ABM:Herbs For Self Wellness

ABM:Herbs For Self Wellness Health & medical

ခြေအိတ်စွပ်လျက် ည အိပ်တာ ကောင်းလား ငယ်ငယ်က တောင်ကြီး တခေါက်ရောက်တော့ နယ်ခံ လူကြီးကညဘက် ခြေအိတ်စွပ်မအိပ်နဲ့ မျက်စိထိခိုက်...
26/12/2025

ခြေအိတ်စွပ်လျက် ည အိပ်တာ ကောင်းလား

ငယ်ငယ်က တောင်ကြီး
တခေါက်ရောက်တော့ နယ်ခံ လူကြီးက
ညဘက် ခြေအိတ်စွပ်မအိပ်နဲ့
မျက်စိထိခိုက်တတ်တယ်လို့ပြောပါတယ်။

အသက်ငယ်သေးလို့ အအေးဒါဏ်
ခံနိုင်တာက တစ်ကြောင်း၊
ခြေအိတ်စွပ်လေ့မရှိတာက
တစ်ကြောင်း အထူးတလည်ရှောင်စရာ
မရှိခဲ့ပါ။

ဒါပေမယ့် အေးတဲ့ဒေသမှာ
ညဘက် ခြေအိတ် စွပ် မအိပ်ရဘူး
ဆိုတဲ့သတိပေးစကားကို
အမှတ် အသား ပြုလာခဲ့ပါတယ်။

အသက်ကြီးတဲ့ အခါကျတော့လည်း
ခြေအိပ်စွပ်တတ်တဲ့ အလေ့အကျင့်
မရှိတာကြောင့် ...

ဆောင်းရာသီ ရောက်လည်း
အနွေးထည် ထူထူဝတ်
စောင် လုံအောင်ခြုံ ဒီလိုနဲ့ပဲ
ည အအေး ကို အံတုခဲ့တာကြာလှပါပြီ။

တစ်နေ့က အသက် ၈၅ နှစ် ရှိတဲ့လူနာ
တစ်ယောက် ခြေကျင်းဝတ်
ယားလွန်းလို့ ကပ်ကျေးနဲ့ ခြစ်ပစ်တာ
အသားတွေ ပွန်းပဲ့ ရောင်ရမ်းကုန်လို့
ဆေးခန်း ရောက်လာပါတယ်။

လူနာက သူ့အနာ ဒါဏ်ရာတွေ ပြမယ်ဆိုပြီး ခြေထောက် ခုတင်ပေါ် တင်လိုက်တော့
ခြေအိတ်စွပ်ထားတာ သတိပြုမိတယ်။

ညအိပ်တဲ့အခါ ခြေအိတ် စွပ်အိတ်သလား
မေးတဲ့အခါ စွပ်အိပ်တယ်တဲ့ -

ခြေအိတ် စွပ်ခြင်းနဲ့ ပတ်သက်တဲ့
ငယ်ငယ်က အသိက စိတ်ထဲမှာ ပြူထွက်
လာတယ်။

အသက် ၈၅ နှစ် လူကြီး တစ်ယောက်
အရွယ်နဲ့ မမျှ သန်သန် မာမာ ရှိနေတာကို သဘောကျ နေတာ ဆိုတော့..

ခြေအိတ် စွပ်အိပ်တဲ့ အလေ့အကျင့်ကြောင့်
မျက်စိများ ထိခိုက်သွားခဲ့သော် ဆိုတဲ့
စိုးရိမ် ပူပန်မူက စိတ်ထဲရောက်လာပါတယ်။

ညဘက် ခြေအိတ် စွပ်အိပ်ခြင်းက
အန္တရာယ် ကင်း မကင်းသိချင် လာပါတယ်။

အင်တာနက်က ကျန်းမာရေး
ဆိုက်တွေထဲ လိုက်ရှာ
ကြည့်ကြတော့တွေ့ပါတယ်။

အပြစ်ရယ်လို ဖော်ပြတာ မတွေ့ရပဲ
ကောင်းကျိုး တွေ ဖော်ပြတာပဲ
တွေ့ရပါတယ်။

● မြန်မြန် အိပ်ပျော်စေတယ်

● လေ့လာမူများအရ ခြေအိတ်စွပ်လျှက်
အိပ်ခြင်းက အိပ်ပျော်ဖို့
အထောက်အကူပြုတာ တွေ့ရပါတယ်။

●အိပ်ရာထဲ ခြေအိတ် စွပ်လျှက် အိပ်ရင်
ပူလှောင် နေလိမ့်မည်ဟု
ထင်စရာရှိပါသည်။

● အမှန်က ဒီလို ခြေအိတ် စွပ်ထားခြင်းက
ကိုယ်တွင်း အပူချိန် ထိန်းသိမ်းမူကို
အထောက်အကူ ပြုတာ တွေ့ရပါသည်။

●၂၀၀၇ ခုနှစ်က စမ်းသပ်မူ တစ်ခုက
ရိုးရိုးခြေအိတ် စွပ်ထားသည် ဖြစ်ဖြစ် ,
အပူပေးထားတဲ့ခြေအိတ်
စွပ်ထားသည်ဖြစ်စေ
လျှင်မြန်စွာအိပ်ပျော်စေတာကို
တွေ့ရှိခဲ့ပါတယ်။

■ရှင်းပြချက် •••

●ကိုယ်တွင်း အပူ ဓာတ်က ညဖက်မှာ
ကျဆင်းသွားပါတယ်
မနက် ၄ နာရီ လောက်မှာ အနိမ့်ဆုံးကို
ရောက်ရှိပါတယ်။

●ပုံမှန် ကိုယ်အပူချိန်က 98.6F ဖာရင်ဟိုက်
ဖြစ်ပါတယ်
၂၄ နာရီတလျှောက်မှာ ၁. ၂ ဒီဂရီ
အပြောင်းအလဲရှိပါတယ်။

●ခြေအိတ်စွပ်ထားလို့ ခြေထောက်
နွေးလာခြင်းက သွေးကြော များ
ကျယ်လာစေပါတယ်။

သွေးကြောကျယ်လာပြီး
အရေပြားမှတဆင့် အပူစွန့်ထုတ်ပါတယ် - အရေပြား ပူနွေး လာပါတယ်။

● ဒီနည်းနဲ့ ခန္ဓာကိုယ်တွင်း အပူချိန်..
core body temperature ကျဆင်းစေပါတယ်

●အပူချိန် ကျဆင်းခြင်းက
ဦးနှောက်ကို ည အချိန်ရောက်ပြီလို့သတင်း
ပို့ပါတယ်။
အရေပြား ပူနွေး လာခြင်းက
မြန်မြန် အိပ်စေပါတယ်။

●လူ ခန္ဓာမှာ ဇီဝနာရီ
biological clock ရှိပါတယ်

ကိုယ်တွင်း အပူချိန် core body temperature ကbiological clock နဲ့ ဆက်စပ်ပါတယ်။

၄င်းတို့ရဲ့ စည်းချက်ကျ
လုပ်ဆောင်မူကို circadian rhythm
လို့ခေါ်ပါတယ်။

circadian rhythm က အိပ်ချိန်ကို
သတ်မှတ်ပါတယ်။
သူ့ကြောင့် လူဟာ ညရောက်လျှင်
အိပ်ချင်ပြီး , မနက်ကျနိုးလာတာ
ဖြစ်ပါတယ်။

● ကိုယ်အပူချိန်က မနက်ကစပြီး
တဖြည့်ဖြည်းတက်လာတာနေ့လည်
နောက်ပိုင်းအချိန်မှာ အမြင့်ဆုံး
ရောက်လာပါတယ် -

ဒီ အချိန်တွေမှာ လူက နိုးကြားပြီး
ဖျတ်လတ်နေပါတယ်။

● လူ အိပ်သွားပြီ ဆိုလျှင်
ကိုယ်အပူချိန် ၁.၂ ဒီဂရီ
လောက်ကျဆင်းသွားပါပြီ ..
ဒါဟာ ကိုယ်တွင်းအင်္ဂါတွေ အတွက် အပူကို ထိန်းသိမ်းထားလိုက်လို့ ဖြစ်ပါတယ်။

● ခြေအိတ်စွပ်ပြီး အိပ်တဲ့အခါ ဒီ
အပူ ထိန်းခြင်းအတွက် အထောက်အကူ
ဖြစ်စေပါတယ်။

■ ရေးနော့လက္ခဏာ လျော့ပါးစေတယ်
( Reducing Raynaud's Symptoms )

အလွန်အေးတဲ့အခါ အလွန်ဖိစီးနေတဲ့အခါ
ခြေဖျားလက်ဖျားမှာ သွေးကြောတွေ
ကျဉ်းကုန်ပြီး သွေးလျှောက်
နည်းသွားလို့ ခြေ လက်တွေ ပြာလာပြီး
ထုံ ကျဉ် လာတာကို ရေနောရောဂါ ရခြင်း
လို့ခေါ်ပါတယ်။

