18/06/2026
အာရုံကြောအားနည်းနေပြီဆိုတာကို သိနိုင်မယ့် အချက်များ"
"လူက ဘာမှမလုပ်ရသေးဘူး ပင်ပန်းနေတာပဲ..."၊ "မေ့တတ်လိုက်တာလွန်ပါရော..."
တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် သတိထားမိလား။ ဖုန်းဘယ်နားချထားမှန်းမသိ၊ ဈေးဝယ်ဖို့ စာရင်းမှတ်ထားတာကို မေ့၊ ဒါမှမဟုတ် လက်ဖျားခြေဖျားတွေ ထုံကျဉ်ကျဉ် ဖြစ်ဖြစ်လာတာမျိုးလေ။ ဒါတွေက အလုပ်များလို့ ပင်ပန်းတာ သက်သက်မဟုတ်ဘဲ သင့်ရဲ့ အာရုံကြောစနစ်က "ငါ အနားယူဖို့လိုနေပြီ!" လို့ အချက်ပြနေတာလည်း ဖြစ်နိုင်ပါတယ်။
ဒီနေ့တော့ ကိုယ့်မှာ အာရုံကြောအားနည်းတဲ့ လက္ခဏာတွေ ရှိနေပြီလားဆိုတာ ဆန်းစစ်ကြည့်လို့ရမယ့် အချက်လေးတွေကို ပေါ့ပေါ့ပါးပါး ပြောပြပေးသွားမယ်နော်။
သင့်ရဲ့အာရုံကြောလေးတွေအားနည်းနေပြီဆိုရင်
၁။ လက်ဖျားခြေဖျားတွေ ထုံကျဉ်တာ၊ စူးခနဲဖြစ်တာ
ထိုင်နေရင်း ဖြစ်ဖြစ်၊ မနက်နိုးနိုးချင်းဖြစ်ဖြစ် လက်ဖျားခြေဖျားတွေက ပုရွက်ဆိတ်ကိုက်သလိုလို၊ ထုံကျဉ်ကျဉ်ကြီး ဖြစ်နေတတ်ပါတယ်။ ဒါဟာ သွေးလည်ပတ်မှု မကောင်းရုံတင်မဟုတ်ဘဲ အာရုံကြောလေးတွေ အာဟာရလိုနေတဲ့ အဓိကအချက်ပြချက်ပါပဲ။
၂။ မကြာခဏ မေ့တတ်တာ၊ အာရုံစိုက်မရတာ
ပြောလက်စ စကားလုံး ရှာမရတာ၊ အခန်းထဲဝင်သွားပြီး ငါဘာလာယူတာပါလိမ့်လို့ စဉ်းစားမရတာမျိုးတွေ ခဏခဏ ဖြစ်နေပြီလား။ ဦးနှောက်နဲ့ အာရုံကြောက ဆဲလ်တွေ မောပန်းနေတဲ့အခါ Memory ကောင်းကောင်း အလုပ်မလုပ်တော့ပါဘူး။
၃။ ကြွက်သားတွေ တုန်တာ၊ မျက်ခွံလှုပ်တာ မျက်ခွံတလှုပ်လှုပ် ဖြစ်တာကို အတိတ်နိမိတ်တွေ လျှောက်တွေးမနေနဲ့ဦးနော်။ အာရုံကြောနဲ့ ကြွက်သားတွေ အားနည်းလာတဲ့အခါ မျက်ခွံလှုပ်တာ၊ ကြွက်တက်တာ၊ ခြေလက်တွေ အလိုလို ထုံကျဉ်တာ ၊လက်တုန်တာ မျိုးတွေ ကြုံရတတ်ပါတယ်။
4။ အိပ်မပျော်တာနဲ့ စိတ်တိုလွယ်တာ :
ညဘက်ဆို လူက ပင်ပန်းနေပေမယ့် အိပ်လို့မရဘူး၊ စိတ်တွေ ဂနာမငြိမ်ဖြစ်ပြီး အသေးအဖွဲလေးကအစ ဒေါသထွက်လွယ် စိတ်တိုလွယ် လာတတ်ပါတယ်။
💡 ဒါဆို ဘယ်လို ဂရုစိုက်ကြမလဲ?
အာရုံကြောစနစ် ကျန်းမာဖို့ဆိုရင် ပြည့်ပြည့်ဝဝ အိပ်စက်ဖို့လိုသလို၊ အဓိက အရေးအကြီးဆုံးကတော့ Vitamin B Complex ပြည့်ဝနေဖို့ လိုအပ်ပါတယ်။
Vitamin B Complex (B1,B6,B12) ပါဝင်တဲ့ PINKONAZ လို အားဆေးတွေကို ပုံမှန်သောက်ပေးရပါမယ်။
ဒါမှသာ အာရုံကြောစနစ်တွေ ပြန်လည် ကျန်းမာလာပြီး အာရုံစူးစိုက်ရတာလဲကောင်းလာမယ် ။ အမြဲတမ်းလည်း Active ဖြစ်ပြီးတော့အားအင်ပြည့်ဝနေစေမှာဖြစ်ပါတယ်။
အာရုံကြောလေးတွေ အားအင်ပြည့်ဝပြီး ကျန်းမာတဲ့ နေ့ရက်တိုင်းအတွက် PINKONAZနဲ့အတူ သင့်ရဲ့ အာရုံကြောကျန်းမာရေးကို စောင့်ရှောက်လိုက်ပါနော်။ 💗