Healthy Life by Dr. JUNE

Directions

Healthy Life by Dr. JUNE Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Healthy Life by Dr. JUNE, Health & Wellness Website, Mandalay, Taunggyi.

👩‍⚕️ Clinical Nutritionist/Medical Doctor
Evidence-based Nutrition ကို အခြေခံ၍
အာဟာရ အချက်အလက်များ၊
ရောဂါဆိုင်ရာ အာဟာရကုသမှုနှင့် Healthy Lifestyle များကို မျှဝေပေးနေပါတယ်။

Sunday Poll - 4 အစားစားပြီးပြီးချင်း သင် ဘာလုပ်တတ်လဲ?၁) ခဏထိုင်နားတယ် ၂) လမ်းလျှောက်တယ်၃) အိပ်/လှဲတယ် ၄) အလုပ်ပြန်လုပ်တယ...
04/10/2026

Sunday Poll - 4

အစားစားပြီးပြီးချင်း သင် ဘာလုပ်တတ်လဲ?

၁) ခဏထိုင်နားတယ်
၂) လမ်းလျှောက်တယ်
၃) အိပ်/လှဲတယ်
၄) အလုပ်ပြန်လုပ်တယ်

ကိုယ့်ရဲ့ ပုံမှန်အလေ့အထကို ရွေးပေးခဲ့ပါ။
အင်္ဂါနေ့ မှာ “အစားစားပြီးနောက် ဘာလုပ်တာက သွေးတွင်းအချိုဓာတ် နဲ့ အစာချေမှုအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိလဲ?” ဆိုတာကို ပြောပြပေးပါမယ်။




03/10/2026

1-minute Nutrition : အမျှင်ဓာတ်နဲ့ တစ်နေ့တာ




October 1 - International Day of Older Persons အသက်ကြီးလာတာကို ကျွန်တော်တို့ ဘယ်လိုမြင်ကြလဲ?“အသက်ကြီးပြီ…”“ဒါတွေ မလုပ်နိ...
01/10/2026

October 1 - International Day of Older Persons

အသက်ကြီးလာတာကို ကျွန်တော်တို့ ဘယ်လိုမြင်ကြလဲ?
“အသက်ကြီးပြီ…”
“ဒါတွေ မလုပ်နိုင်တော့ဘူး…”
“အဲ့ဒါတွေ မစားနဲ့…”
“ဘာမှမလုပ်နဲ့၊ သား/သမီးတို့လုပ်ပေးမယ်…” ဆိုပြီး ကာကွယ်ပေးချင်တဲ့စိတ်နဲ့ အရာရာကို ကိုယ်စားဆုံးဖြတ်ပေးနေမိတတ်ပါတယ်။

တကယ်တော့ အသက်ကြီးလာတာက လူတစ်ယောက်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်နဲ့ တန်ဖိုးကို လျော့သွားစေတာ မဟုတ်ပါဘူး။ ကျန်းမာရေးအတွက် လိုအပ်တဲ့အရာတွေကို ကူညီပေးရမယ်။ ဆေးဝါးတွေကို သတိထားပေးရမယ်။
အစားအသောက်ကို လိုအပ်သလို ဂရုစိုက်ပေးရမယ်။
လှုပ်ရှားနိုင်သလောက် လှုပ်ရှားခွင့်ပေးရမယ်။
တစ်ယောက်တည်းမနေစေဘဲ စကားပြောပေးရမယ်။

ဒါပေမယ့်သူတို့ကိုယ်တိုင် လုပ်နိုင်သေးတဲ့အရာတွေကိုတော့ သူတို့ကိုယ်တိုင် လုပ်ခွင့်ပေးဖို့လည်း လိုပါတယ်။
ဘာစားချင်လဲ။
ဘယ်အဝတ်အစား ဝတ်ချင်လဲ။
ဘယ်လိုနေချင်လဲ။
ဘယ်သူနဲ့ စကားပြောချင်လဲ။

အသေးအဖွဲလို့ ထင်ရတဲ့ ဒီဆုံးဖြတ်ချက်လေးတွေက
အသက်ကြီးလာတဲ့အခါ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာ အတွက် အရေးကြီးပါတယ်။
ပြီးတော့ ကျန်းမာရေးဆိုတာလည်း
ရောဂါမရှိရုံ၊ သွေးတိုးမရှိရုံ၊ ဆီးချိုမရှိရုံနဲ့ မပြီးပါဘူး။

စားနိုင်ခြင်း၊ လှုပ်ရှားနိုင်ခြင်း၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်ခြင်း၊ လူတွေနဲ့ ဆက်သွယ်နိုင်ခြင်း၊ ကိုယ့်ဘဝကို ကိုယ်တိုင် ပါဝင်နေထိုင်နိုင်ခြင်း တွေလည်း ကျန်းမာရေးရဲ့ အစိတ်အပိုင်းတွေပါ။