ခြေအိတ် စွပ်အိပ်မယ်ဆိုရင်
ဒီလို ရေနော လက္ခဏာ ခံစား ရမူ
လျော့စေမှာ ဖြစ်ပါတယ်။

■ အပူပြန်ခြင်းကို ကာကွယ်ပါတယ်
( Preventing hot flushes )

●သွေးဆုံးချိန်မှာအမျိုးသမီးများက
ချွေးထွက်လွန်ခြင်း
ရင်တုန်ခြင်းနဲ့အတူမျက်နှာမှာ
အပူတွေထွက်နေတတ်ပါတယ် ၊
ခြေအိတ် စွပ်ပေးခြင်းက ကာကွယ်ပါတယ်။

● လိင်အတွက်ကောင်းတယ်
better s*x popular news story from
2005 အရ အိပ်ချိန်မှာ
ခြေအိတ် စွပ်အိတ်တဲ့ စုံတွဲတွေမှာ
လိင်ဆက်ဆံမူ ပိုမိုပြီးမြောက်စေကြောင်း
တွေ့ခဲ့ရပါတယ်။

ခြေအိတ်စွပ် အိပ်ခြင်းကြောင့်
ခြေဖနောင့်ကွဲတာကို သက်သာစေတယ် ။

• ခြေအိတ်က ချောင်ချောင်လည်လည်
ဖြစ်ဖို့ လိုပါတယ်။
ချောင်လည်တာ ရွေးချယ်
ဝယ်သင့်ပါတယ်။

ခြေအိတ်က တင်းကျပ်နေရင်
သွေးလျောက်ခြင်းကိုအနှောက်အရှက်
ဖြစ်စေပါတယ်
ထူထဲ နွေးထွေးတဲ့
ခြေအိတ်မှန်သမျှအသုံးပြုနိုင်ပါတယ်။

credit - ဒေါက်တာမြင့်သိန်း
#ကျန်းမာရေးဗဟုသုတ #ပြန်လည်မျှဝေပါသည်

အရိုးနဲ့ အဆစ်ပြဿနာ အဖြေရှာ—————-၁ ။ မနက်အိပ်ရာထမှာ အဆစ်တွေ ၁ နာရီကျော်ကြာအောင် တောင့်ခိုင်နေရင်…-သွေးလေးဖက်နာရဲ့ စောစောလ...
12/12/2025

အရိုးနဲ့ အဆစ်ပြဿနာ အဖြေရှာ
—————-
၁ ။ မနက်အိပ်ရာထမှာ အဆစ်တွေ ၁ နာရီကျော်ကြာအောင် တောင့်ခိုင်နေရင်…
-သွေးလေးဖက်နာရဲ့ စောစောလက္ခဏာ ဒါမှမဟုတ် autoimmune အဆစ်ရောင်ရမ်းနာ ဖြစ်နိုင်ပါတယ်။
-အိုမီဂါ-၃ ၊ နနွင်း တွေပါဝင်အောင်စားပါ။ မနက်ပိုင်းမှာ ရွေ့လျားမှုတွေပြုလုပ်ပြီး ရောင်ရမ်းမှု ဖြစ်စေတဲ့အစာတွေကို လျော့စားပါ။

၂ ။ မကြာခဏ အရိုးကျိုးတာဖြစ်နေရင်…
-အရိုးပွရောဂါ၊ အရိုးသိပ်သည်းဆနည်းတာ ဒါမှမဟုတ် သတ္တုဓာတ်လျော့နည်းတာကြောင့် ဖြစ်နိုင်ပါတယ်။
-ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် D3 K2တွေကို ပိုမိုမှီဝဲပြီး အလေးထမ်းရတဲ့ ရွေ့လျားမှု ( လမ်းလျှောက်တာ) ပြုလုပ်ပါ။

၃ ။ ညအချိန် အရိုးနာကျင်နေရင်…
-နားနေစဉ် အရိုးနာကျင်နေတာက အရိုးထဲရောဂါပိုးကူးစက်ခံရတာ ဒါမှမဟုတ် ပြင်းထန်တဲ့ ရောဂါရှိနေတာကို ညွှန်ပြနေတာ ဖြစ်ပါတယ်။
-ဆရာဝန်နဲ့ပြသကာ စစ်ဆေးမှုခံယူရပါမယ်။ သတ္တုဓာတ်နဲ့ ပရိုတင်းတွေနဲ့ အရိုးကျန်းမာရေးကို အထောက်အကူပေးပါ။

၄ ။ အဆစ်ဝန်းကျင်မှာ ရောင်ရမ််းနေရင်…
-နာကျင်မှုမရှိပဲ ရောင်ရမ်းနေတာက အဆစ်ရောင် ရောဂါ ဖြစ်တာပါ။
-ပြုပြင်ထားတဲ့အစားအစာတွေကို လျော့စားပါ။ ရောင်ရမ်းမှုလျော့ကျနိုင်တဲ့ဟင်းခတ်
အမွှေးအကြိုင်တွေ ထည့်စားပါ။

၅ ။ ခိုင်မြဲစွာဆုပ်ကိုင်အား လျော့နည်းနေရင်..
-ကြွက်သားအားပျော့လာတာ ဒါမှမဟုတ် အရိုးသိပ်သည်းဆ လျော့နည်းလာတာကို ညွှန်ပြနေတာပါ။
-resistance training ပြုလုပ်ပါ။ အရိုးနဲ့ ကြွက်သားသန်မာဖို့ ကော်လဂျင်နဲ့ မဂ္ဂနီဆီယမ် စားသုံးပါ။

၆ ။ အရပ်ပုသွားရင်…
-နောက်ကျောရိုးမကြီးပိပြီးကျိုးတာ ဒါမှမဟုတ် ကျောရိုးဆစ်ပျက်စီးတာကို ညွှန်ပြနေတာပါ။
-ကျောရိုးမကျန်းမာရေးအတွက် အထောက်အကူရဖို့ posture training ပြုလုပ်တာ၊ ဗီတာမင် D3 နဲ့ K2 မှီဝဲတာတွေ ပြုလုပ်ပါ။

၇ ။ နာတာရှည် ခါးနောက်ကျောနာကျင်နေရင်…
-အရိုးပွရောဂါ၊ အရိုးသိပ်သည်းဆနည်းတာ ဒါမှမဟုတ် သတ္တုဓာတ်ချို့တဲ့တာကြောင့်ပါ။
-ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် D2 နဲ့ K3 ပိုမိုမှီဝဲပြီး အလေးထမ်းရတဲ့ ရွေ့လျားမှု ( ဥပမာ လမ်းလျှောက် ) ပြုလုပ်ပါ။

၈ ။ အဆစ်ကဖောက်ကနဲမြည်နေရင်..
-မကြာခဏ အဆစ်ဖောက်သံမြည်နေတာက အရိုးနုပျက်စီးတာ ဒါမှမဟုတ် အရိုးပွတာကို ညွှန်ပြနေတာ ဖြစ်ပါတယ်။
-ကော်လဂျင်၊ ဟိုင်ရာလူရောနစ်အက်စစ် ( Hyaluronic acid )ပါဝင်တဲ့ ဆေးသောက်ပါ။

#အားလုံးကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး
#ကျန်းမာရေးဗဟုသုတရကြပါစေ

အိမ်တိုင်းမှာစိုက်ထားသင့်တဲ့ ဆေးဖက်ဝင် ဖားကြောရွက် ခေါ် အကြောပေါင်းတစ်ထောင်ပင် အကြောင်း သိကောင်းစရာ 🍃🍃🍃ဖားကြောရွက် လို့ ...
24/11/2025

အိမ်တိုင်းမှာစိုက်ထားသင့်တဲ့ ဆေးဖက်ဝင်
ဖားကြောရွက် ခေါ် အကြောပေါင်းတစ်ထောင်ပင် အကြောင်း သိကောင်းစရာ 🍃

🍃🍃ဖားကြောရွက် လို့ ဆိုလိုက်တာနဲ့ လူတော်တော်များများက မြေမှာကပ်ပြီး အရွက်ဖားဖား နဲ့ အပင်တစ်ပင်ကို ပြေးမြင်မိလိမ့်မယ်လို့ ထင်ပါတယ်

ပထမဆုံး အပင်အကြောင်းလေးကို လေ့လာကြပါစို့နော်

☑️🍃ဖားကြောရွက်ပင်ဟာ နှစ်ရှည်ခံအပင်တစ်မျိုးဖြစ်ပြီး သူ့ရဲ့ အရွက်လေးတွေကို ဆေးအဖြစ်အသုံးပြုလေ့ရှိကြပါတယ်။ အပင်အမြင့် တစ်ပေထိရှိနိုင်ပြီး အရွက်ကြီးကြီးရှိကြပါတယ်။ အရွက်ရဲ့ အရိုးကို ချိုးကြည့်လိုက်ပါကရွက်‌ကြောများပါထွက်လာတာကြောင့် အကြောပေါင်းတစ်ထောင်လို့လဲ ခေါ်ကြပါတယ်

