𝓟𝔂𝓲𝓷𝓝𝔂𝓪𝓻 𝓥𝓵𝓸𝓰

  • Home
  • Myanmar
  • Shwebo
  • 𝓟𝔂𝓲𝓷𝓝𝔂𝓪𝓻 𝓥𝓵𝓸𝓰

𝓟𝔂𝓲𝓷𝓝𝔂𝓪𝓻 𝓥𝓵𝓸𝓰 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝓟𝔂𝓲𝓷𝓝𝔂𝓪𝓻 𝓥𝓵𝓸𝓰, Shwebo.

 #တကယ်ချစ်ရင်_ဆုံးမ_ပါဘဝမှာ လူတစ်ယောက်အမြဲလိုအပ်တယ် အထူးသဖြင့် ကိုယ့်ရဲ့ အမှားတွေလမ်းပြနိုင်သူပေါ့သင်ကြိုက်သည်ဖြစ်စေ မကြ...
04/11/2025

#တကယ်ချစ်ရင်_ဆုံးမ_ပါ

ဘဝမှာ လူတစ်ယောက်အမြဲလို
အပ်တယ် အထူးသဖြင့်
ကိုယ့်ရဲ့ အမှားတွေလမ်းပြနိုင်သူပေါ့

သင်ကြိုက်သည်ဖြစ်စေ
မကြိုက်သည်ဖြစ်စေ အားနည်းချက်
သိပြီး အမှန်တိုင်းမြင်နိုင်တဲ့သူ လိုတယ်

သူဟာ သင့်ကို မနှိမ့်ဘူး
ကွယ်ရာမှာ မလှောင်ဘူး
သင့်ကို အရှိကိုအရှိအတိုင်းလက်ခံတယ်

ကိုယ့်ရဲ့ အတွင်းဓာတ်ခံရှိတဲ့
အနာတွေ၊အမှားတွေ၊ အားနည်းချက်
တွေကို သိနေလျက်နဲ့ ချစ်ပေးတတ်ရင်
ဒါက စစ် မှန်တဲ့ အဖိုးတန်တဲ့အရာပါ

အဲ့ဒီလိုလူအနားမှာ သူရှိနေရင်
တကယ်ပါပဲ။ ကျန်တာ ဘာမှလိုအပ်
မယ် မဟုတ်တော့ဘူး

စကားမပြောတောင် နားလည်ပေးတတ်သူ

ငိုချင်ရင် အေးအေးလေး လက်တစ်ဖက်
ဆွဲပေးတတ် သူ၊ အပြစ်မ ရှာဘဲ “နားလည်
တယ်” လို့ ပြောပေးတတ်သူ

ဘဝကလည်း တခါတလေမလှပါဘူး
ကိုယ်ယုံကြည်သူတွေ ကတောင်
နောက်ကွယ်မှာ လှောင်ရယ်ကြတတ်တယ်

အေးအေးလေးနဲ့ နားထောင်ပေး
မယ့်သူက မရှိတော့တဲ့ အခါ စိတ်နာ
မှုဟာ ပိုမိုနက်လာတယ်

ဒါကြောင့်ထင်တယ်

ဘဝမှာ ကိုယ့်အနာတွေကို နားလည်
ပေးတတ်တဲ့ တစ်ယောက်ရှိတာက
တန်ဖိုးအရှိဆုံးအရာပါ

အဲ့ဒီလူက ချစ်သူဖြစ်နိုင်တယ်၊
မိဘဖြစ်နိုင်တယ်၊ ဆရာတစ်ယောက်
လည်းဖြစ်နိုင်တယ်၊သူငယ်ချင်း
တစ်ယောက်လည်း ဖြစ် နိုင်တယ်

သင့်ကို နာလည်းတယ်သူ ချစ်တဲ့သူက
မင်းကို ဆုံးမမယ် လမ်းပြမယ် အကြံပေးမယ်

မင်းကို ချစ်လို့ ကြိုက်တာလုပ်
ထိုင်ကြည့်မယ်။ ကြိုက်တာစားသောက်
ပါလို့တကယ်ချစ်တယ်သူမပြောဘူး

လောကကြီးက လူနှစ်ဦးတည်းဖြင့်
နေရတာ ကမ္ဘာမဟုတ်ပါ။ မိသားစု
တစ်ခုတည်းဖြင့်နေရတဲ့ ကမ္ဘာမဟုတ်ပါ
ထို့ကြောင့် တကယ်ချစ်ရင် ကိုယ်ချစ်တဲ့သူ
တွေကို ဆုံးမပါ

