WONE VANN

WONE VANN ရှမ်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

Traditional Medicine Manufacturing Co., Ltd.

ဝုန်းဝမ်း ဆေးတိုက်ကို 1982 ခုနှစ်တွင် ရှမ်းတိုင်းရင်းဆေးသမားတော်ကြီး “ဦးတန်းကေး” မှ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့တွင် စတင်တည်ထောင်ခဲ့ပါသည်။

“ဝုန်းဝမ်း” ဆိုသည်မှာ ရှမ်းဘာသာစကားဖြစ်ပါသည်။ ရှမ်းအမည် "ဝူင်းဝၼ်း " ဖြစ်ပြီး မြန်မာ အဓိပ္ပာယ်မှာ "တက်နေဝန်း" ဖြစ်ပါသည်။ နေသည် လူသားအားလုံးကို အလင်းရောင် ပေးသကဲ့သို့ ၊ “ဝုန်းဝမ်း” တိုင်းရင်းဆေးဝါးထုတ်လုပ်သော ဆေးများဖြင့် လူသားအားလုံး၏ကျန်းမာရေးကို အကျိုးပြုနိုင်စေရန် ရည်ရွယ်ပါသည်။

အများပြည်သူ၏ ကျန်းမာရေးကို အစဉ်အလေးထားသောအားဖြင့် ဝုန်းဝမ်းဆေးတိုက်မှ အစွမ်းထက်သော တိုင်းရင်းဆေးစွမ်းကောင်းများကို စစ်မှန်သော သဘာဝ ဆေးဖက်ဝင် သစ်ဥ ၊ သစ်ခေါက် ၊ ဆေးမြစ်များဖြင့် ဗဟိုတိုင်းရင်းဆေးဝါး ကြီးကြပ်ရေး ကော်မတီ၏ ခွင့်ပြုချက်များနှင့်အညီ ခေတ်မီစက်ကိရိယာများဖြင့် အချိုးကျ စီမံဖော်စပ် ထားပြီး ခေတ်စနစ်နှင့်အညီ အစဉ်အမြဲ ပိုမိုကောင်းမွန်အောင် အကောင်းမွန်ဆုံး ကြိုးစားခြင်းသည် “ဝုန်းဝမ်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး” ၏ လမ်းစဉ်သာဖြစ်ပါသည်။

ရှူလိုက်တာနဲ့ ရှမ်းပြည်ကိုရောက်ရှိသွားသလို ခံစားရမယ့် ဝုန်းဝမ်း တိုင်းရင်းဆေးဝါးထုတါ မောဧကရီရှူဆေး ကို အခုဆိုရင် ရွှေအို...
21/08/2026

ရှူလိုက်တာနဲ့ ရှမ်းပြည်ကိုရောက်ရှိသွားသလို ခံစားရမယ့် ဝုန်းဝမ်း တိုင်းရင်းဆေးဝါးထုတါ မောဧကရီရှူဆေး ကို အခုဆိုရင် ရွှေအိုး ဆေးဆိုင်တိုင်းမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါပြီ ။

ခေါင်းကိုက်ခေါင်းနောက်လို့ပဲဖြစ်ဖြစ် ပင်ပန်းနွမ်းနယ်တဲ့ အခါတိုင်း ဝုန်းဝမ်းတိုင်းရင်းဆေးဝါးထုတ် မောဧကရီရှူဆေးကို ရှူသွင်းလိုက်ရုံနဲ့ သင်းပျံ့အေးမြတဲ့ ထင်းရှူးရနံ့လေးကြောင့် စိတ်ရောလူပါ ကြည်လင်လန်းဆန်းမှာပါ ။

တောင်ကြီးမြို့၊ ဝုန်းဝမ်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး ရဲ့ အဆင့်မြင့် ရှမ်းပြည်နယ်ထွက် ထင်းရှူးဆီ လက်ရာစစ်စစ်မို့ ပင်ပန်းသမျှကို ခဏလေးအတွင်း မေ့ပျောက်သွားစေမှာ အမှန်ပါပဲ။ 💚🎒

#မောဧကရီ #ရှူဆေး #ရှမ်းပြည်ရဲ့နွေးထွေးမှု #ထင်းရှူးဆီရနံ့ #မောဧကရီရှူဆေး

နေ့စဉ်ဘဝ မှာ လှုပ်ရှားသွားလာ နေရင်း ခေါင်းထဲ လေးလံအုံ့ဆိုင်းလာတဲ့အခါ... ဝုန်းဝမ်းတိိုင်းရင်းဆေးဝါးထုတ် မောဧကရီ ကို ရှူသွ...
11/08/2026

နေ့စဉ်ဘဝ မှာ လှုပ်ရှားသွားလာ နေရင်း ခေါင်းထဲ လေးလံအုံ့ဆိုင်းလာတဲ့အခါ...