☑️ဖားကြောရွက်ပင်၏ မူရင်းဒေသတွေကတော့ ဥရောပနိုင်ငံများဖြစ်တဲ့ ဗြိတိန် ၊ အာရှ အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာတွေ့ရပါတယ်။
မြန်မာနိုင်ငံမှာလဲ အလေ့ကျအနေနဲ့ ပေါက်ရောက်လေ့ရှိကြပါတယ်

☑️သူ့ရဲ့ အပင်ကို 🦋လိပ်ပြာဖြစ်မဲ့ ခူကောင်းလေးတွေက အရမ်းနှစ်သက်လေ့ရှိကြပါတယ်

🍃🍃ဘယ်လိုစားသုံးနိုင်သလဲ❓❓

📝အရွက်နုလေးများကို အစိမ်းလိုက် သို့ ချက်ပြုတ်စားနိုင်ပါတယ်။ အချို့က ရေနွေးနဲ့ ပြုတ်ပြီး လဲ အရွက်ကို သုပ်စားလေ့ရှိကြပါတယ်

📝အစေ့များကိုလဲ ကြိတ်ပြီး ဟင်းထဲထည့်ချက်နိုင်ပြီး ၎င်းမှာ ဗီတာမင်B1များစွာ ပါဝင်လို့နေပါတယ်။ ရေခဲမုန့်ထဲမှာလဲ topping အနေနဲ့လဲ အသုံးပြုပြီး စားနိုင်ပါတယ်

📝အရွက်ခြောက်လေးများကိုလဲ ရေနွေးကြမ်းကဲ့သို့ အသုံးပြုနိုင်ပါတယ်

📝ထိခိုက်ရှနာတွေဖြစ်တဲ့အခါမှာဆိုရင် သွေးတိတ်ဖို့အတွက်လဲ အရွက်ကို အသုံးပြုနိုင်ပါတယ်။ ပြည်တည်နာတွေအတွက်လဲ အရွက်ကို အပူပေးပြီး အသုံးပြုနိုင်ပါသေးတယ်

🌿စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့

📚သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ပျက်စီးနေတဲ့ တစ်ရှူးတွေ ပြုပြင်မှုကိုလဲ အားပေးပါတဲ့အတွက် သွေးတိုးရောဂါအတွက်ဆေးအဖြစ်အသုံးပြု‌ကြပါတယ်

📚အနာကျက်မြန်စေပြီး ၊အရောင်ကျစေတဲ့ အာနိသင် ၊ antioxidant ၊ antibiotic ၊ ဆီးရွှင်စေတဲ့ အာနိသင်များ ရှိလို့ တစ်ချို့ ဆေးအဖြစ် ကျိုချက်၍ သောက်သုံးလေ့ရှိကြပါတယ်

📚အအေးမိခြင်း ၊အစာအိမ်နာခြင်းယောင်ခြင်း တွေအတွက်လဲ အ‌စွမ်းထက်တဲ့ ဆေးစွမ်းကောင်းတစ်လက်လဲဖြစ်ပါတယ်

📚ဖားကြောစေ့မှာလဲ omega 6,9 များပါဝင်တဲ့အတွက် သွေးထဲမှာရှိတဲ့ မကောင်းတဲ့အဆီများကို ဖယ်ရှားပေးကား သွေးလှည့်ပတ်မှုကို ပိုမိုကောင်းမွန်စေပါတယ်

🌿🌿🌿ဒီလိုကောင်းကျိုးတွေများတဲ့ ဖားကြောရွက်ပင်ဟာ အိမ်တိုင်းမှာရှိသင့်တဲ့ ဆေးပင်တစ်မျိုးဖြစ်တယ်ဆိုတာ ပိုသေချာသွားစေပါတယ်။

Crd original writer 🤍🤍

ခြေလက်ထုံကျင်ကာ သွေးကြောပိတ်ခြင်ခြင်းအတွက် ဆေးနည်း

#ခြေလက်ထုံကျင်
🍂🍂🍂🍂🍂
ဆေးလိပ် အလွန်အကျွံသောက်သောကြောင့်ဟု အပြောခံရပြီး ကျွန်တော် ခြေလက်ထုံကျင်သော ရောဂါဖြစ်ခဲ့ပါသည်။

(ဆေးကျော်ကြီး၊ အကြောတစ်ထောင်ပင်(သို့) ဘားကြောပင်)

ကျွန်တော်သည် ခြေလက်ထုံကြင်သော ရောဂါ ဖြစ်ခဲ့ပါသည်။ နားလည်သောသူများက ဆေးလိပ်အလွန်အကျွံ သောက်သောကြောင့် သွေးကြောပိတ်ချင်သည်ဟု ပြောပါသည်။ ဆောင်းရာသီတွင် ပို၍ ဆိုးရွားပါသည်။ လိမ်းဆေးများ လိမ်းသော်လည်း မပျောက်ပါ။
အကြောတစ်ထောင်ရွက်ကို တစ်ခါစား တစ်ရွက် တစ်နေ့နှစ်ကြိမ် ဒီတိုင်း ဝါးစားသောအခါ အံ့သြစရာကောင်းအောင် ရက်ပိုင်းအတွင်း ပျောက်ကင်းသွားပါသည်။

ယခုဆိုလျှင် ၂ နှစ်ကျော်ခန့်ရှိပါပြီး။ ထပ်မဖြစ်တော့ပါ။ ထိုအရွက်ကို တစ်ကြိမ်ထဲတွင် များများစား၍ မရဟု တတ်ကျွမ်းသော ဆရာများကပြောပါသည်။ လူအပေါင်းတို့၏ အကျိုးကိုမျှော်ကိုး၍ တင်ပြလိုက်ပါသည်။

#အသုံးဝင်ပုံ
🌾🌾🌾
အရွက်၊ ပဉ္စငါးပါး ၊ အမြစ်။

#အာနိသင်
💠💠💠

မြန်မာဆေးကျမ်းများ အလိုအရ အရွက်သည် အေး၏၊ ဆီးရွှင်စေ၏။ အပင်သည် အဆစ်အဆက် ရောင်ရမ်း ကိုက်ခဲခြင်း၊ ဝမ်းတွင်း၌ ရစ်ခြင်း၊ နာကျင်ကိုက်ခဲခြင်းတို့ကို ပျောက်ရန် အတွင်းဆေး၊ အပြင်ဆေးအဖြစ် သုံးနိုင်သည်။ အားတိုးဆေးအဖြစ်လည်း များစွာ အသုံးပြုရ၏။

#အရွက်အသုံးပြုပုံ
🍁🍁🍁🍁🍁
၁။ ပျား၊ ပဆုပ်ပနီ၊ နဂျီ စသည့် အဆိပ်ရှိသည့် သတ္တဝါများ တုပ်ခြင်း၊ ကိုက်ခြင်းနှင့် အခြားအဆိပ်သင့်သော ရောဂါများအတွက် အရွက်အစိမ်းကို ညက်ညက်ကြိတ်၍ ကိုက်သော ဒဏ်ရာများ၌ လိမ်းပေးခြင်း၊ အုံကပ်ပေးခြင်းဖြင့် အဆိပ်များ မြန်စွာ ပြေပျောက်၏။ အနာများမှလည်းကောင်း၊ ထိခိုက်ရှနာသော ဒဏ်ရာများမှလည်းကောင်း၊ သွေးစိမ်းများ ယိုသောအခါ၌ အထက်ပါအတိုင်း ပြုလုပ်ပေးခြင်းဖြင့် သွေးယိုစီးခြင်းကို ရပ်တန့်စေ၏။

၂။ အရွက်ပြုတ်၍ ဖန်ရည်ဆေးပေးပါက အနာများ ပြည်ပုပ် သွေးပုပ် စင်ကြယ်၍ အသားနု တက်လွယ်စေ၏။

၃။ ခံတွင်း၌ ပူလောင်ပေါက်ကွဲခြင်း၊ အပူဖု၊ အပူအိတ်များ ပေါက်ခြင်း၊ လျှာကွဲလျှာနာ ဖြစ်ခြင်း၊ သွားကိုက်သွားနာ၊ သွားဖုံးရောင်ခြင်း၊ သွားရင်းမှ ပြည်သွေးများ ယိုစီးခြင်း ၊ ရေစီးကမ်းပြိုဖြစ်ခြင်းများအတွက် အရွက်ပြုတ်ရည်ကို ခပ်နွေးနွေး ငုံပေးသော် ပျောက်၏။

၄။ အရွက်ကြိတ်ညှစ်ရည်ကို နားတွင်းသို့ တစ်နေ့ ၂ ကြိမ် ၃ ကြိမ် မျှ ခတ်ပေးသော် နားကိုက်နားပြည်ယို ရောဂါ ပျောက်၏။