#စာပေ #အသိပညာ
#ဘဝစာပေ #လူငယ်

 #အချိန်ကို_စောင့်ပါဘဝဆိုတာ ကိုယ်လုပ်ချင်တာ တစ်ခု လုပ်ရဖို့အတွက်မလုပ်ချင်တာတွေအများကြီးကိုလုပ်ပြီး စောင့်ရတာပါ...လူတော်တ...
31/10/2025

#အချိန်ကို_စောင့်ပါ

ဘဝဆိုတာ ကိုယ်လုပ်ချင်တာ
တစ်ခု လုပ်ရဖို့အတွက်
မလုပ်ချင်တာတွေ
အများကြီးကိုလုပ်ပြီး စောင့်ရတာပါ...

လူတော်တော်များများဟာ
အချိန်တွေရင်း ဘဝတွေရင်းပြီး..
ဖြစ်ချင်တာလေးတစ်ခု
ဖြစ်လာဖို့ စောင့်ရပါတယ်...

ဖြစ်ချင်တာတစ်ခု ဖြစ်လာဖို့
အခုလုပ်သင့်တာတွေ
အများကြီးကို လုပ်ပြီး စောင့်နိုင်ရတယ်...

အဲလိုစောင့်နိုင်တာ
အဲဒါရင့်ကျက်မှုပါ
အဲဒါ ပညာပါ...

ကျေနပ်စရာတစ်ခု မတွေ့တိုင်း
မကျေနပ်စရာကို ရအောင်ရှာကြည့်တာ
လူ့ သဘာဝပါ...

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ
တစ်ထပ်တည်းကျသွားပြီဆိုရင်
အဲဒီလူမှာ စိတ်ဓာတ်အင်အားတွေ
အများကြီးတိုးလာပါလိမ့်မယ်
ဉာဏ်ပညာလည်း ကြီးလာလိမ့်မယ်
ကြည်လင်အေးချမ်းတဲ့သူတစ်ယောက်လည်း
ဖြစ်လာပါလိမ့်မယ်...

ပြဿနာဆိုတာ ဘဝနဲ့အတူတူ
တွဲပါလာပြီးသားပါနော်
ဘဝရှိရင် ပြဿနာ ရှိတာပါပဲ
ရှောင်လွှဲချင်လို့မရပါဘူး။l...

ဘဝနဲ့ အတူရှိနေတဲ့
မလွှဲသာမရှောင်သာ
ပြဿနာတွေ၊ စိတ်ဆင်းရဲမှုတွေအပေါ်
ဘယ်လိုသဘောထားရမလဲ
ဘယ်လိုအမြင်နဲ့ ကြည့်ရမလဲ
အဲဒါအရေးကြီးပါတယ်...

ကြုံတွေ့ရတဲ့ လောကဓံတွေ
အခက်အခဲဒု၊က္ခကြောင့်
ကိုယ်ဟာ ပိုပြီးတော့ ထားတတ်တဲ့သူ ဖြစ်လာရမယ်
စိတ်ထား ပိုကောင်းတဲ့သူ ဖြစ်လာရမယ်...

ကိုယ့်ပြဿနာတွေ..
ကိုယ့်အခက်အခဲတွေကိုဖြေရှင်းရင်း ...
ကိုယ်ဟာအရင်ထက်ပိုပြီး
ဉာဏ်ရင့်သန်လာတဲ့သူ ဖြစ်ရမယ်...

ဘဝမှာ အခက်အခဲတွေ
ပြဿနာတွေရှိလာရင်...
ဒီအခက်အခဲတွေ ဒီပြဿနာတွေကို
ရင်ဆိုင်ရင်းဖြေရှင်းရင်းနဲ့ ကိုယ်ဟာ
ပိုစဉ်းစားတတ်တဲ့သူ
ပိုတွေးခေါ်မြော်မြင်တဲ့တတ်သူ
ပိုစိတ်ထားမြင့်တဲ့သူ ဖြစ်လို့ ရပါတယ်...




