09/08/2026
ဘယ်နေရာမှာပဲကြည့်ကြည့် ကလေးငယ်တွေဟာ အရင်ကလို ကခုန်ကစားနေတာထက် ဖုန်း၊တက်ဘလက်တစ်ခုခုကိုပဲ အမြဲကြည့်နေတာမျိုးကို တွေ့ရပါလိမ့်မယ်။ ဒါဟာ ကမ္ဘာနဲ့တဝှမ်းကြုံနေရတဲ့ နည်းပညာခေတ်ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုပါပဲ။
ခေတ်နဲ့အညီ ပြောင်းလဲလာတယ် ဆိုပေမယ့် ဒီ Screen မျက်နှာပြင်တွေဟာ ကလေးတွေရဲ့ နေ့စဉ်ဘဝထဲမှာ ခွဲထားလို့မရတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတာကတော့ ကောင်းတဲ့လက္ခဏာမဟုတ်နေပါဘူး။ ပညာရေးအတွက်၊ အထွေထွေဗဟုသုတအတွက် အလွန် အသုံးဝင်တဲ့ ကောင်းကျိုးတွေရှိနေပေမယ့် အလွန်အကျွံအသုံးပြုမှု Excessive Screen Time ဖြစ်နေခြင်းဟာ ကလေးများရဲ့ ကိုယ်ခန္ဓာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဖွံ့ဖြိုးမှုအပေါ် သိသိသာသာ သက်ရောက်မှုရှိနေပါတယ်။
👀 မျက်စိကျန်းမာရေး
မျက်စိပင်ပန်းခြင်း၊ မျက်သားခြောက်သွေ့ခြင်း၊ အမြင်အာရုံ မှုန်ဝါးအားနည်းခြင်း၊ အာရုံစိုက်ကြည့်ရှုနိုင်မှု လျော့နည်းလာခြင်းတို့ဖြစ်ပွားနိုင်ပါတယ်။
🧠 စိတ်ပိုင်းဆိုင်ရာနှင့် အပြုအမူဆိုင်ရာ
စိတ်တိုလွယ်ခြင်း ၊ စိတ်လှုပ်ရှားမှု ထိန်းချုပ်ရန် ခက်ခဲခြင်း၊ စိတ်မတည်ငြိမ်ခြင်း၊ အာရုံစူးစိုက်မှုအား လျော့နည်းခြင်း၊ပေါင်းသင်းဆက်ဆံရေးအားနည်းခြင်း၊ ထိန်းကျောင်းပဲ့ပြင်ရခက်ခဲခြင်းတို့ဖြစ်တတ်ပါတယ်။
😴 အိပ်စက်မှုအပေါ် သက်ရောက်မှု
အိပ်ချိန်နောက်ကျခြင်း၊ အိပ်ချိန်မမှန်ခြင်း ၊ အိပ်မပျော်ခြင်း၊ အိပ်စက်မှုအရည်အသွေး လျော့နည်းခြင်းတို့ဖြစ်နိုင်ပါတယ်။
🧍♂️ခန္ဓာကိုယ်အပေါ် သက်ရာမှု
ကိုယ်လက်လှုပ်ရှားမှု လျော့နည်းခြင်း၊ အဝလွန်လွယ်ခြင်း၊
ကိုယ်ကာယဖွံ့ဖြိုးမှု နှောင့်နှေးခြင်း၊ ခန္ဓာကိုယ်သန်စွမ်းကြံ့ခိုင်မှုအားနညါးခြင်းတို့ဖြစ်တတ်ပါတယ်။
ကိုယ့်ကလေးအတွက် Screen Time များနေပြီလားဆိုတာကို သတိပြုရမယ့်အခြေအနေတွေကတော့
⚠️ နေ့စဉ် Screen Time ၂–၃ နာရီထက်ပိုသုံးနေခြင်း
⚠️ အပြင်ထွက်ကစားခြင်း မရှိသလောက်နည်းလာခြင်း
⚠️ အိပ်ချိန် မမှန်တော့ခြင်း
⚠️ စကားနည်းလာခြင်း
⚠️ အမြင်အားနည်းလာခြင်း
⚠️ မျက်တောင်ခတ်တာ မူမမှန်ပဲ မျက်ကြောလိုက်လာခြင်း
⚠️ ဖုန်း၊ တက်ဘလက်မရှိရင် စိတ်မတည်ငြိမ်တော့ခြင်းတို့ ကြုံရပြီဆိုရင်တော့ မဖြစ်မနေ ထိန်းကျောင်ပြုပြင်ဖို့ အရေးကြီးနေပါပြီ။
ဒီအခြေအနေကိုပြင်ဆင်ဖို့အတွက် မိဘတွေမဖြစ်မနေလုပ်ဆောင်ပေးရမှာကတော့..
✅ Screen Time ကို အသက်အရွယ်အလိုက် အချိန်သတ်မှတ်ပြီး စားသောက်ချိန်နှင့် အိပ်ခါနီးတွင် ဖုန်းလုံးဝပေးမသုံးပါနဲ့။
✅ ကစားကွင်းပို့ခြင်း ၊ အားကစားလုပ်စေခြင်း၊ အခြားကလေးများနှင့် ဆော့ကစားစေပြီး သဘာဝနှင့် ထိတွေ့မှုများတဲ့ Outdoor Activitiesများ တိုးမြှင့်အားပေး ရပါမယ်။
✅ လူကြီးတွေကိုယ်တိုင်က ဖုန်းတွေမသုံးပဲ Screen မပါတဲ့ မိသားစုအချိန်များ ၊ စကားပြောခြင်းနှင့် သွားလာလှုပ်ရှားခြင်း Family Time များကို တိုးမြှင့်ရပါမယ်။
✅ ဖုန်းအသုံးပြုမှု စည်းကမ်းများသတ်မှတ်ပြီး Educational content များကိုသာ ရွေးချယ်အသုံးပြုစေကာ Digital Discipline ကို သင်ကြားပေးပါ
Screen Time လွန်အကျွံအသုံးပြုမှုက ကလေးများရဲ့ ဖွံ့ဖြိုးကြီးပြင်းမှုကို တိုက်ရိုက်ထိခိုက်စေနိုင်တာကြောင့် မိဘများအနေနဲ့ ဖုန်းကြည့်ခြင်းကို လုံးပိတ်ပင်တားမြစ်တာထက် မျှတမှန်ကန်စွာ ထိန်းညှိပေးခြင်းက အရေးကြီးဆုံးဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ကျန်းမာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ကလေးဘဝဟာ မျှတတဲ့ Digital Lifestyle ကနေ စတင်ရမယ်ဆိုတာကို သတိပြုဖို့ အကြုံလိုက်ရပါတယ်ခင်ဗျာ။
ပျူငှာဖော်ရွေ နှုန်းထားမျှစေ
ဝန်ဆောင်မှုမှာထိပ် တော်ဝင်တာချီလိတ်✨🏥