City Pharmacy

City Pharmacy ဆေးနှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုးရောင်ဝယ်ရေး

For your information
02/08/2025

For your information

အများသိစေရန်

တချို့ကပြောကြတယ်...
FAME ရဲ့ ဆေးဘူးအဖုံးတွေက ဖွင့်ရခက်တယ်တဲ့‼️
အဖုံးပိတ်ထားရင်လည်း လည်နေတယ်တဲ့‼️
ဒါကြောင့် FAME က အသုံးပြုထားတဲ့ 𝗖𝗵𝗶𝗹𝗱 𝗥𝗲𝘀𝗶𝘀𝘁𝗮𝗻𝗰𝗲 𝗖𝗹𝗼𝘀𝘂𝗿𝗲 အကြောင်း ပြောပြပေးချင်ပါတယ်။

ဆေးဘူးတွေမှာ 𝗖𝗵𝗶𝗹𝗱 𝗥𝗲𝘀𝗶𝘀𝘁𝗮𝗻𝗰𝗲 𝗖𝗹𝗼𝘀𝘂𝗿𝗲 တွေကို အသုံးပြုတာဟာ ဆေးဘူးတွေကို ကလေးငယ်တွေ အလွယ်တကူမဖွင့်နိုင်အောင် ရည်ရွယ်ထားတာပါရှင်။

အိမ်မှာ မိဘ‌ တွေ ဝယ်သောက်နေတဲ့ ဆေးတွေကို ကလေးငယ်လေးတွေ က လူကြီးမရှိတဲ့အချိန် ဆော့ကစားရင်း ၊ စူးစမ်းစပ်စုရင်း စားမိ သောက်မိဖြစ်တဲ့အခါ အဆိပ်သင့်ကာဖြစ်စေ ၊ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ကာဖြစ်စေ အန္တရာယ်ဖြစ် သေဆုံးခဲ့ရတဲ့ ဥပမာတွေများစွာ ရှိပါတယ်။

✅ ဒါကြောင့် ဒီအဖုံး ဖွင့်ပိတ်စနစ် ကို Canada နိုင်ငံ က Dr. Henri Breault ကစတင်တီထွင်ခဲ့ပါတယ်။
✅ FAME ရဲ့ ဆေးဘူးအဖုံးတွေမှာ "𝘗𝘶𝘴𝘩 𝘋𝘰𝘸𝘯 𝘢𝘯𝘥 𝘛𝘶𝘳𝘯 𝘛𝘰 𝘖𝘱𝘦𝘯" ဆိုတဲ့ စာသားပါပါတယ်။
✅ ဒါကြောင့် ဆေးဘူးကို ဖွင့်မယ်၊ ပိတ်မယ်ဆိုရင် စာသားအတိုင်း အဖုံးကို ဖိပြီး လှည့်ဖွင့်/ ပိတ်ပေးပါရှင်။
✅ ပုံမှန်အနေအထားမှာဆိုရင် အဖုံးက လည်နေပေမယ့်
⛔️ လေလုံ ⛔️ ရေငွေ့လုံပြီး ⛔️ ပြင်ပမှ ပိုးမွှားများ ဝင်ရောက်တာကိုလည်း အပြည့်အဝကာကွယ်ပေးနိုင်ပါတယ်။

FAME ဆေးဝါးလုပ်ငန်းအနေနဲ့ ဆေးဝါးအရည်အသွေး ကောင်းရုံသာမက စားသုံးသူမိသားစုတွေ မတော်တဆ ဘေးအန္တရာယ် ကင်းရှင်းအောင်ပါ ရည်ရွယ်ပြီး အကောင်းဆုံး ဆောင်ရွက်ပေးထားပါတယ်။

ဒါကြောင့် FAME ဆေးဘူးတွေကို ဖွင့်/ပိတ်တိုင်း ဖိပြီး လှည့်ပါ။
👉 𝗣𝘂𝘀𝗵 𝗗𝗼𝘄𝗻 𝗮𝗻𝗱 𝗧𝘂𝗿𝗻 👈


Medical Scrub Suit ကိုမှ❤Quality ကောင်းတာလဲ လိုချင်တယ်..❤design လှပီး ❤ချုပ်ရိုးချုပ်သားခိုင်ခံ့တာလဲ လိုချင်တယ်..❤ရွေးစရ...
23/06/2023

Medical Scrub Suit ကိုမှ
❤Quality ကောင်းတာလဲ လိုချင်တယ်..
❤design လှပီး
❤ချုပ်ရိုးချုပ်သားခိုင်ခံ့တာလဲ လိုချင်တယ်..
❤ရွေးစရာဆိုဒ်(over size)ထိလဲ လိုချင်တယ်..
❤Pattern...Cutting ရှယ်လဲ လိုချင်တယ်..

