LOTUS skincare & cosmetics shop

LOTUS  skincare & cosmetics shop KYLIE,NYX,COLOR POP,The Balm,SK ll,Innisfree,Etude house,Tonymoly,The Face Shop,Skinfood,etc.... korea brand and Japan ,USA brand

အရေပြားအတွက် sheet mask သုံးခြင်းကိုရီးယားမှာ မျက်နှာအသားအရေအတွက် face mask တွေ သုံးလာကြပါတယ်။ face mask တွေက အစိုဓာတ်ထိ...
13/06/2022

အရေပြားအတွက် sheet mask သုံးခြင်း

ကိုရီးယားမှာ မျက်နှာအသားအရေအတွက် face mask တွေ သုံးလာကြပါတယ်။ face mask တွေက အစိုဓာတ်ထိန်းပေးတယ်။ မျက်နှာအဆီပြန်ခြင်း ကင်းစင်စေတယ်။ ဒါ့ပြင် ချွေးပေါက်ထဲမှာ ပိတ်ဆိူ့နေတဲ့ ဖုန်နဲ့ အညစ်အကြေးတွေကိုပါ စုပ်ယူနိုင်တယ်။

sheet mask
sheet mask ဆိုတာ ဆေးရည် serum စိမ်ထားပြီးသား မျက်နှာဖုံးကပ်ခွာတမျိုးဖြစ်တယ်။ စက္ကူစ၊ အဝတ်စ၊ ဂျယ် စသည်ဖြင့် အမျိုးမျိုး အသုံးပြုကြတယ်။ ကပ်ရလွယ်အောင် ပြုလုပ်ထားတယ် sheet mask မှန်သမျှ တခါသုံးဖြစ်တယ်။ တခါတည်း အဆင်ပြေအောင် ဗီတာမင်ကြွယ်ဝတဲ့ serum သို့မဟုတ် essence လိုဆေးရည်မျိုးကို တခါတည်းစိမ်ထားတယ်။ sheet mask ကိုဂတခါကပ်ပြီး ၁၅-၂၀ မိနစ်ကြာ ထားရမယ်။ မျက်နှာဖုံးခွာပြီးတဲ့အခါ မျကိနှာပြန်သစ်ဖို့မလိုဘူး။ ဆေးရည်က အာနိသင်ကျန်နေသေးလို့ ဖြစ်ပါတယ်။

peel-off face mask( ခွာရတဲ့ မျက်နှာဖုံး)
ရွှံ့စေးလို ခြောက်အောင်ထားပြီး ခွာရတဲ့ mask တွေ သီးသန့်ရှိပါတယ်။ အရင်ဆုံး ခပ်ပျစ်ပျစ်အနှစ်တွေကို မျကိနှာတပြင်လုံး(မျက်လုံးနဲ့ နှုတ်ခမ်းရှောင်)လိမ်းပေးပြီး ခြောက်မှ ပြန်ခွာရတာဖြစ်တယ်။ လိမ်းတဲ့အခါ လက်နဲ့ အရင်လိမ်းပါ။ ဆေးအပျစ်က ၂၀-၃၀ မိနစ်ခန့်ကြာအောင် ထားလိုက်ရင် ခြောက်သွေ့သွားတယ်။ ခွာတဲ့အခါ ဘေးအစကနေဆွဲပြီး ဖြည်းဖြည်းချင်း ခွာပေးရတယ်။ ပြီးရင် ရေခပ်နွေးနွေးနဲ့ မျက်နှာပြန်သစ်ပေးပါ။

charcoal mask(အဆီစုပ်ယူပေးတဲ့ မီးသွေးမှုန့်မျက်နှာဖုံး)
အဆိပ်အတောက်ဖယ်ရှားတဲ့နေရာမှာ activated charcoal mask တွေက ကောင်းတယ်။ အဆီပြန်ခြင်းကင်းစေတယ်။ အညစ်အကြေးနဲ့ ဖုန်ပိုးမွှားကို သန့်စင်ပေးတယ်။ ချွေးပေါကိပိတ်ဆို့ပြီး မြံှုနေတဲ့ ဆားဝက်ခြံနဲ့ အဆီဖုဝကိခြံအတွက် အလွန်ကောင်းတယ်။ အကောင်းဆုံးက (၁၀)မိနစ်သာ ထားပါ။ ပြီးရင် မျက်နှာပြန်သစ်ပါ။ Bosia charcoal mask နဲ့ clinique charcoal mask က ကောင်းတယ်။

