Thit Sar Clinic

Thit Sar Clinic Provide primary medical care from 9am to 6:30pm at no.160,Ahlone road,Ahlone,Yangon

World hepatitis day အထိမ်းအမှတ် ဟောပြောပွဲ တက်ရောက်သူများကို အသည်းရောင်အသားဝါ B ပိုး C ပိုး အခမဲ့ဆေးစစ်ပေးပြီး ကာကွယ်ဆေး...
07/08/2024

World hepatitis day အထိမ်းအမှတ် ဟောပြောပွဲ တက်ရောက်သူများကို အသည်းရောင်အသားဝါ B ပိုး C ပိုး အခမဲ့ဆေးစစ်ပေးပြီး ကာကွယ်ဆေး first dose ပါထိုးပေးမှာဖြစ်ပါတယ်..စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါတယ်ရှင်

ပြင်းထန်ဝမ်းလျှောရောဂါ သိကောင်းစရာ
07/08/2024

ပြင်းထန်ဝမ်းလျှောရောဂါ သိကောင်းစရာ

27/07/2024
Paederus Dermatitisဆောင်းရာသီဝင်စဆို Rove beetle (ခေါ်) မြန်မာလို မီးပိုးကောင်လို့ခေါ်တဲ့ insects ကြောင့် အရေပြားအနာလေးတ...
14/02/2024

Paederus Dermatitis

ဆောင်းရာသီဝင်စဆို Rove beetle (ခေါ်) မြန်မာလို မီးပိုးကောင်လို့ခေါ်တဲ့ insects ကြောင့် အရေပြားအနာလေးတွေ အဖြစ်များတတ်ကြပါတယ်

သူက အကိုက်ခံရမှမဟုတ်.. သူဖြတ်သွားခဲ့တဲ့နေရာတွေမှာ သူ့ body ကထွက်လာတဲ့ အဆိပ်ရည် ကို ထိမိတာနဲ့တင် အဲ့ ထိမိတဲ့အရေပြားမှာ ၁၂ နာရီကနေ ၃၆ နာရီအတွင်း မီးလောင်ဖု သေးသေးလေးတွေလို အရည်ကြည်ဖုလေးတွေထလာတာပါ

အမှတ်တမဲ့ဆို ရေယုန်နဲ့ ပုံစံဆင်တယ်.. သူက အတန်းလိုက် ပုံစံမျိုးပေါ်တတ်တာများတယ်..ယားတယ်.. စပ်တယ်.. အရည်ကြည်ဖုရော.. ပေါက်သွားပြီးကျန်ခဲ့တဲ့ အနာလေးတွေနဲ့ရောနေတတ်တယ်..အကွေးအဆန့်လုပ်လို့ရတဲ့ ဒူးအတွင်းပိုင်း တံတောင်အတွင်း တို့မှာဆို ထိနေတဲ့ surface area ၂ ခုလုံးမှာ ဖြစ်တတ်တယ်

သက်သာအောင် ရေခဲကပ်.. cetrine လို အယားသက်သာဆေးသောက်လို့ရတယ်.. Calamine lotion လေးလူးပြီး အနာရင်း ပြည်တည်ရင်တော့ လိုအပ်ရင် ပိုးသတ်ဆေးသောက်ဖို့ ဆေးခန်းပြသင့်ပါတယ်

ဆောင်းဝင်လာရင် အကောင်ပလောင်က ပေါလာတတ်တယ်..ကာကွယ်ဖို့ကတော့ လက်သေချာဆေးရမယ်.. ပိုးကောင်တွေနဲ့ထိမိခဲ့ရင် သေချာကိုယ်လက်သန့့်စင်ရေချိုးရပါမယ်တဲ့..အိပ်ယာခင်း တွေ အဝတ်အစား အသုံးအဆောင်တွေကိုလဲ သန့်ရှင်းအောင် ဂရုစိုက်ပြီး သုံးစွဲရပါမယ်


