10/08/2026
ဆီးအရောင်နဲ့ သင့်ကျန်းမာရေး
—————-
၁ ။ ကြည်လင်နေရင်…
ရေဓာတ်ပြည့်ဝနေတာပါ။
အကြည်လင်လွန်သွားရင်တော့..ကျောက်ကပ် အားနည်းနေပါပြီ။
၂ ။ အဝါရောင်ဖျော့ဖျော့…
ကျန်းမာပါတယ်။
၃ ။ အဝါရောင်ရင့်…
ရေသောက်ဖို့ လိုပါတယ်။
၄ ။ ပယင်းရောင်…
ရေဓာတ်ချို့တဲ့နေပါတယ်။
၅ ။ လိမ္မော်ရောင်…
အသုံးပြုထားတဲ့ဆေး၊ ရေဓာတ်ချို့တဲ့တာ၊ အသည်းပြဿနာတွေကြောင့်ပါ။
၆ ။ ပန်းရောင်/ အနီရောင်….
အစားအစာ ဒါမှမဟုတ် သွေး ( မသေချာရင် ဆီးစစ်ကြည့်ပါ။)
၇ ။ အညိုရောင်….
ကျောက်ကပ် ဒါမှမဟုတ် အသည်းအတွက် သတိပေးနေပါပြီ။
၈ ။ အနည်ထူ…
ဆီးလမ်းကြောင်းပိုးဝင်တာ ဖြစ်နိုင်ပါတယ်။
၉ ။ အမြှုပ်ထ…
ဆီးထဲ ပရိုတင်းပါလာတာပါ။
၁၀ ။ ပူစပ်ပူလောင်…
ဆီးလမ်းကြောင်းပိုးဝင်တာဖြစ်နိုင်ပါတယ်။
#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး