Wai Hnin Moe

Wai Hnin Moe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wai Hnin Moe, Loilem Township, South Shan State, Taunggyi.

ကြိုက်မိသော
05/12/2020

ကြိုက်မိသော

ထီတစ်စောင် 1000 နဲ့ဖြစ်စေချင်ရင် အစိုးကရ အောင်ဘာလေထီကို ဘာတံဆိပ်မှ မကပ်ရ။ ကပ်ရင် ပြင်းပြင်းထန်ထန် အရေးယူကြည့်လိုက်။ထီကို...
05/12/2020

ထီတစ်စောင် 1000 နဲ့ဖြစ်စေချင်ရင်
အစိုးကရ အောင်ဘာလေထီကို ဘာတံဆိပ်မှ မကပ်ရ။ ကပ်ရင် ပြင်းပြင်းထန်ထန် အရေးယူကြည့်လိုက်။ထီကို စောင်ရှယ်၊မွှာရှယ် အင်တာနက် ကွန်ပြူတာ စတာတွေ တွဲခွင့်မပြုနဲ့။
ထီတစ်စောင် 1000 ဖြစ်သွားမယ်။

အဲကျတော့လဲ အောင်ဘာလေထီရဲ့ ရောင်းအားလျော့ကျသွားလိမ့်မယ်။
နိုင်ငံတော်ဘတ်ဂျက် လျော့သွားမယ်။🤣

အဲ့တော့ နိုင်ငံတော်က သူတို့ကိုယ်စား ဖြုန်းအားကောင်းတဲ့ လူတွေလက်ထဲ အပ်ရပြီ။ သူတို့က ဈေးကစားကြတော့ ထီဈေးတက်ပြီ။

မိုးယံကတော့ လည်တယ်ဗျာ။
ဒီလထီအဖွင့်ဈေး 999 ပဲ။
Servic charge , နဲ့ Brand charge သူ့ဘာသာ ထပ်ကောက်တယ်။
သက်ဆိုင်ရာက လာစစ်ရင် ဘောက်ချာမှာ ပြယုံပဲ 999ပေါ့ 1000 မကျော်ဘူးလေ။

ဟော အရင်ထီဈေးကျတော့လဲ မိုးယံဈေးက 998 မလျော့ဘူးဗျာ။ ဘာပြန်လုပ်လဲဆိုတော့ ထီအစောင်ရေ 240 ယူမှ 5စောင် လက်စောင် ပေးတယ်ဗျာ။ သူ့ထီကို မကုန်ကုန်အောင် ဖြုန်းခိုင်းပြီး အမြတ်များများရအောင် လုပ်ကွက်။ အကွက်စိပ်လွန်းတယ်။ အရမ်းလုပ်ကွက်တော်တယ်ပေါ့။

ရွှေမြန်မာကတော့ မိုးယံလောက် သိပ်ဈေးမကြီးဘူး။
ဘယ်ဈေးကြီးမလဲဗျာ။plastic အိပ်ထဲထည့်တာလေ။ plastic အိတ်ခပဲ ကုန်တာ။
( မိုးယံက ကဒ်ထူအပေါ် ဖလင်နဲ့ colour print ထုတ်ရတာ အဲ့ဒီဈေးတွေ တွက်သာကြည့်။)
အဲ ....ရွှေမြန်မာကတော့ ညှိနှိုင်းဈေးရတယ်ပေါ့။ အဖွင့်ဈေး တင်ထားပြီး ညှိတာ🤣🤣 သူလိုချင်တဲ့ ဈေးရအောင် ခေါ်ရောင်းတာ။ ဘုမသိ ဘမသိဆို ဈေးသက်သာတယ်ဆိုပြီး လွှတ်ဝယ်ရော။ လုပ်ကွက်လေးတွေပေါ့။

မိုးယံက ရွှေမြန်မာ ဈေးကို လိုက်ညှိဖို့ လုပ်ရပြန်ပြီ။
ဘာထပ်လုပ်လဲ ဆိုတော့၊ လမင်းကြယ်စင်နဲ့၊ ဖြိုးမောက်လျှံ ဆိုပြီး ထပ်ထုတ်တော့တာပဲ။ အဲ့မှာလဲ မသိမသာ ဈေးကစားတာပဲပေါ့။