ဒါကြောင့် အသက်ကြီးသူတစ်ယောက်ကို ပြုစုတဲ့အခါ
“ဘာလုပ်ပေးရမလဲ?” ဆိုတာတစ်ခုတည်း မဟုတ်ဘဲ
“ဘာတွေကို သူကိုယ်တိုင် ဆက်လုပ်နိုင်အောင် ကူညီပေးရမလဲ?” ဆိုတာကိုပါ စဉ်းစားကြည့်ရအောင်။

အသက်ကြီးလာတာကို တားလို့မရပါဘူး။
ဒါပေမယ့် အသက်ကြီးလာတဲ့သူတစ်ယောက်ကို
ဘယ်လိုကူညီမလဲ၊ ဘယ်လိုလေးစားမလဲ၊ ဘယ်လိုဂုဏ်သိက္ခာရှိရှိ နေထိုင်ခွင့်ပေးမလဲ ဆိုတာတော့ ကျွန်‌တော်တို့ ရွေးချယ်လို့ရပါတယ်။

" Happy International Day of Older Persons "



Sunday Poll-3 ရဲ့ အဖြေကို လိုက်ကြည့်ကြရအောင်…ပြီးခဲ့တဲ့ Poll မှာ “အစားအစာစားတဲ့အခါ သင်က ဘယ်လိုပုံစံ နဲ့ စားတတ်လဲ” လို့ မ...
29/09/2026

Sunday Poll-3 ရဲ့ အဖြေကို လိုက်ကြည့်ကြရအောင်…

ပြီးခဲ့တဲ့ Poll မှာ “အစားအစာစားတဲ့အခါ သင်က ဘယ်လိုပုံစံ နဲ့ စားတတ်လဲ” လို့ မေးခဲ့ပါတယ်။

① မြန်မြန်စားတတ်တယ်။
② ဖြည်းဖြည်းစားတတ်တယ်။
③ ဖုန်းကြည့်ရင်း စားတတ်တယ်။
④ ဗိုက်တအားပြည့်သွားတဲ့အထိ စားတတ်တယ်။
ဒီအလေ့အထတွေက ရိုးရိုးလေးလိုထင်ရပေမယ့် Eating Behavior နဲ့ တကယ်ဆက်စပ်နေပါတယ်။

① မြန်မြန်စားတတ်တယ် - Fast Eating
တစ်နပ်ကို ၁၀ မိနစ်အောက်လောက်နဲ့ မြန်မြန်ပြီးသွားတတ်ရင် အစားအစာကို အာရုံစိုက်စားဖို့နဲ့ ကိုယ့်ရဲ့ Hunger & Fullness signals တွေကို သတိထားမိဖို့ အချိန်နည်းသွားနိုင်ပါတယ်။ အစားအစာကို ပါးစပ်ထဲထည့်ပြီး ဝါးချက်နည်းနည်းနဲ့ မြန်မြန်မျိုချတာ လည်း Fast Eating ရဲ့ အစိတ်အပိုင်းတစ်ခုပါ။

② ဖြည်းဖြည်းစားတတ်တယ် - Slow Eating
တစ်နပ်ကို ၂၀ မိနစ်ခန့် သို့မဟုတ် ဒီထက်ပိုပြီး အေးအေးဆေးဆေး စားကြည့်ပါ။ တစ်လုပ်ကို ၂၀ ချက်ခန့် ဝါးကြည့်ခြင်း ကလည်း စားတဲ့အရှိန်ကို လျှော့ပြီး အစားအစာကို ပိုသတိထားစားဖို့ အသုံးချနိုင်တဲ့ လက်တွေ့ကျတဲ့ Tip တစ်ခုပါ။
ဒါပေမယ့် ၂၀ ချက်ဆိုတာ မဖြစ်မနေလိုက်နာရမယ့် စည်းမျဉ်းတစ်ခု မဟုတ်ပါဘူး။ အစားအစာရဲ့ texture ပေါ်မူတည်ပြီး ဝါးရမယ့်အကြိမ်ရေ မတူနိုင်ပါတယ်။
👉 အဓိကက အလျင်စလို မမျိုချဘဲ ကောင်းကောင်းဝါးပြီး စားနိုင်ဖို့ ပါ။

③ ဖုန်းကြည့်ရင်း စားတတ်တယ် - Distracted Eating
စားနေချိန်မှာ ဖုန်း၊ TV စတာတွေကို အာရုံစိုက်နေမယ်ဆိုရင် ကိုယ်စားနေတဲ့အစားအစာ၊ ပမာဏနဲ့ “တော်ပြီ၊ ပြည့်လာပြီ” ဆိုတဲ့ ခန္ဓာကိုယ်ရဲ့ signal တွေကို သတိထားမိမှု လျော့နည်းနိုင်ပါတယ်။ တစ်နပ်လောက်တော့ Screen-free meal စလုပ်ကြည့်ပါ။