၅။ ၎င်းကြိတ်ညှစ်ရည်ကို ရက်ရှည်စွဲ သောက်သော် ငှက်ဖျားရောဂါ အမြစ်ပြတ်၏။

၆။ အရွက်ကို ကျက်ကျက် ပြုတ်၍ တစ်နေ့ ၂ ကြိမ် မျှ ၎င်း ပြုတ်ရည် အခိုး အငွေ့ မှိုင်းခံခြင်းဖြင့် မိန်းမများ မီးယပ်ဖြူ ဆင်းခြင်း ၊ ကျားမ မရွေး ညောင်းကျခြင်း ၊ လိပ်ခေါင်း ရောဂါ ဖြစ်ခြင်းနှင့် ဖောရောင်ခြင်း ပျောက်၏။

၇။ အရွက်ကို မီးကင်၍ တစ်နေ့ ၂ ကြိမ်မျှ ကပ်ပေးသော် စူးနေသော ဆူးများ အလိုအလျောက် ကျွတ်ထွက်၏။ မကျက်နိုင်သော အနာ များလည်း အမြန်ကျက်၍ ပျောက်လွယ်၏။

၈။ အရွက်ပြုတ်ရည်ကို သကြားသင့်ရုံ ထည့်သောက်ပါက ဆီးပူခြင်း၊ နီခြင်း ၊ ဆီးနည်းခြင်း ၊ မိတ်ထွက်ခြင်း ၊ အနာမီး အနာလျှံ အနာစက် များ ပေါက်ခြင်းနှင့် ဝမ်းတွင်း၌ အပူအားကြီး ခြင်းများ ပျောက်၏။

#ပဉ္စငါးပါးအသုံးပြုပုံ
🍁🍁🍁🍁🍁🍁
၁။ ပဉ္စငါးပါးကို ရေနှင့် ကျို၍ မှန်မှန် သောက်သော် ဆီးချို ရောဂါ ပျောက်၏။

၂။ အဆုတ်ရောဂါ အတွက် ပဉ္စငါးပါး ကြိတ်ညှစ် ရည်ကို နံနက် မှန်မှန် သောက်သော် ပျောက်၏။

#အမြစ်အသုံးပြုပုံ
🍁🍁🍁🍁🍁
၁ ။ နာတာရှည်အဖျား၊ ရက်ခြားဖျား ရောဂါများအတွက် အရွက်နှင့်အမြစ်ကို ပြုတ်သောက်သော် အဖျားပျောက်၏။

Credit~မြန်မာ့ဆေးဖက်ဝင်အပင်များ
#ကျန်းမာရေးဗဟုသုတ #ကျန်းမာပါစေ

 #ဂေါက်ရောဂါ  📌🔷   #ဂေါက်ရောဂါ ဆိုသည်မှာအဆစ်အမြစ်ရောင်ရောဂါတမျိုးဖြစ်ပြီး နာတာရှည်ဝေဒနာ အမျိုးအစားတခုပါ🔷   #ဖြစ်ရသောအကြေ...
04/10/2025

#ဂေါက်ရောဂါ 📌

🔷 #ဂေါက်ရောဂါ ဆိုသည်မှာအဆစ်အမြစ်ရောင်ရောဂါတမျိုးဖြစ်ပြီး နာတာရှည်ဝေဒနာ အမျိုးအစားတခုပါ

🔷 #ဖြစ်ရသောအကြောင်းအရင်းမှာ သွေးတွင်းယူရစ်အက်ဆစ်ပမာဏများလာခြင်းကြောင့်အရိုးအဆစ်နေရာများတွဲ ယူရစ်အက်ဆစ်ပုံဆောင်ခဲ များစုပြုံလာခြင်းကြောင့်ဖြစ်ပါတယ် အများအားဖြင့်ခြေမ အဆစ်နေရာမှ စတင်ဖြစ်လေ့ရှိပါတယ်

🔷 အဲ့ဒီလို ယူရစ်အက်ဆစ်တွေ စုဝေးလာတဲ့ အခါမှာ #အဆစ်နေရာမှာ_နီမြန်းခြင်း_ရောင်ရမ်းခြင်းဖြစ်ပြီး ထိမရအောင်နာတဲ့ #နာကျင်မှုမျိုးကို စတင်ခံစားရပါတယ်

🔷 အဲ့ဒီနောက်မှာ လှုပ်ရှားမှု မလုပ်နိုင်တဲ့ အခြေအနေထိ နာရီပိုင်းမှ ရက်အကန့်သတ်တခုထိ ဆက်တိုက်နာကျင်နေတတ်ပါတယ်

🔷 ဆိုတော့ ဂေါက်ရောဂါ ဆိုတာမျိုးမှာ #ပေါ့ဆလို့မရတဲ့ဝေဒနာဖြစ်တဲ့ အတွက် လက္ခဏာပြလာပြီဆိုတာနဲ့ သေချာ ဂရုစိုက်ကုသပေးဖို့ လိုအပ်ပါတယ်ရှင်

🔷 ဂေါက်နဲ့ ပက်သက်တဲ့ #အထိမခံနိုင်တဲ့နာကျင်မှုသက်သာစေဖို့
1 - ခံစားရသူမှာ အနားယူဖို့လိုအပ်ပါတယ်
2 -နာကျင်တဲ့နေရာကို မလှုပ်ရှားမိအောင်သတိထားဖို့ လိုအပ်ပါတယ်
3 - သကြားဓာတ်ပါဝင်မှုများတဲ့ ဖျော်ရည် အရက် ဘီယာ ရှောင်ရပါမယ်
4 - ယူရစ်အက်ဆစ်မြင့်မားစေသော အစားအစာ မှို ပဲပင်ပေါက် ကညတ် ဝမ်းတွင်းသာ အသဲ စတာတွေရှောင်ရပါမယ်
5 - အမျှင်ဓာတ်ကြွယ်ဝသောအသီးအနှံ အဆီနည်းသော နို့ထွက်ပစ္စည်းများ စားပေးသင့်ပါတယ်
6 - ဗီတာမင် စီ လုံလောက်စွာ စားသုံးပေးပါ

🔷 အဲ့ဒီအပြင် မှာတော့ အဆစ်အမြစ် ရောင်ရမ်းမှု နာကျင်မှုကို သက်သာလျော့ကျစေသော အစွမ်းရှိတဲ့ Phlai ( ကတ်စ်မူနာဂျင်း) ပါတဲ့ ိုင်းရင်းဆေးလေး ကပ်ပေးခြင်းဖြင့်လည်း နာကျင်မှု ကို သက်သာမှု ယူလို့ရပါတယ်ရှင်

🔷 ဆေးကပ်ခွာမှာ သွေးလည်ပတ်မှုပါ ကောင်းစေတဲ့အပြင် ခန္ဓာကိုယ်တွင်းရှိမမြင်ရတဲ့ အဆိပ်အတောက်တွေ ကိုပါ စုပ်ထုတ်ပေးတဲ့ အတွက် ဝေဒနာ အခံရှိသူများအတွက် သုံးပေးသင့်တဲ့ ဆေးကောင်းလေးပါ

#လူတိုင်းလူတိုင်းကျန်းကျန်းမာမာရှိကြပါစေရှင်🐒🌿




Copy ယူ လျှင် name မဖြုတ်ပဲ crd ပေးပါရှင်
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင် 🥰🥰

နှာချေသူနှာချေခြင်းသည် ခန္ဓာကိုယ်အောက်ပိုင်းတွင်အခိုးများပိတ်နေသဖြင့် အထက်သို့ လေပူများကန်တက်ခြင်းဖြစ်သည်။ကိုယ်တွင်းအခို...
25/09/2025

နှာချေသူ

နှာချေခြင်းသည် ခန္ဓာကိုယ်အောက်ပိုင်းတွင်အခိုးများပိတ်နေသဖြင့် အထက်သို့ လေပူများကန်တက်ခြင်းဖြစ်သည်။

ကိုယ်တွင်းအခိုးငုပ်နေသူများလည်းနှာချေပြီး၊ နှာရည်ယိုကျတတ်သည်။
ရေကြောက်၍ရေမချိုးသူ၊ ရေနွေးပူပူဖြင့်ရေချိုးသူများ နှာချေ၊နှာစေး၊နှာရည်ယိုတတ်သည်။

နှာခေါင်းပေါက်မှရှူသွင်းသောလေအေးကို အတွင်းမှလေပူကကန်ထုတ်သဖြင့် နှာချေခြင်းဖြစ်လာသည်။

မနက်အိပ်ယာထ မျက်နှာသစ်ရင် ရေကိုလက်ခုပ်နဲ့ယူငယ်ထိပ်ပေါက်အောင်ရှူပါ။ အကျင့်လုပ်ယူရင်ရပါတယ်။

