မဟာဆေးဆိုင်

မဟာဆေးဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မဟာဆေးဆိုင်, Medical and health, Tarpon Street, Paungde.

ယနေ့ရောက်ရှိဆေးဝါးများလိုအပ်သူများဝယ်ယူရရှိနိုင်ပါပြီရှင့်မဟာဆေးဆိုင်တာပွန်လမ်းပေါင်းတည်မြို့☎️ 09755469866
08/06/2026

ယနေ့ရောက်ရှိဆေးဝါးများ
လိုအပ်သူများဝယ်ယူရရှိနိုင်ပါပြီရှင့်

မဟာဆေးဆိုင်
တာပွန်လမ်း
ပေါင်းတည်မြို့
☎️ 09755469866

နှစ်သစ်ကူး သင်္ကြန်အခါသမယမှာ ချစ်မိတ်ဆွေများ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေကြောင်း ...
12/04/2026

နှစ်သစ်ကူး သင်္ကြန်အခါသမယမှာ ချစ်မိတ်ဆွေများ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေကြောင်း မဟာဆေးဆိုင် မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်🙏🙏🙏
👉သင်္ကြန်ရက်မှာလည်းဆေးဆိုင်ဖွင့်ပါတယ်နော်

အပူရှပ်ခြင်း(Heat Stroke)☀️ 🥵 အပူရှပ်ခြင်း (Heat Stroke) ဟာ ရာသီဥတုပူပြင်းလွန်းချိန်မှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ တ...
06/04/2026

အပူရှပ်ခြင်း(Heat Stroke)

☀️ 🥵 အပူရှပ်ခြင်း (Heat Stroke) ဟာ ရာသီဥတုပူပြင်းလွန်းချိန်မှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုဖြစ်ပါတယ်။ အခုလို အပူချိန်တွေ စံချိန်တင်မြင့်တက်နေချိန်မျိုးမှာ အပူရှပ်တဲ့ ဒဏ်ကို ပိုခံစားရနိုင် ပါတယ်။
အပူရှပ်ခြင်း ဖြစ်ရတဲ့အဓိကဖြစ်ရတဲ့အကြောင်းရင်းကတော့ ရုတ်တရက်အပူချိန်အပြောင်းအလဲ ဖြစ်ခြင်း (နေပူထဲကနေပြန်လာလာချင်း အဲယားကွန်းဖွင့်ထားတဲ့ အခန်းထဲဝင်လိုက်ခြင်း၊ ရေခဲရေသောက်ခြင်း၊ ရေချိုးခြင်း ဒါမှမဟုတ် အအေးခန်းထဲကနေ ရုတ်တရက်နေပူထဲထွက်လိုက်ခြင်း) ကြောင့်ဖြစ်ပါတယ်။

အပူရှပ်ခြင်း (Heat Stroke) လက္ခဏာများ❗️❗️

⚠ ကိုယ်အပူချိန်သာမန်ထပ်မြင့်တက်လာခြင်း (၁၀၄ ဒီဂရီဖာရင်ဟိုက် ဒါမှမဟုတ် ၄၀ ဒီဂရီစင်တီဂရိတ်)

⚠ အရေပြားခြောက်သွေ့ခြင်း

⚠ ချွေးခန်းခြောက်ခြင်း

⚠ မူးဝေအော့အန်ခြင်း

⚠ သတိလစ်သွားခြင်း

⚠ အသက်ရှုမြန်လာခြင်း

⚠ နှလုံးခုန်မြန်လာခြင်း

စတဲ့လက္ခဏာတွေပါဝင်ပြီး အချိန်မှီကျန်းမာရေးစောင့်ရှောက်မှုမခံယူရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