④ ဗိုက်တအားပြည့်သွားတဲ့အထိ စားတတ်တယ် - Overeating

“ဗိုက်ပြည့်ပြီ” ဆိုတာနဲ့ “အရမ်းပြည့်ပြီး မသက်မသာဖြစ်တဲ့အထိ” ဆိုတာ မတူပါဘူး။
စားနေစဉ် ခဏရပ်ပြီး
"အခု ငါ တကယ်ဆာနေသေးလား?”
“ဒါမှမဟုတ် စားချင်လို့ ဆက်စားနေတာလား?” လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။

ဒီအလေ့အထတွေကို ချိတ်ဆက်ပေးတဲ့ Concept ကို "Mindful Eating" လို့ခေါ်ပါတယ်

🌟Mindful Eating ဆိုတာ?
ဘာစားနေတယ်၊ ဘယ်လိုစားနေတယ်၊ ဘယ်လောက်ဆာနေတယ်၊ ဘယ်အချိန်မှာ ပြည့်လာတယ် ဆိုတာကို သတိထားပြီး စားခြင်းပါ။
Mindful Eating က
-ဗိုက်တအားတင်‌အောင်ထိ အလွန်အကျွံစားသုံးမိခြင်းကို လျှော့ချဖို့ အထောက်အကူပြုနိုင်ပါတယ်
-Emotional / Distracted Eating ကို သတိထားမိစေနိုင်တယ်
-ကိုယ့်ရဲ့ Eating Satisfaction & Healthy Eating Behavior ကို ပိုကောင်းလာစေနိုင်ပါတယ်
-ဝိတ်ကျခြင်း ကိုလည်း အထောက်အကူပြုနိုင်တယ်။ ဒါပေမယ့် Mindful Eating တစ်ခုတည်းနဲ့ ကိုယ်အလေးချိန်ကျမယ်ဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ပါဘူး။

Mindful Eating ဆိုတာ “အစားအစာကို ဖြည်းဖြည်းစားရမယ်” ဆိုတာတစ်ခုတည်း မဟုတ်ပါဘူး။
ကိုယ်စားနေတဲ့အချိန်မှာ
👍ဘာစားနေတယ်?
👍ဘယ်လိုအရသာ/texture ရှိလဲ?
👍အခု တကယ်ဆာနေသေးလား?
👍ဘယ်အချိန်မှာ ဗိုက်ပြည့်လာပြီလဲ?
👍စားနေချိန်မှာ တခြားအရာတွေက အာရုံလွှဲနေသလား? ဆိုတာတွေကို သတိထားပြီး စားခြင်း ဖြစ်ပါတယ်။
ဒါဟာ Diet တစ်ခုမဟုတ်ပါဘူး။
အစားအစာတွေကို တားမြစ်ဖို့လည်း မဟုတ်ပါဘူး။
ကိုယ့်ခန္ဓာကိုယ်ရဲ့ Hunger & Fullness cues ကို ပြန်နားထောင်တတ်လာဖို့ ဖြစ်ပါတယ်။

ဒီနေ့ စမ်းကြည့်ပါ။ တစ်နပ်လောက်
👉ဖုန်းကို ခဏချထားပါ။
👉 စားတဲ့အရှိန်ကို နည်းနည်းလျှော့ပါ။
👉 တစ်လုပ်ကို ၂၀ ချက်ခန့် ဝါးကြည့်ပါ။
👉 စားနေစဉ် ကိုယ့်ရဲ့ Hunger & Fullness ကို သတိထားကြည့်ပါ။

🌟Healthy Eating ဆိုတာ အစားအစာရွေးချယ်တာတစ်ခုတည်း မဟုတ်ပါဘူး။
ဘာစားလဲ - What you eat?
ဘယ်လိုစားလဲ - How you eat?
ဘယ်လောက်စားလဲ - How much you eat?
စားနေတဲ့အချိန်မှာ ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လောက်သတိထားနေလဲ - How aware you are?

ဒီအရာတွေ အားလုံးက ကိုယ့်ရဲ့ Eating Behavior ရဲ့ အစိတ်အပိုင်းတွေပါ။ ဒါကြောင့် နောက်တစ်ကြိမ် အစားစားတဲ့အခါ အစားအစာကိုပဲ အာရုံစိုက်တာမဟုတ်ဘဲ ကိုယ့်ခန္ဓာကိုယ်ရဲ့ Hunger & Fullness signals ကိုပါ နားထောင်ကြည့်ပါ။

တစ်ခါတလေ ပိုကောင်းအောင်စားဖို့ဆိုတာ အစားအစာကို ပြောင်းလဲဖို့ထက် စားတဲ့ပုံစံကို သတိထားကြည့်ခြင်းကနေ စတင်နိုင်ပါတယ်။

