Min Kyaw Thu Clinic and Health Care Service

Min Kyaw Thu Clinic and Health Care Service ကျန်းမာရေး ဆေးဝါးဗဟုသုတ

11/09/2026

ဆီးချိုသမားများ ခြေထောက်မှာဆီးချိုအနာ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ ?

ဒူးနာခြင်းဟာ လူအများစုမှာ တွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အကြောင်းရင်းအမျိုးမျိုး ရှိနိုင်ပါတယ်။🔸  (Osteoarthritis)အသက...
10/09/2026

ဒူးနာခြင်းဟာ လူအများစုမှာ တွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အကြောင်းရင်းအမျိုးမျိုး ရှိနိုင်ပါတယ်။

🔸 (Osteoarthritis)
အသက်အရွယ်ကြီးလာခြင်း၊ ကိုယ်အလေးချိန်များခြင်းနဲ့ ဒူးအပေါ် ဖိအားများခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

🔸 ဒဏ်ရာရခြင်း
လဲကျခြင်း၊ အားကစားလုပ်ခြင်း၊ လမ်းလျှောက်ရင်း ခြေချော်ခြင်းတွေကနေ အရွတ်၊ အဆစ်နဲ့ Meniscus တွေ ထိခိုက်နိုင်ပါတယ်။

🔸 Gout (ဂေါက်ရောဂါ)
ဒူးရုတ်တရက် အလွန်နာလာပြီး ရောင်ရမ်း၊ ပူနွေး၊ နီလာတတ်ပါတယ်။

🔸 အဆစ်ရောင်ရမ်းရောဂါ
ဒူးတစ်ခုတည်းမဟုတ်ဘဲ အခြားအဆစ်တွေပါ နာကျင်ရောင်ရမ်းလာနိုင်ပါတယ်။

🔸 အရွတ်/ကြွက်သား ပြဿနာများ
အလုပ်ကြမ်းလုပ်ခြင်း၊ လေ့ကျင့်ခန်းပြင်းပြင်းလုပ်ခြင်း သို့မဟုတ် ဒူးကို ထပ်ခါတလဲလဲ အသုံးပြုခြင်းကြောင့်လည်း နာကျင်နိုင်ပါတယ်။

💡 ဒူးနာနေပြီဆိုရင် ဘာလုပ်သင့်လဲ?

✅ ကိုယ်အလေးချိန်ကို သင့်တင့်အောင် ထိန်းသိမ်းပါ
✅ ဒူးကို အလွန်အကျွံ ဖိအားမပေးပါနဲ့
✅ သင့်တော်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပါ
✅ ဒဏ်ရာရပြီးနောက် နာကျင်မှုမသက်သာရင် စစ်ဆေးပါ

ခဏလောက် ပျော်ရွှင်စေမဲ့ဟာသလေးများ
09/09/2026

ခဏလောက် ပျော်ရွှင်စေမဲ့ဟာသလေးများ

ကျောက်ကပ်ကျန်းမာရေးအတွက် အချက် (၉) ချက်၁။ 💧 ရေကို လုံလောက်အောင် သောက်ပါ — အလွန်အကျွံတော့ မသောက်ပါနှင့်။၂။ 🧂 ဆားနှင့် အငံ...
08/09/2026

ကျောက်ကပ်ကျန်းမာရေးအတွက် အချက် (၉) ချက်
၁။ 💧 ရေကို လုံလောက်အောင် သောက်ပါ — အလွန်အကျွံတော့ မသောက်ပါနှင့်။

၂။ 🧂 ဆားနှင့် အငံအစားအစာများ လျှော့စားပါ။

၃။ 🩺 သွေးတိုးနှင့် ဆီးချိုကို ကောင်းစွာ ထိန်းချုပ်ပါ။

၄။ 💊 အကိုက်အခဲပျောက်ဆေးများကို မလိုအပ်ဘဲ ရေရှည်မသုံးပါနှင့်။

၅။ 🏃 ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန်ထိန်းပါ။

၆။ 🥗 အာဟာရမျှတစွာစားပြီး ပြုပြင်ထုတ်လုပ်ထားသော အစားအစာများ လျှော့ပါ။

၇။ 🚭 ဆေးလိပ်မသောက်ပါနှင့်၊ အရက်ကို အလွန်အကျွံ မသောက်ပါနှင့်။

၈။ 🚽 ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ဆီးလမ်းကြောင်းပြဿနာများကို မပေါ့ဆပါနှင့်။

၉။ 🩺 ဆီးချို၊ သွေးတိုးရှိသူများနှင့် အန္တရာယ်ရှိသူများ ကျောက်ကပ်ကို ပုံမှန်စစ်ဆေးပါ။

လူ ပေါင်းသင်းနည်း ( ၁၀ ) နည်း "၁။ အားနည်းတဲ့သူနဲ့ ပေါင်းရင် သူတို့ကို လေးစားပါ။ဘာလို့လဲ ဆိုတော့ သူတို့မှာ အဲဒီအရာက လိုအပ...
07/09/2026

လူ ပေါင်းသင်းနည်း ( ၁၀ ) နည်း "

၁။ အားနည်းတဲ့သူနဲ့ ပေါင်းရင် သူတို့ကို လေးစားပါ။
ဘာလို့လဲ ဆိုတော့ သူတို့မှာ အဲဒီအရာက လိုအပ်နေလို့ပါ။

၂။ ဆင်းရဲတဲ့သူနဲ့ ပေါင်းရင် ပိုက်ဆံ ဘယ်လောက်ရနိုင်တယ်ဆိုတာကို တိုက်ရိုက် ပြောပြပါ။

