Cherry Healthy World

Cherry Healthy World အဆစ်/ကြွက်သား/အရွတ် ကိုက်ခဲ
ထုံကျင် ရောင်ရမ်း အတွက်
ဆေးကပ်ခွာ နှင့် လိမ်းဆေး လက်လီ /လက်ကား 🍀

ငွေမကုန်ဘဲ ကျန်းမာစေနည်း --------------------------------၁။ရေများများသောက်ဖို့ ပိုက်ဆံမကုန်ပါဘူး ။၂။လေဝဝရှူဖို့ ပိုက်ဆံမ...
28/02/2026

ငွေမကုန်ဘဲ ကျန်းမာစေနည်း
--------------------------------
၁။ရေများများသောက်ဖို့
ပိုက်ဆံမကုန်ပါဘူး ။

၂။လေဝဝရှူဖို့
ပိုက်ဆံမကုန်ပါဘူး ။

၃။မိမိနဲ့သင့်လျော်တဲ့
အားကစားတစ်ခုခုကို
အချိန်အနည်းငယ်ပေးပြီး ပြုလုပ်ဖို့
ခန္ဓာကိုယ်ချွေးထွက်ဖို့
ပိုက်ဆံမကုန်ပါဘူး ။

၄။ Online ပိတ်ပြီး
ညစောစောအိပ်ဖို့
ပိုက်ဆံမကုန်ပါဘူး ။
အိပ်ရေးဝဖို့ တစ်ပြားမှမကုန်ပါဘူး ။

၅။ မိမိစားနေကျ အစားအစာတွေကို
သေချာပြန်စစ်ဆေးပြီး
ဘယ်ဟာကိုရှောင်ရမယ်
ဘယ်ဟာကိုဖြည့်စားရမယ်ဆိုတာသိရင်
စားနေကျ ဟာထက် ပိုမကုန်ပါဘူး ။

၆။ fb ကြည့်တဲ့အခါ …
ကုသိုလ်ပြုဖို့ မျှဝေဖို့
ဟာသတွေကြည့်ရှုပြီးရယ်မောဖို့
သင်သုံးနေကျထက် ပိုမကုန်ပါဘူး ။

ဒေါသထွက်စရာ page တွေ
စိတ်ဆင်းရဲစရာ page တွေ
ကိုယ့်ကိုဒေါသထွက်စေတဲ့လူတွေကို
unfollow လုပ်ပြီး
ရယ်စရာကောင်းတာတွေ
စိတ်ကြည်နူးစရာတွေကိုပဲ like လုပ်ထားပါ ။

Bill ကုန်ခံပြီး စိတ်ဆင်းရဲမခံပါနှင့်။
Bill ကုန်ခံပြီး ဒေါသကိုမဝယ်ပါနှင့် ။
Bill ကုန်ခံပြီး အသက်မတိုပါစေနှင့် ။

၇။ ဘာသာရေးလုပ်ဖို့ပိုက်ဆံမလိုပါဘူး ။
ဘယ်ဘုရားကမှ ပိုက်ဆံရှိမှတရားရမယ်။
ပိုက်ဆံအကုန်ခံမှ ကောင်းကင်ဘုံရောက်မယ်
မမိန့်ခဲ့ပါ။
တစ်ပြားမှကုန်စရာမလိုပဲနှင့်
ဘုရားရှိခိုးနိုင်ပါသည်။
ကပ်ဆိုးဆိုက်နေသော လောကကြီးတွင်
နေ့စဉ်နာရီဝက်ခန့် ဘုရားတရားရိပ်၌
ခိုလွုံ ပါ ။

၈။ တစ်ကယ့်မိတ်ဆွေကောင်းတွေနဲ့နေရဖို့
ဆွေးနွေးတိုင်ပင်ဖို့ ရယ်ရယ်မောမောပြောနိုင်ဖို့စိတ်လွတ်ကိုယ်လွတ်ရှင်သန်ဖို့
ငွေသိပ်မကုန်ပါဘူး ။

ငွေကုန်ရမှ ပေါင်းလို့ရမယ်ဆိုရင်လည်း
ဒါဟာ မိတ်ဆွေကောင်းမဟုတ်ပါဘူး ။
မိတ်ဆွေကောင်းတွေနဲ့အမြဲဆက်သွယ်နေထိုင်ပါ ။

မိတ်ဆွေ...
တစ်ပြားမှမကုန်ပဲ လုပ်လို့ရတာတွေကို
သင်မလုပ်ခဲ့ရင်....
အများကြီးကုန်မှ လုပ်လို့ရမှာတွေကို
တစ်ချိန်ကျ သင်လုပ်ရတော့မှာပါ.... ။

သိန်းရာချီကုန်မှအသက်ဆက်ရမယ့်
ရောဂါဘယတွေမဖြစ်ခင်
တစ်ပြားမှမကုန်ဘဲ
မိမိကိုယ်မိမိ ကယ်တင်ကြရအောင် …

မူရင်းရေးသားသူအားလေးစားလျက် ....


 #ကျောနာ၊  #ခါးနာတွေကိုပျောက်ကင်းစေနိုင်တဲ့အိပ်စက်နည်း အနေအထား (၄)မျိုးကျောနာ၊ ခါးနာတွေကို အများဆုံး ခံစားရစေတာကတော့ မွေ...
26/02/2026

#ကျောနာ၊ #ခါးနာတွေကိုပျောက်ကင်းစေနိုင်တဲ့အိပ်စက်နည်း အနေအထား (၄)မျိုး

ကျောနာ၊ ခါးနာတွေကို အများဆုံး ခံစားရစေတာကတော့ မွေ့ရာကြောင့် နဲ့ အိပ်စက်ပုံမမှန်တာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ညဘက်အိပ်တဲ့အခါမှာ သေချာ ဂရုတစိုက်နဲ့ အိပ်ပေးတာဖြစ်ဖြစ် ၊ အိပ်ပုံအနေအထားမှန်အောင် အိပ်တာဖြစ်ဖြစ် လုပ်ပေးပါ။

အိပ်ပုံအနေအထားမှန်ရက်နဲ့ မခံမရက်နိုင်အောင် နာနေရင် နားလည်တတ်ကျွမ်းသော သမားတော် နဲ့ ပြကြည့်ပေးဖို့ တိုက်တွန်းပေးပါတယ်။

(၁) လည်ပင်း နဲ့ ကျောအပေါ်ဘက်
=====================

မွေ့ရာကို နောက်ကျောပေးအိပ်တာက နောက်ကျောနဲ့ ခါးကို တစ်ကိုယ့်လုံးရဲ့ ဝိတ်က ပိနေတတ်ပါတယ်။

ဒီနည်းဆိုရင်တော့ လည်းပင်းနဲ့ ဒူးအောက်မှာ ခေါင်းအုံးအသေးစား ခုပေးဖို့လိုပါတယ်။ ဒီလိုခုပေးလိုက်တာက ခါးနဲ့ နောက်ကျောကို သက်သာသွားစေနိုင်ပါတယ်။

