13/01/2026
Jelly cream လေး sale ရှိလို့ 45,000ks + cargo fees နဲ့ရမယ်ရှင့် Normal 80,000 မို့ အရမ်းတန်ရှင် 🥺
ညလိမ်းအိပ်လို့ ကောင်းမှကောင်း skincare အဆင့်ဆင့် လုပ်ရမှာပျင်းတဲ့ ညမျိုးဆိုရင် double cleansing လုပ် PDRN shot လိမ်းပြီးရင် သူ့ကို sleeping mask လို လိမ်းအိပ်လိုက်တယ်။ မနက်ဆို မျက်နှာက စိုကြည်ပြောင်တင်းပြီး glow နေတာသိသာတယ်။ သူက hydration လည်းတော်တော်ရတယ်။ မနက်ပိုင်းထက် ညဘက်လိမ်းတာက ပိုကောင်းတယ်။ တချို့တွေက သူ့ကိုဝက်ခြံထွက်နေရင် သုံးလို့မရဘူးလို့ပြောတယ် ကျွန်တော်ကတော့ ဝက်ခြံထွက်နေချိန်လည်း လိမ်းတယ် ဘာမှမဖြစ်ဘူး။ သူက Alcohol free, Oil free, Silicone free, Cruelty free, Sulfate free ပါ။ fungal ance တော့ safe မဖြစ်ဘူးသူက။ သူ့မှာအနံ့တော့ပါတယ် သင်းသင်းပျော့ပျော့လေးပဲ။ သူ့ texture က jelly texture ပါ လိမ်းရတာ မပူဘူး စိမ့်ဝင်ဖို့တော့ခဏစောင့်ရတယ်။ သူ့ကို ဘယ်လိုလူတွေသုံးသင့်လဲဆိုရင် အသားအရမ်းခြောက်တဲ့သူတွေ skincare လုပ်နေပေမယ့် တစ်ခုခုလိုအပ်နေသလိုခံစားရတဲ့သူတွေ၊ အသားအရေ တင်းရင်းဖို့လိုအပ်နေတဲ့ anti aging သမားတွေ၊ လူကြီးပိုင်းတွေပိုသုံးသင့်ပါတယ်။ သူ့ကို All skin type သုံးလို့ရပါတယ်။ အမဲစက်အမာရွတ်ပျောက်ဖို့အတွက်တော့ အများကြီးမျှော်လင့်လို့မရဘူး ဒီ cream မှာ။ ဒီ cream က 50ml နဲ့ 110ml နှစ်မျိုးလာပါတယ်။ အခုမှစသုံးမယ်ဆိုရင် 50ml ကိုဝယ်ပါ။ over all အနေနဲ့ပြောရရင် ဒီ cream က ရိုးရှင်းတယ် တခြား Medicube cream တွေလို အဆန်းထွင်ထားတဲ့ ingredients တွေတော့မပါဘူးသူ့မှာ။ rating အနေနဲ့ပေးရရင် 7.5/10 ပေးပါတယ်။