ချင်းကိုပါးပါးလှီး ရေနွေးမတ်ခွက်နဲ့စိမ်ထား သောက်ပေးပါ။

ဝမ်းမချုပ်စေရန် အသီးအနှံများများစားပါ။ ကန်စွန်းရွက်ချဥ်ရည်ဟင်း၊ ကင်မွန်းချဥ်ရွက်ချဥ်ရည်ဟင်းများချက်သောက်ပါ။

ညအိပ်ယာဝင်မန်ကျည်းမှည့်ဖျော်ရည်သောက်ပါ။
ခြေဖဝါးဆားပွတ်ဒူးအထက်မှအောက်ရေလောင်းခြေဆေးပေးရင် အခိုးတက်သက်သာလို့ နှာစေးနှာပိတ်သက်သာစေပါတယ်။
ရေချိုးလျှင် ရေနွေးစပ်ချိုးလျှင် ပထမဆုံး ဒူးအထက်မှအောက် ရေအေးလောင်းခြေဆေး၊အခိုးများထွက်သွားပြီးမှ ရေနွေးစပ်သောရေကိုချိုးပါ။

ကြည်လွင်မြင့်(မုဒြာ)
Crd

#ကျန်းမာရေးဗဟုသုတများ

•" ဗိုက်" ဘယ်နေရာက  အပိုင်း (၉) ပိုင်းရှိတယ်။ ပုံပါအတိုင်း။ ••• ----> အပိုင်း (၁)•• ဒီအပိုင်းမှာ ဆိုရင်တော့ အသဲ၊ သဲခြေအိ...
21/09/2025

•" ဗိုက်" ဘယ်နေရာက အပိုင်း (၉) ပိုင်းရှိတယ်။ ပုံပါအတိုင်း။ •••

----> အပိုင်း (၁)

•• ဒီအပိုင်းမှာ ဆိုရင်တော့ အသဲ၊ သဲခြေအိတ် နဲ့ အသဲနှင့်ကပ်လျက်
အူမအကွေးပိုင်း ၊ ညာဘက် အဆုတ် အောက်ခြေအနား တို့ရှိပါတယ်။

•• ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင် တော့ (Virus) ပိုးအသဲထဲဝင်တာ ကြောင့် အသဲရောင်ခြင်း ၊ ဝမ်းကိုက်ပိုး အသဲထဲရောက်ခြင်း ၊ သည်းခြေအိတ်ရောင်ခြင်း ၊ သည်းခြေလမ်းကြောင်း ရောင်ရမ်းခြင်း ၊ အရက်ကြောင့် အသည်းရောင်ခြင်း ၊ အူမကြီးရောင်ခြင်း ၊ အူပိတ်ခြင်း ၊ အသည်းကင်ဆာ စတဲ့ လက္ခဏာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။

----> အပိုင်း (၂)

•• ဒီအပိုင်းမှာ ဆိုရင်တော့ အစာအိမ် ၊ မုန့်ချိုအိတ် ၊ ကန့်လန့်ဖြတ်အူမ ၊ အသဲရဲ့အမွှာနုအပိုင်း တို့ရှိပါတယ်။

•• ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင်တော့ အစာအိမ် ရောင်ခြင်း ၊ အစာအိမ်အနာ နှင့်အတူ သွေးအန်ခြင်း ၊ သွေးဝမ်းသွားခြင်း ၊ အစာအိမ်ပေါက်ထွက်ခြင်း ၊ အူသိမ်ဦး ပေါက်ထွက်ခြင်း ၊ အစာအိမ်ကင်ဆာဖြစ်ခြင်း ၊ အူသိမ်ပိတ်ခြင်း စတဲ့ လက္ခဏာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။

----> အပိုင်း (၃)

•• ဒီအပိုင်းမှာ ဆိုရင် သရက်ရွက် (ဝါ) ဘယ်လုံးလုံး ၊ သရက်ရွက်နှင့်ကပ်လျက်အူမ အကွေးပိုင်း ၊ ဘယ်ဘက် အဆုတ် အောက်ခြေအနား တို့ရှိပါတယ်။

•• ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင် သရက်ရွက် (ဝါ) ဘယ်လုံးလုံး စုတ်ပြတ်ဒဏ်ရာ ၊ အူရောင်ခြင်း ၊ အူမကြီးပိတ်ခြင်း ၊ အူမကင်ဆာ ၊ အူမကြီးပေါက်ထွက်ခြင်း ၊ ဓါးထိုး ဒဏ်ရာ စတဲ့ တွေ ကြောင့်ဖြစ်နိုင်ပါတယ်။

----> အပိုင်း (၄)

•• ဒီအပိုင်းမှာ ဆိုရင် ညာဘက် ကျောက်ကပ် ၊ အပေါ်သို့တက်သော
အူမ အပိုင်း တို့ရှိပါတယ်။

•• ဒီအပိုင်းမှာဆိုရင် အူရောင်ခြင်း ၊ ကျောက်ကပ်ရောင်ခြင်း ၊ ကျောက်ကပ်ကွဲထပ်ခြင်း ၊ ကျောက်ကပ် ကင်ဆာ ၊ ကျောက်ကပ်ထဲသို့ ရေဝင်ခြင်း စတဲ့ တွေ ကြောင့် အောင့်တာ ၊ နာတာတွေ ဖြစ်တက်ပါတယ်။

----> အပိုင်း (၅)

•• ဒီအပိုင်းမှာ ဆိုရင် အူသိမ် (ဝါ) အူသေး ရှိပါတယ်။ ဒီအပိုင်းမှာဆိုရင် သန်းထိုးခြင်း ၊ လေထိုးခြင်း ၊ အူသိမ် (ပိတ်ခြင်း ၊ ပေါက်ခြင်း) ၊ အူတစ်ခု နှင့် တစ်ခု ထပ်ခြင်း ၊ အူလိမ့်ခြင်း ၊ အူခေါက်သွားခြင်း ၊
သန်ကောင်ပိတ်ခြင်း ၊ ပြင်ပ ပစ္စည်းတစ်ခုခုပိတ်ဆို့နေခြင်း (ဥပမာ - ဂေါ်လီ) စတာတွေ ကြောင့် ဗိုက်နာခြင်း ၊အောင့်ခြင်း ဖြစ်တက်ပါတယ်။

----> အပိုင်း (၆)

•• ဒီအပိုင်းမှာ ဆိုရင် ဘယ်ဘက် ကျောက်ကပ် ၊ အောက်သိုဆင်းသော အူမအပိုင်း တို့ရှိပါတယ်။ လက္ခဏာတွေကတော့ အထက်ဖော်ပြပါ အပိုင်း (၄) အတိုင်း ဖြစ်ပါတယ်။

----> အပိုင်း (၇)

•• ဒီအပိုင်းမှာ ဆိုရင် အူအတက်ပိုင်း ၊ အူမရဲ့ အစပိုင်း ၊ ညာဘက်မျိုးဥအိမ် နဲ့ ညာဘက် သားဥပြွန် တို့ရှိပါတယ်။

•• ဒီအပိုင်းမှာ ဖြစ်တက်တာတွေက အူအတက်ရောင်ခြင်း ၊ အူတက်လုံးခဲခြင်း ၊ အူတက်ပြည်တည်ခြင်း ၊ အူအတက်အဖုံးမြှေးရောင်ခြင်း ၊ အူတက်ပေါက်ခြင်း ၊ အူမ ကင်ဆာ ၊ အူမကြီးပိတ်ခြင်း ၊ အူသိမ်ပိန်ခြင်း ၊ အူမ ရောင်ရမ်းခြင်း ၊ ဆီကမ် ပိုးဝင်ခြင်း ၊ မျိုးဥအကြိတ် ၊ မျိုးဥအိမ် ရောင်ရမ်းခြင်းတွေ ကြောင့် အောင့်ခြင်း ၊ နာခြင်း တွေ ဖြစ်တက်ပါတယ်။

----> အပိုင်း (၈)

•• ဒီအပိုင်းမှာ ဆိုရင်တော့ ဆီးအိမ် ၊ သားအိမ် ၊ အစင်အိမ် တို့ရှိပါတယ်။

•• ဒီအပိုင်းမှာ ဘာတွေဖြစ်တက်လဲဆိုရင် ကိုယ်ဝန်ပျက်ချခြင်း ၊ အရိုးကွင်းတွင် ကျောက်တည်ခြင်း ၊ ဆီးအိမ်ကင်ဆာ ၊ ဆီးကြိတ် ကင်ဆာ ၊ ဆီးအိမ် မူမမှန်ခြင်း ၊ ဆီပြွန် မှာ ကျောက်တည်ခြင်း ၊ သားအိမ်ပေါက်ထွက်ခြင်း ၊ ဆီပြွန်ပေါက်ခြင်း ၊ ဆီးအိမ်ပေါက်ခြင်း ၊ ဆီးအိမ်ရောင်ခြင်း ၊ သားအိမ်ရောင်ခြင်း ၊ မစင်အိမ်ရောင်ခြင်း ၊ သားအိမ်မှာ အကြိတ်ဖြစ်ခြင်း ၊ ဆီးအိမ်တင်ခြင်း ၊ ကိုယ်ဝန်ရှိခြင်း စတာတွေ ကြောင့် ဖြစ်တက်ပါတယ်။