19.12.2023

gong xi fa cai 2024
09/02/2024

gong xi fa cai 2024

မမေမင်းဦး နာမည် နဲ့ ဆေးခန်းလာပြရင်း ကျန်ခဲ့လို့ပါ..ဆေးခန်းမှာ သိမ်းပေးထားပါတယ်ရှင်
26/09/2023

မမေမင်းဦး နာမည် နဲ့ ဆေးခန်းလာပြရင်း ကျန်ခဲ့လို့ပါ..ဆေးခန်းမှာ သိမ်းပေးထားပါတယ်ရှင်

03/08/2022

⛈ယခုလို မိုးတွင်းအခါသမယမှာ ရာသီအလိုက်အဖြစ်များတဲ့ ရောဂါတွေကို ခံစားရတတ်ပါတယ်

🌧အဓိကအားဖြင့် အအေးမိနှာစေး၊တုပ်ကွေး၊သွေးလွန်တုပ်ကွေး နဲ့ ဝမ်းပျက်ဝမ်းလျှောတွေ အဖြစ်များနိုင်ပါတယ်

💥ဝမ်းပျက်ဝမ်းလျှောခြင်း💥
👉တစ်နေ့ကို ၃ကြိမ်နှင့်အထက် ဝမ်းသွားမယ်
👉သွားတဲ့ဝမ်းကလည်းအရည်(သို့)အရည်နီးပါး(သို့)ပုံမှန်မဟုတ်သော ဝမ်းသွားခြင်းကို ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်လို့ ခေါ်ပါတယ်

❓ဘာကြောင့်ဖြစ်ရလဲဆိုရင်တော့❓
🥣မသန့်ရှင်းတဲ့အစားအစာတွေစားသောက်မိတာ
🦠 ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး နဲ့
💊ပဋိဇီဝဆေးတွေ သောက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်

💊❓ဘယ်လိုကုသရမလဲ❓💊
(၁) အရည်များများသောက်ပါ
​👉ပုံမှန်ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းဟာ ကုန်ဆုံးသွားတဲ့ ရေ နှင့် တခြားဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့လိုအပ်တဲ့အတွက် ဓာတ်ဆားရည် သောက်ဖို့ လုံးဝအရေးကြီးပါတယ်

(၂) အစားပုံမှန်စားခြင်းနှင့်သန့်ရှင်းမှု
🍲အားရှိပြီး သန့်ရှင်းလတ်ဆတ်တဲ့အစာတွေ စားဖို့လိုအပ်ပါတယ်
✔️အစာသန့် လက်သန့် ရေသန့် အိမ်သာသန့်ဖို့ အရေးကြီးပါတယ်

(၃)Probiotic (ပရိုဘိုင်အိုတစ်) + Prebiotic (ပရီဘိုင်အိုတစ်)
👉ဝမ်းလျှောပါက အူလမ်းကြောင်း အတွင်းရှိ အကျိုးပြုဘက်တီးရီးယားလေးတွေ ဆုံးရှုံးတတ်ပါတယ်
👉ဒါကြောင့် Probiotic ဆေးတွေမှာဆိုရင် အူလမ်းကြောင်းအတွက် အကျိုးပြုကောင်းမွန်တဲ့ ဘက်တီးရီးယားလေးများ ပါရှိပြီး Probioticကိုသောက်သုံးခြင်းဖြင့် အူလမ်းကြောင်း လုပ်ဆောင်ချက်တွေကို ပုံမှန်ပြန်ဖြစ်စေပါတယ်

မှာ အစွမ်းထက် Probiotic မျိုးစိပ် ၆မျိုးအပြင် ကောင်းမွန်တဲ့ Prebiotic ပါ ထောက်ပံ့ပေးထားတာကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့ အူလမ်းကြောင်း ဝေဒနာတွေအတွက် အလျင်အမြန်သက်သာပျောက်ကင်းစေပါတယ်

👍FDAထောက်ခံချက် ရရှိထားပြီး ရုတ်တရတ် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပါက တစ်ခါသောက်လျှင် ၂-၄ လုံးအထိ သောက်သုံးနိုင်ပြီး ပုံမှန်အူလမ်းကြောင်း ကျန်းမာရေးအတွက်လည်း တစ်နေ့ ၁ လုံး သောက်သုံးနိုင်ပါတယ်