(၂) ကျောရိုး
========

ပက်လက်မှောက်အိပ်မယ်ဆိုရင်တော့ ဗိုက်အောက်မှာ ခေါင်းအုံးကို ခုအိပ်ပေးတာ ပိုကောင်းပါတယ်။

ခုထားတဲ့ ခေါင်းအုံးက (၃)လက်မထက် မထူရပါဘူး ဒီလိုအိပ်တာက ခါးနဲ့ နောက်ကျောကို လုံး၀ မထိခိုက် မနာကျင်စေပါဘူး။

(၃) ကျောအောက်ဘက်
===============

ဘေးဘက်လှည့်ပြီး အိပ်တတ်တယ်ဆိုရင် ဖက်လုံးဖက်ပေးရပါမယ်။ ခါးနာတတ်သူတွေက ဖက်လုံးမဖက်တတ်သူတွေအဖြစ်များကြပါတယ်။

အကြောင်းကတော့ တစ်ဖက်ကို လှည့်အိပ်တဲ့အခါ ဖက်လုံးကို မဖက်ထားရင် တစ်ဖက်ရဲ့ အလေးချိန်က ခါးကို ပိနေသလိုဖြစ်နေတာကြောင့်ပါ။ဒါကြောင့် ဖက်လုံးရဲ့ အကူအညီနဲ့ လှည့်အိပ်ပေးတာက ခါးနာတာတွေကို သက်သာစေနိုင်ပါတယ်။

(၄) ခါးပိုင်း
========

တကယ်လို့ ကျောအောက် ခါးနေရာနားမှာ နာနေတယ်ဆိုရင် ဒီလို အနေအထားမျိုးက အထောက်အကူဖြစ်စေမှာပါ။

ခေါင်းအုံး နဲ့ ကူရှင် တို့ကို ကျောနောက်နဲ့ လည်ပင်းနောက်မှာ ခံပေးပါ။ ပိုပြီးသက်တောင့်သက်သာရှိစေဖို့ဆိုရင် နောက်ထပ် ခေါင်းအုံးနဲ့ ကူရှင်တို့ကို ဒူးအောက်နဲ့ ခြေဖနောင့်အောက်မှာ နေရာချထားပေးပါ။

#မူရင်းရေးသားသူကိုCreditပေးပါတယ်
#ကျန်းမာရေးဗဟုသုတ
#ခါးနာ

: Health And Herb

" #နှလုံးရောဂါလက္ခဏာ"၁ – ရင်ဘတ်အောင့်ခြင်းနှလုံးရောဂါလို့ဆိုလိုက်တာနဲ့ ရင့်ဘတ်အောင့်တာပါ တွဲနေတယ်ဆိုတာ အားလုံးသိကြမှာပါ။...
25/02/2026

" #နှလုံးရောဂါလက္ခဏာ"

၁ – ရင်ဘတ်အောင့်ခြင်း

နှလုံးရောဂါလို့ဆိုလိုက်တာနဲ့ ရင့်ဘတ်အောင့်တာပါ တွဲနေတယ်ဆိုတာ အားလုံးသိကြမှာပါ။ နှလုံးသွေးကြော တစ်ချောင်းပိတ်သွားလို့ နှလုံးအရေးပေါ် အခြေအနေတစ်ခုခုဖြစ်တာနဲ့ နှလုံးအောင့်လာမယ်၊ မောလာမယ်၊ ရင်ဘတ်ပေါ်မာ တစ်ခုခုဖိသလိုမျိုး ခံစားရတတ်ပါတယ်။ ဒါမျိုးက စိတ်လှုပ်ရှားသွားလို့ဖြစ်ဖြစ် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ လုပ်လိုက်မိတာပဲ ဖြစ်ဖြစ် ပေါ်လာတတ်တဲ့ ရင်ဘတ်အောင့်ခြင်းဖြစ်ပြီး မိနစ် အနည်းငယ်လောက် ကြာတတ်ပါတယ်။ ဒီစာတွေကို Hello ဆရာဝန် website မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။ နှလုံးရော ဂါဆိုတာကလည်း အများကြီးရှိတာကြောင့် ဘယ်လို အချိန်ဆို ရင်ဘတ်ပိုအောင့်လဲ၊ ဘယ်လိုလုပ်လိုက်ရင် သက်သာသွားလဲ၊ ကိုယ့်မှာအခြား ဘာရောဂါ အခံတွေ ရှိလဲဆိုတာကို ဆရာဝန်ကို သေချာရှင်းပြဖို့တော့ လိုပါတယ်။

၂ – အစာမကြေ ရင်ပြည့်သလိုဖြစ်တာကြာနေပြီး နှလုံးနားက စူးစူးအောင့်ခြင်း။

အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ ပျို့အန်တာတွေဟာ အစာအိမ်တစ်ခုတည်း ကြောင့် ဖြစ်တတ်တာတွေ မဟုတ်ပါဘူး။ ဒီလို အစာမကြေတဲ့ လက္ခဏာတွေ ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ နှလုံးရောဂါကြောင့် အစာအိမ်ဆီကို သွေးတွေ လုံလုံလောက်လောက် မပေးနိုင်တာကြောင့် ဖြစ်ရတာပါ။ ကိုယ်က အစာအိမ်ရောဂါ ဖြစ်နေတဲ့သူလည်း မဟုတ်၊ အစာမကြေစေတဲ့ အစားအစာတွေစားထားတာလည်း မဟုတ်ဘဲနဲ့ အစာမကြေပျို့အန်တာ၊ ရင်ဘတ်အောင့်တာတွေဖြစ်နြေ့ပီဆိုရင် နှလုံးရောဂါကို ချန်လှပ်ထားလို့ မရပါဘူး။

၃ – ရင်ဘတ်အောင့်တဲ့ နေရာက လက်မောင်းကိုက်ခြင်း၊ အောင့်ခြင်း ။ ။

ဖြစ်နေကျ နာမည်ကြီး နောက်ထပ် နှလုံးရောဂါ လက္ခဏာတစ်ခုကတော့ နှလုံး အပြင် နောက်ထက် ဘယ်ဘက်လက်မှာ ကိုက်ခဲပြီး အောင့်တာဖြစ်ပါတယ်။ Radiating pain လို့ခေါ်တဲ့ နှလုံးက ဖြစ်နေတဲ့နာကျင်တဲ့ ခံစားမှုဟာ လက်ဆီကို ပျံ့သွားတာရယ် ၊ လက်ဆီကို သွေးကောင်းကောင်းမရောက်တော့တာရယ်ကြောင့် နှလုံးရောဂါ သမားတွေ လက်ကိုက်ရတာဖြစ်ပါတယ်။