ဝုန်းဝမ်းတိိုင်းရင်းဆေးဝါးထုတ် မောဧကရီ ကို ရှူသွင်းလိုက်ရုံနဲ့ ရှမ်းတောင်တန်းတွေပေါ် ရောက်သွားသလို သင်းပျံ့အေးမြတဲ့ ထင်းရှူးနံ့လေးက စိတ်ရောလူပါ ချက်ချင်း ကြည်လင်လန်းဆန်းသွားစေပါတယ်။ 🌲✨

ဒါကြောင့်မို့လို့ပဲ နေ့စဉ်လှုပ်ရှားမှုတိုင်း၊ အပြင်သွားတိုင်းမှာ “မောဧကရီ ရှုဆေး” လေးက အိတ်ထဲမှာ မပါမဖြစ် အမြဲရှိနေတာပါ။

တောင်ကြီးမြို့၊ ဝုန်းဝမ်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး ရဲ့ အဆင့်မြင့် ရှမ်းပြည်နယ်ထွက် ထင်းရှူးဆီ လက်ရာစစ်စစ်မို့ ပင်ပန်းသမျှကို ခဏလေးအတွင်း မေ့ပျောက်သွားစေမှာ အမှန်ပါပဲ။ 💚🎒

✨ ဝုန်းဝမ်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး (တောင်ကြီး) ရဲ့ မောဧကရီ ရှူဆေးကို ရွှေအိုး ဆေးဆိုင်တိုင်း မှာ ဝယ်ယူရရှိနိုင်ပါပြီ။

#မောဧကရီ #ရှူဆေး #ထင်းရှူးဆီရနံ့ #မောဧကရီရှူဆေး

03/08/2026

အလုပ်မှာ ပင်ပန်းပြီး လူကမလန်းဆန်း သမျှ ဝုန်းဝမ်းတိုင်းရင်းဆေးဝါးထုတ် မောဧကရီရှုဆေး ကြောင့် အကုန် အဆင်ပြေသွားပြီလေ ❤️

ဝုန်းဝမ်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး (တောင်ကြီး) ရဲ့ မောဧကရီ ရှူဆေးကို ရွှေအိုးဆေးဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ပါပြီ ။

#မောဧကရီ #ရှူဆေး #ထင်းရှုးဆီရနံ့ #မောဧကရီရှူဆေး

ယနေ့မှာကျရောက်တဲ့ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မှစ၍ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းပြီး တရားဘာဝနာများ ပွါးများအားထ...
29/07/2026

ယနေ့မှာကျရောက်တဲ့ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မှစ၍ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းပြီး တရားဘာဝနာများ ပွါးများအားထုတ်နိုင်ကြပါစေလို့ ဝုန်းဝမ်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး (တောင်
ကြီး) မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ 🙏

#တောင်ကြီးမဟာဖြေဆေး #ဝုန်းဝမ်းဆေးတိုက် #ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့

13/07/2026

ရုံးသွားရုံးပြန်ပဲဖြစ်ဖြစ် ၊ အလုပ်မှာပဲဖြစ်ဖြစ် ပင်ပန်းလာပြီလို့ခံစားရတိုင်း ဝုန်းဝမ်း တိုင်းရင်းဆေးဝါးထုတ် မောဧကရီရှူဆေးကို အိတ်ထဲမှာအမြဲဆောင်ထားလိုက်တော့နော်။

#မောဧကရီ #ရှူဆေး #ရှမ်းပြည်ရဲ့နွေးထွေးမှု #ထင်းရှူးဆီရနံ့ #မောဧကရီရှူဆေး

07/07/2026

တစ်နေ့တာလုံး အစားမှားလို့ ဗိုက်အောင့်ပြီးအဆင်မပြေခဲ့သမျှက ဝုန်းဝမ်းတိုင်းရင်းဆေးဝါးထုတ် တောင်ကြီး မဟာဖြေဆေးဘူးပန်းရောင်နဲ့မှပဲ အဆင်ပြေသွားတော့တယ် ။

#တောင်ကြီးပန်းရောင်မဟာဖြေဆေး #ဝုန်းဝမ်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

