28/01/2025
အားကစား နှင့် လောင်းကစား
-------------------------
လူတွေက ဘောလုံးဝါသနာ ပါတဲ့သူတွေဆိုရင် ဘောလုံးပွဲ လောင်းတဲ့သူတွေ၊ လောင်း ကစားလုပ်တဲ့သူတွေ လို့ပဲ တန်းမြင်ကြတယ်။ ကိုယ်တိုင်လည်း ကြားရပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ စိတ်ထဲမှာ မခံချိမခံသာ ဖြစ်မိပါတယ်။
ပြေးလွားတတ်တဲ့အရွယ်ကနေ ဘောလုံးကစားခဲ့တာ ယနေ့ထိပါပဲ။ ဒါပေမယ့် ဒီနေ့ထိ ဘောလုံးပွဲတွေကို ယောင်လို့တောင် မလောင်းခဲ့ပါဘူး။ ကျွန်တော်ရဲ့ အပေါင်းအသင်းတွေက အသိဆုံးဖြစ်မှာပါ။
ဘောလုံး ပွဲတွေကြည့်တယ်။ သူတို့ရဲ့အယိမ်းအနွဲ့တွေ အားကစားစိတ်ဓာတ်ပြင်းထန်မှုတွေ၊ ဘောလုံးပွဲရဲ့ အလှတရားတွေ၊ ရသတွေ ဒါတွေကို ခံစားပြီးကြည့်တာပါ။
ဘောလုံးကစားတဲ့အခါပဲ ဖြစ်ဖြစ် ဘောလုံးပွဲတွေကြည့်တဲ့တခါပဲ ဖြစ်ဖြစ် ဘောလုံးအားကစားပေါ်မှာ ထားတဲ့ ကျွန်တော်ရဲ့ စိတ်ထားကတော့ ရိုးရှင်းပါတယ်။
ဘောလုံးပွဲလောင်းတာတွေကို ကျနော် နားမလည်ပါဘူး၊ နားလည်ဖို့လည်း မကြိုးစားခဲ့ပါဘူး။
ဒါက သူ့အပေါ် ထားတဲ့ စိတ်ဓာတ်ပါ၊
သူ့ကို ဘယ်လောက် မြတ်နိုးတယ်ဆိုတဲ့ အရာပါ။
လူတွေကို ပျော်ရွင်စရာတွေ ဖန်တီးပေးတဲ့ အားကစားကို လူတွေကို ပူပင်သောကတွေ ပေးတဲ့ လောင်းကစားနင့် မယှဥ်တွဲပါနဲ့။
သပ်သပ်စီ ခွဲမြင်ပေးကြပါ။
အားကစားကို အရောင်မဆိုးပါနဲ့။ #အားကစားကိုချစ်မြတ်နိုးသူ