ဒီအချက်တွေနဲ့ ပြည့်စုံတဲ့ 🎀 Bellezza (ဘဲလ်လီဇာ) မှ ထုတ်လုပ်တဲ့ Scrub Suit နဲ့ Duty Coat ကို Pharmacy မှာ ဝယ်ယူအားပေးလိူ့ရပါပြီနော် 🎀

👕👖Comment ထဲမှာ Size Chart ရှိတယ်နော် 👚






Pharmacy
🏡 160, မင်းဘာကြီးလမ်း၊ အောင်မင်္ဂလာရပ်ကွက်၊ စစ်တွေမြို့။
☎️ 09251479211
📡 Page CB မှလည်း မှာယူနိုင်ပါတယ်နော်

🌞🌞🌞ပူပြင်းလှတဲ့ နွေရာသီရဲ့ အပူဒဏ်အန္တရာယ်မှ ကင်းဝေးစေဖို့ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်နော်🌂🕶️🧢👒
22/04/2023

🌞🌞🌞ပူပြင်းလှတဲ့ နွေရာသီရဲ့ အပူဒဏ်အန္တရာယ်မှ ကင်းဝေးစေဖို့ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်နော်🌂🕶️🧢👒

City Pharmacy မိသားစုမှ ချစ်ခင်လေးစားရတဲ့ customer တွေအတွက် နှစ်သစ်မှစ  ဘေးရန်ကင်းကွာပြီး ကောင်းကျိုးလိုရာဆန္ဒတွေ ပြည့်စ...
14/04/2023

City Pharmacy မိသားစုမှ ချစ်ခင်လေးစားရတဲ့ customer တွေအတွက် နှစ်သစ်မှစ ဘေးရန်ကင်းကွာပြီး ကောင်းကျိုးလိုရာဆန္ဒတွေ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

28/03/2023

"အဖျားကြီးပြီး တက်တတ်တဲ့ကလေးငယ်"

(ဒေါက်ကလေးသုတ)

"ကယ်ပါဦးဆရာရယ် ကယ်ပါဦး"

၂ နှစ်အရွယ်ကလေးငယ်အားချီ၍ အရေးပေါ်အခန်းထဲပြေးဝင်လာသော မိခင်ကြောင့် တာဝန်ကျဆရာဝန်၊ ဆရာမများ ပျာယာခတ်သွားခဲ့ရသည်။

" ဘာဖြစ်တာလဲ ဘာဖြစ်တာလဲခင်ဗျ"

" ကျွန်မသမီးလေး အဖျားတွေအရမ်းတက်ပြီး အကြောဆွဲသလိုတက်သွားလို့ဆရာ၊ ကယ်ပါဦးဆရာရယ်" ပြောရင်းဖြင့် ကလေးအမေမှာ ငိုချလိုက်သည်။

" တာဝန်ကျ ဆရာဝန် ဆရာမများမှာ မိခင်ကို ဂရုမစိုက်နိုင်အား စနစ်တကျလေ့ကျင့်ထားသော ကွန်မန်ဒိုတပ်သားများသဖွယ် အရေးပေါ်အသက်ကယ်ခြင်းကို စနစ်တကျ တက်ညီလက်ညီ လုပ်ကိုင်လျှက်ရှိကြသည်။

" မေမေရေ ကလေးတက်နေတာ ဘယ်လောက်ကြာပြီလဲ"

" ၅မိနစ် ကျော် ၁၀မိနစ်နီးပါးတော့ရှိပြီဆရာ"