ပြီးခဲ့တဲ့ Father's Day campaign က အဖေနဲ့ မဟာဖြေဆေး ပန်းရောင်ဗူးလေးရဲ့ ခွဲခြားမရတဲ့ သံယောဇဉ် အမှတ်တရပုံရိပ်တွေကို စိတ်အာ...
29/06/2026

ပြီးခဲ့တဲ့ Father's Day campaign က အဖေနဲ့ မဟာဖြေဆေး ပန်းရောင်ဗူးလေးရဲ့ ခွဲခြားမရတဲ့ သံယောဇဉ် အမှတ်တရပုံရိပ်တွေကို စိတ်အားထက်သန်စွာနဲ့ ပါဝင်မျှဝေပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ဝုန်းဝမ်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးတောင်ကြီး က အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ✨🌸

ပါဝင်သူတွေထဲကနေ ကံထူးရှင် (၅) ယောက်ကို ရွေးချယ်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။
ကံထူးရှင် (၅) ယောက် အနေနဲ့ မိမိရဲ့ နာမည် ၊ ဖုန်းနံပါတ် ၊ နေရပ်လိပ်စာ ကို ဝုန်းဝမ်း Chat Box မှတဆင့် ပို့ပေးထားလို့ရပါတယ်။

အဖေ့အတွက် အထူးစီမံထားတဲ့ “ဝုန်းဝမ်း Gift Set” ကို ရရှိမယ့်ကံထူးရှင်တွေက ဘယ်သူတွေဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ရအောင်။ 💖

#တောင်ကြီးမဟာဖြေဆေး #ဝုန်းဝမ်းဆေးတိုက်

🏢နှစ်ပေါင်း ၄၀ ကျော်တိုင် ခိုင်မာစွာရပ်တည်လာခဲ့သော လုပ်ငန်းတစ်ခု၏ နောက်ကွယ်တွင် ပညာဉာဏ်၊ စေတနာနှင့် လမ်းညွှန်မှုတို့ကို ...
21/06/2026

🏢နှစ်ပေါင်း ၄၀ ကျော်တိုင် ခိုင်မာစွာရပ်တည်လာခဲ့သော လုပ်ငန်းတစ်ခု၏ နောက်ကွယ်တွင် ပညာဉာဏ်၊ စေတနာနှင့် လမ်းညွှန်မှုတို့ကို ပေးအပ်ခဲ့တဲ့ ဖခင်ကြီး ဦးတန်းကေး🙏🙏🙏

🙏ယနေ့ကျရောက်သည့် ဖခင်များနေ့တွင် ဝုန်းဝမ်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး(တောင်ကြီး) ၏ အုတ်မြစ်ကို ခိုင်မာစွာ ချမှတ်ပေးခဲ့သည့် ကျွန်ုပ်တို့၏ ကျေးဇူးရှင် ဖခင်ကြီး ဦးတန်းကေးအား အထူးအလေးပြု ဂုဏ်ပြုအပ်ပါသည်။

ဖခင်ကြီး၏ သွန်သင်လမ်းပြမှုများနှင့် စေတနာတရားတို့သည် ဝုန်းဝမ်း(တောင်ကြီး)မိသားစုအတွက် အဖိုးမဖြတ်နိုင်သော အမွေအနှစ်များဖြစ်သကဲ့သို့၊ ကျွန်ုပ်တို့အတွက် အမြဲတမ်း ခွန်အားဖြစ်စေသော အရင်းအမြစ်များလည်း ဖြစ်ခဲ့ပါသည်။🙏🙏🙏
ဖခင်ကြီး၏ စံနမူနာကောင်းများကို ဆက်လက်ထိန်းသိမ်းရင်း၊ ပိုမိုကောင်းမွန်သော တိုင်းရင်းဆေးဝါးများဖြင့် ပြည်သူလူထုကို ဝန်ဆောင်မှုပေးနိုင်ရန် ကျွန်ုပ်တို့ ဆက်လက်ကြိုးပမ်းသွားပါမည်။🙏🙏🙏

ဖခင်များနေ့တွင် ဖခင်ကြီး၏ ဂုဏ််ကျေးဇူးကို အထူးအမှတ်ရလျက်—
ဝုန်းဝမ်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး(တောင်ကြီး)