အဓိက ပြောချင်တာ ... ထိုးတဲ့သူကလဲ နာမည်ကြည့်ထိုးကြတာ ခက်တယ်။ ဒီလ မိုးယံက သိန်း ၁၅၀၀၀ ပေါက်ရင် မိုးယံမှ မိုးယံပဲ။
ရွှေမြန်မာက ပေါက်ရင် ရွှေမြန်မာပဲ။ တကယ်တော့ ထီက ကံတရားဗျ။ တံဆိပ်မဟုတ်ဘူး ။ တံဆိပ်ထိုးတဲ့သူတွေ များလာကြတော့ ကျုပ်တို့ အောက်ခြေ ထီသည်တွေကနာမည်ကြီးတဲ့ တံဆိပ်တွေ လိုက်ဝယ်ရောင်းရတယ်။ အုပ်စိမ်းယူရင် မရောင်းရတော့ အပင်ပန်းမခံတော့ဘူး။ သူများလုပ်ပြီးသားကို ယူရောင်းရတယ်။ အဲ့တော့ တဆင့်တဆင့်နဲ့ ဈေးကတက်ပြီလေ။

ဈေးကျလို့ ဝမ်းသာမနေရပြန်ဘူး။ အဲ့ဒီ ပင်ရင်းကြီးတွေက သူတို့နာမည်ကြီးအောင် ထီအရောင်းပိုကောင်းအောင် ရပ်ကွက်ထဲ ထီတစ်စောင် ၁၀၀၀ နဲ့ လိုက်ရောင်းပြန်တယ်။စီးပွါးရေးသမားကြီးတွေက စည်းကမ်း မရှိဆုံးပဲ ။ သူတို့ ရှုံးမှာ အရမ်းကြောက်တယ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရော။
ဘယ်သူ့မှ မညှာဘူး။

အစိုးရချပေးတဲ့ဈေးက ဒီဈေးပဲ။ စီးပွ့ါးရေးသမားတွေက နည်းမျိုးစုံနဲ့ ဈေးကွက်ကို လှည့်ကစားကြတာ။ ခံစားရတာက
ကျုပ်တို့ အောက်ခြေ ထီသည်တွေပဲ။

ပိုဆိုးတာက ထီထိုးသားတွေ။ သူတို့က ထီတစ်စောင် ၁၂၀၀ နဲ့ ဝယ်ထိုးရတာကို။ အစိုးရက ထီတစ်စောင် ၁၀၀၀ ထက်မပိုရဘူးဆိုပြီး မင်းတို့က ၁၂၀၀ ရောင်းနေရလား၊ ငတ်ပြတ်နေကြလား၊ အမြတ်စားလှချည်လား ဆိုတဲ့ စကားလုံးတွေ အောက်မှာ ထိုးသားနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ အောက်ခြေထီသည်တွေ ဆွံ့အ နေကြရတယ်။ ခေါင်းငုံခံနေကြရတယ်။
ထိုးသားက ဘုမသိ ဘမသိ ထီသည်တွေကို ပြောဆိုကြတယ်။ အောက်ခြေ ထီသည်တွေက မိအေးနှစ်ခါနာပဲ။ 😭😭😭

နိုင်ငံတော်ကတော့ လက်ပိုက်ကြည့်နေတယ်။ အိမ်ကြက်အချင်းချင်း ခွပ်ခိုင်းခိုက်တယ်။ သူက အချိန်တန်ရင် ဘတ်ဂျက်ပြည့်ပြီ။ မသိချင်ယောင် ဆောင်‌ေနတယ်။ 🤔🤔🤔

