လင်း အထွေထွေရောဂါကုဆေးခန်း

  • Home
  • Myanmar
  • Sagaing
  • လင်း အထွေထွေရောဂါကုဆေးခန်း

လင်း အထွေထွေရောဂါကုဆေးခန်း Be safe & healthy life

👨‍⚕️👩‍⚕️အခုတလောဖြစ်နေတဲ့ မျက်စိနာရောဂါက Adenovirus လို့ခေါ်တဲ့(ဗိုင်းရပ်စ်) တစ်မျိုးကြောင့်ဖြစ်တာပါဆေးပညာအခေါ်အဝေါ်အရ co...
13/10/2023

👨‍⚕️👩‍⚕️အခုတလောဖြစ်နေတဲ့ မျက်စိနာရောဂါက Adenovirus လို့ခေါ်တဲ့(ဗိုင်းရပ်စ်) တစ်မျိုးကြောင့်ဖြစ်တာပါ
ဆေးပညာအခေါ်အဝေါ်အရ conjunctivitis လို့ခေါ်တဲ့ မျက်စိအတွင်းသားကာကွယ်ထားတဲ့ မျက်မြှေးပါးလေးရောင်ယမ်းတာမျိုးဖြစ်တာပါ

👉မျက်မြှေးပါးရောင်ယမ်းတတ်တဲ့အခြားအကြောင်းအရာများရှိပါသေးတယ် အလွယ်တကူမှတ်ရင် နှစ်ပိုင်း ရှိတယ်လို့မှတ်လို့ရပါတယ်

၁)ဓာတ်မတည့်ခြင်း —— တချို့အခိုးအငွေ့ တွေ ဥပမာ အမွှေးတိုင်းလိုအငွေ့ တွေမျက်လုံးထဲဝင်တဲ့အချိန်မျိုးဆိုလည်းဖြစ်တတ်ပါတယ်
ဒါကလွယ်လွယ်ကူကူ ဥပမာလေးတစ်ခု​ပေးလိုက်တာပါ နောက်တစ်ခုကတော့

၂)ပိုးဝင်းခြင်း —— ဗက်တီးရီးယားပိုး (သို့) ဗိုင်းရက်စ်ပိုးဝင် တဲ့အခါမျိုးမှာဖြစ်တတ်ပါတယ်
ကွာခြားချက်အနည်းငယ်တော့ရှိပါတယ်
အခုကတော့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ မျက်မြှေးပါးရောင်ယမ်းတဲ့အကြောင်းအရာကိုမျှဝေသွားပါမယ်

👉ရောဂါလက္ခဏာများ
ပိုးဝင်ပြီး 10-12 ရက်အတွင်းမှာ
- မျက်စိနာ
- မျက်စိရဲ
- မျက်ဝတ်ထွက်
- မျက်စိထဲမှာ ခုလု ခုလုဖြစ်တာ
- အလင်းရောင်မကြည့်နိုင်တာ တွေဖြစ်လာပြီး နောက်ထပ် ၄ - ၅ ရက်မှာ အခြားမျက်စိတစ်ဖက်ကိုကူးသွားတတ်ပါတယ်
- တစ်ခါတစ်လေ ဒီ့ထက်ပိုဆိုးလာပြီး cornea လို့ခေါ်တဲ့ မျက်ကြည်လွှာ ကိုလည်းထိခိုက်တတ်ပါတယ်

မျက်စိမှာဖြစ်တဲ့ လက္ခဏာအပြင်ရာသီတုပ်ကွေးတို့ရဲ့ထုံးစံအတိုင်း
- ဖျားနာ
- ချောင်းဆိုး
- နှာစေး၊နှာချေ
- လည်ချောင်းနာ
- ပျို့၊အန်၊ဝမ်းလျှောတာတွေလည်းဖြစ်တတ်ပါတယ်

