကာကွယ်ပေးခြင်း
-🍓အရေပြားသွေးယိုစိမ့်မှုကိုအတိုင်းတာတခုထိတားဆီးပေးနိုင်ခြင်း
-🍓သွေးပေါင်တက်ခြင်းကိုမဖြစ်စေခြင်းဖြင့် နာတာရှည်နှလုံးရောဂါဖြစ်ခြင်းကို ကာကွယ်ပေးခြင်း
-🍓သံဓာတ်စုပ်ယူမှုပိုမိုအားကောင်းစေခြင်းကြောင့် သံဓာတ်အားနည်း/သွေးအားနည်းရောဂါများသက်သာစေခြင်း
-🍓Anti-oxidant အာနိသင်ရှိခြင်းကြောင့်အရေပြားဆံပင်တို့အတွက်ကောင်းမွန်စေခြင်းတို့အပြင် တခြားကောင်းကျိုးများလဲရရှိနိုင်ပါတယ်...
📝📝📝 ဒီPost နဲ့ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါက
Page ရဲ့ Message box မှတဆင့်ဆက်သွယ်နိုင်ပါတယ်...😊
📷🎞...Google

16/09/2020

Mask 😷 ကို စနစ်တကျ ဝတ်နည်း ချွတ်နည်း video လေးပါ

တစ်မိနစ်စာပဲ ရှိပါတယ်...

ပြည်ကြီးခင်ရုံး (ပုသိမ်)တွင် ဆေးထုတ်နေကျလူနာများခုခံကျကာလသားတိုက်ဖျက်ရေးပုသိမ်ရုံးတွင်မိမိတို့၏ART စာအုပ်များဖြင့်သွားရေ...
15/09/2020

ပြည်ကြီးခင်ရုံး (ပုသိမ်)တွင်
ဆေးထုတ်နေကျလူနာများ
ခုခံကျကာလသားတိုက်ဖျက်ရေးပုသိမ်ရုံးတွင်
မိမိတို့၏ART စာအုပ်များဖြင့်
သွားရောက်ထုတ်ယူပေးပါခင်ဗျာ...
(15.9.2020) မှ (1.10.2020 )အထိ

လူနာအတော်များများအတွက် အကျိုးရှိ...ဆေးခန်းမှာအသုံးများတဲ့ဆရာဝန် Recommend ပေးချင်တဲ့ဆေးဝါးများနှင့်ပတ်သက်ပြီးဒီ Page ကနေ...
14/09/2020

လူနာအတော်များများအတွက်
အကျိုးရှိ...
ဆေးခန်းမှာအသုံးများတဲ့
ဆရာဝန် Recommend ပေးချင်တဲ့
ဆေးဝါးများနှင့်ပတ်သက်ပြီး
ဒီ Page ကနေ
ဆက်လက်တင်သွားပါ့မယ် ခင်ဗျာ...

📷🎞...From Google...

Address

အမှတ် ၇၃ စကားဝါလမ်း၊ပုသိမ်, ကိုးသောင်းမူလတန်းကျောင်းနှင့် စကားဝါ A လမ်းကြား
Pathein
10011

Opening Hours

Monday 08:00 - 10:00
17:00 - 19:00
Tuesday 08:00 - 10:00
17:00 - 19:00
Wednesday 08:00 - 10:00
17:00 - 19:00
Thursday 08:00 - 10:00
17:00 - 19:00
Friday 08:00 - 10:00
17:00 - 19:00
Saturday 08:00 - 10:00
17:00 - 19:00
Sunday 08:00 - 10:00
17:00 - 19:00

Telephone

+959792980155

Website

Alerts

Be the first to know and let us send you an email when Aye Clinic By Dr.M posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share