"အဖျားက ၁၀၄ တောင်ရှိတယ်ဆရာရေ" သူနာပြုဆရာမကပြောသည်။

" ဟုတ်ပြီ ပါရာစပိုစထွီ 125mg ထည့်မယ်၊ ကလေးရဲ့အဝတ်အစားတွေအရင်ချွတ်လိုက်ဦး ပြီးရင် ဘေးစောင်းထား။ ဆရာမတစ်ယောက် အောက်စီဂျင်ပေးဖို့ပြင်ပါ၊ ပီအာဒီဇက် (အတက်ကျဆေး စအိုမှထည့်ခြင်း) 1cc ထည့်မယ်၊ ဟိုကောင်မလေး ရေပတ်တိုက်ဖို့အဆင်သင့်ဖြစ်ပြီလား" တာဝန်ကျဆရာဝန်၏ ညွှန်ကြားချက်များ တရစပ်ထွက်ပေါ်နေပြီး ခဏအကြာတွင် တက်နေသောကလေးငယ်မှာ အတက်ကျသွားပြီး အိပ်မောကျသွားချေပြီ။

"ဖြစ်ပုံကဒီလိုပါဆရာ သားလေးက အိပ်ရာဝင်ကတည်းက ကိုယ်နည်းနည်းပူတယ်၊ အိမ်မှာက ဆေးတွေဆောင်ထားလေ့မရှိတာမို့ ဘာမှမတိုက် တော့ပဲ မနက်လင်းမှ ဆေးခန်းသွားပြမယ်စီစဉ် ထားရာကနေ ခုလိုညသန်းခေါင်ရောက်မှ ရုတ်တရက် အကြောဆွဲသလိုတက်ပါလေရော။ ခြေတွေလက်တွေ ကွေးလိုက်ဆန့်လိုက် တောင့်သွားလိုက်၊ ပြီးတော့ မျက်ဖြူလန်သလိုဖြစ်လာတာနဲ့ ကျွန်မလည်းအရမ်းကြောက်ပြီး ကလေးကိုချီပြေး လာခဲ့တာပါဆရာ"

" အင်း သိပ်မစိုးရိမ်နဲ့တော့နော် ကလေးငယ်လေး တွေခုလို တက်လာရင် ပျာယာခတ်မနေပဲ ရှေးဦးသူနာပြုစောင့်ရှောက်နည်းနဲ့ စောင့်ကြည့်ပြီး ၅မိနစ်ကျော်တဲ့အထိ တက်နေတုန်းပဲဆိုရင်တော့ နီးစပ်ရာဆေးရုံကိုအမြန်သွားရတာပါပဲ။ အဖျားကြီးပြီးတက် တဲ့ ကလေးအယောက်၁၀၀မှာ ၃၀လောက် က အသက် ၅နှစ် ၆နှစ်လောက်အထိ ထပ်တက်နိုင်တယ်။ အသက်၆လ ကနေ၆နှစ် အတွင်းအဖြစ်များတယ်၊ အထူးသဖြင့်ယောင်္ကျားလေးမှာ အဖြစ်များတယ်။ စဖျားပြီး ၂၄နာရီအတွင်း အပူအရမ်းများပြီး တက် တတ်တယ်၊ တက်တဲ့အချိန်ကလည်း ပျမ်းမျှအားဖြင့် ၃မိနစ် ကနေ ၅မိနစ်လောက်ပဲ ကြာတတ်တယ်။ တက်တဲ့အကြိမ်အရေအတွက်ကလည်း ၁ကြိမ် လောက်ပဲ တက်တာများတယ်၊ တချို့ကျတော့ ၁ကြိမ် ထက်ပိုတက်တာမျိုး လည်းဖြစ်တတ်တယ်
တက်ချိန်လည်းပိုကြာတတ်တယ်၊ ဆေးပညာအရ တော့ Complex Febrile Seizure လို့ခေါ်တယ်။ တက်ပြီးသွားရင်တော့ ကလေးကပုံမှန်အတိုင်းပဲ လန်းလန်းဆန်းဆန်း နို့စို့မပျက် အဆော့မပျက်အကောင်းအတိုင်း ပြန်ဖြစ်သွားတတ်တယ်။ မိဘတွေ မောင်နှစ်မအရင်း တွေမှာ အဖျားကြီးပြီးတက်ဖူးတဲ့လူရှိရင်လည်း တက်ဖို့ရာခိုင်နှုန်း ပိုများတယ်။ အဖျားကြီးလို့ တက်တာ ကတော့ သိပ်အန္တရာယ်မရှိပါဘူး ကလေးအသက် ၆နှစ်ကျော်လောက်ဆို ပြန်ပျောက်သွား တတ်တယ်"

