Lambest Naypyitaw Partner

Lambest Naypyitaw Partner Lambest Naypyitaw Showroom Official Page -
Mainly update product information and skin care knowledge for near Naypyitaw customers.

05/10/2022

ညိုသူချော ဖြူသူလှစေမည့်......😍😍

No:1 & No:2

01/10/2022

HELLO OCTOBER 🍀🍀🍀

တွေ လက်လီ လက်ကား

ဝယ်ယူအားပေးလို့ရပါပြီ....🍀🍀🍀

Hello October ရေ ...ဘာတွေပဲကြုံလာ ကြုံလာငါတို့ဟာ ဖြတ်ကျော်နိုင်မယ့်သူတွေပဲ။ ဒီလို တွေးတယ်။ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာနဲ့အတူ...
01/10/2022

Hello October ရေ ...

ဘာတွေပဲကြုံလာ ကြုံလာ
ငါတို့ဟာ ဖြတ်ကျော်နိုင်မယ့်သူတွေပဲ။
ဒီလို တွေးတယ်။

ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာနဲ့အတူ ငါတို့ရှင်သန်နေသ၍ နေ့ရက်တိုင်းဟာ လင်းပနေမယ်။
ဒီလို ယုံတယ်။

အရာရာဟာ အကြာကြီး မတည်တံ့နိုင်တာမို့ မှောင်မိုက်ခြင်းတွေနဲ့ကြုံခဲ့ရင်တောင် အဲ့တာ ခဏပဲ။

သီချင်းတွေ နားထောင်မယ်။
သဘာဝတရားကို များများထိတွေ့မယ်။
ချစ်တဲ့သူတွေကို အရင်ထက်ပို ဂရုစိုက်မယ်။
ကိုယ့်ကိုကိုယ်လည်း ပိုချစ်မယ်။

Welcome October 🙂

Skin Care လိမ်းနည်း။———————————————-                         ဒေါက်တာအေးမင်းထူး(မနက်ပိုင်းအတွက်)_________(၁) Cleanser(၂) ...
28/09/2022

Skin Care လိမ်းနည်း။
———————————————-
ဒေါက်တာအေးမင်းထူး

(မနက်ပိုင်းအတွက်)
_________
(၁) Cleanser
(၂) Toner/Mist
(၃) Serum
(၄) moisturizer (Lotion or emulsion )
(၅) Cream (နွေရာသီမှာရှောင်ပါ)
(၆) Skincare finisher
(၇) Sunblock
(၈) Makeup

(ညပိုင်း အတွက်)
_______
(၁) Makeup remover (oil, water base or gel)
(၂) Cleanser
(၃) Booster (ပုံမှန်အားဖြင့် toner သုံးပြီးမှသာ လိမ်းရတယ်)
(၄) Toner/Mist
(၅) Ampoule
(၆) Serum (essence ထက်ပိုပျစ်ရင်နောက်မှသုံးပါ)
(၇) Essence
(၈) Sheet mask or gel mask (အေးတဲ့ရာသီမှာနေ့စဉ်သုံးပါ)
(၉) moisturizer(Lotion or Emulsion)
(၁၀) Night pack or sleeping mask

မှတ်ချက် - (Skin Careများကို အသက်(၁၆)နှစ်ကျော်မှသာ စတင်သုံးစွဲသင့်သည်...။)

skin care ဥပဒေသအရ
မနက်ပိုင်းကို
prevention stage လို့ ခေါ်တယ်။
နေလောင်တာ၊ အသားအရေပျက်ဆီးတာကာကွယ်ဖို့ဖြစ်တယ်။
ညပိုင်းကို
repairing stage ခေါ်ပါမယ်။
အရေပြားကို ပြန်လည်ပြုပြင်ဖို့ဖြစ်တယ်။
ဒါ့ကြောင့် ညပိုင်းက step ပိုများသွားတာပါ..

တကြိမ်မှာskin careအဆင့်၂လိမ်းပြီး သုံးရတဲ့ brandတွေ စုံသွားတော့ skin careတမျိုးနဲတမျိုး ပေါင်းသွားပြီး မတည့်တာမျိုးတွေမဖြစ်နိုင်ဘူးလားလို့မေးတတ်သူတွေအတွက်တော့