ဒီလက္ခဏာတွေ အကုန်လုံးကတော့ ၂ ပတ်ကနေ ၃ ပတ်အတွင်းမှာ သက်သာသွားတတ်ပါတယ်

💥ဗိုင်းရပ်စ် ထူးခြားချက်
အရမ်းကိုနာမည်ဆိုးနဲ့ နာမည်ကြီးတဲ့အချက်ကတော့အရမ်းကို ကူးစက်မြန် တယ်ဆိုတဲ့အချက်ပါပဲဗျာ😢
ပိုပြီးကူးစက်ခံရတတ်တဲ့သူတွေကတော့
-ဆီးချိုရောဂါရှိသူ
-ကိုယ်ခံအားစနစ်ချတဲ့ဆေးတွေသောက်တဲ့သူတွေမှာပိုပြီး ကူးစက်ခံရတတ်ပါတယ်

နောက်တစ်ချက်ကတော့ ဒီ ဗိုင်းရပ်စ်သည် လေ့လာချက်တွေအရ
ဒီဇင်ဘာ မှ ဧပြီလတွေမှာပိုဖြစ်တတ်တယ်လို့ပြောပါတယ်

💢ကူးစက်ပုံ
ဒီနေရာမှာ အယူအဆအလွဲ တစ်ခုကိုသေချာလေးမှတ်စေချင်ပါတယ်

❌မျက်စိနာတဲ့သူကိုကြည့်နေရုံ ၊ မျက်လုံးချင် ဆုံမိရုံ နဲ့ လုံးဝ လုံးဝ မကူးပါဘူး❌

အဓိက ကူးစက်ရခြင်းက (လက်)ကနေတဆင့်ကူးတယ်လို့မှတ်ထားပါ

💦ဆောင်ရန် ရှောင်ရန်များ

❎ရှောင်ရန်❎

- မျက်စိကို မကြာခဏ မကိုင်ရပါ
- မျက်စိကို မကိုင်ခင်နဲ့ ကိုင်ပြီးတိုင်း လက်ဆေးပါ
- မျက်နှာသုတ်ပုဝါ သီးသန့်ခွဲသုံးပါ
- အချင်းချင်းလက်ဆွဲနှုတ်ဆက်တာတွေ မလုပ်ပါနဲ့
- ရောဂါဖြစ်နေစဉ် တခြားသူတွေကို မကူးစက်ရန် လူစုလူဝေးနေရာတွေကို မသွားပါနဲ့

✅ဆောင်ရန်✅
အိမ်တွင်း ကုထုံးလို့လည်းပြောလို့ရပါတယ်
ရေ ရှိနေရင် ပြည့်စုံပါပြီဗျာ

၁)ကုသပုံနည်းလမ်း
- ရေအေးဝတ် အုပ်ရပါမယ်
- တစ်ခါအုပ်ရင် ၁၀ - ၁၅ မိနစ် လိုအပ်သလို ၂ နာရီခြား အုပ်သင့်ပါတယ်

ရေခဲသေတ္တာရှိရင် ပိုအဆင်ပြေပါတယ် မရှိလည်းရေခဲရှိနေရင် ရပါတယ်

ရေခဲသေတ္တာရှိသူတွေကတော့
- အဝတ်စတစ်ခုကို သန့်စင်အောင် ရေဆေးပါ
- လေးထောင့် ခေါက်ပါ
- ပလတ်စတစ်အိတ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ထားပါ
- ပလတ်စတစ်အိတ်ထဲက ထုတ်ပါ
- မျက်စိကို အုပ်နိုင်ပါပြီ

ရေခဲနဲ့ ကုသနည်း
- ရေခဲအသေးလေး တွေကို ပလပ်စတစ်အိတ်ထဲမှာ ထည့်ပါ
- ရေခဲအိတ်ကို သန့်စင်တဲ့အဝတ်စနဲ့ ပတ်ပါ
- ပြီးရင် မျက်စိမှာ အုပ်နိုင်ပါပြီ

