မဟေသီ မီးနေသည်ချွေးအောင်း Home Service

  • Home
  • Myanmar
  • Tamwe
  • မဟေသီ မီးနေသည်ချွေးအောင်း Home Service

မဟေသီ မီးနေသည်ချွေးအောင်း Home Service ကလေးမီးဖွားပြီး အမျိုးသမီးတိုင်း ကျန်းမာလှပစေဖို့ အိမ်တိုင်ရာရောက် မီးနေသည်ချွေးအောင်းဝန်ဆောင်မှု

ကလေးမီးဖွားပြီး အမျိုးသမီးတိုင်း ကျန်းမာနုပျိုလှပပြီး မီးယပ်သွေးဆုံးချိန်ဝေဒနာကာကွယ်ဖို့ မီးနေသည်ချွေးအောင်း

🫣ကလေးမွေးပြီး မီးတွင်း ၃ လမှာ မေမေတို့ရဲ့ဘဝမှာ အပင်ပန်းဆုံးအချိန်ပါ..🫣       သားဦးမိခင်ဆိုပိုဆိုး ကလေးမှ မမွေးဖူးတာလေ..ဘ...
28/07/2026

🫣ကလေးမွေးပြီး မီးတွင်း ၃ လမှာ မေမေတို့ရဲ့ဘဝမှာ အပင်ပန်းဆုံးအချိန်ပါ..🫣

သားဦးမိခင်ဆိုပိုဆိုး ကလေးမှ မမွေးဖူးတာလေ..ဘယ်လိုနို့တိုက်ရမှန်းမသိသလို နီတာရဲကလေးလေးကို ဘယ်လိုချီပိုးရမယ်လည်းမသိပါ..နေ့ဆိုတာလဲမသိ ညဆိုတာလဲမရှိ တနေ့တနေ့အခက်အခဲစိမ်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ Babyblue နေ့ရက်တွေပါ..🥹

နို့တိုက်နေရင်းနဲ့ မျက်လုံးမှိတ်ထားပေမယ့် အိပ်ပျော်နေတာမဟုတ်ပါဘူးနော်..နို့စို့နေရင်းအိပ်ပျော်သွားတဲ့ကလေးနှိုးမှာစိုးလို့ မလှုပ်ရှားရဲပဲ လက်အံသေနာကျင်နေတာကို အံကြိတ်ခံနေရတဲ့ဘဝပါ..☹️

ပင်ပန်းလွန်းလို့ ခြေပစ်လက်ပစ်ခနလောက်အိပ်ပစ်လိုက်ချင်ပေမယ့် မအိပ်ပျော်သွားအောင် ကြိုးစားနေရတဲ့မေမေပါ..ကူကြည့်ပေးမယ့်သူရှိရင်တော့ ခနတဖြုတ်အိပ်လို့ရပေမယ့် ကိုယ်ခွဲမရှိရင်တော့ ပိုဆိုးပြီပေါ့..🫣

ဒီကလေးလေးကို ချီပိုးထွေးပွေ့ရင်း အသားကျကျွမ်းကျင်ဖို့ ကြိုးစားနေရလို့ အရမ်းပင်ပန်းနေပေမယ့် ကိုယ့်ကလေးလေးမျက်နှာကို မြင်လိုက်ရင် အမောတွေအကုန်ပျောက်သွားတာပါပဲလေ××🥰🥰

27/07/2026

🛀🛀မိုးအေးအေးလေးမှာ အိမ်ပြင်ထွက်စရာမလိုဘဲ နွေးနွေးထွေးထွေးနဲ့ သက်တောင့်သက်သာ အနားယူချင်နေပြီလား ညီမလေးတို့၊ မေမေတို့၊ အန်တီတို့ရေ...🛀🛀

🌹ချွေးအောင်းတာက ကလေးမွေးပြီးခါစ မီးနေသည်တွေအတွက်တင် မဟုတ်ပါဘူးနော်။ ပျိုပျိုအိုအို အမျိုးသမီးတိုင်း မဖြစ်မနေ လုပ်ပေးသင့်တဲ့ ကျန်းမာရေး လျှို့ဝှက်ချက်တစ်ခုပါ...🌹

👠ကလေးမီးဖွားပြီးတဲ့ မေမေတွေအနေနဲ့ မီးအထွက် ၁ ပတ်ကနေ ၂ လအတွင်း ချွေးအောင်းပေးတာ အထိရောက်ဆုံးပါ..
သားအိမ်မြန်မြန်ကျုံ့စေသလို၊ ချွေးပုပ်တွေထွက်ပြီး ကိုယ်လက်ညောင်းညာတာတွေ အကုန်သက်သာစေပါတယ်..👠

💄ဒါ့အပြင် သားအိမ်ကျတာ၊ ချက်အောက်ပိုင်းပူတာတွေကို ကာကွယ်ဖို့နဲ့ မွေးလမ်းကြောင်းကျစ်လစ်စေဖို့ 'ဗိုက်ချုပ်/ဗိုက်လေထုတ်' တာကိုလည်း မဖြစ်မနေ လုပ်ပေးသင့်ပါတယ်နော်…💄