ဒေါက်တာဇွန်သီရိ
အာဟာရဆိုင်ရာဆရာ၀န်



"World Heart Day 2026" နှလုံးကျန်းမာရေးကို ဘယ်အချိန်ကစပြီး ဂရုစိုက်သင့်လဲ?အဖြေကတော့ - အခုကတည်းကပါ။နှလုံးသွေးကြောကျန်းမာရ...
29/09/2026

"World Heart Day 2026"

နှလုံးကျန်းမာရေးကို ဘယ်အချိန်ကစပြီး ဂရုစိုက်သင့်လဲ?
အဖြေကတော့ - အခုကတည်းကပါ။

နှလုံးသွေးကြောကျန်းမာရေးကို ထိန်းသိမ်းတာဟာ အသက်ကြီးလာမှ စတင်ရမယ့်အရာ မဟုတ်ပါဘူး။
👉နေ့စဉ်စားသောက်ပုံ၊
👉ကိုယ်လက်လှုပ်ရှားမှု၊
👉အိပ်စက်မှု၊
👉ဆေးလိပ်သောက်ခြင်း၊
👉ကိုယ်အလေးချိန်နဲ့
👉ခါးပတ်လည်အတိုင်းအတာတွေကအစ
👉သွေးပေါင်ချိန်၊
👉သွေးတွင်းသကြားဓာတ်နဲ့
👉သွေးတွင်း အဆီဓာတ် အခြေအနေတွေအထိ ကျွန်‌တော်တို့ရဲ့ နေ့စဉ်ဘဝနဲ့ နှလုံးကျန်းမာရေးက အမြဲတမ်း ဆက်စပ်နေပါတယ်။

အရေးကြီးတာက “ကျန်းမာနေတယ်ထင်တယ်” ဆိုတာနဲ့ မလုံလောက်ပါဘူး။
တချို့သော Risk Factors တွေက သိသာတဲ့လက္ခဏာမပြဘဲ ရှိနေနိုင်တာကြောင့်
🌟ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို သိရှိထားခြင်း၊ 🌟လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခြင်းနဲ့
🌟နေ့စဉ်နေထိုင်မှုပုံစံကို ဂရုစိုက်ခြင်းက အရေးကြီးပါတယ်။

နှလုံးကျန်းမာရေးအတွက်လည်း
“တစ်ခါတည်း အများကြီးပြောင်းလဲဖို့” မလိုပါဘူး။
ဒီနေ့ကစပြီး
💯အစားအစာကို ပိုမျှတအောင် ရွေးချယ်မယ်
💯 နေ့စဉ် ပိုလှုပ်ရှားမယ်
💯 ကိုယ့်ရဲ့ Blood Pressure, Blood Sugar, Cholesterol ကို သိထားမယ်
💯 ဆေးလိပ်ကို ရှောင်မယ်
💯 အိပ်စက်မှုကို ဂရုစိုက်မယ် ဆိုတဲ့ အလေ့အထကောင်းလေးတွေကို တစ်ခုချင်းစီ တည်ဆောက်သွားနိုင်ပါတယ်။

ဒီ‌နေ့မှာ ကျရောက်တဲ့ World Heart Day မှာ
ကိုယ့်နှလုံးကျန်းမာရေးအတွက် ဒီနေ့ကစပြီး လုပ်မယ့်အရာတစ်ခုကို Comment မှာ ရေးခဲ့ပါ။
ဥပမာ-
“နေ့တိုင်း 15 မိနစ် လမ်းလျှောက်မယ်”
“သွေးပေါင်ချိန် ပုံမှန်စစ်မယ်”
“အချိုရည်လျှော့မယ်”

ဒီနှစ်ရဲ့ Theme အရ "Don’t miss a beat" ဆိုတဲ့အတိုင်း နှလုံးအတွက် အရေးကြီးတဲ့အချိန်တွေကို မလွတ်စေဘဲ ဒီနေ့ကပဲ စပြီး ဂရုစိုက်ကြရအောင်။

ဒေါက်တာဇွန်သီရိ
အာဟာရဆိုင်ရာ ဆရာ၀န်



28/09/2026

အမျိုးသမီးတို့အတွက် အာဟာရ
Episode-6



ဒီရက်ပိုင်း အဆိုတော် IU က  ညစာအတွက် "ကြက်ဥပြုတ် ၂ လုံးကို Olive Oil ဆမ်းစားတယ်" ဆိုတဲ့ သတင်းတွေ Post တွေတက်လာလို့  Nutri...
27/09/2026

ဒီရက်ပိုင်း အဆိုတော် IU က ညစာအတွက်
"ကြက်ဥပြုတ် ၂ လုံးကို Olive Oil ဆမ်းစားတယ်" ဆိုတဲ့ သတင်းတွေ Post တွေတက်လာလို့ Nutrition Point of View ကနေပြီးတော့ ဒီနေ့ Post လေးကို ရေးလိုက်တာပါ ....

“ကြက်ဥ နဲ့ Olive Oil ကို စားလိုက်ရင် ဘာကြောင့် ဗိုက်ပြည့်နိုင်တာလဲ?”