ဘာမှမရှိရင် လည်းပူစရာမလိုပါဘူးနော် ရေရှိနေရင်ရပါပြီ
- ရေစိမ်ထားတဲ့ အဝတ်နဲ့ အုပ်လိုက်ရုံပါပဲနော်

၂)မျက်စိကိုသန့်ရှင်းရေးလုပ်ရပါမယ်
မျက်ချေးမျက်ဝတ်တွေကို သန့်ရှင်းရေးရေနဲ့သေချာလုပ်ပေးရပါမယ်

၃) မျက်ရည်တုမျက်စဉ်းခတ်ပေးတဲ့နည်းလမ်း
၂-၃ နာရီခြား တစ်စက် ခတ်ပါ (နှစ်ဖက်စလုံးကိုခတ်ပါ) စျေးကွက်ထဲမှာတော့ ပြောပြီးဝယ်လို့ရပါတယ် ပေါလည်းပေါပါတယ်

၄)နေကာမျက်မှန်တပ်ခြင်း
ဒီအချက်ကတော့ အလင်းရောင်မခံနိုင်တဲ့သူတွေမှာအသုံးပြုလို့ရပါတယ်

🔥ဒီအချက်တွေတော့ သတိထား❗️
- မျက်စိအရမ်းနီးရဲလာတာ
- အလွန်အမင်းနာကျင်တာ
- မျက်လုံးဝေဝါးလာတာ
- အလင်းရောင် မခံနိုင်တာ ရှိလာခဲ့ရင်တော့ မျက်စိဆရာဝန်နဲ့ပြသရပါမယ်

🌈 ကာကွယ်ရန်နည်းလမ်းများ
ကျွန်တော်တို့ covid တုန်းကလည်းကြုံတွေ့ခဲ့ရသလိုပါပဲ
- ကိုယ်မျက်စိနာရင် အိမ်ပြင်မထွက်တာ
- မကြာခဏလက်ဆေးတာ
- လက်ကို စက္ကန့် ၂၀ ကြာအောင် ဆပ်ပြာနဲ့သေချာဆေးတာ
- မဖြစ်မနေအပြင်ထွက်မယ်ဆို တစ်ခုခု မထိခင် မကိုင်ခင်မှာ လက်ကိုအရက်ပြန်နဲ့ဆေးတာ တွေလုပ်ပေးမယ်ဆိုရင်တော့ ကူးစက်ခံရမှာ လျော့နည်းသက်သာသွားနိုင်ပါတယ်
- အချိန်မှန်အိပ် အချိန်မှန်စား
- ရေများများသောက် တစ်နေ့ကို ၂-၃ လီတာ
- ဆေးလိပ် အရက် ကွမ်းစသည်တို့ရှောင်ကြဉ်တာ တို့ပဲဖြစ်ပါတယ်


Credit to Dr Kyaw

လင်း အထွေထွေရောဂါကုဆေးခန်း
ဆေးခန်းဖွင့်ချိန်
မနက် (၇)နာရီ မှ ည (၇)နာရီအထိ
ငါးထပ်ကြီးဘုရားအနောက်ဘက် ညောင်ကုန်းလမ်းဘေး
စစ်ကိုင်းမြို့
☎️09 402659534

👨‍⚕️👩‍⚕️အိပ်ပျော်နေစဉ် ဟောက်တတ်သူများ အိပ်နေရင်း အသက်ရှုရပ်သွားနိုင်တယ်ဆိုတာ⚠️ညအိပ်ပျော်နေစဉ် အသက်ရှူရပ်သွားတာကို Sleep ...
14/08/2023