🫦ပျိုမေလေးတွေမှာ ဖြစ်တတ်တဲ့ ရာသီလာစဉ် ကိုက်ခဲတာတွေ၊ ကိုယ်တွင်းအပူများတာတွေအတွက်ရော... အသက်အရွယ်ရလာလို့ မီးယပ်သွေးဆုံးချိန်မှာ ခံစားရတတ်တဲ့ နှလုံးတုန်၊ မောပန်း၊ အိုက်လိုက်၊ ချမ်းလိုက်ဖြစ်တဲ့ ဝေဒနာတွေအတွက်ပါ ချွေးအောင်းခြင်းက အကောင်းဆုံး ကာကွယ်ကုသပေးနိုင်ပါတယ်👄

🪭အခုဆိုရင် မဟေသီကနေ အမျိုးသမီးတို့အတွက် အထူးတန်လှတဲ့ "မိုးရာသီ Promotion" လေး လာပါပြီရှင်..🪭

👩‍❤️‍👩မီးနေသည် ချွေးအောင်း (၂) ကြိမ်နဲ့ ဗိုက်ချုပ် (၂) ကြိမ် ပါဝင်တဲ့ Package အထူးအစီအစဉ်ကိုမှ ၁၃၅,၀၀၀ ကျပ်တည်းနဲ့ ရယူနိုင်ပါပြီ..👩‍❤️‍👩

🛍️အိမ်တိုင်ရာရောက် Home Service လည်း ရှိတာမို့... ပင်ပန်းမှုတွေကို ခဏမေ့ပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့အနေနဲ့ မဟေသီနဲ့အတူ စိတ်အေးချမ်းသာစွာ အနားယူလိုက်ပါရှင်..🛍️

24/07/2026

ရိုးရိုးမွေးမွေး/ခွဲမွေးမွေး
ကလေးမွေးပြီး ချွေးအောင်းစို့

၆၀၀၀၀ ကျပ် + Taxiခ
#မီးနေသည်
#မဟေသီ
#ချွေးအောင်း

17/07/2026

❝ မေမေတို့စိတ်ပူကြတဲ့ သွေးဆုံးမီးယပ်ဝေဒနာကို ပျော်ရွှင်ကျန်းမာစွာ ကျော်လွှားကြရအောင်🤱🏻💞 ❞

သွေးဆုံးမီးယပ်ဝေဒနာဆိုတာ အမျိုးသမီးတိုင်း တစ်ချိန်ကျရင် ကြုံလာရမယ့် ရောဂါတစ်ခုပဲဖြစ်ပါတယ်။

အသက် (၄၀) ကျော်နဲ့ (၅၀) ပြည့်ခါနီးအမျိုးသမီးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒီဝေဒနာက သွေးဆုံးတဲ့အခါ သားဥအိတ်ကထုတ်ပေးတဲ့ ဟော်မုန်းတွေဖြစ်တဲ့ Estrogen နဲ့ Progesterone ဟော်မုန်းနှစ်မျိုး ထုတ်လုပ်မှုကျဆင်းသွားတာကနေ စတင်ပါတယ်။💢

ဆိုတော့…သွေးဆုံးမီးယပ် ဖြစ်လာပြီဆိုရင် ခံစားရတတ်တဲ့ဝေဒနာတွေအနေနဲ့

💁🏻‍♀️ရာသီစက်ဝန်းမမှန်တော့ပဲ လာချင်တဲ့လ လာပြီး လနဲ့ချီပြီးပျောက်သွားတာ

💁🏻‍♀️ပုံမှန်နေထိုင်စားသောက်နေရင်းနဲ့ သိသိသာသာကြီး ဝိတ်တက်လာပြီး အသားအရည်မွဲခြောက်တာတွေ ဆံပင်တွေအများကြီး ကျွတ်တာတွေနဲ့

💁🏻‍♀️စိတ်အခြေအနေတွေမတည်ငြိမ်တော့ပဲနဲ့ သာမာန်ကိစ္စရပ်တွေမှာတောင် အရမ်းဝမ်းနည်းနေပြီးတော့ စိတ်ဖိစီးမှုတွေဖြစ်တာ

💁🏻‍♀️အခုပူလိုက် တော်ကြာအေးလာလိုက်နဲ့ အဆစ်အမြစ်တွေကိုက်ခဲတဲ့ ဝေဒနာတွေကို ဆက်တိုက်ဆိုသလို ခံစားနေရတာတွေနဲ့ ခေါင်းကိုက်ပြီး မေ့လွယ်တာတွေအပြင် အခက်မသင့်ရင် အောက်ပိုင်းချိသွားတာနဲ့ အိပ်ယာထဲကိုလဲသွားနိုင်လောက်တဲ့အထိ စိုးရိမ်ရပါတယ်။

ဒါကြောင့်မို့လည်း အမျိုးသမီးတော်တော်များများက ဒီလိုခံရခက်တဲ့ မီးယပ်ဝေဒနာဒဏ်ကို ကြောက်ကြတာပါ။