၄ – မူးဝေပြီး ခြေလမ်းတွေ ဟန်ချက်မညီတော့ခြင်း။

အိပ်ရေးမဝလို့၊ အားနည်းနေလို့၊ ဗိုက်ဆာနေလို့ စတဲ့ အကြောင်းအရင်းပေါင်းများစွာကြောင့် မူးဝေတာမျိုးတွေ ဖြစ်တတ်တယ်ဆိုပေမယ့် နှလုံးရောဂါကြောင့်လည်း ဒီလို မူးဝေ တာမျိုး ဖြစ်တတ်ပါတယ်။ ရုတ်တရက်ကြီးမူးဝေလာမယ်၊ ရင်ဘတ်လည်းအောင့်မယ်၊ အသက်ရှူကြပ်တာမျိုးတွေ ပါရှိနေပြီဆိုရင်တော့ နှလုံး ကသွေးကောင်းကောင်း မညှစ်နိုင်တော့လို့ သွေးပေါင်ကျနေပြီလို့ အချက်ပြနေတာ ဖြစ်နိုင်ပါတယ်။

၅ – မေးရိုးနာခြင်း၊ လည်ချောင်းနာခြင်း ။ ။

ဖျားနာတာ၊ တုပ်ကွေးမိတာ၊ ထိခိုက်မိတာတွေရှိတာကြောင့် လည်း မေးရိုးနာတာ၊ လည်ချောင်းနာတာ ဖြစ်တတ်တဲ့အတွက် ဒီလို မေးရိုးနာတာ လည်ချောင်းနာတာ ရှိရုံနဲ့ နှးလုံရောဂါ ဖြစ်နေပြီလို့ စွပ်စွဲလို့မရပေမယ့် Radiating pain လို့ခေါ်တဲ့ နှလုံးကနေ အခြားကို ပျံ့တတ်တဲ့ နှလုံးရောဂါထူးခြား လက္ခဏာကြောင့် ရင်ဘတ်အောင့်တာပါ တွဲရှိရင်တော့ နှလုံးရောဂါကို ချန်ခဲ့လို့တော့ မရပါဘူး။

၆ – မောပန်းလွယ်နေတာ ။

နှလုံးရောဂါသည် တော်တော်များများကို ကြည့်လိုက်ရင် မောပန်းနေပြီး အားနည်းနေတဲ့ ပုံပေါက်နေတတ်ပါတယ်။ အရင်တုန်းက လုပ်နိုင်ခဲ့တဲ့ လှေကားတက်တာ၊ လမ်းအကြာကြီးလျှောက်တာတွေကို ခုတလောမလုပ်နိုင်တော့ဘဲ အရင်လို အမောမခံနိုင်ဘူးဆိုရင် နှလုံးကို သွားစစ်ကြည့်ဖို့တော့ လိုနေပါပြီ ။ ။

၇ – ဟောက်ခြင်း ။ ။

အိပ်ရင် ဟောက်တတ်တဲ့ အကျင့်ဟာလည်း နှလုံးရောဂါ နဲ့ ဆက်စပ်နေပြန်ပါတယ်။ Sleep Apnoea လို့ခေါ်တဲ့ အိပ်နေရင်း အသက်ရှူရပ်ရပ်သွားပြီး ဟောက်တတ်တဲ့သူတွေရဲ့ နှလုံးဟာ အခြားသူတွေထက် ဖိအားတွေပိုခံရပါတယ်။ ဒီိလိုနဲ့ နှလုံးက အလုပ်ပိုလုပ်ရလို့ ကြာလာရင် အသက်ရှူရပ်သွားတတ်ပါတယ်။

၈ – ချွေးစေးပြန်ခြင်း။ ။

ဘယ်မှ ပင်ပင်ပန်းပန်းလည်း လုပ်မထားဘဲနဲ့ ချွေးစေးတွေပြန်လာတယ်၊ မူးဝေလာတယ် ၊ ရင်ဘတ်တွေ အောင့်နေတယ်ဆိုရင် နှလုံးဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။

၉ – မရပ်မနားချောင်းဆိုးတာ ။။

ချောင်းဆိုးတဲ့ ကိစ္စဟာ အဆုတ်ကြောင့် အဖြစ်များတယ်ဆိုပေမယ့် နှလုံးကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်းလို့ခေါ်တဲ့ Heart Failure လို ရောဂါမျိုးမှာဆို နှလုံးက မညှစ်နိုင်တော့တာကြောင့် အဆုတ်ထဲ ၊နှလုံးထဲ သွေးတွေ အိုင်နေတတ်ပြီး ချောင်းဆိုးတာမျိုးတွေ ဖြစ်တတ်ပါတယ်။

၁၀ – ခြေလက်တွေဖောရောင်တာ ။ ။

ခြေလက်တွေဖောရောင်တာဟာ ကျောက်ကပ်ကြောင့် အများဆုံး ဖြစ်တတ်ပေမယ့် နှလုံးစွမ်းဆောင်ရည် ကျဆင်းတဲ့ အခါမျိုးမှာ ခြေလက်ရှိ သွေးကြောတွေထဲက သွေးကို အပြည့်အဝမယူနိုင်တော့လို့ သွေးတွေပြန်အိုင်ပြီး ခြေလာက်တွေ ဖောရောင်လာတတ်ပါတယ်။ ဒါ့အပြင် နှလုံးကြောင့် ကျောက်ကပ်ထိသွားတဲ့အခါမှာလည်း ရေနဲ့ ဆားဓာတ်တွေ မညီမျှတော့လို့ ဖောရောင်လာတတ်ပါသေးတယ်။

၁၁ – နှလုံးခုန်စည်းချက် မမှန်ခြင်း ။ ။

နှလုံးနဲ့ပက်သက်တဲ့ ကိစ္စမှာဆို နှလုံးခုန် စည်းချက်မမှန်တာမျိုးတွေ ကိုချန်ခဲ့လို့ မရပါဘူး။ ဒါကြောင့် ကိုယ့်နှလုံးခုန်သံ စည်းချက် မမှန်တဲ့အခါမျိုးမှာ နှလုံးရောဂါကို အဓိက ဦးစားပေးစဉ်းစားသင့်ပါတယ် ။ ။

ဒါတွေကတော့ သင့်လုံးဝ လျစ်လျူရှုဖို့ မသင့်တဲ့ နှလုံးရောဂါနဲ့ ပက်သက်တဲ့ လက္ခဏာ ၁၁ ချက် ပဲ ဖြစ်ပါတယ်။ နှလုံးဆိုတာ လုံးဝကို မပေါ့ဆသင့်တဲ့ ရောဂါ တစ်ခုဖြစ်တာကြောင့် ဂရုစိုက် ကြပါ...လို့

#မူရင်းရေးသားသူအားCreditပေးပါတယ်

ရေသောက်ခြင်း အကျိုးကျေးဇူးများမေး ~ အိပ်ယာနိုးနိုးချင်း ရေအရင်သောက်ရမလား ခြေထောက်အရင်ဆေးသင့်သလား သိပါရစေ။ဖြေ ~ ရေသည် လူတ...
24/02/2026

ရေသောက်ခြင်း အကျိုးကျေးဇူးများ

မေး ~ အိပ်ယာနိုးနိုးချင်း ရေအရင်သောက်ရမလား ခြေထောက်အရင်ဆေးသင့်သလား သိပါရစေ။

ဖြေ ~ ရေသည် လူတို့၏ အသက်ရှင်

ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက်တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်