Skin care တခုနဲ့တခုကြား ၅ မိနစ်ခြားဆိုတဲ့ ဥပဒေသ အမှန်ရှိတယ်။ တချို့က မသိကြတာ။ တချို့က မလိုက်နာနိုင်တာ။ တကယ်တော့ ရောစရာအကြောင်း မရှိဘူး။ အာနိသင်ချင်းမှ မတူတာမို့ပါ လို့ ပြောရပါမယ်။

hydrator = moisturizer (sensitive )မှာ hydrator ကို သုံးတယ်။

finisher ဆိုတာ ရှေ့က သုံးထားတဲ့ skin care နဲ့ နောက်မှာဆက်သုံးမယ့် cosmetic ကြားမှာ အလွှာပါးတခု အနေနဲ့ ခြားပေးတဲ့ ပစ္စည်းပါ။

sunblock ပြီးမှ primer >foundation> concealer အဆင့်ဆင့်သုံးလို့ ရပါတယ်။

Crd

25/09/2022

Lambest Essence ရှယ် မိုက် နော်....

တိုနာ (Toner)သုံးနည်း(မသိသေးတဲ့သူတွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်)အရင်ကဆိုရင် toner ကို လုံးဝ မလိုအပ်ဘူး ထင်ခဲ့တာ အ...
24/09/2022

တိုနာ (Toner)သုံးနည်း(မသိသေးတဲ့သူတွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်)

အရင်ကဆိုရင် toner ကို လုံးဝ မလိုအပ်ဘူး ထင်ခဲ့တာ
အရည်လိုပဲ ဘာမှ ထူးခြားမှုမရှိဘူး ပေါ့
တကယ် skin care သုံးပြီး တကယ်လေ့လာကြည့်တော့ မှ အသားအရေ ထိန်းသိမ်းမှု အပိုင်းမှာ toner က အခြေခံအကျဆုံးထဲ က တစ်ခု ဆိုတာ သိလာရတယ်
နေ့ဘက် မိတ်ကပ် လိမ်းတဲ့ အခါ toner လိုအပ်သလို
ညဘက် အိပ်ခါ နီး အားဖြည့်ရည်တွေ မသုံးခင် toner ဆိုတာ မဖြစ်မနေ သုံးသင့်တဲ့ အရာဆိုတာ လုံးဝ နားလည် လာရတယ်
သုံးနည်း လေးပါ ပြန်copy ပေးထားပါတယ် နော်

တိုနာလိမ်းနည်း

အမေး။......တိုနာကလေ မျက်လုံးတဝိုက်နဲ့ မေးစေ့တဝိုက်ချန် သုံးရတယ်ဆိုတာ ဟုတ်ပါသလား ဆရာ..

အဖြေ။......

တိုနာလိမ်းတဲ့အခါ မျက်နှာတပြင်လုံးလိမ်းရပါတယ်။ အထူးသဖြင့် မေးစေ့၊ ပါးပြင်၊နှာခေါင်းနဲ့ ဆံသယ်စတွေကို သေချာလိမ်းပေးရတယ်။ သို့သော် မျက်လုံး၊ မျက်ခွံနဲ့ နှုတ်ခမ်းကိုတော့ ချန်ထားရမယ်။ တိုနာလိမ်းတဲ့အခါ လက်နဲ့လိမ်းကြတယ်။ မှားတယ်။ တကယ်က တိုနာသုံးတဲ့အခါ ဂွမ်းစနဲ့လိမ်းမှ အညစ်အကြေး၊ ပိုးမွှား၊အဆီနဲ့ မိတ်ကပ်တွေ ကင်းစင်မှာဖြစ်တယ်။

ဂွမ်းစ၊ဂွမ်းဖတ်နဲ့ သုံးတဲ့အခါ အရည်ကို ရွှဲနစ်နေအောင် စိမ်ပြီး မသုံးရဘူး။ အနေတော်လောက်ထည့်ပြီး သုံးရတယ်။ ဂွမ်းစမှာမဲလာရင် အသစ်ပြောင်းသုံးပါ။ လိမ်းတဲ့အခါ စက်ဝိုင်းပုံလိမ်းပါ။

သတိပြုရမှာက တိုနာသုံးပြီး တခြားskin care ချက်ချင်းမသုံးပါနဲ့။ အနည်းဆုံးခြောက်အောင် တစ်မိနစ်ထားပြီးမှ တခြားskin care ဆက်သုံးရမယ်။

Credit - ဒေါက်တာ အေးမင်းထူး

23/09/2022

ကိုယ့် ကိုယ် ကို တန် ဖိုး ထား ပါ
လှ ပ အောင် နေ ပါ....😍😍😍

✅ ချွေးပေါက်တွေ ဘာကြောင့်ကျယ်လာရသလဲ ဆိုရင် 1. အသက်ရွယ်ရလာတဲ့အခါ သို့မဟုတ် နေရောင်ခြည်ကြောင့် အရေပြားရဲ့ Collagen , elast...
22/09/2022