✅တကယ်တော့ သွေးဆုံးကိုင်တဲ့အချိန်မှာ ခံစားရတဲ့ ရောဂါဝေဒနာတွေက သက်သက်သာသာနဲ့ ကျော်လွှားနိုင်ဖို့အတွက် ကြိုတင်ကာကွယ်ရမယ့်နည်းလမ်းတွေရှိပါတယ်။✅

ဒီလိုရောဂါလက္ခဏာတွေပြလာပြီဆိုရင် သင့်အနေနဲ့…
✨အားဖြစ်စေမယ့် ကြက်ဥနဲ့ ဉအမျိုးမျိုး၊ အစေ့အစံ၊ နွားနို့နဲ့ ဒိန်ချဉ်တို့ကို နေ့စဉ်စား‌ပေးတာ၊
✨ ရေကို တစ်နေ့ (၁)လီတာကနေ (၃) လီတာအထိ သောက်သုံးပေးတာနဲ့
✨ ကိုယ့်ရဲ့ စိတ်ကိုပျော်ရွှင်မယ့်အရာလေးတွေကိုလုပ်တာနဲ့ ဘာသာရေးကို ပိုမိုလုပ်ဆောင်တာတွေလုပ်သင့်ပါတယ်။

ဒါ့အပြင် ကလေးမေမေတို့အတွက် မီးဖွားတဲ့အချိန်မှာ အနေအထိုင်မှားယွင်းခဲ့ရင်လည်း သွေးဆုံးမီးယပ်ကိုင်တဲ့အခါ ပိုပြီးခံရတတ်တာမို့လို့ ကိုယ်က ကြိုတင်ပြင်ဆင်ဖို့အချိန်ရှိတဲ့ ကလေးမေမေတစ်ယောက်ဆိုရင် အခုတည်းက မီးနေသည်ချွေးအောင်တာတွေ၊ မီးဖွားထားတဲ့အချိန်မှာ အအေးအရမ်းမခံပဲနဲ့ အနေအထိုင်ဂရုစိုက်ပြီးတော့ သားအိမ်လေးကို ကျန်းမာအောင်ထားသင့်ပါတယ်။🌺

တကယ်လို့ ကိုယ်က အခုမှမီးဖွားထားတဲ့ကလေးမေမေတစ်ယောက်ဆိုရင်တော့ ချွေးအောင်းပေးတာက အသက်ကြီးလာတဲ့အခါ မီးယပ်ဝေဒနာကို အေးဆေးလေးကျော်လွှားနိုင်မယ့်အပြင် အနာချုပ်ရိုးအကျက်မြန်စေမယ်၊ သွေးသားသန့်စင်ပြီး ကိုယ်လက်ပေါ့ပါးစေမယ့် အပူအပုပ်ကင်းစေတာမို့ မဟေသီရဲ့ မီးနေသည်ချွေးအောင်းမှာ လာရောက်ချွေးအောင်းဖို့ အထူးသင့်တော်ပါတယ်။✅

ရိုးရိုးပဲမွေးမွေး၊ ခွဲပဲမွေးမွေး ချုပ်ရိုးအကျက်မြန်စေဖို့အတွက် ကောင်းကျိုးတွေအများကြီးရှိတဲ့ မီးနေသည်ချွေးအောင်းပေးခြင်းကို မေမေတို့အနေနဲ့ ကလေးမွေးပြီး (၄၅)ရက်အတွင်း မဖြစ်မနေလုပ်ပေးသင့်ပါတယ်။🤰

ဆိုတော့…အပြင်မထွက်ချင်တဲ့ မေမေတို့အတွက်လည်း မဟေသီမှာ Home Service ဝန်ဆောင်မှု‌တွေရှိနေတာမို့
မဟေသီရဲ့ Page Messenger 📩 (သို့) ဖုန်းနံပါတ် ☎️ 09-444 744 380, 09- 431 106 73 ကို အခုပဲဆက်သွယ်လိုက်တော့နော်။💁🏻‍♀️

#ချွေးအောင်း #မီးနေသည်ချွေးအောင်း
#မဟေသီ #မဟေသီမီးနေသည်ချွေးအောင်း

💘မြန်မာ့တိုင်းရင်းဆေးပညာအရ ရိုးရိုးမွေးမွေး,ခွဲမွေးမွေး မီးဖွားပြီးစ မီးနေသည်တိုင်း ချွေးအောင်းဖို့ ဘာလို့ လိုအပ်ပါသလဲ ?...
09/07/2026

💘မြန်မာ့တိုင်းရင်းဆေးပညာအရ ရိုးရိုးမွေးမွေး,ခွဲမွေးမွေး မီးဖွားပြီးစ မီးနေသည်တိုင်း ချွေးအောင်းဖို့ ဘာလို့ လိုအပ်ပါသလဲ ???