ဘယ်သူတွေမှာ အပူရှပ်ခြင်း (Heat Stroke) ပိုဖြစ်နိုင်သလဲ ❓

🚨 ကလေးငယ်များနှင့်သက်ကြီးရွယ်အိုများ

🚨 ရေသောက်နည်းသူများ

🚨 နေပူထဲတွင် အချိန်ကြာမြင့်စွာအလုပ်လုပ်ရသူများ

🚨 အားကစားပြင်းပြင်းထန်ထန်လုပ်သူများ

🚨 သာမန်ထက်ချွေးထွက်များသူများ

🚨 ရောဂါအခံရှိသူများ (ဥပမာ - နှလုံးရောဂါ၊ ဆီးချိုရောဂါ)

🚨 အရက်သောက်သုံးသူများ

စတဲ့သူတွေက တခြားသူများထက် အပူလျှပ်ခြင်းပိုဖြစ်နိုင်ပါတယ်။

အပူရှပ်ခြင်း (Heat Stroke) ကို ဘယ်လိုကာကွယ်မလဲ 💜

✅ ရာသီဥတုပူပြင်းချိန် အပြင်မထွက်ပါနှင့်

✅ မလွှဲမရှောင်သာထွက်ရမယ်ဆိုလျှင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ သောက်ရေဘူးယူဆောင် သွားပါ

✅ ရေခဲရေမသောက်ပါနှင့်၊ ရိုးရိုးရေသောက်ပါ၊ ဓာတ်ဆားရည်သောက်ပါ

✅ အေးမြသည့်နေရာမှ နေပူထဲသို့သွားမည်ဆိုလျှင် ကြိုတင်ရေသောက်ထားပါ

အပူရှပ်ခြင်း (Heat Stroke) ခံစားရတဲ့လူနာကို ဘယ်လိုပြုစုမလဲ❓
အပူရှပ်ခြင်း (Heat Stroke) ကြောင့်သတိလစ်နေတဲ့လူနာကို အောက်ပါနည်းလမ်းတွေအတိုင်း အရေးပေါ်ကုသမှုပေးနိုင်ပါတယ်

✳️ လူနာကိုအရိပ်ရတဲ့နေရာကို ရွှေ့ပါ၊ အဲယားကွန်း (ဒါမှမဟုတ်) ပန်ကာဖွင့်ထားတဲ့အခန်းမှာ ထားပေးပါ

✳️ လူနာရဲ့ ခြေရင်းဘက်ကိုမြှင့်ပြီး ပက်လက်အနေအထားနဲ့ထားပေးပါ

✳️ လူနာရဲ့ အဝတ်အစားတွေကို ချွတ်ပေးပါ

✳️ ရေအေးအေး (ဒါမှမဟုတ်) ဓာတ်ဆားရည်တိုက်ပေးပါ

✳️ အချိုရည်တွေ၊ ဂတ်စ်ပါတဲ့ အချိုရည်တွေ မတိုက်ပါနှင့်

✳️ လူနာရဲ့ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံနေရာတွေကို ရေအေးအေးဖြင့်စွတ်ထားတဲ့ အဝတ်နဲ့ရေဖတ်တိုက် ပေးပါ

ပြီးလျှင်နီးစပ်ရာ ဆေးရုံဆေးခန်းကို ပို့ပြီးကုသမှုဆက်လက်ခံယူရပါမယ်။

အပူရှပ်ခြင်း (Heat Stroke) ဝေဒနာ ခံစားရရင် အရေးပေါ်ဆေးကုသမှုခံယူသင့်ပါတယ်။ အချိန်မှီကုသမှု မခံယူနိုင်ရင် ဦးနှောက်၊ အဆုတ်၊ နှလုံး၊ အသည်း၊ ကျောက်ကပ် စတဲ့ကိုယ်တွင်းကလီစာတွေကို ထိခိုက်ပျက်စီးစေပြီး နောက်ဆုံးမှာ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တာကြောင့်မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။

Address

Tarpon Street
Paungde
08201

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+959755469866

Website

Alerts

Be the first to know and let us send you an email when မဟာဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share