" ဟုတ်ကဲ့ပါ ကျွန်မသားလေးအခုစိုးရိမ်ရသေးလားဆရာ"

" လောလောဆယ်တော့ အတက်ကျအောင် အဖျားကျအောင် ဆေးသွင်းလိုက်တော့ ကလေးက မတက်တော့ဘူး။ ဒါပေမယ့် ပြောလို့မရသေးဘူး စိတ်ချရအောင်တော့ ဆေးရုံတက်နေဖို့ လိုမယ်၊ ကလေးအခြေအနေစောင့်ကြည့်ပြီး လိုအပ်ရင် စစ်ဆေးစရာလေးတွေလည်း လုပ်ရမယ်။ ကလေးတွေဖျားပြီးတက်ရင် တခြားအရေးကြီးတဲ့ရောဂါတွေဖြစ်တဲ့ တီဘီပိုး ဒါမှမဟုတ် ဘက်တီးရီးယားပိုးတွေကြောင့် ဦးနှောက်အမြှေးပါးရောင်တာ၊ ဗိုင်းရပ်စ်ပိုးကြောင့် ဦးနှောက်ရောင်တာ၊ ငှက်ဖျားပိုးဦးနှောက်ထဲဝင်တာ၊ ဦးနှောက်ထဲ ပြည်တည်တာ အဲသည်ရောဂါ တွေကြောင့်တက်တာဟုတ်မဟုတ်ကို စောင့် ကြည့် ပြီး လိုအပ်ရင်စစ်ဆေးတာမျိုးတွေလည်း လုပ်ရတတ်တယ်။

"ဟုတ်ကဲ့ပါဆရာ ကျွန်မသားလေးကို ဆရာ့ဆီမှာအပ်ပါတယ် ကူညီပေးပါနော်"

"စိတ်ချပါဗျာ ဒီမှာရှိနေတဲ့ဆရာဝန်တွေ ဆရာမတွေအားလုံးက အကောင်းဆုံးဖြစ်အောင် ကုသ ပေးမှာပါ"

၂ရက်ခန့်ကြာပြီးနောက် ကလေးမှာ ထပ်တက်ခြင်းမရှိတော့ပဲ သွေးစစ်၊ ဆီးစစ်၊ ခါးဆစ်မှ အရည်ကို စစ်ထားသောအဖြေများလည်းကောင်းမွန်နေသဖြင့် ဆေးရုံမှဆင်းရတော့မည်ဖြစ်သည်။

"ကဲ ကလေးမေမေရေ ဒီနေ့တော့အိမ်ကိုပြန်လို့ရပါပြီ။ အဖျားကြီးပြီးတက်တဲ့ကလေးကို အိမ်မှာဘယ်လိုပြုစုရမလဲဆိုတာ မနေ့ကမှာထားတာ မှတ်မိသေးရဲ့လား"

" မှတ်မိတာပေါ့ဆရာ၊ ပထဦးဆုံးအပူချိန်တိုင်း၊ အပူများတယ် ၁၀၁၊ ၁၀၂ လောက်ရှိတယ်ဆိုရင် ကလေးကိုယ်မှာ ဝတ်ထားတဲ့ အဝတ်တွေ အနွေးထည်တွေကိုချွတ်ပြီး ရေပတ်တိုက်ရမယ်။
ရေပတ်က တကိုယ်လုံးကိုတိုက်ရမယ် နဖူးပေါ်ပဲတိုက်လို့မရဘူး။ အပူကျဆေးကို ဆရာဝန်ညွှန်ကြား ထားတဲ့အတိုင်း ကလေးရဲ့ကိုယ်အလေးချိန်နဲ့တွက်ပြီး တိုက်ရမယ်။ တကယ်လို့ အဖျားအရမ်းကြီးပြီး တက်သွားရင် ကလေးကို အန္တရာယ် ရှိတဲ့နေရာကနေရွှေ့ရမယ်၊ ကလေးရဲ့ ခန္ဓာကိုယ်ကို ဘေးတဘက် စောင်းပြီး ရေပတ် ဆက်တိုက်ရမယ်။ စတက်တဲ့အချိန်ကိုမှတ်ထားမယ် အဆင်ပြေရင် တက်နေတဲ့ပုံကို ဗီဒီယိုရိုက် ထားမယ်။ ခြေလက်တွေလိမ်တာချိုးတာမျိုး၊ ပါးစပ်ထဲဇွန်းတွေထည့် တာမျိုးတွေမလုပ်ရဘူး။ ပါးစပ်ထဲ မှာ အချွဲတွေ ပိတ်ဆို့နေတဲ့အရာတွေရှိရင် ဖယ် ပေးရမယ်။ တက်တဲ့အချိန် ၅ မိနစ် ကျော်လာရင် ဒါမှမဟုတ် အတက်ကျပြီး ကလေးအရမ်းမှိန်းနေရင် ချက်ချင်း နီးစပ်ရာဆေးရုံ ကိုအမြန်ဆုံး လာရမယ် ဟုတ်တယ်မလားဆရာ"