ကိုယ်​ဝန်ဆောင်ချိန်အတွင်း သားအိမ်ထဲ ကိန်​း​အောင်​းနေတဲ့ သွေး ​ရေ ​လေ တို့ဟာ ချွေးအဖြစ်​ ​ထွက်သွား​မှသာ တသက်လုံးအတွက် ကျန်းမာတဲ့မိခင်တယောက်ဖြစ်မှာပါ....ချွေး​အောင်​းလိုက်​​မှ သားအိမ်​ဝပ်​ပြီး ဗိုက်​ချပ်​​လာမယ်, အသားအ​ရေ ကြည်​စင်​ဝင်​းပ​လာမယ်, မီးယပ်​နာ မီးယပ်​ကျိုး ထုံနာကျင်​နာ များမဖြစ်အောင် ကာကွယ်ပေးမှာပါ.. သားအိမ်အဝပ်မြန်ပြီး သားအိမ်အတွင်း ဒဏ်ရာအကျက်မြန်စေပါတယ်

💘မလုပ်ဖြစ်ခဲ့ရင် ဘာဆိုးကျိုးတွေရှိလာနိုင်ပါသလဲ ?

မီးယပ်ချမ်းထမီးယပ်နာစွဲ, ခေါင်းကိုက်နာစွဲတာ, အနေအထိုင်မှားတာနဲ့ နာကျင်ကိုက်ခဲတာ, မီးယပ်သွေးဆုံးချိန်ဝေဒနာမဖြစ်အောင် ကာကွယ်ပေးပါတယ်..ကိုယ်ဝန် ဆောင်ချိန်လျော့သွားတဲ့ ဟိုမုန်းဓါတ်များကို ဟိုမုန်း balance ညီစေဖို့ အထောက်အကူပြုပေးပြီး စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲများကိုလည်း လျော့ပါးစေပါတယ်..

💘မီးဖွားပြီး ဘယ်အချိန်ဆို လုပ်သင့်ပါသလဲ ?

ရိုးရိုးမွေးမွေးခွဲမွေးမွေး ၂ လအတွင်းက အထိရောက်ဆုံးပါ..

💘ဘယ်နှကြိမ်လုပ်ရပါမလဲ ?

၂လအတွင်းဆို ၃ ကြိမ်လုပ်တာ အထိရောက်ဆုံးပါ..ပထမအကြိမ် ချွေးပေါက်တွေပွင့်မယ်..ဒုတိယအကြိမ် ချွေးပုပ်တွေစထွက်ပြီး တတိယအကြိမ် ချွေးစုံတွေအကုန်ထွက် ချွေးပုပ်မကျန်တော့လို့ ထိထိရောက်ရောက်အကျိုးရှိစေပါတယ်..
၂လကျော်သွားရင်တော့ ၂ကြိမ်လောက်လုပ်ပေးရင် လုံလောက်ပါပြီ..

💘မီးနေသည်မဟုတ်ရင်ရော လုပ်လို့ရပါသလား?

အပျိုဖော်ဝင်စကနေ သွေးဆုံးပြီးချိန်အမျိုးသမီးကြီးအထိ မဖြစ်မနေ လုပ်သင့်ပါတယ်...အပျိုစဖြစ်ချိန် ရာသီမမှန်သေးတာ , နာကျင်ကိုက်ခဲတတ်တာမျိုးတွေ သက်သာစေပြီး နောက်ပိုင်းတောက်လျောက် ရာသီရက်မှန်သွားမယ်..ကိုက်ခဲတာတွေလျော့သွားပါမယ်..
အပျိုလေးတွေကတော့ သားအိမ်ထဲ အလုံးရှိတာ, ရေအိတ်ရှိတာတွေကြောင့် နာကျင်တာတွေ လျော့နည်းသွားပါမယ်..ရာသီသွေးနဲတာများတာ, အခဲတွေအပုပ်တွေဆင်းတတ်တာတွေ သိသာပါတယ်..ဟော်မုန်းမညီမျှတာ, လည်ပင်းကြီးတာ, ဝက်ခြံတွေမတရားထွက်တာတွေအတွက်လည်း လုပ်ရပါမယ်..
အိမ်ထောင်သည် တွေ ကလေးမရတာ, မမြဲတာတွေ, မကြာခနကလေးပျက်ကျတာတွေလည်း အကျိုးရှိပါတယ်..ကလေးပျက်ကျထားရင်လည်း မဖြစ်မနေလုပ်သင့်ပါတယ်နော်..ကလေးမွေးထားသလိုပဲ ဂရုစိုက်ရမှာမို့ပါ..သွေးဆုံးခါနီးအရွယ်လည်း သွေးဆုံးသားကိုင်မဖြစ်မို့ ဂရုတစိုက်လုပ်ပေးရပါမယ်...

💘စျေးနှုန်းက ဘယ်လောက်ပါလဲ?

ဆိုင်မှာရော ,Home Service ၁ ကြိမ် ၆၀၀၀၀ကျပ် , ၂ ကြိမ် ၁၁၀၀၀၀ ကျပ်, ၃ ကြိမ် ၁၆၀၀၀၀ ကျပ် ပါ ..

🎁🎁မိုးရာသီ Promotion မီးနေသည်ချွေးအောင်း ၁ကြိမ် + ကိုယ်ဝန်ဆောင်ဗိုက်ချပ်လေထုတ် ၁ကြိမ် = ၁၃၅၀၀၀ ကျပ် ရှိပါတယ်🎁🎁

💢💢 မှတ်ချက်_ Home Service အတွက် ကားအကြိုအပို့လုပ်ပေးရပါမယ်..မလုပ်နိုင်ရင်Taxiခ အသွားအပြန်ပေးရပါမယ်ရှင်...