----> အပိုင်း (၉)

•• ဒီအပိုင်းကတော့ ဝမ်းပိုက်ရဲ့ နောက်ဆုံး အပိုင်းလဲ ဖြစ်ပါတယ်။ ဒီအပိုင်းမှာဆိုရင် အူမအဆုံးပိုင်း ၊ မျိုးဥအိမ် ၊ ဘယ်ဘက် သားဥပြွန် တို့ရှိပါတယ်။

•• ဒီအပိုင်းမှာ အူမကင်ဆာ အူမရောင်ရမ်းခြင်း ဂရင်ဂျီနာ ၊ သားဥအိမ်ကင်ဆာ ၊သားဥပြွန်ရောင်ရမ်းခြင်း ၊ ဆီးခုန်ရောင်ရမ်းခြင်း တို့ကြောင့် ဗိုက်နာ ၊ ဗိုက်အောင့်ခြင်းကို ဖြစ်စေတက်ပါတယ်။

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

>> မသိဘဲစားနေကြတာမကြည့်ရက်တော့လို့ တင်ပြလိုက်ရခြင်းဖြစ်ပါတယ်.....
20/09/2025

>> မသိဘဲစားနေကြတာမကြည့်ရက်တော့လို့ တင်ပြလိုက်ရခြင်းဖြစ်ပါတယ်.....

 #ဂေါက်အဆစ်ရောင် ဆီးနှင့်ကျောက်ကပ်  အသည်းသမားများအတွက် ဘူးပင် အစွမ်း အံမခန်းပါ #ရေဓာတ်ပါဝင်မှုများပြီး အအေးစာဖြစ်သောကြော...
12/08/2025

#ဂေါက်အဆစ်ရောင် ဆီးနှင့်ကျောက်ကပ် အသည်းသမားများအတွက် ဘူးပင် အစွမ်း အံမခန်းပါ

#ရေဓာတ်ပါဝင်မှုများပြီး အအေးစာဖြစ်သောကြောင့် ဆီးမကောင်းသူများနှင့် ယူရစ်အက်စစ်များ၍ ဆီးပူသော သူများသည် ဘူးသီးကိုဖျော်ရည်လုပ်ပြီး သံပရာရည်ဖြင့်ရောကာ သောက်သုံးပေးသင့်သည်။

#ကျောက်ကပ်ရောင် ခြင်းကိုလည်း ကုသပေးနိုင်စွမ်းရှိသည်။

#ဆီးချိုရောဂါသည်များအတွက် အထူးသင့်လျော်သည်။.

#ဝမ်းလျှောခြင်းကြောင့် ရေငတ်နေသူများ၊ အဆီဓာတ်များသောအစားအစာ သို့မဟုတ် ဆီကြော်မုန့်စားသုံးပြီး နောက် ရင်ပူနေသူများသည် ဘူးသီးကိုဖျော်ရည်လုပ်ကာ ဆားအနည်းငယ်ရော၍သောက်သုံးပေးသင့်သည်။

#ပူပြင်းသောနွေရာသီတွင် ဆုံးရှုံးသွားသောချွေးများအတွက် အထက်ပါအတိုင်းသောက်သုံးပေးပါက လူကိုပြန်လည် လန်းဆန်းစေသည်။ အပူလျှပ်ခြင်းမှလည်း ကာကွယ်ပေးသည်။

#သွေးတိုးရောဂါသမားများနှင့် နှလုံးရောဂါဝေဒနာရှင်များကို များစွာအကျိုးပြုသည်။

#ဘူးညွန့်(ဘူးရွက်)သည် အသည်းရောင်အသားဝါရောဂါကို ဟန့်တားကာကွယ်ပေးသည်။

#ဆံပင်ဖြူခြင်းကို သက်သာလျော့ပါးစေသည်။

#အဆီဓာတ်ပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပေါများသောကြောင့် အစာကြေလွယ်ပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေး သည်။

#အာရုံကြောများကို အားကောင်းစေကာ မှတ်ဉာဏ်ကို ဖွံ့ဖြိုးတိုးတက်စေသည်။(စိတ်ဖောက်ပြန်သူများအတွက် ကောင်းကျိုးပြုပါသည်)

#ဆံပင်မရှိ၍ ထိပ်ပြောင်သူများသည် ဘူးညွန့် (ဘူးရွက်)အရည်ကို လိမ်းပေးသင့်သည်။

#သွားကိုက်ခြင်းကို သက်သာပျောက်ကင်းစေသည်။ သွားများမပျက်စီးရအောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဘူးညွန့်အရည်ဖြင့် ပလုတ်ကျင်းပေးသင့်ပါသည်။

#ဖက်ခွက်နာ(ပြည်တည်နာများ)၊ ဝက်ရူးပြန်ခြင်းနှင့် အစာမကြေခြင်းဝေဒနာများကို သက်သာ ပျောက်ကင်း စေသည်။

#နံနက်စာမစားမီ ဘူးသီးကိုဖျော်ရည်လုပ်ပြီး နေ့စဉ်တစ်နေ့လျှင် တစ်ခွက်ပုံမှန်သောက်သုံးပေးပါက အရွယ်တင် နုပျိုစေသည်။

#မိတ်၊ အင်ပျဉ်ကဲ့သို့ အရေပြားပေါ်တွင် အဖုအပိမ့်အနီကွက်ထပါက ဘူးသီးကိုကြိတ်ချေ၍ ၎င်းအနှစ်များဖြင့် လိမ်းပေးခြင်းဖြင့် ချက်ချင်းသက်သာပျောက်ကင်းစေသည်။

#ဘူးသီးကို မှန်မှန်စားပေးခြင်းဖြင့် အပြစ်အနာအဆာမရှိသော လင်းလက်စိုပြည်လှပသည့် အသားအရေကို ပိုင်ဆိုင်နိုင်သည်။

ဘူးသီးသည် အသည်းပုံမှန်အလုပ်မလုပ်နိုင်သူများကို ကောင်းစွာအကျိုးပြုသည်။

#နာတာရှည်အိပ်မပျော်နိုင်ဘဲ မျက်စိကြောင်နေသူများသည် ဘူးသီးကိုဖျော်ရည်လုပ်ပြီး နှမ်းဆီနှင့်ရော၍ ဦးခေါင်းခွံ (ဦးရေပြား)ကို ညစဉ်နှိပ်ပေးခြင်းဖြင့် ထိရောက်စွာအကျိုးရှိစေသည်။

#အစာအိမ်အက်စစ် အထွက်လွန်သူများအတွက် သက်သာပျောက်ကင်းသည်။

နှလုံးကိုအားကောင်းစေသည်။

အဆိပ်ပြေစေသည်။

#ချောင်းဆိုးခြင်းကြောင့် အသက်ရှူလေပြွန်ရောင်နေသူများ၊ လည်ချောင်းနာသူများနှင့် ပန်းနာရင်ကျပ်ရောဂါများကို ကုသပေးနိုင်စွမ်းရှိသည်။

#ဗီတာမင်အီးက မျက်လုံးသွေးကြောမျှင်များကို ကောင်းကျိုးပြုသည်။
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်သည့် ဘူးညွန့်ဟင်းလျာတစ်ခွက်တွင် ဗီတာမင်အီးကိုလုံလောက်စွာ ရရှိနိုင်သည်။ ထို့ကြောင့် ဘူးညွန့်စားခြင်း က မျက်စိကျန်းမာရေးကို အထောက်အကူဖြစ်စေသည်။

#မှတ်သားရန်

✅ဘူးသီးသည် အပူပေးချက်ပြုတ်ပြီးမှသာ စားသုံးရသည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။

#ဆီးရောဂါရှိသူများအနေဖြင့် ဖျော်ရည်လုပ်၍ သောက်သုံးနိုင်သော်လည်း ၎င်းရောဂါမရှိဘဲ ရက်လတာရှည်အစိမ်းစားပါက အစာအိမ်နှင့်အူမများအတွက် အန္တရာယ်ဖြစ်စေနိုင်သည်။

✅အချုပ်အားဖြင့်ဆိုသော် ဘူးသီးသည် ကိုယ်ခန္ဓာအတွင်းရှိ အင်္ဂါအစိတ်အပိုင်းများကို အကျိုးပြုရုံသာမက အသားအရေကို ကျန်းမာလှပစေခြင်း၊ ဆံပင်ဖြူခြင်းကို လျော့နည်းစေခြင်းတို့အပြင် ကိုယ်အလေးချိန်ထိန်းလိုသူများအတွက် ထိထိရောက်ရောက် အကျိုးပြုစေသည့် အစွမ်းသတ္တိများနှင့်ပြည့်စုံသော အစိမ်းရောင် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။