maskကို အကြာကြီးထားရင် ဘာဖြစ်မလဲ
mask က ခြောကိသွေ့သွားတဲ့အခါ မျက်နှာပေါ်က အစိုဓာတ်ကို ပြန်လည်စုပ်ယူနိုင်တယ်။ အထူးသဖြင့် ရွှံ့စေးနဲ့ အက်ဆစ်ဓာတ်ပါတဲ့ mask တွေကို အချိန်ကြာမသုံးသင့်ပါ။ ရွှံ့စေးမျက်နှာဖုံးတွေ သုံးပြီးတဲ့အခါ မျက်နှာပြန်သစ်ဖို့ လိုပါတယ်။ ဒါမှသာ အစိုဓာတ် အလွန်အကျွံခြောက်ခမ်းမှုကို ကာကွယ်နိုင်မှာဖြစ်တယ်။

ဘာ့ကြောင့် mask sheet အကြာကြီးမထားသင့်သလဲ
ပုံမှန်အားဖြင့် mask တခုဟာ မိနစ်(၂၀)ထက် ပိုမထားသင့်ပါဘူး။ sheet mask က ခြောက်သွေ့သွားရင် မျက်နှာပေါ်က အစိုဓာတ်ကို ပြန်လည်စုပ်ယူနိုင်ပါတယ်။ ဒါ့ကြောင့် အရေပြားမခြောက်သွေ့ခင် sheet mask တွေ ခွာဖို့ လိုပါတယ်။ အထူးသဖြင့် ရွှံ့စေးနဲ့ အက်ဆစ်ဓာတ်ပါတဲ့ mask တွေကို အချိန်ကြာမသုံးသင့်ပါ။ ရွှံ့စေးမျက်နှာဖုံးတွေ သုံးပြီးတဲ့အခါ မျက်နှာပြန်သစ်ဖို့ လိုပါတယ်။ ဒါမှသာ အစိုဓာတ် အလွန်အကျွံခြောက်ခမ်းမှုကို ကာကွယ်နိုင်မှာဖြစ်တယ်။

ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
www.drayeminhtoo.com

မိန်းကလေးတစ်ယောက်Skin care မသုံးတဲ့အကြောင်းရင်း(၃)ရပ်1.အခြေအနေခွင့်မပြုတာ2.သုံးဖို့နှမြောတာ3.ပြင်ရဆင်ရမှာကိုပျင်းရိတာမိန...
24/10/2021

မိန်းကလေးတစ်ယောက်
Skin care မသုံးတဲ့အကြောင်းရင်း(၃)ရပ်

1.အခြေအနေခွင့်မပြုတာ
2.သုံးဖို့နှမြောတာ
3.ပြင်ရဆင်ရမှာကိုပျင်းရိတာ

မိန်းကလေးတစ်ယောက် skin care တွေသုံးတဲ့ အကြောင်းရင်း(၃) ရပ်

1.အခြေအနေလဲခွင့်ပြုတယ်
2.အတွေးကောင်းတွေးတတ်တယ်
3.ကိုယ့်ကို လဲချစ်တယ်

ဆယ်နှစ်ကြာမှာတော့ ဒီမိန်းကလေး(၂) ယောက်ရဲ့ ကွာခြားချက်က

တစ်ယောက်က အသက်ပါမှန်းလို့ခက်အောင်အရွယ်တင်နုပျိုပြီးတော့ နောက်တစ်ယောက်က အသက်အရွယ်နဲ့မလိုက်အောင် အိုမင်းရင့်ရော်နေမှာပါ
အပေးရှိမှ အယူရှိမှာနော်

ငွေဆိုတာပြန်ရှာလို့ ရပါတယ်
မျက်နှာကတော့ လဲလို့မရဘူးနော်...