     #စာပေအသိပညာ
19/10/2025

#စာပေအသိပညာ

ကိုယ်မသိတဲ့သူတစ်ပါးရဲ့ နောက်ကွယ်ကအကြောင်းအရာတွေကိုမဝေဖန်ပါနဲ့။မြင်နေ တွေ့နေတာတွေကိုလည်းအမှန်တရားလို့တထစ်ချ မယုံကြည်လိုက်...
13/10/2025

ကိုယ်မသိတဲ့
သူတစ်ပါးရဲ့ နောက်ကွယ်က
အကြောင်းအရာတွေကို
မဝေဖန်ပါနဲ့။

မြင်နေ တွေ့နေတာတွေကိုလည်း
အမှန်တရားလို့
တထစ်ချ မယုံကြည်လိုက်ပါနဲ့။

လူဆိုတာ ဟန်ဆောင်ခြင်းတွေနဲ့
ရပ်တည်နေတာ သိထားပါ။

ပြဿနာသေးသေးလေးကို
အကြီးကြီးဖြစ်အောင်
မချဲ့ကားချင်ကြပါနဲ့။

ကိုယ့်ကြောင့်…
လူတစ်ဖက်သား နာကျင်သွားမလား
ဆိုတာ
အရင်တွေးကြည့်ပါ။

ဘယ်လိုအကြောင်းမျိုးနဲ့မှ
သူတစ်ပါးရဲ့ ကိုယ်ကျင့်သိက္ခာကို
မဝေဖန်ပါနဲ့။

သူ့နေရာမှာ ကိုယ်သာဆိုရင် ဆိုတဲ့
ကိုယ်ချင်းစာစိတ်လေးနဲ့ တွေးပါ။

ကောက်ကျစ် ယုတ်မာမှုဆိုတာ
ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ
တစ်ချိန်ချိန်တော့ ပေါ်လာမှာပါပဲ။

သူတစ်ပါးပြောတိုင်း မယုံပါနဲ့။

ကိုယ့်ရဲ့ စဉ်းစားတွေးခေါ်တတ်တဲ့
ဉာဏ်ပညာနဲ့
သုံးသပ် ဝေဖန်ပြီးမှ လက်ခံပါ။

ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင်
ယုတ်ညံ့တဲ့ နွံထဲ ဆွဲမချပါနဲ့။

- မူရင်း

#စာပေ #အသိပညာ #ဗဟုသုတ

ဘဝမှာ ဘယ်သူတွေနဲ့ပဲ တွေ့ဆုံပါစေ ကောင်းခြင်းတွေ့နဲ့ပဲ ဆုံတွေ့ချင်ပါတယ်ဆုံတွေ့စဉ် ခဏလေးမှာ ရယ်ရယ်မောမောလေးနဲ့ ပျော်ပျော်ရွ...
09/10/2025

ဘဝမှာ ဘယ်သူတွေနဲ့ပဲ တွေ့ဆုံပါစေ
ကောင်းခြင်းတွေ့နဲ့ပဲ ဆုံတွေ့ချင်ပါတယ်

ဆုံတွေ့စဉ် ခဏလေးမှာ ရယ်ရယ်မောမောလေးနဲ့
ပျော်ပျော်ရွှင်ရွှင်လေးပဲ နေသွားချင်ပါတယ်

လူတိုင်းကတော့ ကိုယ့်ရဲ့အပေါ် အမြဲတမ်း
ကောင်းပေးနိုင်မှာမဟုတ်တဲ့ အတွက်ကြောင့်
တစ်ချို့ကို နားလည်မှုတွေနဲ့ အတူရှိစေချင်တယ်

လာလမ်း မတူသလို ပြန်လမ်းလည်း မတူနိုင်ကြတဲ့
အခြေနေတစ်ခု တွေ့ဆုံခွင့်သာခိုက် အချိန်လေးမှာ
အချစ်မရှိရင်တောင် အမုန်းမရှိဘဲ နေချင်တယ် 🤍

မူရင်း

#စာပေ #အသိပညာ #ဗဟုသုတ

ဘဝမှာ ကိုယ့်အားကိုယ်ကိုးရမှာ မကြောက်နဲ့ သူများကို အားကိုးချင်တဲ့စိတ်လေးဖြစ်ပေါ်နေတာကမှကြောက်ဖို့ကောင်းတာပါဘဝမှာ ဆင်းဆင်း...
08/10/2025