Happy Father’s Day To All The Fathers in the whole world🌎

#ဝုန်းဝမ်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #တောင်ကြီး

ဘယ်လောက်ပဲဟောင်းပါစေ ရေဒီယိုအဟောင်းလေးနားထောင်ရတာ၊ ပုဆိုးအနွမ်းလေးဝတ်ရတာမျိုးက အဖေတွေရဲ့ ကိုယ်ပိုင် Comfort Zone လေးတွေပ...
19/06/2026

ဘယ်လောက်ပဲဟောင်းပါစေ ရေဒီယိုအဟောင်းလေးနားထောင်ရတာ၊ ပုဆိုးအနွမ်းလေးဝတ်ရတာမျိုးက အဖေတွေရဲ့ ကိုယ်ပိုင် Comfort Zone လေးတွေပေါ့။ အဲဒီလိုပဲ အစားမှားလို့ ဝမ်းဗိုက်မအီမသာဖြစ်တဲ့အခါမျိုးဆိုရင်လည်း ခေတ်ပေါ်ဆေးအသစ်တွေကို လုံးဝမသောက်ဘဲ သူတို့ငယ်စဉ်ကတည်းက သုံးလာပြီး ယုံကြည်စိတ်အချရဆုံးဖြစ်တဲ့ ဝုန်းဝမ်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးတောင်ကြီး ရဲ့ “တောင်ကြီး မဟာဖြေဆေး” ပန်းရောင်ဘူးလေးကိုပဲ အားကိုးတကြီး ရှာသောက်တတ်ကြတာ အဖေတိုင်းပါပဲ။ ✨🌸

ဒီနှစ် Father's Day မှာ အဖေနဲ့ မဟာဖြေဆေး ပန်းရောင်ဘူးလေးရဲ့ ခွဲခြားမရတဲ့ သံယောဇဉ်အကြောင်း မျှဝေရင်း အဖေ့အတွက် အထူးလက်ဆောင် ရယူလိုက်ကြရအောင်။

ပါဝင်ရမယ့် ပုံစံလေးကတော့...

✨အဖေ့ရဲ့အနားမှာဖြစ်ဖြစ်၊ အိမ်ကဆေးသေတ္တာထဲမှာဖြစ်ဖြစ် အမြဲရှိနေတတ်တဲ့ “မဟာဖြေဆေး ပန်းရောင်ဘူး (သို့မဟုတ်) ဆေးထုပ်” လေးရဲ့ ဓာတ်ပုံကို ဒီ Post ရဲ့ Comment မှာ ဝင်ရောက်မျှဝေပေးရုံပါပဲ။

ပါဝင်ထားသူတွေထဲကမှ ( ၅ ယောက် ) ကို ရွေးချယ်ပြီး အဖေ့အတွက် အထူးစီမံထားတဲ့ “ဝုန်းဝမ်း Gift Set” ကို Father's Day လက်ဆောင်အဖြစ် ပေးပို့ဂုဏ်ပြုသွားမှာ ဖြစ်ပါတယ်။ 💖

လက်ဆောင်ရရှိသွားသူများအတွက် ဝုန်းဝမ်း Gift set ကို Delivery ရောက်တဲ့ နေရာတိုင်း ပို့ပေးမှာဖြစ်ပြီး Delivery အပ်လို့မရတဲ့ မြို့နယ်တွေအတွက် တော့ အနီးစပ်ဆုံးကားဂိတ်ကိုပို့ဆောင်ပေးသွားမှာဖြစ်ပါသည်။ 💯

#မဟာဖြေဆေး #တောင်ကြီးမဟာဖြေဆေး #ဝုန်းဝမ်းဆေးတိုက် #မဟာဖြေဆေး #အဖေ့ရဲ့ComfortZone

15/06/2026

မောဧကရီရှူဆေး ကို သဘာဝဆေးဖက်ဝင် သစ်မြစ်သစ်ဖုများသာမက ရှမ်းပြည်နယ်ရဲ့ ထင်းရှူးသားနဲ့ ထုတ်လုပ်ထားတာကြောင့် ရှူလိုက်တာနဲ့ ရှမ်းပြည်ကိုရောက်ရှိသွားသလို ခံစားရမှာပါ ။

#မောဧကရီ #ရှူဆေး #ရှမ်းပြည်ရဲ့နွေးထွေးမှု #ထင်းရှူးဆီရနံ့ #မောဧကရီရှူဆေး

Address

111, Myo Ma Quarter, Sao San Tun Street
Taunggyi
111

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30
Saturday 08:00 - 17:30

Telephone

+95812122413

Alerts

Be the first to know and let us send you an email when WONE VANN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to WONE VANN:

Shortcuts

Share