ပြောရင် ၊ ရေးရင် အများကြီးပါ။

ထီထိုးသူ ထီချစ်သူတွေ လမ်းထဲ ထီသည်လေးတွေ လာရင်
ဈေးမဆစ်ပါနဲ့။ ထီတစ်စောင် ၁၀၀၀ နီးပါးဝယ်ရတဲ့ လတွေ ရှိသလို ၁၁၀၀ ဝယ်ခဲ့ရတဲ့ လတွေ ရှိပါတယ်။ ထီတစ်စောင် ၁၂၀၀ ရောင်းပေးတာ ပုံမှန်ဈေးလို့ပဲ သတ်မှတ်ပေးပါ။
ထီချစ်သူတွေ တွက်ကြည့်ပါ။ သူရင်းတဲ့ တစ်စောင်တန်ဖိုးနဲ့ သူမြတ်တဲ့ တစ်စောင်တန်ဖိုး ယှဉ်ကြည့်ပါ။ အရင်းများပြီး အမြတ်နဲတဲ့ ထီသည်ဘဝပါ။

တစ်ယောက်တည်းထိုးလို့ အမြတ်အများကြီးရသွားတာ မဟုတ်ပါဘူး။
ရပ်ကွက်တကာ နေပူမိုးရွာမရှောင် တစ်လလုံး အပင်ပန်းခံ လှည့်လည်ရောင်းမှ မိသားစု စားဝတ်နေရေး အဆင်ပြေလောက်တဲ့ အမြတ်လေးရတာပါ။
အဲ့ဒါကို ထီတစ်စောင် ၁၀၀၀ မရဘူးလား ဆိုတဲ့ အမေးတွေ အပြောတွေကြားမှာ ထီသည်လေးတွေဘဝ နိစ္စဓူဝ ဖြေရှင်းရရင်း .........

ထီလှည်းလေးတွန်းကာ
စိုင်းထီဆိုင်ရဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်ပါတော့သည်....

🎶🎶 လူသားတို့ ပေါင်းမိရင် 🎶🎶🎶
🎶🎶 ဘာရယ်ကြောင့် အားနည်းသူကို မုန်းတတ်တာလဲ🎶🎶🎶

Credit. နေလင်းထွေး

လူကြီးမင်း ထီဆုကြီး လက်မှတ် လက်ဝယ်ရောက်ရှိပြီလား😍
27/11/2020

လူကြီးမင်း
ထီဆုကြီး လက်မှတ် လက်ဝယ်ရောက်ရှိပြီလား😍

26/11/2020
ကံကောင်းခြင်းများ ပိုင်ဆိုင်နိုင်ကြပါစေ။
01/11/2020

ကံကောင်းခြင်းများ ပိုင်ဆိုင်နိုင်ကြပါစေ။

သူဌေးလောင်းများဖြစ်ဖို့ ကံစမ်းကြပါစို့...
28/10/2020

သူဌေးလောင်းများဖြစ်ဖို့ ကံစမ်းကြပါစို့...

01/10/2020
(၂၀)ကြိမ်မြောက် ထီပေါက်စဥ်
01/10/2020

(၂၀)ကြိမ်မြောက် ထီပေါက်စဥ်

မမတို့ ကိုကိုတို့ အတွက် အလှလည်းမပျက် စတိုင်လည်းကျစေရမယ့် Face Shield👩‍🔬အနည်းဆုံး ၅ခု ယူပေးရပါမယ် ရှင်၅၀၀ကျပ်နှုန်းဖြင့် ...
14/09/2020

မမတို့ ကိုကိုတို့ အတွက်
အလှလည်းမပျက် စတိုင်လည်းကျစေရမယ့်
Face Shield👩‍🔬
အနည်းဆုံး ၅ခု ယူပေးရပါမယ် ရှင်
၅၀၀ကျပ်နှုန်းဖြင့်
#လွိုင်လင်မြို့အတွင်း
အိမ်တိုင်အရောက် ဝန်ဆောင်မှုပေးနေပါပြီ ရှင်

အလှူအတန်းပြုလိုသည့် မိတ်ဆွေများအတွက်
အထူးစျေးနှုန်းဖြင့် ပို့ဆောင်ပေးပါမယ် ရှင်

အထူး စျေးနှုန်းအား သိရှိလိုပါက Chat boxသို့..

Address

Loilem Township, South Shan State
Taunggyi
289970

Telephone

09428366344

Website

Alerts

Be the first to know and let us send you an email when Wai Hnin Moe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share