ဘဝမှာ ကိုယ့်အားကိုယ်ကိုးရမှာ မကြောက်နဲ့
သူများကို အားကိုးချင်တဲ့
စိတ်လေးဖြစ်ပေါ်နေတာကမှ
ကြောက်ဖို့ကောင်းတာပါ
ဘဝမှာ ဆင်းဆင်းရဲရဲနဲ့
နေရမှာ ကိုမရှက်နဲ့ စိတ်ဓာတ်တွေ
အောက်တန်းကျနေတာကမှ
ပိုရှက်ဖို့ကောင်းတာပါ
ဘဝမှာ သူများဝေဖန်မှာကို မကြောက်နဲ့
သူများဝေဖန်မှာကို ကြောက်ပြီး
ဘာမှ မလုပ်ပဲ အချိန်တွေ
အလကားဖြစ်မှာကိုပဲ တွေးကြောက်ပါ
ဘဝမှာမဖြစ်နိူင်တာမရှိဘူး
ဖြစ်အောင် မလုပ်နိူင်တာပဲရှိတာပါ
ကြိုးစားရင် အရာအားလုံးက ဖြစ်နိူင်တာချည်းပါပဲ
(1) ကြောက်စိတ်တွေ
(2) တွေဝေမှုတွေ
(3) ပူပန်မှုတွေနဲ့
(4) ဘဝကို မရှင်သန်ပါနဲ့
(5) လွတ်လပ်စွာ ပျံသန်းပါ။
ဘဝလေအဟုန်မှာ ကိုယ့် ခွန်အား စိုက်ရင်
စိုက်သလောက်တော့ အမြင့်ရောက်ပါတယ်
ဒါပေမယ့် ဘဝင်တော့မမြင့်ပါနဲ့
အကျ-နာ တတ်ပါတယ်။

မူရင်း

ပျော်စရာရှိရင် များများပျော်ပြီးငိုစရာရှ်ိလာရင် နည်းနည်းပဲငိုပါဖြတ်သန်းနေရတဲ့အရာတွေမှာအဆင်ပြေတယ်အဆင်မပြေဘူးဆိုတာကလည်းတစ်...
02/10/2025

ပျော်စရာရှိရင် များများပျော်ပြီး
ငိုစရာရှ်ိလာရင် နည်းနည်းပဲငိုပါ

ဖြတ်သန်းနေရတဲ့အရာတွေမှာ
အဆင်ပြေတယ်
အဆင်မပြေဘူးဆိုတာကလည်း
တစ်လှည့်စီကြုံရမယ့်လောကဓံတရားမို့
ရှင်သန်နေထိုင်ရင်းနဲ့လည်း
ကိုယ့်စိတ်ကို အရမ်းအထိခိုက်မခံနဲ့ပေါ့

ငယ်ငယ်က ဆော့ခဲ့ကြသလို
အရမ်းပင်ပန်းလာတဲ့အခါ
တော်ပြီးလို့ အနားတောင်းပြီး
ဘေးမှာထွက်ထိုင် အနားယူနေရအောင်လည်း
လက်တွေ့ဘဝက ကစားပွဲတစ်ခု မဟုတ်ပြန်ဘူး

ကြိုးစားနေရင်
တစ်ခါတရံ ပြိုလဲကျတဲ့အခါ
ကိုယ့်စိတ်ကို ဘယ်အရာပေါ်ကိုမှ
ပုံအပ် မှီခိုမချလိုက်မိပါစေနဲ့

အမြဲအေးမြဖို့မသေချာဘူးထင်ရင်
ဘယ်အရိပ်ကိုမှ
တစ်သက်လုံးခိုနားလို့ရမယ်လို့ တွေးမထားနဲ့

ကိုယ့်ထောင့်ချိုးလေးထဲမှာပဲ
ကိုယ့်အမှားနဲ့ ကိုယ်နေပြီး
ကိုယ့်တရားနဲ့ ကိုယ်ဖြေပါ

တကယ်တမ်းလူကိိုပိုပင်ပန်းစေတာက
နေ့စဥ်လုပ်ရတဲ့အလုပ်တွေထက်
ကိုယ့်ကမ္ဘာလေးထဲမှာ
ကိုယ့်စိတ်နဲ့ကိုယ်မနေပဲ
မသေချာတဲ့အရာတွေပေါ်ကို
တည်ဆောက်မိနေတဲ့ မျော်လင့်ချက်တွေကြောင့်