🌟ပထမဆုံး — ကြက်ဥမှာ Protein ပါတယ်
ကြက်ဥက Protein အရည်အသွေးကောင်းကောင်းရနိုင်တဲ့ အစားအစာတစ်ခုပါ။
👉Protein စားပြီးတဲ့အခါ အစာစားချင်စိတ်နဲ့ ဗိုက်ပြည့်မှုကို ထိန်းညှိပေးတဲ့ ခန္ဓာကိုယ်ရဲ့ signal တွေကို သက်ရောက်စေနိုင်ပါတယ်။ အထူးသဖြင့် CCK, GLP-1, PYY လို Gut Hormones တွေက “ဗိုက်ပြည့်ပြီ” ဆိုတဲ့ signal ပေးရာမှာ ပါဝင်ပါတယ်။
👉ဒါကြောင့် Protein ပါတဲ့ Meal တွေဟာ အချို့လူတွေအတွက် ဆာလောင်မှုကို ထိန်းပေးနိုင်ပြီး နောက်တစ်ကြိမ်စားချင်တဲ့အချိန်ကို နောက်ကျစေနိုင်ပါတယ်။
👉ဒါပေမယ့် “Protein ပါလို့ အမြဲဗိုက်ပြည့်နေမယ်” လို့တော့ မဆိုလိုပါဘူး။ စားတဲ့ပမာဏ၊ တစ်နေ့တာ Energy လိုအပ်ချက်၊ လှုပ်ရှားမှု၊ အိပ်စက်မှု၊ Stress နဲ့ တစ်နေ့တာ စားသောက်မှုပုံစံတွေကလည်း သက်ရောက်ပါတယ်။

🌟ဒုတိယ — Olive Oil က Fat ဖြစ်ပါတယ်
ဒီနေရာက IU ပြောတဲ့“Fat နည်းနည်းပါဖို့ အရေးကြီးတယ်”ဆိုတဲ့အချက်နဲ့ ဆက်စပ်ပါတယ်။
👉 Fat ပါတဲ့ Meal တွေက အစာအိမ်ကနေ အူထဲကို အစာရွေ့လျားသွားတဲ့နှုန်းကို နှေးစေနိုင်ပါတယ်။ အစာအိမ်ထဲမှာ အစာနည်းနည်းကြာနေတဲ့အတွက် ဗိုက်ပြည့်နေတယ်လို့ ခံစားရတဲ့အချိန် ပိုကြာနိုင်ပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းထဲက nutrient sensing နဲ့ ဆက်စပ်ပြီး Appetite Regulation မှာ ပါဝင်တဲ့ Gut Hormones တွေကိုလည်း သက်ရောက်စေနိုင်ပါတယ်။

💯ဒါကြောင့် Protein နဲ့ Fat ပါတဲ့ Meal က အချို့အခြေအနေတွေမှာ Protein တစ်မျိုးတည်းထက် ပိုပြီး ကြာကြာဗိုက်ပြည့်စေနိုင်ပါတယ်။ ဒါပေမယ့် Olive Oil ကို ဒီနေရာမှာ “ဗိုက်ပြည့်စေတဲ့ ဆေး” လို မမြင်သင့်ပါဘူး။

👉Healthy Fat ဆိုတိုင်း Calorie မရှိတာ မဟုတ်ပါဘူး
Olive Oil က အဓိကအားဖြင့် Monounsaturated Fat ပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံထဲမှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ အဆီတစ်မျိုးပါ။
ဒါပေမယ့် အဆီအားလုံးလိုပဲ Energy Density မြင့်ပါတယ်။ Olive Oil 1 tablespoon မှာ ခန့်မှန်းအားဖြင့် 135 kcal ဝန်းကျင် ရှိနိုင်ပါတယ်။
ဒါကြောင့် “ကျန်းမာတဲ့အဆီဆိုတာနဲ့ များများစားလို့ရတယ်” ဆိုတာ မဟုတ်ပါဘူး။

🌟ဒါဆို ကြက်ဥ + Olive Oil က Perfect Dinner လား?
ဒီနေရာမှာ Nutritionist တစ်ယောက်အနေနဲ့ Meal တစ်နပ်ကို Protein နဲ့ Fat နှစ်မျိုးတည်းနဲ့ မဆုံးဖြတ်ပါဘူး။
ဥပမာ -Meal တစ်ခုမှာ Protein ပါတယ် Fat ပါတယ်တယ်... ဒါပေမယ့်
-Fiber ဘယ်လောက်ရလဲ?
-Complex Carbohydrate လိုအပ်သလား?
-Vegetables ပါသလား?
-Micronutrients တွေကို တစ်နေ့တာအတွင်း လုံလောက်အောင် ရနေသလား? ဆိုတာတွေကိုပါ ကြည့်ရပါတယ်။

