21/03/2024
Skincare တွေ သေချာလုပ်နေပေမဲ့ ဝက်ခြံတွေ ပျောက်မလာသေးဘူးဆိုရင် ဘာတွေ လုပ်သင့်ပြီလဲ?‼️
ဝက်ခြံ သက်သာစေမယ့် skincareတွေကို ဈေးကြီး ဝယ်သုံးပြီး ဝက်ခြံတွေလည်း မသက်သာလာဘူးဆိုရင်တော့ ဒီအချက်တွေကို လိုက်လုပ်ကြည့်သင့်ပါပြီနော်⬇️⬇️
1. ခေါင်းအုံးစွပ်၊ အိပ်ရာခင်း၊ တဘက်တွေကို ပုံမှန်လျှော်ပေးပါ
- တစ်ကိုယ်ရေသုံး ပစ္စည်းတွေမှာ ဘက်တီးရီးယားတွေ ကပ်နေတတ်တာမို့လို့ တစ်ပတ်တစ်ခါလောက် လျှော်ပေးတာ အကောင်းဆုံးပါပဲနော်။ မလျှော်ပဲ ဆက်သုံးနေမယ်ဆိုရင် skincareတွေ ဘယ်လောက်ပဲ သုံးသုံး ဝက်ခြံကတော့ ဆက်ထွက်နေဦးမှာပဲနော်🩷
2. Dairy Food, Instant Foodတွေကို ရှောင်ပါ
- နို့ထွက် ပစ္စည်းတွေက ဝက်ခြံထွက်နေတုန်း စားလိုက်မယ်ဆိုရင် ဝက်ခြံတွေကို ပို ယောင်လာစေတတ်ပါတယ်။ Instant foodတွေမှာ ဆိုရင်လည်း ကျန်းမာရေးအတွက် မကောင်းမွန်တဲ့ chemical တွေ ပါဝင်တာမို့လို့ ဝက်ခြံကို ပိုမို ဆိုးသွားစေတတ်တာပဲ ဖြစ်ပါတယ်။ အဲဒီအစား အသီးအရွက်၊ အသား၊ငါးတွေကို ပိုစားပေးပါနော်🩷
3. အိပ်ရေးဝအောင် အိပ်ပါ💤💤
- အိပ်ရေး ပျက်ရင်လည်း ဝက်ခြံတွေ ထွက်လာတတ်တာမို့လို့ အချိန်မှန်လေး အိပ်ပေးဖို့တော့ လိုပါတယ်။ ည ၁၁နာရီကို နောက်ဆုံးထားပြီး အိပ်ရာဝင်တာက အသားအရေအတွက်ရော ကျန်းမာရေး အတွက်ရော အကောင်းဆုံးပဲ ဖြစ်ပါတယ်
4. Cleansing လုပ်တဲ့ နည်းလမ်း🧼
- ဝက်ခြံ ထွက်တတ်တဲ့သူတွေဆိုရင် သေချာပေါက် double cleansing လုပ်ပေးဖို့ လိုအပ်ပါတယ်နော်။ မျက်နှာသစ်ရင်လည်း အမြှုပ်တွေကို ဆံပင်နားတွေမှာ မကျန်ခဲ့အောင် ဂရုစိုက်ပေးပါနော်
5. Skincareတွေ လိမ်းပေးပါ 💟
- အသားအရေအတွက် Moisturizingနှင့် clamingက အရေးကြီးတာမို့လို့ ဝက်ခြံအတွက်ထုတ်ထားတဲ့ skincareတွေကို သုံးဖို့ အပြင် moisturizerကို လိမ်းပေးဖို့ လိုအပ်ပါတယ်နော်။ဝက်ခြံ ထွက်တတ်သူဆိုရင် Maskကပ်မယ်ဆိုရင်တောင် modeling maskကို ကပ်ပေးပါနော်။ modeling maskတွေက calmingဖြစ်စေပြီး moisture အတွက်ရော အရမ်းကို သင့်တော်တဲ့ mask မို့လို့ပဲ ဖြစ်ပါတယ်နော်
6. နေလောင်ကာ သေချာပေါက်လိမ်းပေးပါ 🔆🔆
- ဝက်ခြံထွက်တတ်တဲ့သူ တော်တော်များများက suncreamလိမ်းရင် ဝက်ခြံက ပိုဆိုးလာတတ်တယ်ဆိုပြီး suncreamကို မလိမ်းရဲကြတာ များပါတယ်။ ဒါပေမဲ့ နေလောင်ဒဏ်ကို ကာကွယ်ဖို့နှင့် အရေးကြောင်း၊ အမဲစက်၊ တင်းတိပ်တို့ မဖြစ်ရအောင် ကာကွယ်ပေးဖို့ အကောင်းဆုံး နည်းလမ်းကတော့ နေလောင်ကာ ခရင်မ်တစ်ခုခုကို လိမ်းတာပါပဲ။ Suncreamကို မလိမ်းရဲဘူးဆိုရင်တောင် အခုခေတ်မှာ ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်ထားတဲ့ Sunspray, Sun Stick, Gel Type အစရှိတဲ့ အမျိုးအစားတွေ အများကြီး ရှိတာကြောင့် တစ်ခုခုကိုတော့ သေချာပေါက် လိမ်းပေးပါနော်💟
💗 Skincareရတာ စိတ်ဝင်စားတဲ့သူတွေအတွက် အခြား စိတ်ဝင်စားစရာကောင်းတဲ့ contentလေးတွေ တင်ပေးဦးမှာမို့လို့ page ကို like & followလေး လုပ်ထားကြပါဦးနော် 💗