✅ ချွေးပေါက်တွေ ဘာကြောင့်ကျယ်လာရသလဲ ဆိုရင်

1. အသက်ရွယ်ရလာတဲ့အခါ သို့မဟုတ် နေရောင်ခြည်ကြောင့် အရေပြားရဲ့ Collagen , elasticity တွေ အားနည်းလာတဲ့ အခါ

2. အညစ်အကြေး , make up , အဆီ , ချွေး တွေ ချွေးပေါက်ကိုပိတ်လာတဲ့ အခါ

3. အသားရေ အရမ်းခြောက်သွေ့သောအခါ
တွေဆိုရင်လည်းကျယ်လာပါတယ် ။

✅ ဘယ်လိုလူတွေမှာ အဖြစ်များသလဲဆိုတော့

(1) အသက်ရွယ်ရလာတဲ့ သူတွေ
(2) နေရောင်ခြည် အရမ်းထိတွေ့တဲ့ သူတွေ
(3) မျက်နှာပုံမှန်မသစ်တဲ့သူတွေ
(4) သစ်တဲ့ခါ ကြမ်းကြမ်းတမ်းတမ်း scrub တွေ အရမ်းသုံးတဲ့ သူတွေ
(5) make up သုံးပြီး သေချာသန့်စင်အောင် မလုပ်တဲ့ သူတွေ
(6) အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ သူတွေ
(7) ဆေးလိပ်သောက်တဲ့ သူတွေ
( 8) ဆီကြော်အစားအစာများ အစားများတဲ့ သူတွေ
မှာ အဖြစ်များပါတယ် ။

🚫 ချွေးပေါက်မကျယ်အောင် ဘာတွေရှောင်သင့်သလဲ ဆိုရင်

(1) အဆီဖု , ဆားဝက်ခြံ , ဝက်ခြံ အဖုတွေ မညစ်ရဘူး ။
(2) ကြမ်းတမ်းသောscrub တွေမသုံးရဘူး ။
(3) မတည့်တဲ့ skincare တွေကိုရှောင်ရပါမယ် နော်။

ချွေးပေါက်ကျယ်တဲ့သူတွေကAlcohol free productတွေကိုပဲ သုံးသင့်ပါတယ်

crd💟

Lambest ရဲ့ သမားတော်တစ်ပါးဖြစ်တဲ့Water Shimmer Essence ဟာလည်းအမဲစက်တွေကို ပျောက်ကင်းစေပြီး လိမ်းထားပြီးတဲ့အချိန်မှာ အသား...
19/09/2022

Lambest ရဲ့ သမားတော်တစ်ပါးဖြစ်တဲ့
Water Shimmer Essence ဟာလည်းအမဲစက်တွေကို ပျောက်ကင်းစေပြီး လိမ်းထားပြီးတဲ့အချိန်မှာ အသားအရည်လေးကို တင်းရင်းပြီး နုပျိုဝင်းလက်နေစေမှာတော့ အမှန်နော်...
အရေးအကြောင်းတွေများနေပြီလား?
Lambest ကထုတ်တဲ့ Essence ကို သုံးပါလို့ ပျိုပျိုတို့ ကိုကိုတို့ရေ😘😘

မျက်နှာအသားအ​ရေအတွက်တိုနာက သုံးကိုသုံး​ပေးသင့်ပါတယ်💯💯တိုနာကို များ​သောအားဖြင့်မျက်နှာဒုတိယအကြိမ်ထပ်မံသန့်စင်ဖို့အသုံးပြု...
16/09/2022

မျက်နှာအသားအ​ရေအတွက်တိုနာက သုံးကိုသုံး​ပေးသင့်ပါတယ်💯💯

တိုနာကို များ​သောအားဖြင့်မျက်နှာဒုတိယအကြိမ်ထပ်မံသန့်စင်ဖို့အသုံးပြုကြ​ပေမဲ့🤷‍♀️

Lambest Toner က​တော့ မျက်နှာအသားအ​ရေ Balance ဖြစ်​စေဖို့နဲ့​ရေဓါတ်ဖြည့်ဖို့အဓိကထုတ်ထားတာဖြစ်ပါတယ်❤❤