03/02/2022
ဆေးခန်းမှာ အမြဲ မပြတ်ရောင်းရနေရတဲ့ အာဟာရ formula ထုတ်လေး🥰
11/11/2021

ဆေးခန်းမှာ အမြဲ မပြတ်ရောင်းရနေရတဲ့ အာဟာရ formula ထုတ်လေး🥰

❤️မင်္ဂလာပါရှင်❤️

Blenteral Blenderized Daily Nutrition Page မှပြန်လည်ကြိုဆိုပါတယ်ရှင့်။

💁‍♀️ဒီနေ့မှာတော့ tube feeding အကြောင်းအနည်းငယ်မိတ်ဆက်ပေးချင်ပါတယ်...

💢အစာရေစာမြိုချရခက်ခဲခြင်းပြဿနာကြောင့် လူနာအနေနဲ့ စားဖို့သောက်ဖို့ အခက်တွေ့ရပါတယ်။ အာဟာရလည်း ပြည့်ဝစွာ မရရှိတော့ပါဘူ။ အစာမျိုချရခက်ခဲသူများ ပါးစပ်မှတဆင့်မမျိုချနိုင်မစားသောက်နိုင်သူများဟာ နှာခေါင်းပိုက်အစာပိုက်မှတဆင့်စားသုံးရန်လိုအပ်လာပါပြီ...

💢ဒီလို အခြေအနေမျိုးမှာ အစာပိုက်တွေက ကူညီပေးပါလိမ့်မယ်။
What are the benefits of tube feeding foods?
နှာခေါင်းပိုက် သို့ အစာပိုက်မှ အစာကျွေးခြင်းက ဘာတွေအကျိုးရှိစေသလဲ?
- Several Nutrients
💪အစာအုပ်စုမျိုးစုံ အောင်ကျွေးနိုင်ခြင်း
- Can eat instead of Staple food
💪ထမင်းဟင်းအစားထိုးကျွေးနိုင်ခြင်း
- To support the one who cannot get enough food and prevent from malnutrition
💪အာဟာရပြည့်စုံအောင်မစားသော လူနာများကို အာဟာရချို့တဲ့ခြင်းမှ ကာကွယ်ကုသနိုင်ခြင်း
- Easy to prepare and easy to introduce via feeding tube
💪ပြင်ဆင်ရလွယ်ကူခြင်း နှာခေါင်းပိုက်မှတစ်ဆင့်လွယ်ကူစွာကျွေးနိုင်ခြင်း
ဒီနေ့ခေတ်မှာ နှာခေါင်းပိုက်အစာပိုက်ထည့်ခြင်းဟာ ကြောက်စရာ စိုးရိမ်စရာမဟုတ်တော့ပါဘူး။
နှာခေါင်းပိုက်မှတဆင့် ဖြည့်စွက်စာများ၊ကြိတ်ထားသော အစားအစာများ ကျွေးနိုင်ပြီး ဖော်မြူလာဖြင့် ဖော်စပ်ထားသောကြောင့် လိုအပ်သောအာဟာရများ တိကျစွာရရှိနိုင်မှာပဲဖြစ်ပါတယ်။

💁‍♀️ပိုက်မှတဆင့်လွယ်ကူစွာ ကျွေးနိုင်တဲ့ Blenteral Blenderized မှ products လည်းရှိနေပြီဖြစ်လို့ ပိုမိုသိရှိလိုပါက chat box မှတဆင့်ဆက်သွယ်ပေးပါရှင့်။
🧑‍⚕️တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များမှပြန်လည်ဖြေကြားပေးမှာဖြစ်ပါတယ်ရှင့်။

🙆‍♀️အားလုံးပဲ အာဟာရပြည့်ဝပြီး နေကောင်းကျန်းမာကြပါစေလို့ ကျွန်မတို့ BLENTERAL Blenderized Daily Nutrition မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်။

Thank you for reading!!❣
Stay safe and healthy! 💪

BLENTERAL, Your nutritional partner!!!