👨‍⚕️👩‍⚕️အိပ်ပျော်နေစဉ် ဟောက်တတ်သူများ အိပ်နေရင်း အသက်ရှုရပ်သွားနိုင်တယ်ဆိုတာ

⚠️ညအိပ်ပျော်နေစဉ် အသက်ရှူရပ်သွားတာကို Sleep Apnea လို့ခေါ်ပြီး အဲဒီအချိန်တွေမှာဆိုရင် အသက်ရှူခြင်းက ကြိမ်ဖန်များစွာ ရပ်လိုက်၊ ပြန်စလိုက်ဖြစ်နေတတ်ပါတယ်။
ဒီလို အိပ်နေရင်းအသက်ရှူရပ်သွားသူရဲ့ အဓိကလက္ခဏာကတော့ ဟောက်သံအကျယ်ကြီး ကြားရတာပါပဲ။ ညအိပ်တိုင်း ဟောက်နေပြီဆိုရင်တော့ အိပ်ဟောက်အသက်ရှူရပ်ရောဂါ Sleep Apnea ရှိနေပြီဆိုတာ သေချာနေပါပြီ။
အသက်ရှုရပ်ခြင်းက တစ်နာရီကို ၅ ကြိမ်ကနေ အကြိမ် ၃၀ ကျော်တဲ့အထိ ဖြစ်နိုင်တာမို့ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို အနှောင့်အယှက်ပေးပါသည်

မိမိကိုယ်တိုင်အိပ်ပျော်နေချိန် အသက်ရှုရပ်သွားတာကို
မသိနိုင်သော်လည်း ဘေးလူကစတင် သတိထားမိခြင်း Sleep study လုပ်ခြင်းဖြင့် သိနိုင်ပါသည်

🍁ပုံမှန်အားဖြင့် Sleep Apnea အမျိုးအစား ၃ မျိုးရှိပါတယ်။ ဒါတွေကတော့

1. Obstructive Sleep Apnea (OSA) - လည်ချောင်းကြွက်သားတွေ ပြေလျော့ပြီး အဆုတ်ထဲကို လေဝင်ပေါက်ပိတ်သွားတဲ့ ဖြစ်စဉ်၊ အဖြစ်အများဆုံး အခြေအနေလည်း ဖြစ်ပါတယ်။

2. Central Sleep Apnea (CSA) - ဦးနှောက်ကနေ အသက်ရှူခြင်းကို ထိန်းချုပ်တဲ့ကြွက်သားတွေကို လိုအပ်တဲ့ Signal တွေ မပို့ပေးနိုင်တာကြောင့် ဖြစ်လာတဲ့ ဖြစ်စဉ်

3. Treatment-emergent Central Sleep Apnea – OSA ရှိပြီးသားသူတစ်ယောက်က ကုသမှုခံယူနေစဉ် CSA အဖြစ် ပုံစံပြောင်းသွားတဲ့ ရှုပ်ထွေးဖြစ်စဉ် ဆိုပြီး
(၃) မျိုးခွဲခြားနိုင်ပါတယ်။

💢သူ့ရဲ့လက္ခဏာတွေက ဘာတွေလဲ

အမျိုးအစား (၃) မျိုးလုံးရဲ့ လက္ခဏာတွေက ဆင်တူပြီး အောက်ပါအတိုင်းဖြစ်ပါတယ်။

🍀 အသံအကျယ်ကြီး ဟောက်တတ်တာ

🍀 အိပ်နေရင်း အသက်ရှူရပ်သွားတာကို ဘေးလူကပါ ကြားနေရတာ
🍀 အိပ်နေရင်း လေကို အလုအယက်ရှူရှိုက်ရတာ

🍀 အိပ်ရေးမဝခြင်းကြောင့် မနက်ပိုင်း ခေါင်းကိုက်ရင်း
နိုးလာတာ
🍀 ခံတွင်းခြောက်ပြီး နိုးလာတာ

🍀 တောက်လျှောက်အိပ်ပျော်ဖို့ ခက်ခဲတာ

🍀 နေ့ဘက်တွေမှာ ပိုအိပ်ချင်တာ

🍀 နိုးထနေစဉ်မှာ အာရုံစူးစိုက်ဖို့ ခက်ခဲတာ

🍀 စိတ်ဆိုးစိတ်ဆတ်လွယ်တာ စတာတွေ ဖြစ်ပါတယ်။

👥 ဘယ်သူတွေမှာ ပိုအဖြစ်များလဲ

Sleep Apnea က ရောဂါအမျိုးအစားအပေါ် မူတည်ပြီး ဖြစ်နိုင်ခြေများတဲ့ လူနာအမျိုးအစားလည်း ကွဲပြားပါတယ်။

