30/03/2023
25000ks ကိူ တဗူးပဲ့ကျန်လို့
22000ksနဲ့ ယူ 💓
Fraijour original Herb wormwood calming toner review ❤️
✨အရင်ဆုံး wormwood ဆိုတာဘာလဲဆိုတဲ့အကြောင်းရှင်းပြပါမယ်
Wormwood ကို artemisia absinthium,common wormwood,bitter mugwort လို့လည်းခေါ်ကြတယ်
Mugwort ရဲ့ other name က artemisia vulgaris
ဆိုတော့ သူတို့ဟာ Asteraceae family,Artemisia genus ထဲမှာပါဝင်ကြတယ်
Mugwort ကိုလည်း common wormwood လို့ခေါ်ကြတယ်
Wormwood သည်လည်း type of Mugwort တစ်မျိုးပဲမို့ သူလည်း soothing ,calming ,wound healing ကောင်းတယ်
မျက်နှာရဲတာ breakout skin,skin barrier ကိုလည်းကောင်းစေတယ်
✨Ingredients check
သူ့ရဲ့ wormwood series က ingredient list တော်တော်ရှည်တယ်
ဒီ toner မှာ 62 Ingredients ထိပါတယ်
အများစုကတော့ extract တွေ (fruit,leaf,etc… extract တွေချည်းပဲကိုအများကြီးပဲ)
အဲ့ extract တွေကလည်း အများစုက anti-inflammatory,anti-bacterial,antioxidant တွေများတယ် (eg- aloe barbadensis,artemisa princeps leaf extract,…)
Centella asiatica extract,camellia sinensis leaf extract(green tea) တွေလည်းပါတယ်
Glycerin,betaine,sodium hyaluronate (ဒါက hyaluronic acid တစ်မျိုးပဲ) တို့လို humectant တွေပါတဲ့အတွက် hydration ပေးမယ်
Allantoin က soothing လုပ်ပေးတယ်
AHA- glycolic acid,lactic acid,citric acid
BHA-salicylic acid တို့ပါတဲ့အတွက် exfoliate လုပ်ပေးမယ် ပါတဲ့ % တော့နည်းလောက်ပေမဲ့ skin barrier ပျက်နေတဲ့သူဆို ဒီလို daily exfoliate ပါတာတွေတော့မသုံးစေချင်ဘူး
Frangrance ပါတဲ့အတွက် frangrance sensitive ဆို မသုံးပါနဲ့ အနံ့ကဘူးဖွင့်လိုက်တာနဲ့ကိုထောင်းနေတာ ဂျူလီတော့သူ့အနံ့ကိုမကြိုက်ဘူး စိမ်းရွှင်ရွှင်သံပုရာအနံ့လိုပဲ
နောက်ပိုင်းသူံးရင်တော့ ယဉ်သွားတယ်
✨Texture
ရေလိုပဲ ဒါပေမဲ့ simple toner တို့လို ရေသာသာပဲလည်းမဟုတ်ဘူး မျက်နှာပေါ်လိမ်းလိုက်ရင် essence တို့လိုပျစ်သွားတယ် လက်ပေါ်တင်လိမ်းလို့ရတယ်
စိမ့်ဝင်တော့အရမ်းမမြန်ဘူး simple toner သုံးတဲ့သူအတွက်ဆို လိမ်းပြီးနည်းနည်း ကပ်စီးစီးဖြစ်တတ်တယ်
✨Result
ဂျူလီဒါသုံးနေတာ 2 months ကျော်ပြီ
သုံးနေသလောက်တော့ ဘာမှမသိသာသလိုပေမဲ့ ဟိုတစ်လောက အဆီဖုလေးတွေထတာ ဒီ toner ကို cotton pad ထဲထည့်ပြီး ကပ်ပေးလိုက်တာ ချပ်သွားတာတွေ့ရတယ် soothing တော်တော် ဖြစ်တယ်
အဲ့တော့ အဆီဖုလေးတွေထရင် ဒါလေးကို အဲ့လို toner mask သဘောမျိုးကပ်ကြည့်ပါ
ပြီးတော့ သူ့ကိုတစ်ပတ်တစ်ခါလောက် toner mask သဘောမျိုးကပ်ပေးရင် အသားကြည်ကြည်လေးဖြစ်လာတယ် ဝက်ခြံညှစ်ထားလို့ ယောင်နေရင်လည်း cotton pad ပါးပါးလေးထဲ toner ရည်လောင်းပြီးကပ်ကြည့်ပါ ယောင်တာသက်သာပြီး အနာကျက်ပိုမြန်တယ်
သူ့တစ်မျိုးထဲနဲ့တော့ ဝက်ခြံကိုမသက်သာစေဘူး ဒါပေမဲ့ တဖြည်းဖြည်းချင်းအရောင်ကျလာတယ်
ဝက်ခြံကိုပိုဆိုးစေတာမျိုး မရှိဘူး
ချွေးပေါက်ကလည်း သုံးနေရင်းတဖြည်းဖြည်းသက်သာလာတယ်
Exfoliate acids တွေပါတဲ့အတွက် သုံးနေရင်းဖြည်းဖြည်းချင်း skin tone တက်လာလောက်မယ်ထင်တယ်
ဒါပေမဲ့ skin barrier ပျက်နေတဲ့သူ အခုမှ repair လုပ်နေတဲ့သူဆိုရင်တော့ ဒါကိုနေ့တိုင်းမနက်ညမသုံးစေချင်ပါဘူး
သူက 500ml ပါတဲ့ တစ်ဘူးကိုမှ 22000 ပဲပေးရတဲ့အတွက် budget ချိန်နေတဲ့သူဆို တော်တော်အဆင်ပြေတယ် တစ်ဘူးဆို အနည်းဆုံး သုံးလေးလတော့အေးဆေးပဲ
ဝယ်ချင်ရင် Fraijour Myanmar_Official, Yuri and Coe ,SCT'S cosmetics တွေမှာလည်းရသလ်ို အခြား os တွေမှာလည်းရတတ်ပါတယ်
I purchased with my 💴 pr😁
Yours Julie,