06/06/2026

ချွေးအောင်းခြင်းက မီးနေသည်တွေအတွက်ပဲလား? 🤔

အမျိုးသမီးတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အလှအပနဲ့ ကျန်းမာရေး လျှို့ဝှက်ချက်က "ချွေးအောင်းခြင်း" ပါပဲ။


ချွေးအောင်းခြင်းကြောင့် -
🌿 ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ အသားအရေကို ပိုမိုကြည်လင်ဝင်းပစေပါတယ်။

🌿 သွေးလည်ပတ်မှု ကောင်းမွန်စေပြီး ရာသီလာစဉ် ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။

🌿 ကွန်ပျူတာရှေ့ အထိုင်များလို့ ဖြစ်တတ်တဲ့ ဇက်ကြောတက်၊ ခါးနာ၊ ညောင်းညာကိုက်ခဲမှုတွေကို ပြေလျော့စေပါတယ်။

🌿 စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

Spa သွားဖို့ အချိန်မရတဲ့ ရုံးဝန်ထမ်း ပျိုမေတို့၊ အိမ်ရှင်မတို့အတွက် "မဟေသီ" ရဲ့ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုက အသင့်ရှိနေပါပြီ။ 🏠💆‍♀️

အခုဆိုရင် မဟေသီတို့အတွက် အထူးတန်လှတဲ့ "မိုးရာသီ Promotion" လေးကို စီစဉ်ပေးထားပါတယ်။ 🎉

▪️ ချွေးအောင်း (၂) ကြိမ် + ဗိုက်ချုပ်/ဗိုက်လေထုတ် (၂) ကြိမ် ပါဝင်တဲ့ Package ကိုမှ
👉 ၁၃၅,၀၀၀ ကျပ် တည်းနဲ့ အထူးပရိုမိုးရှင်း ရယူနိုင်ပါပြီ။

မဟေသီရဲ့ အခြားသော ပုံမှန် ဝန်ဆောင်မှု ဈေးနှုန်းလေးတွေကတော့ -
🌿 မီးနေသည်ချွေးအောင်း
(၁ ကြိမ်) - ၆၀,၀၀၀ ကျပ်
(၃ ကြိမ်) - ၁၆၀,၀၀၀ ကျပ်

🌿 ဗိုက်လေထုတ်
(၁ ကြိမ်) - ၂၀,၀၀၀ ကျပ်
(၃ ကြိမ်) - ၅၀,၀၀၀ ကျပ်

🌿 ရေစိမ်ကန်
(၁ ကြိမ်) - ၂၀,၀၀၀ ကျပ်
(၃ ကြိမ်) - ၅၀,၀၀၀ ကျပ်

🌿 ဂျိုင်းဖြူ
(၁ ကြိမ်) - ၃၅,၀၀၀ ကျပ်
(၃ ကြိမ်) - ၁၀၀,၀၀၀ ကျပ်

ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့ အမျိုးသမီးတိုင်း ဒီတစ်ပတ်ပိတ်ရက်မှာ မဟေသီနဲ့အတူ စိတ်အေးချမ်းသာစွာ အနားယူလိုက်ပါရှင်။ 🥰

☎️ ဖုန်း - 09444744380 , 0943110673

💬 ဝန်ဆောင်မှု အသေးစိတ်နဲ့ Booking တင်ရန် Page Messenger ကို ယခုပဲ ဆက်သွယ်လိုက်ပါ။

#မဟေသီ #အမျိုးသမီးတိုင်းအတွက် #အိမ်တိုင်ရာရောက်ဝန်ဆောင်မှု

31/05/2026

မီးနေသည် ချွေးအောင်းတာက ရှေးရိုးရာအယူသက်သက် မဟုတ်ပါဘူးနော် 🙅‍♀️

သားအိမ်မြန်မြန်ကျုံ့စေဖို့၊ သွေးဟောင်းသွေးပုပ်စင်ဖို့နဲ့ ခါးနာ၊ ကိုက်ခဲမှုတွေ သက်သာစေဖို့ သိပ္ပံနည်းကျ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ✨

ကလေးတစ်ဖက်နဲ့ အလုပ်ရှုပ်မခံချင်တဲ့ မေမေတို့အတွက် "မဟေသီ" က သန့်ရှင်းတဲ့ ပစ္စည်းကိရိယာတွေ၊ စစ်မှန်တဲ့ ဆေးဖက်ဝင် အပင်တွေနဲ့အတူ အိမ်တိုင်ရာရောက် စနစ်တကျ လာရောက်ပြုစုပေးနေပါပြီ။ 🏠🌿

မဟေသီရဲ့ အိမ်တိုင်ရာရောက် ဝန်ဆောင်မှု ဈေးနှုန်းလေးတွေကတော့ -
🌿 မီးနေသည်ချွေးအောင်း
▪️ တစ်ကြိမ် - ၆၀,၀၀၀ ကျပ်
▪️ သုံးကြိမ် Package - ၁၆၀,၀၀၀ ကျပ်