သောက်သင့်သည့် အချိန်တွင်သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံးအကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

ရေသောက်သုံးသင့်သော အချိန်များ

* နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။

* အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။

* ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။

* မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။
ရေအကျိုး ဆယ်ပါး

* ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင်ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။

ရေသောက်များပါက ဆီးတွင်အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင်ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။

* ရေသည် ဆီးလမ်းကြောင်း ပိုး၀င်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteriaပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။

*ရေသည် ၀မြးလွောသညြ့အခါတှငြ ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်ကပိုမိုထိရောက်ပါသည်။

* ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင်ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။

* ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။

ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူနှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။

* ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး
တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။

* ရေများများသောက်ပါက ၀မြးခွုပခြှငြးကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မြးခွုပစြပေါသညြ။ ထို့ကြောင့် ၀မြးခွုပြ၍ မရသည့်
လိပ်ခေါင်းနှင့် စအို၀ကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင်
ဖြစ်ပါသည်။

* ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့်
ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။

* အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။

* ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။

ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်

* အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။

* တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။

* ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။

* ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။

* ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။

အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားသွားပါလိမ့်မည်။

* ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။

* ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။

* ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။

* ကိုယ်၀န်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။

Ctedit to original

 #ဇက်ကျီးပေါင်း ဆိုတာ ဇက်အဆစ် တခုနဲ့တခု ကိုဆက်စပ်ပေးတဲ့ အရိုးနုလေးတွေပျက်စီးခြင်းကြောင့် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဇက်အ...
23/02/2026

#ဇက်ကျီးပေါင်း ဆိုတာ ဇက်အဆစ် တခုနဲ့တခု ကိုဆက်စပ်ပေးတဲ့ အရိုးနုလေးတွေပျက်စီးခြင်းကြောင့် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဇက်အဆစ်ရောင်ခြင်းလို့ လည်းခေါ်ပါတယ်။

လည်ဆစ်ရိုး၇ခု အလိုက် ခံစားရတဲ့ ကျီးပေါင်း ပုံစံပြန်ကွဲ ထွက်နေတတ်ပါတယ်

1.ဇက်အမြဲတက်ခြင်း

2.လည်ဆစ်ရိုး‌တောင်းတင်း ကိုက်ခဲခြင်း

3.လက်မောင်း ၊လက်ပြင် နှင့်ပုခုံးဆစ် ကိုက်ခဲ ၊ လက်မြောက်မရခြင်း ၊ထုံကျင်ခြင်း

4.ခေါင်းဘယ်ညာလှည့် ခေါင်းမော့ ခေါင်းငုံ့လျှင် ခေါင်းချာချာလည်မူးခြင်း

ကိုယ်ဘယ်အဆင့် ခံစားနေရပြီလဲ ?

ဘယ်လိုသက်သာမှုယူမယ် ဆိုတာ ဆက်လေ့လာကြည့်ရအောင် !

🍀ဇက်ကျီးပေါင်း ဖြစ်လျှင် ဒီအချက်တွေကို ရှောင်ပေးပါ

1.ခေါင်းငုံ့ ခေါင်းမော့ ကြာရှည်လုပ်တာ
အာရုံအကြာကြီးစိုက် (ဥပမာ-ဖုန်း/ကွန်ပျူတာ )ရှောင်ပါ

2.အလေးပင်ထမ်းခြင်း ရှောင်ပါ

3.အအေးခံတာ ရှောင်ပါ

4.ဆီများတာ/အငံအတက်စာ/Alcoholရှောင်ရန်

▪️ဇက်ကျီးပေါင်း ရောဂါ ခြေနေ
မပြင်းထန်ချိန်မှာ သက်သာမှုယူနိုင် တဲ့နည်းမှာတော့

✅ ရေခဲကပ်တာ/ ရေနွေးအိတ်ကပ်တာ

✅ လေ့ကျင့်ခန်းလုပ်ပေးတာ

✅အပ်စိုက်တာ

✅နောက်တစ်ခုက အကိုက်အခဲ ပျောက်ဆေးသောက်တာတွေ လုပ်နိုင်ပါတယ်။

❗ကိုက်ခဲရေရှည်မမှီဝဲချင်သူအတွက် ❗

✅ဇက်ကိုက်ခဲ/လက်ပြင်နာ/ပခုံးကြော တောင့်တင်း /ခေါင်းအုံ လာတိုင်းဆေးခန်း ပြဖို့ အချိန်မရတာ/ကိုက်ခဲပျောက်ဆေး အမြဲ မမှီဝဲသူတွေအတွက် သ‌တင်းကောင်း ကတော့

#တိုင်းရင်းဆေးကပ်ခွာနဲ့လိမ်းဆေး အကူယူပြီးသက်သာမှု ယူလို့ရပါတယ်👇

🍀တိုင်းရင်းဆေကပ်ခွာမှာ ပါတဲ့(Phlai ကတ်စမူနာဂျင်း) နဲ့ သစ်ကြံပိုးခေါက် ပါ၀င်တာကြောင့် #ထုံကျင်ကုိက်ခဲတာ သက်သာစေပြီး #တောင့်တင်းတဲ့ကြွက်သားတွေကို သက်သာလျော့ချပေးတယ်။

တိုင်းရင်းဆေးကပ်ခွာ ထဲမှာ နောက် ပါ၀င်ပစည်း တစ်ခုက 👇

#ပူစီနံ ပါဝင်တာကြောင့် စိတ်ဖိစီးမှုကိုလျော့ချပေးပြီး နှစ်ခြိုက်စွာအိပ်ပျော်စေတယ်။

Product ဖြစ်လို့လူကြီးလူငယ်အရွယ်သုံးစိတ်ချသုံးလို့ရတယ်ရှင့်

နေ့ခင်းလိမ်းဆေးလိမ်းပြီး ညဆေးကပ်ခွာကပ်ပေးရုံနဲ့ ခံစားရတဲ့ဝေဒနာကို သက်သာမှုရယူလိုက်ပါ

စျေးနှုန်း များမှာ ☘️

🍀ဆေးကပ်ခွာ=23500

(ဆေး 10ချပ်+ခြေစိမ်အိတ် လက်ဆောင် တစ်ထုပ်)

🍀လိမ်းဆေး =235500 (20ml)

✅သုံးစွဲသူ ရဲ့ Feedback များကို
လည်း comments တွေကိုပါ လေ့လာ နိုင်ပါတယ်ရှင်☺️

🚗 ရန်ကုန် ၂ရက်အတွင်း အိမ်ရောက်ပို့ ငွေချေ ရပြီး

🚗တောင်ကြီးကို ၂၄ နာရီ အတွင်း အိမ်ရောက်ပို့ ငွေချေ နှင့်

🚗တခြားမြို့ ပေါင်း( ၃၀၀) ပါ အိမ်ရောက် ပို့ ငွေချေ ဖြင့် ပို့ဆောင် ပေးနေပါပြီရှင့်