ကဲ ဘယ်လိုမိန်းကလေးမျိုးလုပ်မယ်ဆိုတာ ကိုယ်တိုင်ပဲရွေးချယ်ရမှာနော်...
တခုတော့ သတိပြုစေချင်ပါတယ်
Skin care မလုပ်ခဲ့ပဲနဲ့တော့ ဘယ်တော့မှ အရွယ်မတင်ဘူးနော်

.🌹🌼🌻 သီတင်းကျွတ်လပြည့်အဘိဓမ္မာနေ့မှာကောင်းမှုကုသလပြုနိုင်ကြ၍လိုရာဆန္ဒ ပြည့်ဝကြပါစေ။ 🌹🌼🌻
20/10/2021

.
🌹🌼🌻 သီတင်းကျွတ်
လပြည့်အဘိဓမ္မာနေ့မှာကောင်းမှုကုသလပြုနိုင်ကြ၍လိုရာဆန္ဒ ပြည့်ဝကြပါစေ။ 🌹🌼🌻

In stock ရှိပါတယ်နော်Made in India အမျိုးစား ၂ မျိုးရှိပါတယ်ပုံမှာပြထားတဲ့အမျိုးစား 30000 ksနောက်ဆုံးပုံမှာပြထားတဲ့ All ...
24/07/2021

In stock ရှိပါတယ်နော်
Made in India
အမျိုးစား ၂ မျိုးရှိပါတယ်
ပုံမှာပြထားတဲ့အမျိုးစား 30000 ks
နောက်ဆုံးပုံမှာပြထားတဲ့ All black အမျိုးစား 35000ks ပါ

လိုချင်ရင် ပြောပါနော်Oximeterလေးin stock ရှိပါတယ်
19/07/2021

လိုချင်ရင် ပြောပါနော်
Oximeterလေးin stock ရှိပါတယ်

05/03/2021

အရင်တုန်းကဆိုရင်
Product တခုကို review
ပေးတော့မယ်ဆိုရင်
FDA ရပြီးသားလား
ဘယ်အသားရေအတွက်
သင့်တော်လဲ ingredient ဖတ်တာ
ဘာညာပဲ အဲ့ထိပဲ

ဘယ်သူပိုင်ရှင်လဲစိတ်မဝင်စားဘူး
သုံးလို့ကောင်းရင် ပြန်မျှဝေတာပဲ
ဘယ်သူတင်သွင်းတာလဲ
စိတ်မဝင်စားဘူး မလေ့လာဘူး
ဘာလို့ဆို ဝယ်သုံးတာလေ
ဖား ပြီး ရေးစရာအကြောင်းလဲ မရှိတော့
အားမနာ တမ်း ရေးတာပဲ
ကိုယ်ဝယ်တဲ့ဆိုင် ထည့်ရေးတယ်
ဈေးနှုန်း ရေးတယ် ပြီးပြီ

ခုဆို တခုခု လေး ကောင်းလို့
ရေးချင်တာတောင် ပိုင်ရှင်ဘယ်သူလဲ
ဘယ်သူသွင်းတာလဲ အသေလေ့လာနေရတယ်

Boycott သေချာ လုပ်ချင်လို့
မသိပဲ သုံးမိရင် ကိုယ့်ကို ပစ်ဖို့
ကျည်ဆံဖိုး ကို့ဘာသာ ပေးမိသလို
ဖြစ်မှာ သိထား ရမယ်လေနော်

မြန်မာလူမျိုးတွေရဲ့ အားနည်းချက်က
သနားတတ်တာ
အားနာတတ်တာ
ကြောက်တတ်တာ
အမှတ်သည်းခြေမရှိတာ
‌အဲ့လို‌တွေများတော့ သွေးအေးကုန်မှာဆိုးတယ်

တော်သေးတာက South Korea
Skincare လေးတွေနဲ့ အသက်ဆက်လို့
ရနေတာပဲ ဈေးလဲသင့်တယ်
Qualityလဲကောင်းတယ်
တကယ်လဲ ထိရောက်တယ်