အထူးသဖြင့် Fiber က ဗိုက်ပြည့်မှုနဲ့ အူလမ်းကြောင်းကျန်းမာရေးအတွက် အရေးကြီးပါတယ်။
ဒါကြောင့် ကြက်ဥ နဲ့ Olive Oil ကို တွဲစားလိုက်တာနဲ့
“ဒီ Meal က မပြည့်စုံဘူး” လို့လည်း တန်းပြောလို့လည်း မရပါဘူး။ တစ်နပ်တည်းမဟုတ်ဘဲ တစ်နေ့တာ၊ တစ်ပတ်တာ စားသောက်မှုပုံစံကို ကြည့်ရပါတယ်။

🌟ဒါဆို IU ရဲ့ “ဗိုက်မဆာဘူး” ဆိုတာက ဘယ်လိုနားလည်ရမလဲ?
ဒါက IU ကိုယ်တိုင်ခံစားရတဲ့ Satiety Response ဖြစ်ပါတယ်။ လူတစ်ယောက်မှာ အဆင်ပြေတဲ့ Meal တစ်ခု နောက်လူတစ်ယောက်မှာလည်း အတူတူဖြစ်မယ်လို့ မဆိုနိုင်ပါဘူး။

ဥပမာ - လူတစ်ယောက်က ကြက်ဥ ၂ လုံးနဲ့ ဗိုက်ပြည့်နိုင်ပေမယ့် တစ်ယောက်က အလုပ်အရမ်းလှုပ်ရှားရတာ၊ Energy Requirement မြင့်တာကြောင့် ဒီပမာဏနဲ့ မလုံလောက်နိုင်ပါဘူး။
တစ်ယောက်က Fat ပါတဲ့ Meal နဲ့ အဆင်ပြေပေမယ့်
တစ်ယောက်က အစာမကြေခြင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကြောင့် မတူညီနိုင်ပါတယ်။

Nutrition မှာ “One Size Fits All” ဆိုတာ မရှိပါဘူး။

ဒါကြောင့် Celebrity တစ်ယောက်ရဲ့
“What I Eat” ကိုတွေ့တိုင်း
❌ “သူစားတာကို ငါလည်းလိုက်စားမယ်” ဆိုတာထက်
✅ “ဒီအစားအစာမှာ ဘာ Nutrients တွေပါလဲ?”
✅ “အဲဒီ Nutrients တွေက Satiety ကို ဘယ်လိုသက်ရောက်လဲ?”
✅ “ငါ့ရဲ့ Energy Requirement နဲ့ ကိုက်ညီရဲ့လား?”
✅ “တစ်နေ့တာအစားအစာထဲမှာ ဘာတွေ ထပ်ဖြည့်ဖို့လိုလဲ?” လို့ စဉ်းစားကြည့်ရင် ပိုကောင်းပါတယ်။

Celebrity Diet ကို Copy လုပ်ဖို့ထက် Nutrition ကို နားလည်ဖို့ အသုံးချနိုင်ရင် အဲ့ဒါက ပိုတန်ဖိုးရှိတဲ့ Nutrition Educationတစ်ခု ဖြစ်ပါတယ်။
Food တစ်မျိုးက ကောင်း/မကောင်း ဆိုတာထက်
“ဘယ်လောက်၊ ဘာနဲ့တွဲပြီး၊ ဘယ်သူအတွက်၊ ဘယ်လိုစားသလဲ” ဆိုတာက ပိုအရေးကြီးပါတယ်။

❤️❤️❤️ အားလုံးပဲ မှန်ကန်တဲ့ ရွေးချယ်မှုနဲ့အတူ ကျန်းမာတဲ့ အာဟာရရှိတဲ့ နေ့ရက်လေးတွေ အမြဲထာ၀ရ ပိုင်ဆိုင်နိုင်ပါစေ...

ဒေါက်တာဇွန်သီရိ
အာဟာရဆိုင်ရာဆရာ၀န်


Sunday Poll - 3 အစားအစာစားတဲ့အခါ သင်က ဘယ်လိုပုံစံနဲ့ စားတတ်လဲ? တစ်ခါတလေ ကိုယ်စားနေတဲ့ အစားအစာထက် ကိုယ်စားနေတဲ့ပုံစံကလည်း...
27/09/2026

Sunday Poll - 3

အစားအစာစားတဲ့အခါ သင်က ဘယ်လိုပုံစံနဲ့ စားတတ်လဲ?

တစ်ခါတလေ ကိုယ်စားနေတဲ့ အစားအစာထက် ကိုယ်စားနေတဲ့ပုံစံကလည်း အရေးကြီးပါတယ်။

သင်ကော?
1. မြန်မြန်စားတတ်တယ်
2. ဖြည်းဖြည်း အေးအေးဆေးဆေး စားတတ်တယ်
3.ဖုန်းကြည့်ရင်း စားတတ်တယ်
4. ဗိုက်တအားပြည့်သွားတဲ့အထိ စားတတ်တယ်

👇ကိုယ်နဲ့အနီးစပ်ဆုံးတစ်ခုကို ရွေးပြီး Comment ပေးခဲ့ပါ။

ကျန်းမာပျော်ရွှင်ရသော Sunday လေး ဖြစ်ပါစေ ...