✅ရေဓာတ်ပါဝင်မှုများပြားသဖြင့် အချိန်ကြာမြင့်စွာချက်ပြုတ်ပေးရန် မလိုဘဲ အချိန်ကုန်သက်သာစေသည်။ ထို့ကြောင့်ဆေးဖက်ဝင်ဟင်းရွက်နွယ်ပင်တစ်မျိုးဖြစ်သည့် ဘူးသီးကို စားသောက်နိုင်ကြပါစေကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ။

CRD.............ပေါက်ပေါက်
#ကျန်းမာရေးဗဟုသုတရကြပါ​ေ

အိပ်မပျော်သူများအတွက်  ပူစီနံရွက်       အိပ်မပျော်တဲ့ မိတ်ဆွေများအတွက် ကျွန်မလုပ်နေကျဆေးနည်းလေး ပေးပါရစေ။အိပ်ဆေးသောက်အိပ...
07/08/2025

အိပ်မပျော်သူများအတွက် ပူစီနံရွက်
အိပ်မပျော်တဲ့ မိတ်ဆွေများအတွက် ကျွန်မလုပ်နေကျဆေးနည်းလေး ပေးပါရစေ။

အိပ်ဆေးသောက်အိပ်ခြင်းဟာ ရေရှည်မှာ မကောင်းပါဘူး။ ဒီနိုင်ငံမှာဆို အိပ်ဆေး လုံးဝ မပေးပါဘူး။ အရင်ကတော့ နွားနို့ပူပူလေးကို မအိပ်ခင် နာရီဝက်လောက်အလိုမှာ သောက်လိုက်ပြီးမှ အိပ်ရင် အိပ်ပျော်တယ်ဆိုလို့ သောက်ကြည့်ပါတယ်။ မဆိုးပါဘူး။ ဒါပေမယ့် နွားနို့သိပ်မကြိုက်တတ်တဲ့ ကျွန်မအတွက် သိပ်အဆင်မပြေပါဘူး။

ဒါနဲ့ အညာမှာနေတဲ့ မွေးသမိခင်ကို မေးရတော့တာပေါ့။ သမီးရေ အိပ်မပျော်ရင် ရေနွေးထဲကို ပူတီနာအရွက် ၅ ရွက် ၆ ရွက်ကို ထည့်ပြီး ခပ်နွေးနွေးလေး အနေအထားရောက်ရင် သောက်ပြီး အိပ်ယာထဲ ဝင်လိုက်ပါတဲ့။ ခဏနေရင် အိပ်ပျော်သွားလိုက်မယ်တဲ့။

တကယ်ကို အဟုတ် အိပ်ဆေးကောင်းလေးပါ။ အခုတော့အိမ်မှာ ပူတီနာကို အခင်းဖြစ်အောင်စိုက်ထား လိုက်ပါတော့တယ်။ သြော် နောက်တစ်ခုက ပူတီနာ အရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်းကျစေပါတယ်တဲ့။

🥰 ပူစီနံအရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်း ကျစေပါတယ်တဲ့။

မိတ်ဆွေများ လိုသလို အသုံးပြုနိုင်ကြပါစေ.....

အိန္ဒိယ အစားအစာတွေထဲမှာရော အတို့အမြုပ် အနေနဲ့ပါ စားနိုင်တဲ့ ပူစီနံ စားရုံနဲ့ လေ့ကျင့်ခန်းတွေ ထူးထူး ထွေထွေ သိပ်လုပ်စရာ မလိုပဲ ကိုယ်အလေးချိန် ကောင်းကောင်း လျော့ချနိင်ပါတယ်။ ပူစီနံက သင့်ကို ဘယ်လို ကျန်းမာရေး ကောင်းကျိုးတွေ ဖြစ်စေပါသလဲ။

(၁) အစာကြေစေတယ်
- ခံတွင်းကိုလည်း ရှင်းစေတယ်၊ အစာကိုလည်း ကြေစေတယ်၊ အစာမာ စားတာ များရင်၊ ဒါမှမဟုတ် အစာမကြေ ဖြစ်နေရင် ပူစီနံ နည်းနည်းလောက် စားပေးရုံနဲ့ အစောကြေ အဆင်ပြေစေပါလိမ့်မယ်။

(၂) အာရုံကြော အားကောင်းစေတယ်၊ ခေါင်းကိုက်ပျောက်ကင်းစေတယ်
- ပူစီနံကို ပုံမှန် စားသုံးပေးခြင်းက အာရုံကြော အားကောင်းစေတာ တွေ့ရသလို ခေါင်းကိုက်နေချိန်မှာလည်း စားသုံးပေးမယ် ဆိုရင် ပူစီနံရဲ့ အနံ့ကြောင့် ခေါင်းကိုက်ပျေက်ကင်းစေတာ တွေ့ရပါတယ်။

(၃) ချွဲကျစေတယ်၊ ချောင်းဆိုးပျောက်စေတယ်
- ချောင်းဆိုးပျောက်ဆေး အများစုမှာ ပူစီနံရဲ့ ဓါတ်ကို ထည့်သွင်း ထုတ်လုပ်ထားတာ တွေ့နိုင်သလို အနည်းငယ် ပူရှိန်တဲ့ ဓါတ်ကြောင့် ချွဲကျစေသလို ချောင်းဆိုလည်း ပျောက်ကင်းစေတာ တွေ့ရပါတယ်။

(၄) ပန်းနာရင်ကျပ်လည်း သက်သာစေနိုင်တယ်
- အများဆုံးသော ပန်းနာရင်ကျပ် သမားတွေရဲ့ လက်စွဲတော် အစားအစာလည်းဖြစ်၊ အကောင်းဆုံး စားသုံးသင့်တဲ့ အရွက်က ပူစီနံပါ၊ လည်ချောင်းရှင်းပြီး အသက်ရှုလမ်းကြောင်း ကောင်းမွန်စေတာ တွေ့ရပါတယ်။

(၅) မိခင်များ နို့ထွက်ကောင်းစေတယ်
- နို့တိုက်မိခင်တွေ နို့ထွက်ကောင်းစေချင်တယ် ဆိုရင်လည်း ပူစီနံ အနည်းငယ် ပုံမှန် စားသုံးပေးသင့်ပါတယ်။ နို့ထွက်အားကောင်းလာစေနိုင်ပါတယ်။

(၆) အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တယ်
- ပူစီနံရွက်ထဲမှာ ပါရှိတဲ့ ပူရှိန်တဲ့ ဓါတ်ဟာ သွေးထဲက အဆီခဲတွေကို ဖယ်ရှားပေးနိုင်ပြီး အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။

(၇) အသားရေစိုပြေစေတယ်
- အရွယ်ကို ပုံမှန် စားသုံးပေးခြင်းက အရေပြားကို စိုစွတ် အေးမြစေတယ်၊ စိုပြေစေတယ်၊ နေပူဒဏ် ခံနိုင်စေတယ်၊ ပူစီနံနဲ့ ဖော်စပ်ထားတဲ့ အရေပြား လိမ်းဆေးတွေက အရေပြား ကူးစက်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။

(၈) သတိမေ့ခြင်းကို သက်သာစေနိုင်တယ်
- အသက်အရွယ် ကြီးမားလာခြင်း အတွက်ရော စိတ်ဖိစီးမှု များခြင်းကြောင့် သတိမေ့ခြင်းကို ပူစီနံက ကာကွယ်ပေးနိုင်တာ၊ သက်သာစေနိုင်တာ တွေ့ရပါတယ်။

(၉) ကိုယ်အလေးချိန် မှန်စေတယ်
- အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်အလေးချိန် များနေသူတွေ၊ အ၀လွန်နေသူတွေကိုလည်း သွေးထဲက အဆီတွေဖယ်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန် မှန်ပြီး ပိန်စေနိုင်တာလည်း တွေ့ရပါတယ်။

(၁၀) ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်တယ်
- အထိရောက်ဆုံး ကာကွယ်မှု ပေးနိုင်တာ မဟုတ်ပေမယ့် နောက်ဆုံး လေ့လာတွေ့ရှိချက်တွေ အရတော့ ကင်ဆာဖြစ်စေမယ့် ဆဲလ်တွေ ဖြစ်တည်မှုနဲ့ ကင်ဆာဆဲလ်တွေ သေစေနိုင်မှုကို ပူစီနံဓါတ်က ကူညီ တိုက်ဖျက်ပေးနိုင်တာတွေ့ရပါတယ်🥰🥰 #ဗဟုသုတ

>> " ဗိုက်" ဘယ်နေရာက ***>> ဘာကြောင့်နာ အောင့်တာလဲ ***[ဝမ်းဗိုက်နဲ့ ပတ်သက်ပြီးတော့ အပိုင်း (၉) ပိုင်းရှိတယ်။ ပုံပါအတိုင်း...
05/08/2025