👉 OSA အမျိုးအစားက -

⭐ အဝလွန်ပြီး ကိုယ်အလေးချိန်များလွန်းသူတွေ

⭐ လည်ပင်းထူပြီး အသက်ရှူလမ်းကြောင်းကျဉ်းနေသူတွေ

⭐ (များသောအားဖြင့်) အရွယ်ရောက်ပြီး အမျိုးသားတွေ

⭐ အသက်အရွယ် ကြီးရင့်နေသူတွေ

⭐ အရက်၊ မေ့ဆေး၊ ထုံဆေးတွေကို မကြာခဏအသုံးပြုနေရသူတွေ

⭐ မျိုးရိုးမှာ OSA ရောဂါဖြစ်ဖူးတဲ့ နောက်ကြောင်းရာဇဝင်ရှိသူတွေ

⭐ ဆေးလိပ်သောက်သူတွေ

⭐ သွေးတိုးနဲ့ ဆီးချိုရောဂါ အခံရှိသူတွေမှာ ပိုအဖြစ်များပါတယ်။

👉 CSA အမျိုးအစားကတော့ -

🌈 သက်ကြီးရွယ်အိုတွေ

🌈 အမျိုးသားတွေ

🌈 နှလုံးအားနည်းသူတွေနဲ့

🌈 ရုတ်တရက် တက်တတ်သူတွေမှာ ပိုအဖြစ်များပါတယ်။

👉 အကယ်လို့ ကိုယ့်မှာ Sleep Apnea ရောဂါရှိနေပြီလို့ ဆရာဝန်က အတည်ပြုလိုက်ပြီဆိုရင် ကုထုံးအနေနဲ့

🎈အသက်ရှူစက် (CPAP) တပ်တဲ့ ကုထုံး၊

🎈 အိပ်နေစဉ် Oral Appliance ကို ပါးစပ်မှာ တပ်ဆင်ထားတာ၊

🎈 ပါးစပ်၊ မျက်နှာကြွက်သားတွေကို လေ့ကျင့်ပေးတဲ့ ကုထုံး၊

🎈 အပေါ်မေးရိုး၊ အောက်မေးရိုးတွေကို ပြုပြင်ခွဲစိတ်တာ၊

🎈 ခွဲစိတ်ကုသမှု ကုထုံး အသုံးပြုတာနဲ့

🎈 အသက်ရှူလမ်းကြောင်းထဲက တစ်ရှူးတွေကို ဖယ်ပြီး လမ်းကြောင်းချဲ့ပေးတာ စတဲ့ နည်းလမ်းတွေထဲက သင့်လျော်ရာ နည်းလမ်းနဲ့ ကုသဖို့ လိုအပ်မှာဖြစ်ပါတယ်။

🔥မိမိကိုယ်တိုင် လုပ်ဆောင်သင့်သည်များမှာ

⚡ ကိုယ်အလေးချိန်များနေရင် လျှော့ပါ

⚡ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

⚡ ဆေးလိပ် အရက်ရှောင်ကျဉ်ပါ

⚡ စိတ်ငြိမ်ဆေး အိပ်ဆေးတွေအတတ်နိုင်ဆုံးရှောင်ပါ

⚡ ပက်လက် အိပ်တာထက် ဘေးစောင်းအိပ်ပါ မှောက်အိပ်ကြည့်ပါ
Credit to healtpy

လင်း အထွေထွေရောဂါကုဆေးခန်း
ဆေးခန်းဖွင့်ချိန်
မနက် ၇ နာရီ မှ ည ၇ နာရီ အထိ
ငါးထပ်ကြီးဘုရား အနောက်ဘက် ညောင်ကုန်းလမ်းဘေး
စစ်ကိုင်းမြို့
☎️ 09 402659534