🌿 ဗိုက်လေထုတ်
▪️ တစ်ကြိမ် - ၂၀,၀၀၀ ကျပ်
▪️ သုံးကြိမ် Package - ၅၀,၀၀၀ ကျပ်

🌿 ရေစိမ်ကန်
▪️ တစ်ကြိမ် - ၂၀,၀၀၀ ကျပ်
▪️ သုံးကြိမ် Package - ၅၀,၀၀၀ ကျပ်

🌿 ဂျိုင်းဖြူ
▪️ တစ်ကြိမ် - ၃၅,၀၀၀ ကျပ်
▪️ သုံးကြိမ် Package - ၁၀၀,၀၀၀ ကျပ်

မိခင်ကျန်းမာမှ ရင်သွေးငယ်လည်း ပျော်ရွှင်မှာမို့ ယခုပဲ မီးနေသည်ချွေးအောင်း ဝန်ဆောင်မှုကို Booking တင်လိုက်ပါ။

☎️ ဖုန်း - 09444744380 , 0943110673

💬 ဝန်ဆောင်မှု အသေးစိတ်ကို Page Messenger တွင်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

#မဟေသီ
#မီးနေသည်ချွေးအောင်း #အိမ်တိုင်ရာရောက်ဝန်ဆောင်မှု

📣ရိုးရိုးမွေးမွေး/ခွဲမွေးမွေး ကလေးမီးဖွားပြီးတဲ့မေမေတိုင်း ချွေးအောင်းပေးရပါမယ်နော်..📣မွေးထားတာ ကြာနေပြီ..ထိရောက်ပါဦးမလာ...
27/05/2026

📣ရိုးရိုးမွေးမွေး/ခွဲမွေးမွေး ကလေးမီးဖွားပြီးတဲ့မေမေတိုင်း ချွေးအောင်းပေးရပါမယ်နော်..

📣မွေးထားတာ ကြာနေပြီ..ထိရောက်ပါဦးမလားဆိုရင်တော့ မီးအထွက် ၁ပတ်ကနေ ၂ လအတွင်းချွေးအောင်းပေးတာ အထိရောက်ဆုံးပါလို့ ပြောပါရစေ..တကယ်လို့ မီးဖွားပြီး ၂ လအတွင်း ချွေးမအောင်းဖြစ်ခဲ့ရင် အခုအချိန်မှီ ၁ ကြိမ်လောက်ဖြစ်ဖြစ် ချွေးအောင်းပေးသင့်ပါတယ်ရှင်..

📣ဘယ်နှကြိမ်လောက် ချွေးအောင်းပေးရမလဲဆိုရင်တော့ ၄၅ ရက်၂ လမကျော်သေးရင် ၂ ကြိမ် ,၃ ကြိမ်အောင်းပေးပါ.. ပထမတကြိမ်က အခိုးပွင့်မယ်ဒုတိယတကြိမ်ချွေးပုပ်တွေထွက်အခိုးညီသွားမှာပါ.၃ကြိမ်ဆိုရင်တော့ ချွေးစုံထွက်လို့ ပိုကောင်းပါတယ်...

📣ကလေးမွေးမှ ချွေးအောင်းလို့ရတာလားလို့ မေးလာရင်တော့ ပျိုပျိုအိုအိုအမျိုးသမီးတိုင်း ကျန်းမာစေဖို့
“ အမျိုးသမီးကျန်းမာရေးချွေးအောင်း “ ကို လုပ်ပေးသင့်ပါတယ်..ကိုယ်တွင်းအပူများတာ, ချွေးငုပ်တာ , ညောင်းကိုက်ထုံကျင်တာ သက်သာစေပါတယ်..ရာသီလာစဉ် မကိုက်ခဲတော့ပါဘူး..သွေးဆုံးကိုင်ဝေဒနာလျော့နည်းစေပါတယ်...

📣ဈေးနှုန်းကတော့ မီးနေသည်ချွေးအောင်းရော, အမျိုးသမီးကျန်းမာရေးချွေးအောင်းရော ၂မျိုးလုံး တကြိမ် ၆၀၀၀၀, နှကြိမ် ၁၀၀၀၀၀, သုံးကြိမ် ၁၄၀၀၀၀ ပါ..တလအတွင်းသက်တမ်းရှိပါတယ်..Home Service ရော ဆိုင်ရော ဒီဈေးပါ..Home Service က ကားကြိုပေးလို့ရသလို Taxi ခပေးလို့လည်း ရပါတယ်..