✅တစ်ယောက် နဲ့ တစ်ယောက် ဖြစ်တဲ့ကြာချိန်နဲ့ခံစားရတဲ့ဝေဒနာ မတူတဲ့အတွက် သုံးရမည့် ဆေးပမာဏ နဲ့ ကပ်နည်း လည်း
မတူနိုင်ပါနော်

page messenger (သို့မဟုတ်) Viber-09442624624 သို့ အသေးစိတ် လာရောက် ဆွေးနွေးတိုင်ပင်ပြီး ၀ယ်ယူနိုင်ပါတယ်ရှင့်

စာကူးယူ ပြုပြင် ခွင့်မပြုပါ📌



#ဇက်ကျီးပေါင်း #လက်ပြင်အောင့်

#ဇက်ကိုက် #လက်မြောက်မရ

#09442624624

သွေးပေါင်ကျခြင်းအတွက် သဘာ၀ကုထုံး========================== သွေးပေါင်ကျခြင်းဆိုသည်မှာ…===================-အရွယ်ရောက်သူတစ်...
22/02/2026

သွေးပေါင်ကျခြင်းအတွက် သဘာ၀ကုထုံး
==========================

သွေးပေါင်ကျခြင်းဆိုသည်မှာ…
===================
-
အရွယ်ရောက်သူတစ်ဦးရဲ့ ပုံမှန်သွေးပေါင်ချိန်ဟာ (၁၂၀/၈၀) အပေါ်သွေး ၁၂၀ အောက်သွေး ၈၀ ရှိသင့်ပါတယ်။ အကယ်၍ သွေးပေါင်ချိန်ဟာ (၉၀/၆၀) အောက်သို့ထိုးဆင်းသွားခြင်းကို သွေးပေါင် ကျတယ်လို့ခေါ်ပါတယ်။ ရုတ်တရက်သွေးပေါင်ကျခြင်း ဟာ ရုတ်တရက်သွေး တိုးခြင်းလိုဘဲ အသက် အန္တရာယ်စိ်ုးရိမ်ရပါတယ်။ နာတာရှည်သွေးပေါင်ကျခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ အရေး ကြီး အစိတ်အပိုင်း များသို့အောက်စီဂျင်ပြတ်လပ် ကာ၊ နောက်ဆုံးမှာေ တာ့့ နှလုံး၊ ဦးနှောက်အာရုံကြောနှင့် သွေးပြန်ကြော များကို ထိခိုက်ပျက်စီးစေပါတယ်။

ဘာ့ကြောင့်ဖြစ်….

အမျိုးသား/အမျိုးသမီး ၁၀ ဦးတွင် ၀.၅ ဦးနှုန်းခန့်မွေးရာပါ သွေးပေါင်ကျရောဂါပါ လာတတ်ကြ ပါတယ်။ အာဟာရချို့တဲ့ခြင်း၊ သွေးအားနည်းခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ ဟိုက်ပါသိုင်းရွုက်၊ ဆီးချို၊ ဂလူးကို့စ် ကျဆင်းခြင်း၊ ဟိုမုန်းမျှတမှုမရှိခြင်း၊ ဓာတ်မ တည့်ခြင်း၊ သွေးမလျှောက်ရောဂါ တို့ကြောင့် သွေးပေါင်ကျစေ ပါတယ်။ ထို့ပြင် သွေးတိုးကျဆေးများ ဆက်တိုက်သောက် သုံး ခြင်း၊ နှလုံးရောဂါပျောက်ဆေး၊ လေဖြတ် ရောဂါ နှင့် အသည်းရောဂါဆေးများ မှီဝဲကြရသူများ တွင် ထိုဆေးများ၏ ဘေးထွက်ဆိုး ကျိုးကြောင့် သွေးပေါင်ကျလာပါတယ်။ ကိုယ်၀န်ဆောင်မိခင်ေ လာင်များမှာ ခန္ဓာကိုယ်တွင်းသွေးလည်ပတ်စီးဆင်းမှု ချဲ့ထွင်ပေးရ သဖြင့် မကြာခဏသွေးပေါင်ကျလေ့ရှိပါတယ်။

သွေးပေါင်ကျ လက္ခဏာများ..

သွေးတိုးရောဂါကဲ့သို့ ခေါင်းမူး-ခေါင်းကိုက်-မျက်ရိုးကိုက်တတ်ပါတယ်။ ထို့ပြင် မူးနောက်ေ နာက်ဖြစ်ခြင်း၊ အီလည်လည်ဖြစ်ပြီး အန်ချင်ခြင်း၊ အမြင်အာရုံေ၀၀ါးခြင်း၊ ရေငတ်ခြင်း၊ နှူတ်ခမ်း-လက်ဖဝါး-မျက်တွင်း သား-ခြေဖဝါးနှင့် အရေပြားအရောင်ဖျော့ေ တာ့ ခြင်း၊ နှလုံးခုန်နှုန်းမ မှန်ခြင်း၊ နှလုံးလျှင်မြန်စွာခုန်လာခြင်း၊ အသက်ပြင်းပြင်းမရှုနိုင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ သတိမေ့မျောခြင်း၊ ရုတ်တရက် မွန်းကြပ်ခြင်း… စသည် တို့က သွေးပေါင်ကျ လက္ခဏာများဖြစ်ပါတယ်။

အနေအထိုင်ဆင်ခြင် ကုထုံးနည်း…

၁) ခြေထောက်မှသွေးများ နှလုံးထံသို့ပြန်လည်စီးဆင်းလာစေအောင် အိပ်ယာထက်တွင် ပက် လက် လှန်ပြီး၊ ခြေထောက် ၂ ချောင်းကို မိုးပေါ်ထောင်ကာ ကပ်ကြေးပုံစံ ကြက်ခြေခတ်လုပ်၍ အသာအယာ လှုပ်ရှားပေးပါ။

၂) ယောဂကျင့်စဉ်ကလည်း စိတ်ငြိမ်၍ အာရုံကြောအဖွဲ့အစည်းကိုမျှတစေသည့်ြ ပင် သွေးလည်ပတ် စီး ဆင်းမှုကို တိုးတက် ကောင်းမွန်လာစေပါတယ်။

၃) အချိန်အကြာကြီး မတ်တပ်မရပ်ပါနှင့်။

၄) ထိုင်ရာမှ ချက်ချင်းမတ်တပ်ထရပ်ခြင်း (သို့မဟုတ်) တစ်ဘက်သို့ရုတ်တရက်ခေါင်းလှည်ခြင်း မပြုလုပ် ရ။

၅) ချွေးထွက်မလွန်ရလေအောင် နေအပူရှိန် (ဝါ) မီးပူဒဏ်မခံပါနှင့်။

၆) လျှပ်စစ်ပစ္စည်းများကို ဓာတ်အားဖြည့်သွင်းသကဲ့သို့၊ ခန္ဓာကိုယ်ယန္တရားကြီးကိုလည်း အားပြန်ဖြည့်ပေး ဖို့လို့ပါတယ်။ တစ် နေ့လျှင် အနည်းဆုံး မိနစ် ၃၀ မျှတရားထိုင်ခြင်းက ကိုယ်စိတ်နှ စ်ပါးစလုံးအတွက် သဘာ၀အားဖြည့်ဆေးပါဘဲ။