အားလုံးလဲ အားတင်းထားကြပါလို့

စိတ် စွမ်းအင်က အကြီးမားဆုံးပါပဲ

စိတ်ဓာတ်ပြင်းပြ ရင် အောင်မြင်ပါတယ်

ဖြစ်ကို ဖြစ်ရမယ်
နိုင် ကို နိုင်ရမယ်
နိုင်မှာ 💪💪💪

အရေးတော်ပုံ အောင်ရမယ် 💥
credit mya`sBeuty Bar

🌹 မေလို့ ကြည်ပြောင်ရှင်းတဲ့ Skin လေး လိုချင်သူတွေအတွက် 🌹မေ facial oil လေးစမ်းသုံးကြည့်မယ်ဆိုပြီး oil တွေ အများကြီးရှိတဲ့...
08/11/2020

🌹 မေလို့ ကြည်ပြောင်ရှင်းတဲ့ Skin လေး လိုချင်သူတွေအတွက် 🌹

မေ facial oil လေးစမ်းသုံးကြည့်မယ်ဆိုပြီး oil တွေ အများကြီးရှိတဲ့ အထဲက ရွေးခဲ့တာ Rosehip oil ပါ။ စစချင်းတော့ optional step အနေနဲ့ သုံးခဲ့ပေမယ့် နောက်ပိုင်း မနက်ရောညပါ သုံးမိတဲ့အထိ သဘောကျခဲ့ပါတယ်။

Rosehip oil ဆိုတာ ဘာလဲ ?
Rose hip oil ဆိုတာ နှင်းဆီအရိုင်းမျိုးစိတ်တစ်ခုရဲ့ ခြုံက အစေ့တွေကနေ ကြိတ်ခွဲထားတဲ့ အဆီ တစ်မျိုးဖြစ်ပါတယ်။

Rosehip oil မှာ ဘာတွေ ပါဝင်လဲ ?
Vitamin C ပါဝင်တယ် ။ Fatty acids , Vitamin E နှင့် Vitamin A , anti oxidant ကြွယ်ဝတယ်။

Rosehip oil က အသားရေအတွက် ဘာတွေကောင်းလဲ ?

🌹အဓိက အသားရေ အရောင် မညီညာမှုတွေကို လျော့ပါးစေတယ်။ ဒါကြောင့် ဝက်ခြံက ကျန်ခဲ့တဲ့ အမာရွတ်လေးတွေ , တင်းတိပ် အမဲစက်လေးတွေကို ပုံမှန်ထက် မြန်မြန် မှိန်သွားအောင် အကူညီပေးနိုင်တယ်။

🌹Vitamin A နှင့် fatty acids ပါတာ ကြောင့် အရေးကြောင်းတွေ ကာကွယ်ပေးတယ် လျော့ပါးစေတယ်။

🌹anti oxidant ကြွယ်ဝလို့ နေရောင်ခြည်ကြောင့် ဖြစ်တဲ့ damage ကို လျော့ပါးစေတယ်။

🌹moisturizing ဖြစ်လို့ အသားရေ ချောမွေ့စေတယ်။

နောက်ထပ် အားသာချက်တွေ ?
Dry oil တစ်မျိုးဖြစ်တာမို့ အသားရေထဲကို အမြန်ဆုံး စိမ့်ဝင်နိုင်ပါတယ်။ ဆီ အများစုလို ကပ်စေးစေးဖြစ်တာမျိုးမရှိလို့ oily skin သမားတွေပါ အဆင်ပြေစေနိ်ုင်ပါတယ်။

Ok . ဒီလောက်ဆို Rosehip oil အကြောင်း သိပြီ။

မေ အရင်ဆုံးသုံးတဲ့ Rosehip oil လေးက တစ်ပတ်ကျော်ကျော်လောက်မှာပဲ ပုလင်းလေး ကျကွဲသွားတာနဲ့ ဆက်မသုံးဖြစ်တော့ဘူး ။ လွန်ခဲ့တဲ့ တစ်လ ကျော်က ဒီ Rosehip Plus ဆိုတဲ့ brand လေးရောက်လာတာနဲ့ စမ်းခဲ့ပါတယ်။