အရာရာကို
ကြိုတင်တွေးထား သိထားဖို့ လိုပါတယ်

ဒါမှလည်း
ခံနိုင်ရည်ထက်ကျော်လာတဲ့
ခွဲခွာမှုတွေ အဆိုးဒုက္ခတွေကြုံလာရတဲ့အခါ

အရမ်းကြီးခြေချော်လက်ချော်ဖြစ်မသွားအောင်
ရပ်တည်နိုင်မှာမဟုတ်ဘူးလား ။

- မူရင်း

#စာပေ #အသိပညာ #စာဖတ်မယ်

 #တစ်နေ့နေ့တော့ အဆင်ပြေလာလိမ့်မယ်လို့ တွေတောရင်း...သက်ပြင်းတွေအလီလီချခဲ့ရတဲ့နေ့တွေရှိတယ်တစ်ခါတလေ မနက်ဖြန်ကျရင် ဆိုတဲ့အတွ...
30/09/2025

#တစ်နေ့နေ့တော့
အဆင်ပြေလာလိမ့်မယ်လို့ တွေတောရင်း...
သက်ပြင်းတွေအလီလီချခဲ့ရတဲ့နေ့တွေရှိတယ်

တစ်ခါတလေ
မနက်ဖြန်ကျရင် ဆိုတဲ့အတွေးတွေကြောင့်
အိပ်ချင်ပါလျက်နဲ့...
အိပ်မရတဲ့ရက်တွေက များတယ်

ဘာမဟုတ်တဲ့..
အသေးအဖွဲကိစ္စတွေကို
တစ်ခါတလေ ပုံကြီးချဲ့မိတဲ့အခါ
ဘဝက နေရထိုင်ရတာအဆင်မပြေမှန်းသိလာတယ်

ဒီလိုပါပဲလေ ..
ဘဝက ထင်သလောက်မခမ်းနားတော့
ကိုယ့်ကိုယ်ကို ပျော်အောင်နေရင်းနဲ့
တစ်ခါတလေတော့လည်း
စိတ်ညစ်စရာတွေကအလိုလိုဝင်ရောက်လာသေးတယ်

မရှိခြင်းနှင့်
ကျင့်သားရနေတဲ့ကိုယ့်အတွက်
မရှိတာကိုလည်းတွေးပူပြီးမကြောက်တတ်တော့ပါဘူး

မမြဲခြင်းတရားကို
သိနားလည်လာပြီးတဲ့နောက်မှာ
ဘယ်အရာကိုမှ သိပ်အစွဲအလန်းမထားဖြစ်တော့ဘူး

ပျော်စရာရှာဖို့ထက်
စိတ်ညစ်စရာမဖြစ်အောင်နေတတ်ခြင်းက
ကိုယ့်စိတ်ကို ပိုအေးချမ်းစေမှန်းသိနားလည်လာပါပြီ

ကိုယ့်ဘဝအတွက်
အရေးမပါတဲ့အကြောင်းတွေကိုငြင်းခုန်နေမဲ့အစား
နေရခိုက်အချိန်လေးကိုဘဲ ပိုတန်ဖိုးထားတော့မယ်

ကိုယ့်စိတ်ကို
အနှောက်အယှက်ပြုစေတဲ့စကားတွေကို
မကြားချင်ယောင်ဆောင်လိုက်ခြင်းက
အကုသိုလ်ကင်းပါတယ်

ဘဝဆိုတာ
တခဏတာပါလားလို့နားလည်လာတဲ့အခါ
အမုန်းတရားတွေ နဲ့ စိတ်ညစ်စရာအကြောင်းတွေကို
ရင်ထဲမှာ ကာလရှည်ကြာစွာသိမ်းမထားဖြစ်တော့ဘူးပေါ့

ကိုယ့်အပေါ်ကို
ကောင်းတာမကောင်းတာ တွက်ချက်နေဖို့ထက်
လူတိုင်းက ကိုယ့်လိုမဟုတ်ပါလားလို့ဖြည့်တွေးတွေးပေးလိုက်တယ်

သာတယ် နာတယ်တွက်ပြီး
တစ်ယောက် အပေါ် တစ်ယောက်
မျှော်လင့်ချက် အများကြီးလည်းမထားချင်တော့ပါဘူး
ကိုယ်ကျန်းမာပြီး စိတ်ချမ်းသာနေရင်
အဆင်ပြေတာဘဲမဟုတ်လား

ဘာပဲပြောပြော ..တစ်နေ့နေ့တော့
အဆင်တော့ ပြေလာကောင်းပါရဲ့ ...?