၃။ ထက်မြက်တဲ့သူနဲ ပေါင်းရင် အကောင်းဆုံးနည်းလမ်းက ရိုးသားဖို့ ဆိုတာကို မှတ်ထားပါ။

၄။ အားကြီးတဲ့သူနဲ့ ပေါင်းရင် အစပျိုးစကားတွေ အများကြီးမပြောပဲ အဓိက အကြောင်းအရာ ( လိုရင်း ) ကို တန်းပြောပါ။

၅။ စိတ်ထားမကောင်းတဲ့လူနဲ့ ပေါင်းရင် ဟန်ဆောင်နိုင်လေလေ ပိုကောင်းလေလေပါပဲ၊ မဟုတ်ရင် သင်ကိုယ်တိုင်ပဲ နစ်နာ ပါလိမ့်မယ်။

၆။ မိန်းကလေးတွေနဲ့ ပေါင်းရင် ဂုဏ်သိက္ခာအရ အလွန်အလျော့ပေးတာမျိုး မလုပ်ပဲ အရာအားလုံးမှာ သုံးပုံနှစ်ပုံပဲ အလျော့ပေးပါ။

၇။ လူတိုင်းကို အရမ်းဖော်ရွေ ပြတဲ့အခါ ၊ တခြားသူတွေက သင့်ကို ဖားယားတတ်တယ်လို့ ထင်ကြပါလိမ့်မယ်။

၈။ သင့်ဘက်က အလျော့ပေးလွန်းတဲ့အခါ ၊ တခြားသူတွေက သင့်ကို ခိုင်းရလွယ်တဲ့သူလို့ ထင်သွားတတ်ကြပါတယ်။

၉။ သင်က ကိုယ့်ကိုယ်ကို ကာကွယ်ဖို့တောင် သတ္တိနည်းတဲ့အခါ တခြားသူတွေက အနိုင်ကျင့်လို့ ရတဲ့သူလို့ သတ်မှတ်တတ်ကြပါတယ်။

၁၀။ သင်က စကားများလွန်းတဲ့အခါ တခြားသူတွေက လိုရင်းကိုမရောက် ( လေပေါ ) တဲ့သူလို့ ထင်တတ်ကြပါတယ်။

ဒူးနာ၊ ခါးနာရင် ကယ်လ်ဆီယမ်သောက်ရုံနဲ့ လုံလောက်ပြီလား?
06/09/2026

ဒူးနာ၊ ခါးနာရင် ကယ်လ်ဆီယမ်သောက်ရုံနဲ့ လုံလောက်ပြီလား?

05/09/2026

သူငယ်ချင်း ငါ့ကို ချစ်ရင် 1သောင်း ချေးပါလား?

#ဟာသလေးများ🤣🤣🤣

04/09/2026

ကိုယ်အလေးချိန်ကျအောင် ဘယ်လို စားသောက်နေထိုင်သင့်ပါသလဲ?

ဝမ်းလျှော ဝမ်းပျက်မဖြစ်စေဖို့အတွက် * (၁) ရေသန့် (ကျိုချက်ထားသော ရေ သို့မဟုတ် ရေသန့်ကိုသာ သောက်ပါ)* (၂) အစားအစာ(ယင်မနားအေ...
03/09/2026

ဝမ်းလျှော ဝမ်းပျက်မဖြစ်စေဖို့အတွက်

* (၁) ရေသန့် (ကျိုချက်ထားသော ရေ သို့မဟုတ် ရေသန့်ကိုသာ သောက်ပါ)

* (၂) အစားအစာ(ယင်မနားအောင် ဖုံးအုပ်ထားသော၊ ပူပူနွေးနွေး ချက်ပြုတ်ထားသော အစားအစာကိုသာ စားပါ)။ ဒီရက်ပိုင်းမှာတော့ အပြင်စာတွေ စားတဲ့အခါ သတိထားစားပါ။ အသုပ်တွေ၊ လက်လုပ်ချဉ်တွေ ရှောင်ထားပါ။

* (၃) လက်သန့် စင်အောင်ထားပါ(ပစ္စည်းတခုခု ကိုင်တွယ်ပြီးတိုင်း၊ အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးပါ)

(၄) ယင်လုံအိမ်သာ(ယင်လုံအိမ်သာကိုသာ စနစ်တကျ အသုံးပြုပါ)

* ဝမ်းပျက်၊ ဝမ်းလျှော စဖြစ်ပြီဆိုတာနဲ့ ဓာတ်ဆားရည် သောက်‌ေပးပါ။ ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဆားဓာတ်ကို အချိန်မီ ပြန်လည်မဖြည့်တင်းဖို့အတွက်ပါ။

* ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်တဲ့အပြင် အဖျားတက်လာမယ်၊ ဝမ်းအရောင်ပြောင်း သွားမယ်၊ မကြာခဏ ပျို့အန်နေမယ်၊ ဗိုက်ထဲမှာ မခံနိုင်လောက်အောင် ရစ်နာနေမယ်၊ လူကမလှုပ်ရှားနိုင်လောက်အောင် နုံးချိ မူးဝေ နေပြီးစတဲ့လက္ခဏာတွေဖြစ်နေတာ ကြာပြီဆိုရင်တော့ နီးစပ်ရာ ဆေးရုံကိုအမြန်ဆုံး သွားရောက်ပြသဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

ဒီလိုပဲ တွေးတတ်ကြတယ်မလား?        #ဟာသလေးများ🤣🤣🤣
02/09/2026

ဒီလိုပဲ တွေးတတ်ကြတယ်မလား?

#ဟာသလေးများ🤣🤣🤣

Address

No. 385, Laldi 2nd Street
Taikkyi
11381

Telephone

09457317322

Website

Alerts

Be the first to know and let us send you an email when Min Kyaw Thu Clinic and Health Care Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Min Kyaw Thu Clinic and Health Care Service:

Shortcuts

Share