Rosehip Plus က Australian brand တစ်ခုပါ ။
သူရဲ့ Rosehip oil က အသားရေအတွက် သုံးဖို့ သင့်တော်တဲ့ cold pressed နည်းနဲ့ ထုတ်လုပ်ထားတာပါ။ အပူတိုက်တာတွေ chemical reaction တွေနဲ့ ထုတ်လုပ်တာမဟုတ်လို့ safe ဖြစ်ပါတယ်။ 100 % pure & natural ဖြစ်ကြောင်း Australian certified ဖြစ်ထားတယ်လို့ ဘူးလေးပေါ်မှာပါတယ်။ ဒါကြောင့် Rosehip oil တွေအများကြီး ရှိတဲ့ထဲက ရွေးချယ်ဖို့ သင့်တော်တဲ့ product ဖြစ်ပါတယ်။

ဒါ့အပြင်သူက 2017 Beauty Natural award ဆုလဲ ရထားသေးတယ်။

Packaging ကတော့ ဖန်ပုလင်းကိုမှ အစက်ချရတဲ့ dropper လေးနဲ့ပါ။ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိရင် ဓာတ်ပြုတတ်တာမို့ ဖန်ပုလင်း အညိုလေးသုံးလေ့ရှိပါတယ်။

မေ တစ်လကျော်သုံးတဲ့အခါမှာ ဘာတွေထူးခြားလဲဆို အသားရေ က သိသိသာသာ ကြည်ပြီး တင်းလာတယ် ။ ပါး နှစ်ဖက်ပေါ် breakout ဖြစ်တာကနေ ကျန်ခဲ့တဲ့ အမဲစက်လေးဆို မှိန်တာ မြန်မှန်း သိသာတယ် ။

မေက skin care step ထဲမှာဆို serum ပြီးရင် သူ့ကို သုံးတယ် ။ အလျင်လိုရင် toner လိမ်းပြီးတာနဲ့လိမ်းတယ် ။ moisturizer တောင် မသုံးဖြစ်ဘူး။ မေ သုံးနေကျကတော့ ၂ စက် သုံးစက်ပဲ ။
လည်ပင်းအတွက် ၂ စက် သုံးတယ်။

သူ့ကို မေက နှုတ်ခမ်းပေါ်မှာလဲ တင်ပြီး massage လုပ်တယ် ။ တစ်ခါတစ်လေ body scrub လုပ်ပြီးရင် body lotion ထဲ ၃ စက်လောက် ထည့်လိမ်းတယ် ။ အကြောပြတ်တဲ့ နေရာတွေ အဓိကလိမ်းဖြစ်တယ်။

သူက 30 ml ပါတာကိုမှ 28000 ks ဆိုတော့ စျေးနှုန်းသက်သာတယ် ။

အားနည်းချက်ကတော့
🌹အနံ့ပါ။ ဒါကတော့ အရောနှောကင်းတဲ့ Rosehip oil အစစ်တိုင်းရဲ့အနံ့ပါ ။ စိမ်းရွှေရွှေအနံ့လို ဆီချေးနံ့လိုလိုပဲ ။ ကြိုက်တဲ့သူတွေလဲရှိတယ် ။ ဒါပေမယ့်လိမ်းပြီးတာနဲ့ အနံ့ပျောက်တယ် ။
🌹နောက်ထပ်က သူ့ဘူးကို ဖွင့်ပြီးတာနဲ့ ၆ လ အတွင်း ကုန်အောင် သုံးရပါမယ် ။ လိမ်းရတာမှ ၃ စက်လောက်ဆိုတော့ မကုန်ရင် နှမြောစရာ ။ ဒါကြောင့် မေက body & lips အတွက်ပါသုံးတယ်။
🌹ဖန်ပုလင်းမို့ သယ်ရတာခက်တယ် ။ ( အဲဒီအတွက် Rosehip plus ကနေ သယ်ရတာလွယ်တဲ့ roll on ပုံစံလေးထုတ်ထားသေးတယ်။)

သတိထားရမှာတွေက
ဘူးကို နေရောင်ခြည်တိုက်ရိုက်မထိပါနဲ့ ။ အရမ်းပူတဲ့ နေရာမှ မထားပါနဲ့ ။ oil အရောင်ပြောင်းလား အနံ့ပြောင်းလား စစ်ဆေးပါနော် ( rose hip oil က အဝါရောင်ပါ )

ကဲ .. ဒီလောက်ဆို review လေးပြည့်စုံပြီနော် 😉♥️

ရောင်းစျေးလေးတွေကတော့
Rosehip Oil 15ml : 20,000
Rosehip Oil 30ml : 28,000
Rosehip Oil 50ml : 43,000
Hydrating Day Cream : 32,000
Nourishing Night Cream: 46,000
Daily Cream Cleanser: 28,000