မွေးပြီးတော့ဗိုက်စည်းခဲ့ဖူးတဲ့မေမေတွေရှိပါသလားရှင် ...မစည်းခဲ့ဖူးတဲ့မေမေတွေ စည်းစည်းမစည်းစည်းလေ့ကျင့်ခန်းမလုပ်တဲ့မေမေတွေအတွက် ကလေးမွေးပြီးတဲ့အခါ သားအိမ်နဲ့မွေးလမ်းကြောင်းတစ်လျှောက် ပြန်လည်တင်းရင်းအောင် မလေ့ကျင့်ကြဘဲ ဝိတ်ကျဖို့အဓိကထားပီး ခုန်ပေါက်ညှစ်ထုပ်ရတဲ့လေ့ကျင့်ခန်းတွေလုပ်တဲ့မေမေများ သားအိမ်ကျ စည်းမထိန်းနိုင်ဖြစ် ချက်အောက်ပိုင်းပူတဲ့ ဗိုက်ပြဿနာနဲ့ မိန်းမကိုယ်နဲ့ပတ်သတ်တဲ့ပြဿနာတော်တော်များများဖြစ်ကြပါတယ် ...
ခါးစည်းများနဲ့ဗိုက်ချပ်စေပြီး မွေးလမ်းကြောင်းကျစ်စေပြီးသားအိမ်ကျခြင်းမှကာကွယ်ပေးပြီး သားအိမ်ပြန်လည်ကျန်းမာစေခြင်း တစ်ရက်ကိုမိနစ်(၃၀)ခန့်အချိန်ပေးပြီးရပါမယ်...

👉မီးနေသည်ချွေးအောင်းဝန်ဆောင်မှု ပြုလုပ်ပုံအဆင့်ဆင့်..

👉အရင်ဆုံး နနွင်းနဲ့မုန်ညင်းဆီရောစပ်, နှိပ်နယ်ပေးပါတယ်...နနွင်းက အရောင်အရမ်းသက်သာ အသားအရေ ကြည်လင်စေပါတယ်..မုန်ညင်းဆီရဲ့ဓါတ်သဘာဝက ကိုယ်ခန္ဓာအနွေးဓါတ်ရစေပါတယ်..နောက်တဆင့် အရေးအကြီးဆုံး ဆေးမြစ်စုံနဲ့ ချွေးအောင်းပေးပါတယ်..မိမိခံနိုင်သလောက် ချွေးထွက် အနဲအများအလိုက် အချိန် အတိုးအလျော့လုပ်ပေးပါတယ်..

👉ပြီးမှ ခနတဖြုတ် ချွေးတိတ်အောင်စောင့် သဘာဝ ဆေးကြပ်ထုပ်နဲ့ တင်းနေတဲ့အကြောတွေပြေလျော့အောင် ကြပ်ထုပ်ထိုးပေးတော့ ညောင်းကိုက်နေတာ သက်သာပြီလေ..Organic Body Scrub လေးကြောင့် မဲညစ်နေတဲ့ ချိုင်းကြား, ပေါင်ကြား, လည်ဂုတ်အသားအရေ နဂိုပြန်ဖြစ်ပြီပေါ့..

👉တကြိမ်တည်းနဲ့သိသာလို့ ထပ်ခါထပ်ခါလာနေကြတာမျိုး..ဆေးမြစ်စုံနဲ့ ရေပူစိမ်ပြီး တောင်နံကြီးလိမ်း အဆုံးသတ် အချိန် ၂ နာရီပါ.. တကိုယ်လုံးပူရှိန်းရှိန်းနဲ့ ပေါ့ပါးသွားတာခံစားရပါမယ်..
၄-ကြပ်ထုပ်ထိုးပြီးရင် အသားအရေဝင်းပကြည်လင်ဖို့, ကိုယ်ဝန်ဆောင်ချိန် ဂျိုင်း, ပေါင်းကြားထဲ အညိုအမဲစွဲတာ ပျောက်ဖို့ သဘာဝပစ္စည်းတွေသုံးပြီး Scrub တိုက်ပေးပါတယ်..
၅-ရေနွေးနဲ့ ဆေးမြစ်စုံရောထားတဲ့ရေနဲ့ Herbal Bath စိမ်ပေးပါတယ်..
၆-နောက်ဆုံးအဆင့် တကိုယ်လုံးကို တောင်နံကြီး, ဆေးမြစ်စုံအရည်လိမ်းပေးပါတယ်..
တကိုယ်လုံးပေါ့ပါးပြီး နေလို့ကောင်းသွားတာကို ခံစားရမှာပါ...မီးနေသည်ချွေးအောင်းက မေမေတို့အတွက်, အမျိုးသမီးကျန်းမာရေးချွေးအောင်းက ပျိုပျိုအိုအိုအမျိုးသမီးတိုင်းအတွက်ပါရှင်..

တကြိမ်စာ ၆၀၀၀၀,နှကြိမ်စာ ၁၁၀၀၀၀,သံုးကြိမ်စာ ၁၆၀၀၀၀ Home Service ဆို Taxi ခ +ပါ..

🩸🩸မှတ်ချက်- Service ဈေးနှုန်းအပြောင်းအလဲသတိပြုပေးပါရန် / Package သက်တမ်း ၁ လအတွင်း ပြုလုပ်ပေးပါရန်

မဟေသီမီးနေသည်ချွေးအောင်း

အမှတ် 691 မြေညီ မေတ္တာညွန့် ကမ္မာဌာန်းလမ်း တာမွေ မြို့နယ်

09444744380/0943110673 ကိုဆက်သွယ်ဖို့ မမေ့ပါနဲ့နော်

💢ကိုယ်ဝန်ဆောင်နေချိန် ခန္ဓာကိုယ်ညောင်းကိုက်နေတဲ့ဝေဒနာက ဘာနဲ့မှမတူဘူးနော်..   💢ခြေလက်တွေဖောရောင်,တကိုယ်လုံးနေလို့မရအောင်က...
30/04/2026

💢ကိုယ်ဝန်ဆောင်နေချိန် ခန္ဓာကိုယ်ညောင်းကိုက်နေတဲ့ဝေဒနာက ဘာနဲ့မှမတူဘူးနော်..