>> " ဗိုက်" ဘယ်နေရာက ***
>> ဘာကြောင့်နာ အောင့်တာလဲ ***

[ဝမ်းဗိုက်နဲ့ ပတ်သက်ပြီးတော့
အပိုင်း (၉) ပိုင်းရှိတယ်။ ပုံပါအတိုင်း။]

အပိုင်း (၁)

ဒီအပိုင်းမှာ ဆိုရင်တော့ အသဲ၊ သဲခြေအိတ် နဲ့ အသဲနှင့်ကပ်လျက်
အူမအကွေးပိုင်း ၊ ညာဘက် အဆုတ် အောက်ခြေအနား တို့ရှိပါတယ်။

ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင် တော့ (Virus) ပိုးအသဲထဲဝင်တာ ကြောင့် အသဲရောင်ခြင်း ၊ ဝမ်းကိုက်ပိုး အသဲထဲရောက်ခြင်း ၊ သည်းခြေအိတ်ရောင်ခြင်း ၊ သည်းခြေလမ်းကြောင်း ရောင်ရမ်းခြင်း ၊ အရက်ကြောင့် အသည်းရောင်ခြင်း ၊ အူမကြီးရောင်ခြင်း ၊ အူပိတ်ခြင်း ၊ အသည်းကင်ဆာ စတဲ့ လက္ခဏာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။

အပိုင်း (၂)

ဒီအပိုင်းမှာ ဆိုရင်တော့ အစာအိမ် ၊ မုန့်ချိုအိတ် ၊ ကန့်လန့်ဖြတ်အူမ ၊ အသဲရဲ့အမွှာနုအပိုင်း တို့ရှိပါတယ်။

ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင်တော့ အစာအိမ် ရောင်ခြင်း ၊ အစာအိမ်အနာ နှင့်အတူ သွေးအန်ခြင်း ၊ သွေးဝမ်းသွားခြင်း ၊ အစာအိမ်ပေါက်ထွက်ခြင်း ၊ အူသိမ်ဦး ပေါက်ထွက်ခြင်း ၊ အစာအိမ်ကင်ဆာဖြစ်ခြင်း ၊ အူသိမ်ပိတ်ခြင်း စတဲ့ လက္ခဏာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။

အပိုင်း (၃)

ဒီအပိုင်းမှာ ဆိုရင် သရက်ရွက် (ဝါ) ဘယ်လုံးလုံး ၊ သရက်ရွက်နှင့်ကပ်လျက်အူမ အကွေးပိုင်း ၊ ဘယ်ဘက် အဆုတ် အောက်ခြေအနား တို့ရှိပါတယ်။

ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင် သရက်ရွက် (ဝါ) ဘယ်လုံးလုံး စုတ်ပြတ်ဒဏ်ရာ ၊ အူရောင်ခြင်း ၊ အူမကြီးပိတ်ခြင်း ၊ အူမကင်ဆာ ၊ အူမကြီးပေါက်ထွက်ခြင်း ၊ ဓါးထိုး ဒဏ်ရာ စတဲ့ တွေ ကြောင့်ဖြစ်နိုင်ပါတယ်။

အပိုင်း (၄)

ဒီအပိုင်းမှာ ဆိုရင် ညာဘက် ကျောက်ကပ် ၊ အပေါ်သို့တက်သော
အူမ အပိုင်း တို့ရှိပါတယ်။

ဒီအပိုင်းမှာဆိုရင် အူရောင်ခြင်း ၊ ကျောက်ကပ်ရောင်ခြင်း ၊ ကျောက်ကပ်ကွဲထပ်ခြင်း ၊ ကျောက်ကပ် ကင်ဆာ ၊ ကျောက်ကပ်ထဲသို့ ရေဝင်ခြင်း စတဲ့ တွေ ကြောင့် အောင့်တာ ၊ နာတာတွေ ဖြစ်တက်ပါတယ်။

အပိုင်း (၅)

ဒီအပိုင်းမှာ ဆိုရင် အူသိမ် (ဝါ) အူသေး ရှိပါတယ်။ ဒီအပိုင်းမှာဆိုရင် သန်းထိုးခြင်း ၊ လေထိုးခြင်း ၊ အူသိမ် (ပိတ်ခြင်း ၊ ပေါက်ခြင်း) ၊ အူတစ်ခု နှင့် တစ်ခု ထပ်ခြင်း ၊ အူလိမ့်ခြင်း ၊ အူခေါက်သွားခြင်း ၊
သန်ကောင်ပိတ်ခြင်း ၊ ပြင်ပ ပစ္စည်းတစ်ခုခုပိတ်ဆို့နေခြင်း
(ဥပမာ - ဂေါ်လီ) စတာတွေ ကြောင့် ဗိုက်နာခြင်း ၊
အောင့်ခြင်း ဖြစ်တက်ပါတယ်။

အပိုင်း (၆)

ဒီအပိုင်းမှာ ဆိုရင် ဘယ်ဘက် ကျောက်ကပ် ၊ အောက်သိုဆင်းသော အူမအပိုင်း တို့ရှိပါတယ်။ လက္ခဏာတွေကတော့ အထက်ဖော်ပြပါ အပိုင်း (၄) အတိုင်း ဖြစ်ပါတယ်။

အပိုင်း (၇)

ဒီအပိုင်းမှာ ဆိုရင် အူအတက်ပိုင်း ၊ အူမရဲ့ အစပိုင်း ၊ ညာဘက်မျိုးဥအိမ် နဲ့ ညာဘက် သားဥပြွန် တို့ရှိပါတယ်။

ဒီအပိုင်းမှာ ဖြစ်တက်တာတွေက အူအတက်ရောင်ခြင်း ၊ အူတက်လုံးခဲခြင်း ၊ အူတက်ပြည်တည်ခြင်း ၊ အူအတက်အဖုံးမြှေးရောင်ခြင်း ၊ အူတက်ပေါက်ခြင်း ၊ အူမ ကင်ဆာ ၊ အူမကြီးပိတ်ခြင်း ၊ အူသိမ်ပိန်ခြင်း ၊ အူမ ရောင်ရမ်းခြင်း ၊ ဆီကမ် ပိုးဝင်ခြင်း ၊ မျိုးဥအကြိတ် ၊ မျိုးဥအိမ် ရောင်ရမ်းခြင်းတွေ ကြောင့် အောင့်ခြင်း ၊ နာခြင်း တွေ ဖြစ်တက်ပါတယ်။

အပိုင်း (၈)

ဒီအပိုင်းမှာ ဆိုရင်တော့ ဆီးအိမ် ၊ သားအိမ် ၊ အစင်အိမ် တို့ရှိပါတယ်။

ဒီအပိုင်းမှာ ဘာတွေဖြစ်တက်လဲဆိုရင် ကိုယ်ဝန်ပျက်ချခြင်း ၊ အရိုးကွင်းတွင် ကျောက်တည်ခြင်း ၊ ဆီးအိမ်ကင်ဆာ ၊ ဆီးကြိတ် ကင်ဆာ ၊ ဆီးအိမ် မူမမှန်ခြင်း ၊ ဆီပြွန် မှာ ကျောက်တည်ခြင်း ၊ သားအိမ်ပေါက်ထွက်ခြင်း ၊ ဆီပြွန်ပေါက်ခြင်း ၊ ဆီးအိမ်ပေါက်ခြင်း ၊ ဆီးအိမ်ရောင်ခြင်း ၊ သားအိမ်ရောင်ခြင်း ၊ မစင်အိမ်ရောင်ခြင်း ၊ သားအိမ်မှာ အကြိတ်ဖြစ်ခြင်း ၊ ဆီးအိမ်တင်ခြင်း ၊ ကိုယ်ဝန်ရှိခြင်း စတာတွေ ကြောင့် ဖြစ်တက်ပါတယ်။

အပိုင်း (၉)

ဒီအပိုင်းကတော့ ဝမ်းပိုက်ရဲ့ နောက်ဆုံး အပိုင်းလဲ ဖြစ်ပါတယ်။ ဒီအပိုင်းမှာဆိုရင် အူမအဆုံးပိုင်း ၊ မျိုးဥအိမ် ၊ ဘယ်ဘက် သားဥပြွန် တို့ရှိပါတယ်။

ဒီအပိုင်းမှာ အူမကင်ဆာ အူမရောင်ရမ်းခြင်း ဂရင်ဂျီနာ ၊ သားဥအိမ်ကင်ဆာ ၊သားဥပြွန်ရောင်ရမ်းခြင်း ၊ ဆီးခုန်ရောင်ရမ်းခြင်း တို့ကြောင့် ဗိုက်နာ ၊ ဗိုက်အောင့်ခြင်းကို ဖြစ်စေတက်ပါတယ်။

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပ

Address

Taunggyi

Telephone

+959428327903

Website

Alerts

Be the first to know and let us send you an email when ABM:Herbs For Self Wellness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share