26/09/2026

"1-minute Nutrition"
အသား ၂ ကျပ်သားနှင့် ပရိုတင်းဓာတ်ရတာချင်း အနီးစပ်ဆုံးတူသော အသားဓာတ်ရစေတဲ့ အစားအစာများ အကြောင်းကို ပြောပြပေးထားပါတယ် ...




အရက်သောက်တာက အသည်းကိုပဲ ထိခိုက်တယ်လို့ ထင်နေတုန်းလား?အရက်ကို ကြာရှည်စွဲမြဲစွာသောက်လာရင်အသည်းထိခိုက်နိုင်တာတော့ လူတိုင်းန...
25/09/2026

အရက်သောက်တာက အသည်းကိုပဲ ထိခိုက်တယ်လို့ ထင်နေတုန်းလား?

အရက်ကို ကြာရှည်စွဲမြဲစွာသောက်လာရင်
အသည်းထိခိုက်နိုင်တာတော့ လူတိုင်းနီးပါး သိကြပါတယ်။ ဒါပေမယ့် အရက်ရဲ့ ပြဿနာက အသည်းကို အန္တရာယ် ဖြစ်စေတာမှာပဲ မပြီးပါဘူး။တဖြည်းဖြည်းနဲ့ ပုံမှန် အစာစားနေပေမယ့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရ မပြည့်တော့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့
👉အရက်သောက်ပြီးရင် အစားအသောက်ကို လုံလောက်အောင် မစားဖြစ်တော့တာမျိုး‌ရှိလာနိုင်တယ်။
👉အရက်က အူထဲက အာဟာရစုပ်ယူမှုကို ထိခိုက်စေနိုင်တယ်။
👉အန်တာ၊ ဝမ်းလျှောတာတွေ ရှိလာရင် အာဟာရဓာတ်နဲ့ ဆားဓာတ်တွေ ဆုံးရှုံးနိုင်တယ်။
👉ရေရှည်အရက်သောက်ခြင်းကြောင့် အသည်းရဲ့ အာဟာရဓာတ်တွေကို သိုလှောင်၊ ပြောင်းလဲ၊ အသုံးချတဲ့လုပ်ငန်းစဉ်တွေ ထိခိုက်လာနိုင်တယ်။

🌟🌟🌟ဒါကြောင့် အရက်ကို ရေရှည်သောက်သူတချို့မှာ ဗီတာမင်နဲ့ သတ္တုဓာတ်များချို့တဲ့လာနိုင်ပါတယ် ...

1.Vitamin B1 (Thiamine)
အထူးသတိထားရမယ့် Vitamin တစ်မျိုးပါ။ အရမ်းချို့တဲ့လာရင် လမ်းလျှောက်တာ မတည်မငြိမ်ဖြစ်တာ၊ စိတ်ရှုပ်ထွေးတာ၊ မှတ်ဉာဏ်ထိခိုက်တာ စတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

2.Folate, Vitamin B6, B12
သွေးနီဥဖွဲ့စည်းတာနဲ့ အာရုံကြောကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ချို့တဲ့လာရင် သွေးအားနည်းတာ၊ မောပန်းတာ၊ လက်ခြေထုံကျင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

3.Vitamin A & D
မျက်စိ၊ ကိုယ်ခံအား၊ အရိုးကျန်းမာရေး စတာတွေနဲ့ ဆက်စပ်တဲ့ ဗီတာမင် တွေပါ။ရေရှည်ချို့တဲ့လာရင် မျက်စိအားနည်းခြင်း၊ အလွယ်တကူဖျားနာခြင်း၊ အရိုးပွခြင်း‌ အစရှိတာတွေ ဖြစ်လာနိုင်ပါတယ် ။

4.Calcium & Magnesium
အရိုး၊ ကြွက်သားနဲ့ အာရုံကြောတွေအတွက် အရေးကြီးပါတယ်။ ရေရှည်မှာ ချို့တဲ့မှုတွေရှိလာရင် အရိုးအားနည်းခြင်း၊ ကြွက်သားအားနည်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

5.Zinc & Potassium
စားသုံးမှုမလုံလောက်တာနဲ့ ခန္ဓာကိုယ်က ဆုံးရှုံးမှုများတာတွေကြောင့် ချို့တဲ့လာနိုင်ပါတယ်။