ဝက်ခြံနဲ့အဆီဖု​တွေသက်သာ​စေပြီး အသားအ​ရေကိုတင်းရင်း​စေပါတယ်🌸🌸

🍃🍃Lambest Tonerရဲ့ထူးခြားချက်က Water and Oil Technology ​ကြောင့် အရည်အကျဲမဟုတ်ပဲ ပြစ်ပြစ်​လေးနဲ့အဆီလုံး​💦တွေပါပါဝင်လို့ မျက်နှာရှိ အဆီဓါတ်နဲ့​ရေဓါတ်ကို Balance ဖြစ်စေပါတယ်🍃🍃

ဂျာမနီ နည်းပညာ​ကြောင့် အသားအ​ရေအစိုဓါတ်ကိုထိန်းညှိ​ပေးပြီး ပျက်စီး​နေတဲ့အသားအ​ရေကိုပြန်လည်ပြုပြင်​ပေးနိုင်ပါတယ်🙀🙀

Korea နိုင်ငံရဲ့ CY Techonology ​ကြောင့် Sensitive Skin များပါအသံးပြုလို့ရပါတယ်​နော်🥰

Lambest Toner ​လေးကို ဂွမ်းနဲ့လိမ်းနိုင်သလို လက်​လေးနဲ့အသားထဲစိမ့်ဝင်​အောင်ပုတ်​လေး​ပေးလဲအဆင်​ပြေပါတယ်ရှင့်🙈🙈

မင်မင်က​တော့ လက်နဲ့ပုတ်လိမ်းရတာပိုကြိုက်ပါတယ်😍

Amino Acid Facial Cleanser Lambest မျက်နှာသစ်က𝐴𝑙𝑙 𝑆𝑘𝑖𝑛 𝑇𝑦𝑝𝑒 အသုံးပြုနိုင်ပါတယ်။💦မျက်နှာသစ်လိုက်တဲ့ အခါ အမြှုပ်ကလေးတွေကြေ...
14/09/2022

Amino Acid Facial Cleanser

Lambest မျက်နှာသစ်က𝐴𝑙𝑙 𝑆𝑘𝑖𝑛 𝑇𝑦𝑝𝑒 အသုံးပြုနိုင်ပါတယ်။

💦မျက်နှာသစ်လိုက်တဲ့ အခါ အမြှုပ်ကလေးတွေကြောင့် မျက်နှာကို ညင်သာစွာ သန့်စင်စေတယ်၊
အသားအရည်ကို ကောင်းမွန်အောင် လှပအောင် ပြုပြင်ပေးတယ်၊

💦မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာအသားအရည်ဟာ ခြောက်တာ တင်းတာ မွဲခြောက်တာမျိုးတွေမရှိစေပါ။

🍀Amino Acid ပါဝင်မူကြောင့် ချွေးပေါက်ကျယ်တာ၊ အဆီပြန်တာ သက်သာစေပါတယ်။
makeup Remover ပါဝင်ပြီးသားမို့ ချွေးပေါက်ထဲမှာရှိတဲ့ အညစ်အကြေးတွေကိုပါ သန့်စင်စေတယ်။

Lambest  Skin care လေးက Local Brand ဆိုပေမယ့် ပါ၀င်တဲ့ ကုန်ကြမ်းနှင့် ထုတ်လုပ်မှုအပိုင်းနည်းပညာက ဂျပန်🇯🇵,ပြင်သစ်🇫🇷,ကိုးရ...
13/09/2022

Lambest Skin care လေးက Local Brand
ဆိုပေမယ့် ပါ၀င်တဲ့ ကုန်ကြမ်းနှင့် ထုတ်လုပ်မှုအပိုင်းနည်းပညာက
ဂျပန်🇯🇵,
ပြင်သစ်🇫🇷,
ကိုးရီယား🇰🇷,
ဂျာမနီ🇩🇪,
ဆွန်ဇလန်နိုင်ံငံ က အရည်သွေးမြင့် ကုန်ကြမ်းများ
နှင့် အဆင့်မြင့် နည်းပညာ ၉ မျိုးဖြင့် ထုတ်ထားပြီး ကိုယ်၀န်ဆောင်မိခင် အသားအရေအတွက် ပါ စိတ်ချ သုံးစွဲနိုင်ပါတယ်

မြန်မာနိုင်ငံ FDA လည်းရရှိထားပြီဖြစ်တဲ့ Lambest Skincare Brand ကို မိမိတို့အသားအရေလေးတွေအတွက် ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ပါတယ် ရှင့် 😊

Address

No. (3/1-A), Yuzana Street, Ywargauk Qtr, Naypyitaw
Pyinmana
15012

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959952223216

Alerts

Be the first to know and let us send you an email when Lambest Naypyitaw Partner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lambest Naypyitaw Partner:

Share