- မူရင်း
#လူငယ်များအတွက် #စာပေ

 #ကြိုးစားနေသူတိုင်း_အခက်အခဲရှိစမြဲအခက်ခဲ ပြသနာတွေကြားမှာ အလူးလဲ ကြုံးနေရပြီးလား မင်းကြိုးစားနေလို့ပါ။ဘဝတွက် မောပန်းလာပြ...
22/09/2025

#ကြိုးစားနေသူတိုင်း_အခက်အခဲရှိစမြဲ

အခက်ခဲ ပြသနာတွေကြားမှာ
အလူးလဲ ကြုံးနေရပြီးလား
မင်းကြိုးစားနေလို့ပါ။

ဘဝတွက် မောပန်းလာပြီးဆို
မင်းကြိုးစားနေလို့ပါ ကြိုးစားရင်
တကယ်လဲပင်ပန်းပါတယ်။

အချိန်ရဲ့ တန်ဖိုးကိုသိပြီး
အသုံးချတက်နေပြီးဆိုရင်
မင်းတကယ်ကြိုးစားနေတာပါ။

လိုချင်တာထက် လိုအပ်တာ
ခွဲခြားတက်လာတာဟာ
မင်းကြိုးစားနေလို့ပါ။

ကျန်းမာရေးကို အဓိကထားပြီး
ကြံ့ခိုင်အောင် လေ့ကျင့်နေပြီးဆို
မင်းကြိုးစားနေလို့ပါ။

ကျရှုံးမှုတွေနဲ့ ပေးဆပ်မှုတွေ
များနေပြီးလား အဲ့တာဆို
မင်းတကယ်ကြိုးစားနေတာပါ။

မာယာများတဲ့ ကြားထဲမှာ
မင်းပြုံးတက်နေပြီးလား
မင်းကြိုးစားနေလို့ပါ။

နှလုံးသားထက် ဦးနှောက်ကို
အစာကျွေးတက် နေပြီးဆိုမင်းတကယ်
ကြိုးစားနေလို့ပါ။

ကြိုးစားပါသူငယ်ချင်း ကြိုးစားမှု
အောင်မြင်မှုတွေက
မင်းနဲ့တကယ် ထိုက်တန်ပါတယ်။

Ctedit မူရင်း
#စာပေ #အသိပညာ #ဗဟုသုတ #စာဖတ်မယ်

အဆင့်အတန်းဆိုတာကို ပညာနဲ့တိုင်းနေတာလား မိတ်ဆွေ ဘ၀နာခဲ့လို့ကျောင်းမတက်ဖြစ်ခဲ့သူတွေအားလုံးက..အဆင့်အတန်းမဲ့သွားပြီလားအဆင့်အ...
21/09/2025

အဆင့်အတန်းဆိုတာကို
ပညာနဲ့တိုင်းနေတာလား မိတ်ဆွေ

ဘ၀နာခဲ့လို့
ကျောင်းမတက်ဖြစ်ခဲ့သူတွေ
အားလုံးက..အဆင့်အတန်းမဲ့သွားပြီလား

အဆင့်အတန်းဆိုတာကို
ဥစ္စာနဲ့တိုင်းနေတာလား မိတ်ဆွေ

သိက္ခာကို
ငွေနဲ့ မလဲခဲ့လို့
ချို့တဲ့စွာ နေရသူတိုင်းက
တစ်လုံးချိုင့်တွေ ဖြစ်ကုန်ပြီလား

သေမင်းဆီကို
သွားနေတာချင်းအတူတူ
အဆင့်အတန်းဆိုတဲ့စကားတစ်ခွန်းနဲ့တော့
ကိုယ့်ထက်နိမ့်ကျသူကို ထက်မနှိမ်ချချင်စမ်းပါနဲ့

တစ်ချို့က
မိသားစုအတွက်ဆိုတဲ့စိတ်နဲ့
ပညာတစ်ပိုင်းတစ်စ ဖြစ်နေတတ်တယ်

တစ်ချို့က
ကိုယ့်ကျင့်တရားအတွက်
ရိုးသားစွာ ကြိုးစားနေခဲ့ကြတယ်

အနာတရများတဲ့
သူတို့လက်လေးတွေဟာ
မိသားစုအတွက် အားဖြစ်နေတတ်လို့
အားပေးစကားနဲ့ ဖေးမကူစေချင်တယ် မိတ်ဆွေ


#စာပေ

Address

Shwebo
02261

Website

Alerts

Be the first to know and let us send you an email when 𝓟𝔂𝓲𝓷𝓝𝔂𝓪𝓻 𝓥𝓵𝓸𝓰 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝓟𝔂𝓲𝓷𝓝𝔂𝓪𝓻 𝓥𝓵𝓸𝓰:

Share