🌟🌟🌟နောက်ထပ် သတိမထားမိတတ်တဲ့အချက်တစ်ခုရှိပါတယ်… အရက်နဲ့ “ဗိုက်ပူလာခြင်း” လည်း ဆက်စပ်နိုင်ပါတယ်။
📍အရက်မှာ Calorie က 7 kcal/g ရှိပါတယ်။
တစ်ခွက်တည်းဆိုတာနဲ့ မများသလိုထင်ရပေမယ့်
ပမာဏများများ၊ မကြာခဏ သောက်လာရင် အပို Calories တွေ စုပေါင်းလာနိုင်ပါတယ်။
အထူးသဖြင့် အရက်နဲ့အတူ အကြော်/အသားကင်/
အာလူးကြော်/ ညဘက်စားတဲ့ အဆာပြေမုန့်တွေ ပါ တွဲလာရင် စုစုပေါင်း Calories ပိုများလာနိုင်ပါတယ်။

အဲဒီလို ရေရှည်စားသောက်မှုပုံစံက ကိုယ်အလေးချိန်တက်လာခြင်းနဲ့ ဗိုက်ပတ်လည်အဆီ (Central/Abdominal Obesity) များလာခြင်း နဲ့ ဆက်စပ်နိုင်ပါတယ်။
ဒါကြောင့် တချို့လူတွေမှာ “အစားတော့ သိပ်မစားဘူး… ဒါပေမယ့် ဗိုက်က ဘာလို့ပိုပူလာတာလဲ?” ဆိုတဲ့အခြေအနေကို တွေ့ရနိုင်ပါတယ်။ အရက်တစ်ခုတည်းက ဗိုက်ပူစေတယ်လို့ မဆိုလိုပါဘူး။
အရက်ပမာဏ၊ စားသောက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှု၊ အိပ်စက်မှုနဲ့ စုစုပေါင်း ကယ်လိုရီ တွေကိုပါ တွဲကြည့်ရပါတယ်။

📌ဒီလိုအခြေအနေတွေကို ကြာကြာထားရင် အာဟာရချို့တဲ့မှုနဲ့ အရက်ရဲ့ တိုက်ရိုက်ထိခိုက်မှုတွေ ပေါင်းလာတဲ့အခါ
-ဦးနှောက်နဲ့ အာရုံကြော ထိခိုက်နိုင်တယ်
-သွေးအားနည်းနိုင်တယ်
-ကြွက်သားတွေ လျော့ပြီး အားနည်းလာနိုင်တယ်
-အရိုးအားနည်းပြီး အရိုးကျိုးလွယ်နိုင်တယ်
-ကိုယ်ခံအားကျပြီး ရောဂါပိုးဝင်လွယ်နိုင်တယ်
-နှလုံးနဲ့ သွေးတိုးဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်တယ်
-ဗိုက်ပတ်လည်အဆီများလာနိုင်တယ်
-အသည်းအဆီဖုံးခြင်းကနေ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း (Cirrhosis) အထိ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် “အရက်သောက်လို့ အသည်းပဲ ပျက်မှာပါ” ဆိုပြီး တွေးထားလို့ မရပါဘူး။ အရက်မှာ Calories ရှိပါတယ်။ ဒါပေမယ့် ဗိုက်ပြည့်စေတဲ့ Calories ရှိတာနဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရပြည့်ဝနေတာ မတူပါဘူး။ ပြီးတော့ အရက်သောက်သူတိုင်း ဒီအာဟာရတွေ ချို့တဲ့နေပြီလို့လည်း မဆိုလိုပါဘူး။
❗ဘယ်လောက်သောက်သလဲ၊
❗ဘယ်လောက်ကြာပြီလဲ၊
❗ဘာတွေစားသလဲ၊
❗ကိုယ်အလေးချိန်နဲ့ ကြွက်သားအခြေအနေ ဘယ်လိုရှိလဲ၊
❗အသည်းနဲ့ အခြားရောဂါတွေ ရှိ/မရှိ စတာတွေကိုပါ တွဲပြီးကြည့်ရပါတယ်။ အရက်သောက်ခြင်းရဲ့ အကျိုးဆက်ကို အသည်းတစ်ခုတည်းနဲ့ မကြည့်ပါနဲ့။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အာဟာရအခြေအနေကိုပါ သတိထားကြည့်ပါ။

သင်ရော ဘယ်လိုထင်ခဲ့ဖူးလဲ?

ဒီ Postလေးက သင်နဲ့ သင့်မိသားစု၊ သင့်မိတ်ဆွေသူငယ်ချင်း အတွက် အကျိုးထူးတယ်ဆို လွတ်လပ်စွာ Share နိုင်ပါတယ် ...

ကျေးဇူးတင်စွာဖြင့်
ဒေါက်တာဇွန်သီရိ
အာဟာရဆိုင်ရာ ဆရာ၀န်

#အရက်
#အာဟာရချို့တဲ့ခြင်း
#အာဟာရဆေးပညာ

Address

Mandalay
Taunggyi
05012

Website

Alerts

Be the first to know and let us send you an email when Healthy Life by Dr. JUNE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share