" ဟုတ်ပါ့ဗျာ တော်ပါတယ်၊ ခုလိုအဖျားကြီးပြီး တက်တာမျိုးကတော့ တားလို့မရနိုင် မှန်းလို့မရနိုင် တဲ့အတွက်ကြောင့် မိဘတွေအနေနဲ့ စိုးရိမ် လွန် ပြီးပြာယာခတ်မနေပဲ လုပ်သင့်တာကို ခေါင်းအေးအေးနဲ့လုပ်ပေးဖို့က ပိုအရေးကြီးပါတယ်။ ကလေးအသက် ၅နှစ်ကျော် ၆နှစ်လောက် ရောက်ရင် ပြန်ပျောက်သွားမှာပါ။ ကဲကဲ ခုရောင်းလှည့် ပြီး ဆေးရုံဆင်းစာအုပ်ရရင် ဆင်းလို့ရပါပြီ"

"ခုလို ကျွန်မရဲ့သားလေးကိုကုသပေးပြီး ပညာပေးစကားတွေ အများကြီး ပြောပြပေးတဲ့ ဆရာ့ကိုကျေးဇူးအများကြီးတင်ပါတယ်နော်"

" ကောင်းပါပြီဗျာ၊ ကဲဆရာမရေ နောက်ကုတင် တွေဆီ ဆက်ရောင်းလှည့်ရအောင်"

ဒေါက်ကလေးသုတ

👉🏽 လိုအပ်ရင်   ကို သတိရပေးပါနော်!!!🏦 အမှတ် 160၊ မင်းဘာကြီးလမ်း၊ အောင်မင်္ဂလာရပ်ကွက် ၊စစ်တွေမြို့ (City Salon နဲ့ စိုင်းဒ...
22/03/2023

👉🏽 လိုအပ်ရင် ကို သတိရပေးပါနော်!!!

🏦 အမှတ် 160၊ မင်းဘာကြီးလမ်း၊ အောင်မင်္ဂလာရပ်ကွက် ၊စစ်တွေမြို့ (City Salon နဲ့ စိုင်းဒြား ရခိုင့်လက်ရာစားသောက်ဆိုင်အနီး)

☎️ 09251479211

👩‍❤️‍👨 သားသား မီးမီး လိုချင်တဲ့ သူများ အတွက် မမျိုးဥ ကြွေ/ မကြွေ စစ်တဲ့ LH Test kit လေး 👨‍👩‍👧👨‍👩‍👦City Pharmacy မှာ ရပါတ...
20/03/2023

👩‍❤️‍👨 သားသား မီးမီး လိုချင်တဲ့ သူများ အတွက် မမျိုးဥ ကြွေ/ မကြွေ စစ်တဲ့ LH Test kit လေး 👨‍👩‍👧👨‍👩‍👦
City Pharmacy မှာ ရပါတယ်နော် !

🐢🐢🐢 လိပ်ခေါင်းရှိသူများအတွက် 😀Avaliable in   !!
16/03/2023

🐢🐢🐢 လိပ်ခေါင်းရှိသူများအတွက် 😀
Avaliable in !!

Instock !
16/03/2023

Instock !

Listerine ချစ်သူတွေအတွက် 750 ml ဘူးကြီး   မှာ ရပါတယ်နော်
14/03/2023

Listerine ချစ်သူတွေအတွက် 750 ml ဘူးကြီး မှာ ရပါတယ်နော်

Address

Sittwe
07011

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00

Telephone

+959420042597

Website

Alerts

Be the first to know and let us send you an email when City Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to City Pharmacy:

Share