ဒူးနာတယ်ဆိုတာ အရွယ်သုံးပါးမရွေး ဖြစ်ဖူးတတ်ကြပါတယ်..ငယ်တဲ့ သူတွေအတွက် သိပ် ဒုက္ခမပေးပေမဲ့ အသက်အရွယ်ရလာသူတွေ အတွက်တော့ နေ့...
23/10/2021

ဒူးနာတယ်ဆိုတာ အရွယ်သုံးပါးမရွေး ဖြစ်ဖူးတတ်ကြပါတယ်..

ငယ်တဲ့ သူတွေအတွက် သိပ် ဒုက္ခမပေးပေမဲ့ အသက်အရွယ်ရလာသူတွေ အတွက်တော့ နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ စိတ်အနှောင့်အယှက်ဖြစ်ရပြီး quality of life ကိုကျစေပါတယ်

☝️ဘာကြောင့် ဒူးနာရသလဲ??

ဒူးဆစ်အတွင်းမှာရှိတဲ့ အရိုးနု အရွတ်လေးတွေ ဒဏ်ဖြစ်မယ်
အရိုးပွခြင်းကြောင့် ဒူးဆစ်ရိုး ယောင်ယမ်းနာကျင်မယ်

☝️ဘာတွေက ဒူးနာခြင်းကိုပိုဆိုးစေသလဲ??

ကိုယ်ခန္ဓာအလေးချိန်တက်လာတဲ့ အခါ ဒူးက ခန္ဓာကိုယ်တခုလုံးကို ထိမ်းပေးထားရတဲ့အတွက် ဝန်ပိလာပြီး နာတတ်ပါတယ်
ဒူးကို ထိခိုက်ဒဏ်ရာရဖူးမယ်
⁃ ဒူးကို ဒဏ်ဖြစ်စေတဲ့ အလေးအပင်မခြင်း လှေခါးအတက်အဆင်းများခြင်းတို့က ဒူးနာခြင်းကို ပိုဆိုးစေပါတယ်

✅ဘယ်လိုနေရင် သက်သာမလဲ??

ဒူးနာပြီဆို နားနားနေနေ နေပါ
ရေခဲကပ်ပါ
ဆားကျပ်ထုပ်လေးလဲ တလှည့်စီထိုးပေးလို့ရပါတယ်
ခန္ဓာကိုယ် အလေးချိန်ကို မများအောင်ထိမ်းထားပါ
လမ်းကို ပုံမှန်လျှောက်ခြင်းဟာ ဒူးကြွက်သားတွေက်ို သန်မာစေပါတယ်

✅✅ ဘာတွေဖြည့်စွက်စားသောက်နိုင်သလဲ??

ကိုယ်အလေးချိန်မတက်အောင် balanced diet စားပေးဖို့လိုပါတယ်။
အရိုးနု ကျန်းမာရေးအတွက် collagen ကို ထုတ်လုပ်မှုကိုလှုံ့ဆော်ပေးနိုင်တဲ့ Omega 3 ကြွယ်ဝတဲ့ အစားအသောက်တွေ ဆေးဝါးတွေမှီဝဲလို့ရတယ်။

အရိုးပွ အရိုးပါးခြင်းကို ဟန့်တားပေးနိုင်တဲ့ Calcium နဲ့ Vitamin D3 တို့ကလဲ လိုအပ်ရင် ဖြည့်စွက်ပေးဖို့လိုပါတယ်

ကိုယ် ဒူးနာနေတာကို သက်သာအောင် အထက်ပါနည်းလမ်းများကို လိုက်နာဆောင်ရွက်ကြည့်ပါ

ဒါတွေနဲ့မှ မသက်သာဘူးဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သေချာစမ်းသပ်ပြသ ကုသဖို့လိုပါတယ်လို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်နော်

Address

Rangoon Ahlone

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+951225176

Website

Alerts

Be the first to know and let us send you an email when Thit Sar Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share