30/06/2023

👨‍⚕️👩‍⚕ Available service လေးတွေ မေးနေကြသူတွေအတွက် ဆေးခန်း ဝန်ဆောင်မှုလေးတွေ remind လုပ်ပါတယ်
Home care serviceကို မြို့တွင်းနှင့် အနီးနားရပ်ကွက်လေးတွေ ဆောင်ရွက်ပေးပါသည်
Phone ဖြင့် ကြိုတင်bookingယူနိုင်ပါသည်
Emergency လူနာမဟုတ်ရင် regular home careကို မနက် ၁၁ နာရီ မှ ညနေ ၃ နာရီကြားထဲ လိုက်ကြည့်ပေးပါသည်
Be safe & healthy

👨‍⚕️👩‍⚕️အသည်းရောင်အသားဝါ Bပိုးဆိုတာ ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုပါBပိုး ရောဂါသည် 💦သွေးမှတဆင့် 💦လိင်အင်္ဂါမှတဆင့် 💦ရောဂါပိုး...
18/06/2023

👨‍⚕️👩‍⚕️အသည်းရောင်အသားဝါ Bပိုးဆိုတာ ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုပါ
Bပိုး ရောဂါသည်
💦သွေးမှတဆင့်
💦လိင်အင်္ဂါမှတဆင့်
💦ရောဂါပိုးရှိသောကိုယ်ဝန်ဆောင်မိခင်မှကလေးသို့
တဆင့် ကူးစက်နိုင်သော ရောဂါဖြစ်ပါသည်
သို့သော် စနစ်တကျ Bပိုးကာကွယ်ဆေးအောင် အောင်ထိုးထားလျှင် မကူးစက်နိုင်ပါ

Bပိုးကာကွယ်ဆေးထိုးတော့မယ်ဆိုရင်
အရင်ဆုံး
👉Bပိုး ရှိ မရှိ အရင်စစ်ရပါမယ်
Bပိုးမရှိရင် ကာကွယ်ဆေးထိုးလို့ရပါတယ်
👉ရှိခဲ့ရင်တော့
နားလည်တတ်ကျွမ်းသောဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဆက်လက်ကုသရပါမယ်။

B ပိုးကာကွယ်ဆေးက ဘယ်သူတွေမှာထိုးထားသင့်တာလဲ?
ကာကွယ်နိုင်တဲ့ ရောဂါဖြစ်လို့ မည်သူမဆို ထိုးထားနိုင်ရင်အကောင်းဆုံးပါ
💥အဓိက ဦးစားပေး ထိုးသင့်သူတွေမှာ

🍀လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါ ဖြစ်လို့
- မိမိရဲ့ အိမ်ထောင်ဖက် မှာ Bပိုးရှိသူတွေ

🍀သွေး နဲ့ ခန္ဓာကိုယ် ကထွက်တဲ့အရည်များမှ တစ်ဆင့်လည်းကူးစက်နိင်လို့ သွေးနဲ့အထိအတွေ့များတဲ့
-ကျန်းမာရေးဝန်ထမ်းတွေ၊
-ကျောက်ကပ်ဆေးနေရတဲ့သူတွေ၊
- သွေးသွင်းရတတ်တဲ့ သွေးရောဂါတစ်ခုခုရှိသူတွေ၊
-မိမိ အိမ်သားတစ်ဦးဦးတွင် Bပိုးရှိနေသူတွေ

🍀အသည်းရောဂါ တခုခုရှိသူတွေ
-အသည်းအဆီဖုံးမှ စလို့ ၊
-အရက်ကြောင့်အသည်းရောင်နေသူ၊
-အသည်းရောင်အသားဝါ Cပိုးရှိသူ၊
- အသည်းခြောက်နေသူ၊
-နာတာရှည်အသည်း ရောဂါရှိသူ၊
-အသည်းဓါတ် liver enzyme ၂ဆလောက်တတ်နေသူ