လှချင်သူတိုင်းအတွက် Lotus
07/11/2020

လှချင်သူတိုင်းအတွက် Lotus

သီတင်းကျွတ် လပြည့်နေ့.အဘိဓမ္မာ အခါတော်နေ့
31/10/2020

သီတင်းကျွတ် လပြည့်နေ့.အဘိဓမ္မာ အခါတော်နေ့

31/10/2020
Etude House Drawing Eye Brow Pencilချစ်တို့ရေ Etude House က Drawing Eye Brow လေးအကြောင်း ပြောပြမယ်နော်☺☺☺ထူးခြားချက်ကတော...
18/10/2020

Etude House Drawing Eye Brow Pencil

ချစ်တို့ရေ Etude House က Drawing Eye Brow လေးအကြောင်း ပြောပြမယ်နော်☺☺☺

ထူးခြားချက်ကတော့ အရောင်ညီပြီး အရမ်းဖိဆွဲစရာ မလိုပါဘူး...
သူ့မှာ ပါတဲ့ bursh လေးနဲ့ ညှိလိုက်တာနဲ့ကို အရောင်ပြန်ညီစေပါတယ်...ထစ်တာမျိုးမရှိပဲ အရမ်းဆွဲလို့ ကောင်းပါတယ်နော်...Qualityလည်းကောင်းပြီး စျေးလည်း အတန်အသင့်မို့ သုံးသင့်တဲ့ ပစ္စည်းလေးပါပဲနော်😘😘
i
instock ရှိတာကတော့👇
No. 1 - dark brown
No. 3 - brown
1 pcs👉 5500/-
Authentic 100%
direct from Korea
လှချင်သူတိုင်းအတွက် Lotus

လှ ချင်သူတိုင်းအတွက် Lotus သဘာဝနည်းလမ်းတွေ နဲ့ အသားအရေ ထိန်းသိမ်းခြင်း ကရော 100%  အန္တရာယ် ကင်းရဲ့လား???ဒီအကြောင်းအရာ နဲ...
05/10/2020

လှ ချင်သူတိုင်းအတွက် Lotus
သဘာဝနည်းလမ်းတွေ နဲ့ အသားအရေ ထိန်းသိမ်းခြင်း ကရော 100% အန္တရာယ် ကင်းရဲ့လား???

ဒီအကြောင်းအရာ နဲ့ပက်သက်ပြီး
သတိထားရမယ့် ပါဝင်ပစ္စည်း အချို့ကို ပြောပြပေးချင်ပါတယ်

DIY facial scrub, Facial Masks တွေကို မိမိ အိမ်မှာ ကိုယ်တိုင် လုပ်ပြီး အသုံးပြုတတ်သူတွေအတွက် စုရည်အခုပြောပြမယ့် ပစ္စည်းတွေ ကို သုံးတဲ့အခါ သတိထားသုံးစေလိုပါတယ်

ကောင်းကျိုး ရှိသလို ဆိုးကျိုးတွေလဲ ဒွန်တွဲနေတာမို့ သတိပြုနိုင်ဖို့အတွက် စုစည်းရေးပေးလိုက်ပါတယ်

(1)Lemon Juice(ရှောက်သီး သံပရိုသီး အရည်)

-ရှောက်သီး သံပုရာသီး သံပရိုသီး အသီးစစ်စစ် တွေဟာ Vit C ကြွယ်ဝသလို Acidic ဖြစ်လွန်းပါတယ်
အသားအရည်ကြည်လင် စေဖို့ သုံးပေမယ့်
Acid ပါဝင်မှုများတာကြောင့် အသားအရေ အပေါ်ယံ ကာကွယ်ပေးနိုင်တဲ့အလွှာကိုပျက်ဆီးစေနိုင်ပါတယ်
နေရောင်ခြည်ထိတွေ့တဲ့အခါ သာမန်ထက် ပိုမိုလောင်ကျွမ်းလွယ်မှာပါ
မျက်နှာပေါ် တိုက်ရိုက် သုံးဖို့ မလုပ်သင့်ပါဘူးရှင်