၇) ရက်သတ္တ ၁-ပတ်လျှင် ၁-ကြိမ်မျှ ကျောရိုးနှိပ်ခံခြင်းက၊ အရိုး-အရိုးဆက်-ကြွက်သား တို့ကို ပြေလျော့၍ ပင်ပန်းနွယ်မှု သက် သာစေရုံသာမက၊ သွေးလည်ပတ်စီးဆင်းမှုကိုလည်း ကောင်းမွန်စေပါတယ်။

၈) ဖြည်းဖြည်းမှန်မှန်လမ်းလျှောက်၍ အသက်ရှုသွင်းလေ့ကျင့်ခဏ်းက သွေးလည်ပတ်စီးဆင်းမှုကို ကောင်း မွန်တိုးတက်စေပါ တယ်။ တစ်နေ့လျှင် မိနစ် ၂၀ ခန့်လမ်းလျှောက်ရင်း၊ လေရှုသွင်းပါ။ လေတစ်ကြိမ်ရှု တိုင်း အနဲဆုံး ၃မိနစ် ကြာအောင် ရှိုက်ပါ။

အစားအသောက် ကုထုံး…

၁) ခန္ဓာကိုယ်အတွင်း ရေဓာတ်ဆုံးရှုံးခြင်းက သွေးပေါင်ချိန်ကျစေလို့ ရေဓာတ်မဆုံးရှုံးရလေအောင် တစ်နေ့လျှင် အနည်းဆုံး သောက်ရေ ၈ ခွက် (သို့မဟုတ်) အရည်ရွှမ်းသော သစ်သီးများ များစားပေးပါ။

၂) ဆား နှင့် ဆိုဒီယမ်ဓာတ်ပါရှိသော အစားအစာများကလည်း သွေးပေါင်တက်စေပါတယ်။ (သို့သော် အလွန်အကျွံမစားပါနှင့်)

၃) စပျစ်သီးခြောက် ၁၀-လုံးကို ရေတညသိပ်ပြီး စားပါ။ ဤနည်းအတိုင်း တစ်လတိ တိစားပေးပါ က၊ သွေးပေါင်ကို ပုံမှန်ဖြစ်လာ စေပါတယ်။

၄) ဗာဒံစေ့ကို နွားနို့ပူပူဖြင့် သောက်ခြင်းက သွေးပေါင်ပြည့်စေတဲ့ အကောင်းဆုံး အိမ်တွင်းကုထုံးလို့ ဆိုကြပါတယ်။

၅) မြေပဲ မှာ ဗီတာမင်နှင့် ပရိုတင်းဓာတ်တို့ ကြွယ်၀စာပါရှိလို့ မြေပဲကြော်စားပေးပါ။

၆) စွန်ပလွန်သီးကို နွားနို့နွေးနွေးဖြင့် တစ်နေ့ ၂ကြိမ် (သို့မဟုတ်) ၃ကြိမ် သောက်ခြင်းကလည်း ထိရောက်မှုဖြစ်စေပါတယ်။

၇) သဘာဝြကံရည်က ခွန်အားတိုးပွားစေပြီး၊ မူးမော်ခြင်းကင်း၍ သွေးပေါင်ပြည့်စေပါတယ်။

၈) ဂျုံမြက်မှာ ခွန်အားပြည့်စေတဲ့ အာနိသင်ရှိလို့၊ ဂျုံမြက်ကို နွားနို့ဖြင့်ပြုတ်၍ တစ်နေ့ ၂ကြိမ် သောက်ပေး ပါ။

၉) ဆီကြော်မုန့်များ နှင့် အနီရောင်အသားများကို အလွန်အကျွံစားသုံးခြင်း က သွေးပေါင် အတက်/အကျ ကြမ်းစေရုံသာမက၊ ကျောက်ကပ်နှင့်ဆိုင်သောရောဂါများ လည်း ဖြစ်လာေ စပါတယ်။

၁၀) ဗီတာမင်စီကြွယ်ဝသော သံပုရာသီးကို ဆား/သကြားသင့်ရုံ ဖျော်သောက်ပေးခြင်းက အမူး အမော်ပြေစေသလို၊ သွေးပေါင် ချိန်ပြန်တက်လာစေပါတယ်။

၁၁) ကွေကာအုတ်ထဲတွင်ပါရှိသော ကစီဓာတ်က ခွန်းအားလည်းပြည့်၊ သွေးလည်ပတ်မှုလည်း ကောင်း မွန်စေ ပါတယ်။

၁၂) ခန္ဓာကိုယ်တွင်း ပိုတက်စီယမ်ဓာတ်ဆုတ်ယုတ်ခြင်းက သွေးပေါင်ချိန်ကျစေတတ်ပါတယ်။ ပိုတက်စီယမ် ကြွယ်ဝသော ဌက် ပျောသီး၊ မုန်လာဥနီ၊ တရုပ်နံနံပင် တို့စားပေးပါ။

၁၃) တစ်နေ့တာ အစားအစာများထဲတွင် ဗီတာမင်ဘီဓာတ်ပေါင်းစုနှင့် ပရိုတင်းဓာတ် အမြောက် အများပါ၀င်သော အဆီနည်း သည့်အသား၊ ကြက်ဥ၊ နို့၊နို့ထွက်ပစ္စည်း နှင့် ချောကလက် စားပေးပါ။

၁၄) ကြက်သွန်ဖြူက သွေးဖိအားကိုထိန်းညှိပေးလို့၊ ညအ်ိပ်ယာ၀င်ခါနီးတိုင်း ကြက်သွန်ဖြူ ၂ တက်(၂မြွှာ) စားပါ။ (သို့မဟုတ်) ဂျင်စင်းကလည်း သွေးလည်ပတ်စီးဆင်းမှုကို လှုံ့ဆော်ေ ပးကာ၊ အိပ်မောကျစေလို့ ညအိပ်ယာ၀င်ခါနီး ဂျင်စင်းဖျော်ရည် ၁-ခွက် သောက် ပေးနိုင်ပါ တယ်။ ဆေးဘက်၀င် ဟင်းခတ်အမွှေး အကြိုင်များဖြစ်သော မန်ကျည်းသီး၊ ဂျင်း၊ ငရုပ်ကောင်း၊ သစ်ကြံ့ပိုး ခေါက်များက သွေးပေါင် တက်လာစေ သလို၊ ကျောက်ကပ်ကိုလည်း ကောင်းကျိုးပြုပါတယ်။

၁၅) ဆူးပန်းရွက်ဟာ သဘာဝသွေးအားနည်းပျောက်ဆေးဖြစ်လို့ ဆီနိုင်နိုင်ဖြင့်ကြော်စားပေး ပါက ၂၄ နာရီအတွင်း သွေးပေါင် ချိန် တက်လာစေပါတယ်။