🍀ကိုယ်ခံအားကျစေသော ရောဂါရှိသူ
-ဆီးချိုရောဂါရှိသူ၊
-HIV ရောဂါရှိသူ
အဲဒီ အုပ်စုတွေမှာတော့ ပိုထိုးသင့်ပါတယ်။

👉စုစုပေါင်း ဘယ်နခါထိုးရတာလဲ?
- စုစုပေါင်း ၃ကြိမ် စထိုးရပါတယ်
ပုံမှန်အားဖြင့် 0-1-6 နည်း နဲ့ ထိုးပါတယ်
စထိုးတဲ့ ရက် မှာ ၁လုံး
စထိုးတဲ့ရက်ကနေ ၁လပြည့်တဲ့နေ့မှာ နောက်တစ်လုံး
စထိုးတဲ့ရက်ကနေ ၆လ ပြည့်တဲ့နေ့မှာ တတိယအလုံး
စုစုပေါင်းသုံးလုံးထိုးရပါတယ်။

မိသားစုဝင် သို့ အိမ်ထောင်ဘက်တွင် Bပိုးရောဂါရှိလျှင်
0-1-2-6-12 monthနည်းဖြင့် ထိုးရင်ပိုကောင်းပါသည်
အမြန်ထိုးနည်းအနေဖြင့်
0-7-21 dayဆိုပြီး တစ်လအတွင်းအပြီးထိုးနည်း လည်းလိုအပ်လျှင်သုံးနိုင်ပါသည်

တခြားကာကွယ်ဆေးတွေနဲ့ရော တူတူထိုးနိုင်ပါတယ် ။ ပိုးအရှင်တွေနဲ့ထုတ်ထားတဲ့ ကာကွယ်ဆေးမဟုတ်လို့ အခြားကာကွယ်ဆေးတွေနဲ့ တူတူ ထိုးနိုင်ပါတယ်

🔥ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်တွေမှာကော Bပိုးကူးစက်ထားခြင်းမရှိလျှင် ထိုးလို့ရပါတယ်။

👉 ဆေး ၃ကြိမ်ထိုးပြီး အနည်းဆုံး ၄၅ရက်မှ ၂လကြာတာနဲ့ ဆေးအောင်မအောင်ခေါ်တဲ့ ကာကွယ်ခုခံအား antibody စစ်ကြည့်သင့်ပါသည်
ကာကွယ်ခုခံအား ရှိသင့်သလောက်မရှိသူ/ ဆေးမအောင်သူများသည် Bပိုး ကာကွယ်ဆေးကို အစကနေပြန်ထိုးရပါမည်
ကာကွယ်ခုခံအား ရှိသင့်သလောက်ရှိသူများအနေဖြင့် booster doseကို ၅ နှစ်အကြာတွင် တစ်ကြိမ်ထပ်ထိုးရပါမည်
ထိုကဲ့သို့ စနစ်တကျ စစ်ဆေးထိုးနှံခြင်းဖြင့် အသည်းရောင်အသားဝါ Bပိုးရောဂါ ကူးစက်ခြင်းမှ ကာကွယ်နိုင်ပါသည်

Credit

လင်း အထွေထွေရောဂါကုဆေးခန်း
ဆေးခန်းဖွင့်ချိန်
မနက် ( ၇ နာရီ မှ ည ၇ နာရီ အထိ )
ငါးထပ်ကြီးဘုရားအနောက်ဘက် ညောင်ကုန်းလမ်းဘေး
စစ်ကိုင်းမြို့
☎️09 402659534

Address

Near The Ngar Htet Kyii Pagoda, On Nyaung Gone Street, Sagaing Township
Sagaing

Telephone

+959402659534

Website

Alerts

Be the first to know and let us send you an email when လင်း အထွေထွေရောဂါကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to လင်း အထွေထွေရောဂါကုဆေးခန်း:

Share