(2)Coconut Oil(အုန်းဆီ)

-Facial Scrub & Masks တွေမှာ ထည့်လေ့ရှိတဲ့ အုန်းဆီဟာ ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေတဲ့ ပါဝင်ပစ္စည်းဖြစ်ပါတယ်
အခန့်မသင့်ပါက ချွေးပေါက်ပိတ်လွယ်ပြီး ဝက်ခြံ အဆီဖုတွေ ဖြစ်လာနိုင်ပါတယ်
ဦးရေပြား နဲ့ Body Care တွေအတွက် သုံးနိုင်ပေမယ့် မျက်နှာအတွက် မသုံးစေချင်ပါဘူးရှင်

(3)Baking Soda

-ဂျီးချွတ်ပေးနိုင်တဲ့ Baking Soda ဟာ pH Level မြင့်လွန်းတဲ့ Alkaline ဖြစ်ပါတယ်
အသားအရေ အတွက် ပုံမှန် pH 4.5-5.5 ရှိသင့်ပါတယ်

မြင့်လွန်းတဲ့ pH Level ကြောင့် သဘာဝအတိုင်းရှိသင့်တဲ့ အဆီ တွေ ဆုံးရှုံး ပါမယ်
အဲ့အခါ အသားအရေကို ကာကွယ် မပေးနိုင်တော့ပါဘူး
ပိုး ဝင် လွယ်ပြီး Sensitive ဖြစ်လွန်းသွားနိုင်တာမို့
သတိထားသုံးစေချင်ပါတယ်

(4)Toothpaste (သွားတိုက်ဆေး)
​-ဝက်ခြံဖု အပူဖုတွေ ဖြစ်တဲ့အခါ သွားတိုက်ဆေး အုံလေ့ရှိကြပါတယ်
-အခန့်မသင့်ရင် ဝက်ခြံပိုပွားလာနိုင်ပြီး အသားအရေအလွန်ခြောက်သွေ့သွားနိုင်တာမို့ မလုပ်သင့်ပါ

(5)Egg White
-ကြက်ဥ အတွင်း အဖြူအရည် ကိုမျက်မှာပေါင်းတင်တဲ့အခါ အသုံးပြုကြပါတယ် အသားအရေတင်းရင်းပြီး ချွေးပေါက်တွေအတွက် ထ်ိရောက်မှုရှိနိုင်ပါတယ်
သ်ို့သော် အခန့်မသင့်ပါက Salmonella Infection ရနိုင်တာမို့ မျက်နှာပေါ် မသုံးစေချင်ပါဘူးရှင်

သဘာဝ အသီးအနှံတွေ ကိုအသုံးပြုပြီး မျက်နှာပေါင်းတင်ကြတဲ့အခါမှာလဲ လှီးဖြတ်တဲ့ ပစ္စည်းတွေကစလို့ အစစအရာရာကို ဂရုစိုက်သုံးစေချင်ပါတယ်

ခရမ်းချဉ်သီး,သခွားသီး,ကီဝီသီး,အာလူး
အစရှိတဲ့ အသီးအနှံတွေကို အသုံးပြုမျက်နှာပေါင်းတင်တဲ့အခါ ပိုးသတ်ဆေး ကင်းစင်အောင် ရေသန့်ကိုသုံး၍ အထပ်ထပ်အခါခါ ဆေးကြောသင့်ပါတယ်

လှီးဖြတ်တဲ့အခါမှာလဲ စဉ့်နှီတုံး က စလို့ ဓား/ပန်းကန်တွေကို မီးဖိုချောင်သုံးပစ္စည်းတွေမသုံးပဲ သီးသန့်ထားပေးပါ
ရေနွေး နဲ့ ပိုးသတ် ဆေးကြောပေးရပါမယ်ရှင်

DIY နည်းလမ်းတွေနဲ့ သဘာဝပစ္စည်းတွေကို မျက်နှာအတွက် အသုံးပြုတဲ့အခါ ဂရုတစိုက် သုံးပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ

Address

Taunggyi
TAUNGGYI

Telephone

09777076692

Website

Alerts

Be the first to know and let us send you an email when LOTUS skincare & cosmetics shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share