💢ခြေလက်တွေဖောရောင်,တကိုယ်လုံးနေလို့မရအောင်ကို မအီမသာဖြစ်တာက မွေးခါနီးလေပိုဆိုးလေပါ..ကြွက်သားတွေလဲ နာကျင်ကိုက်ခဲ,အထိုင်အထလဲ မသက်သာတော့ဘူးလေ..💔
💢ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်တွေဂယောက်ဂယက်နဲ့ အစိုးရိမ်လွန်တာ,အိပ်မပျော်တာတွေက ဆက်တိုက်ဆိုသလိုပါ..ရင်သားတွေတင်း, ခြေလက်တွေထုံကျင်လာပါပြီ.☹️
💢ကိုယ်ဝန်ဆိပ်တက်လို့ အရေပြားတွေယားယံလာတတ်ပါတယ်..ခေါင်းကိုက်တာ, ကြွက်တက်တာ, ဆီးသွားများတာနဲ့ အိပ်ရေးပျက်,အိပ်ရေးမဝတော့ စိတ်မကြည် ဒါတွေနဲ့ မုန့်လုံးစက္ကူပတ်နေတာ မမွေးခင်အချိန်ထိပဲဆိုပါတော့...
💢ကိုယ်ဝန်ဆောင်ချိန် ကိုယ်စိတ်နှလုံးနေထိုင်ကောင်းရွှင်လန်းစေဖို့ ဆောင်ရန်ရှောင်ရန်တွေ ပြောပြပေးချင်ပါတယ်...အိပ်ရေးဝဝအိပ်ဖို့ အရေးကြီးပါတယ်..သင့်တင့်လျောက်ပတ်တဲ့ အစာအာဟာရကို ပုံမှန်မှီဝဲပါ.ဘာမှရှောင်စရာမလိုပါဘူး..
💢လမ်းပုံမှန်လျှောက်ပေးပါ..တေးဂီတနားဆင်ပါ..အိပ်ချိန်မှန်ပါစေ..ရေနွေးနွေးနဲ့ရေချိုးပါ..ဆရာဝန်နဲ့ပုံမှန်စစ်ဆေးမှုခံယူပါ.တရားထိုင်ပါ.အညောင်းပြေအောင် အနှိပ်ခံပါ...😌😌
💢ကျမတို့ မဟေသီရဲ့ ကိုယ်ဝန်ဆောင်အနှိပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်... ခံယူဖူးသူတိုင်း စိတ်လက်အပန်းဖြေ ခန္ဓာကိုယ်ကိုက်ခဲတာတွေပျောက် ပေါ့ပါးသွားတာ လက်တွေ့ပါ...စိတ်ကြည်လင်မှုရစေပြီး ညဖက်ကောင်းကောင်းအိပ်ပျော်စေပါတယ်...ရနံ့ကုထုံးကြောင့် သွေးလည်ပတ်မှုအားကောင်းလာပြီး တောင့်တင်းနေတဲ့ အကြောအချဉ်တွေပြေစေပါတယ်..ခါးကိုက်ခါးနာတာတွေ သက်သာစေပါတယ်..
💢အချိန် ၁ နာရီ ၅၀၀၀၀ကျပ်နဲ့ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးပါတယ်ရှင်😌
#မဟေသီ
#မီးနေသည်ချွေးအောင်း
#ကလေးမွေးပြီးချွေးအောင်းစို့

သင်္ကြန်ပိတ်ရက်မှ အားကြတဲ့ မေမေတို့အတွက် ကျွန်မတ်ု့ မဟေသီ Team က Service ပေးဖို့ အဆင်သင့်ပါတယ်ရှင်..ဝန်ဆောင်ခကလည်း ပုံမှ...
09/04/2026

သင်္ကြန်ပိတ်ရက်မှ အားကြတဲ့ မေမေတို့အတွက် ကျွန်မတ်ု့ မဟေသီ Team က Service ပေးဖို့ အဆင်သင့်ပါတယ်ရှင်..ဝန်ဆောင်ခကလည်း ပုံမှန်နှူန်း ၆၀၀၀၀ ကျပ်ပဲ ကျသင့်မှာပါနော်..

#မဟေသီ
#မီးနေသည်ချွေးအောင်း

#ကလေးမွေးပြီးချွေးအောင်းစို့

Address

424R G7P TokyoAuto Service, စက်မှု ၁ လမ်း
Tamwe

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00

Telephone

+95943110673

Alerts

Be the first to know and let us send you an email when မဟေသီ မီးနေသည်ချွေးအောင်း Home Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မဟေသီ မီးနေသည်ချွေးအောင်း Home Service:

Shortcuts

Share

Category