၁၆) ကီဝီသီး၊ ဖရဲသီးတို့ကလည်း သွေးပေါင်ကျခြင်းအတွက် သဘာ၀ဓာတ်စာများပါဘဲ။

၁၇) ကဖိန်းဓာတ်ပါသော လ္ဘက်ရည်၊ ကော်ဖီများက သွေးပေါင်ချိန်ကို ယာယီတက်စေပါတယ်။

၁၈) အမဲအသည်းကိုကြော်စားခြင်းက ချက်ချင်းသွေးပေါင်တက်လာစေတယ်လို့ဆိုပါတယ်။

၁၉) အစားအစာများကို နဲနဲ နှင့် မကြာခဏစားပေးခြင်းက သွေးပေါင်ချိန် ရုတ်တရက်လျော့ကျခြင်းမှ ကာကွယ်ပေးပါတယ်။

++++++++++++
အချို့သော သွေးအားနည်းရောဂါ လက္ခဏာများဟာ သွေးတိုးခြင်းနဲ့ ခပ်ဆင်ဆင်တူလို့ အတွေ့အကြုံမရှိပါ က ဆေးမှားသောက် တတ်ကြပါတယ်။ သွေးပေါင်ချိန် အရမ်းထိုးကျသွားပါက၊ နီးစပ်ရာ ဆရာ၀န်ပြေးခေါ် ပါ။ ဆရာ၀န်မရောက်ခင် နှလုံးနှင့် ဦးနှောက် ထဲသို့သွေးပြန်လည်စီးဆင်းစေရန် နှင့် သတိလစ်မေ့မြောခြင်း မဖြစ်စေရန်တို့အတွက် ခြေထောက် ၂ ချောင်းကို အပေါ်သို့ ထောင်ထားပေးပါ။

credit #မပေါက်ပေါက်

ကြက်သွန်ဖြူပျားရည် အာနိသင်....ဘာတွေကောင်းလည်းမေးနေတဲ့ မိတ်ဆွေများအတွက် တင်ပေးလိုက်တယ်နော်ကြက်သွန်ဖြူ ဥ ( ဥတလုံး ပို၍ကောင...
21/02/2026

ကြက်သွန်ဖြူပျားရည် အာနိသင်....

ဘာတွေကောင်းလည်းမေးနေတဲ့ မိတ်ဆွေများ
အတွက် တင်ပေးလိုက်တယ်နော်

ကြက်သွန်ဖြူ ဥ ( ဥတလုံး ပို၍ကောင်း)ကို ပါးပါးလှီး
(ကျနော်ကတော့ ရောင်းတဲ့သူဖြစ်တာကြောင့် ဥ တလုံးမှန်းသိအောင် မလှီးတာပါ) ပြီး ဖန်ပုလင်းသန့်သန့်ထဲကို ထည့် ပြီး ၎င်း မြုတ်သည်အထိ ပျားရည်ကိုထည့်ပါ ။
(အစစ်နော်) ပြီးလျင် နေပူ၌ ၇ ရက် လှန်းပြီး အောက်ပါ အကြိမ်အရေအတွက်တိုင်း သုံးဆောင်နိုင်ပါသည် ။
တချို့က ပုလင်းကို အဖုံးဖွင့်လှန်းသလို တချို့က အဖုံးပိတ်လှန်းကြပါတယ်။ ကျနော်ကတော့ ဖုန်ဝင်မှာကြောက်လို့ အဖုံးပိတ်လှန်းပါတယ်)

အာနိသင်တွေကတော့....

၁ ။ နှလုံးသွေးကျော ကျဉ်းရောဂါကို ၁ နေ့ ၃ ကြိမ်။ ၁ကြိမ်လျင် လ္ဖက်စားဇွန်းဖြင့် ၁ ဇွန်း ပုံမှန်စားသုံးသွားခြင်းဖြင့် ကာကွယ်ပြောက်ကင်းနိုင်ပါတယ်။

၂ ။ ပန်းသေ ပန်းညိုး ရောဂါအတွက် တနေ့ ၂ ကြိမ် ဇီးဖြူသီးသကြားပြုတ်ယိုနှင့် တွဲဖက်စားသုံးရပါမယ် အမောလည်းလုံသလို အကြမ်းခံ အပင်ပန်းလည်း ခံနိုင်ပါတယ် ( ကိုကို တွေ အကြိုက်ပေါ့ ပျိုမေတွေလည်းကြိုက်မှာပါ)

၃ ။ အဆီကျ ဗိုက်ချပ် ခြင်ရင်တော့ မနက်စောစော အစာမစားမီ နေ့စဉ်။ ပုံမှန် ၁ ဇွန်းစားသုံးပေးခြင်းဖြင့် မလိုအပ်သော အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်ဗျ ( မမ ဝဝ တွေအကြိုက်ပေါ့)

ကြက်သွန်ဖြူရဲ အခြားသောကောင်းကျိုးတွေကတော့
အအေးမိ ဖျားနာခြင်း ၊ သွေးတိုး ရောဂါရှိသူများ သွေးပေါင်ချိန်မမှန်ခြင်း ၊ သွေးလည်ပက်မှု့ ပုံမှန် မရှိခြင်တို့ကို သက်သာပျောက်ကင်းစေတဲ့အပြင် ၊ ကိုယ်လက်စထရောကို လည်းထိန်းညှိပေးနိုင်တဲ့ အစွမ်းလည်းရှိပါတယ်မှတ်ဉာဏ်ဆုံးရှံးခြင်း ၊ သတိမေ့လျော့ခြင်း ကိုလည်းကာကွယ်ကုသပေးပါတယ် (ဖိုးဖိုး ဖွားဖွား တွေမတွက်ပေါ့)

သူက အရိုးအတွက်လည်း အကျိုးပြုတယ်ဗျ
ပုံမှန်စားသုံးသွားမယ်ဆိုရင် အရိုးပွတာ ၊ အရိုးဆက်တာ ၊ အရိုး ပါး တာ‌တွေကို ကာကွယ်ကုသနိုင်တဲ့အပြင် ရိုးတွင်းချဉ်ဆီ ခန်းခြောက်ခြင်းကိုလည်း ကာကွယ်ကုသု နိုင်ပါသေးတယ်ဗျ

ကျန်သေးတယ်အစာအိမ်ကိုလည်း အကျိုးပြုပါသေးတယ်ဗျ အစာမကြေ လေထိုး လေအောင့် အစာအဆိပ်သင့်ခြင်း တို့ကိုလည်း သက်သာပြောက်ကင်းစေပါတယ်ဗျာ

ကဲဒီလောက်ဆိုကျေနပ်လိမ့်မယ်လို့ထင်ပါတယ်ဗျ
ဆရာ့ဆရာတွေဆီက လေ့လာမိသလောက်လေး ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်ဗျ။

ကျန်းမာကြပါစေ....

ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ အဆိပ်အ​​တောက်တွေ ပုံမှန်ထက် များလာပြီဆိုရင် ဘာတွေ ဖြစ်တတ်သလဲ???- ပါးစပ်(ခံတွင်း)အနံ့ နံခြင်း...
20/12/2025

ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ အဆိပ်အ​​တောက်တွေ ပုံမှန်ထက် များလာပြီဆိုရင် ဘာတွေ ဖြစ်တတ်သလဲ???
- ပါးစပ်(ခံတွင်း)အနံ့ နံခြင်း
- ချွေးအနံ့ ဆိုးရွားလွန်းခြင်း
- လေလည်တဲ့အခါ ပုံမှန်ထက် အပုပ်နံ့
ပိုထွက်ခြင်း
- သွားဖုံးတွေ ကြွပြီး နာတတ်ခြင်း
- ကိုယ်လက် မအီမသာ ဖြစ်ခြင်း
- နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ ခက်ခြင်း
- အကြောတက် ​ညောင်းညာခြင်း
- ကိုယ်လက် နာကျင်ကိုက်ခဲခြင်း
- အသားအရေ ခြောက်သွေ့ပျက်စီးခြင်း
စတဲ့ ဘေးထွက်ဆိုးကျိုးတွေ အများကြီး ဖြစ်လာတတ်ပါတယ်။
ဒီလိုတွေ မဖြစ်ချင်ဘူးဆိုရင် သင့်ရဲ့ ကိုယ်ခန္ဓာအတွင်းက အပူအပုပ်နဲ့ အဆိပ်အတောက်တွေကို မကြာခဏ ထုတ်ပစ်ပြီး.....ခန္ဓာကိုယ်အတွင်းပိုင်း သန့်ရှင်းရေးကို မကြာခဏ ပြုလုပ်ပေးသင့်ပါတယ်။
ဒီလိုလုပ်ဖို့အတွက် စာရေးသူသိတဲ့နည်း (၅)နည်း ရှိပါတယ်။
၁။ #ကိုယ်ခန္ဓာချွေးပေါက်များမှထုတ်ခြင်း
ချွေးပေါက်တွေကနေ အပူပုပ် အဆိပ်တောက်တွေကို ထုတ်နိုင်ပါတယ်။ အချို့ မြင်ဖူးကြမှာပါ...အပူပေးထားတဲ့ ဖန်ခွက်လေးတွေကို နောက်ကျောပေါ်တင်ပြီး လေဆုပ်ခွက်သဘောမျိုး လုပ်ထားတဲ့ ကုထုံးမျိုးပါ။
၂။ #စအိုမှထုတ်ခြင်း
ဒါကတော့ ရှင်းပါတယ်။ ဥပမာအားဖြင့် အနီးစပ်ဆုံး ပြောရရင် ဝမ်းနုတ်ကြတာမျိုးပါ။ ဝမ်းသွားတာဟာ သဘာဝအရ သွားတာ ကောင်းပေမယ့် လိုအပ်လာတဲ့အခါ မဖြစ်မနေ ဝမ်းသွားအောင် လုပ်ကြရပါတယ်။ အချို့က ဝမ်းနုတ်ပြီး အားအင်ကုန်ခန်းသွားတဲ့ ဒဏ်ကို ခံနိုင်ရည်မရှိဘဲ နုံးခွေသွားတတ်ကြပါတယ်။
၃ #ပါးစပ်မှထုတ်ခြင်း
ယခုခေ​တ်မှာတော့ အသုံးပြုတာ နည်းသွားပါပြီ။ ရှေးကုထုံးတွေမှာတော့ အန်ထွက်မယ့် ဆေးတစ်မျိုးကို တိုက်ကျွေးပြီး အဆိပ်တောက် အပူပုပ်စာတွေကို ပြန်ထုတ်ကြပါတယ်။ အရေးပေါ် အခြေအနေမှာပဲ သုံးလေ့ရှိကြပြီး နောက်ဆက်တွဲ ပေးရတဲ့ဆေးတွေလဲ ရှိသေးတော့ ကိုယ်တိုင်လုပ်ဖို့ မလွယ်ပါဘူး။
၄။ #ခေါင်းမှထုတ်ခြင်း
ခေါင်းမှာရှိတဲ့ အကြောအခြင်တွေကို နှိပ်နယ်ပေးပြီး အပူအပုပ် အခိုးတွေ ထွက်သွားအောင် လုပ်ပေးရတဲ့ ကုထုံးဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ အကြောဖွဲ့စည်းပုံတွေကို နားလည်တဲ့ အကြောပညာရှင်မျိုးသာ ပြုလုပ်တာ ပိုသင့်တော်ပါတယ်။
ဆံသဆိုင်တွေ၊ Spaတွေမှာ ခေါင်းလျှော်ရင်း ပြုလုပ်ပေးတာတွေကို ကြုံဖူးပေမယ့် တကယ့်အစစ်အမှန် အပူထုတ်ခြင်းမျိုးတော့ မဟုတ်သေးပါဘူး။
၅။ #ခြေဖဝါးမှထုတ်ခြင်း
စာရေးသူ အကြိုက်ဆုံး နည်းလမ်းလဲ ဖြစ်ပြီး လုပ်ရတာလဲ အလွယ်ကူဆုံးပါ။ နည်းလမ်းတွေလဲ များပါတယ်။
အကြိုက်ဆုံး နည်း(၂)နည်းကတော့ ဆားနယ်တာနဲ့ ခြေထောက်ဆေးကပ်ခွာ သုံးတာပဲ ဖြစ်ပါတယ်။
#ဆားနယ်ခြင်း
ဆားများများသုံးနိုင်ရင် ပိုကောင်းပါတယ်။ အချို့က ဆားနည်းနည်းလေးနဲ့ လုပ်တတ်ကြပါတယ်။ တကယ်က ဟိုမရောက် ဒီမရောက် ပိုဖြစ်သွားစေပါတယ်။
မလုပ်ခင် ခြေထောက်ဆေး ခြောက်အောင်သုတ်ပြီး ခြေမျက်စိအောက်စပ်လောက်နီးပါးရှိတဲ့ ဆားခွက်ထဲကို ခြေထောက် ထည့်စိမ်ထားပြီး သေချာစွာ ပွတ်ခြင်း နှိပ်နယ်ခြင်းတွေကို မိနစ်(၂၀) နာရီဝက်လောက် လုပ်ပေရပါမယ်။
ပြီးရင် ရေမဆေးဘဲ ခြေသုတ်ပြီး အိပ်ပါ။ ခုတင်ပေါ်မှာ ဆားနံ့ နံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ရင် ဆားကို မကြာခဏ အသစ်လဲပေးတာမျိုး လုပ်ပေးတာ ပိုသင့်တော်ပါတယ်။
ခြေဖဝါးဟာ လူ့ကိုယ်ခန္ဓာရဲ့ ပထဝီအကြောတွေ ပေါင်းစုံတဲ့ နေရာဖြစ်လို့ ခြေဖဝါးကနေ အဆိပ်အတောက် အပူအပုပ်တွေကို ထုတ်တာဟာ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။


Address

Taunggyi

Telephone

+959442624624

Website

Alerts

Be the first to know and let us send you an email when Cherry Healthy World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share