Royal Laboratory

Royal Laboratory The Result You Can Trust

"ကုသဆေးမရှိသေးတဲ့ ကြောက်စရာ နီပါဗိုင်းရပ်စ် (Nipah Virus)"နီပါဗိုင်းရပ်စ် (NiV) သည် တိရစ္ဆာန်မှလူသို့ ကူးစက်သော (Zoonoti...
24/01/2026

"ကုသဆေးမရှိသေးတဲ့ ကြောက်စရာ နီပါဗိုင်းရပ်စ် (Nipah Virus)"

နီပါဗိုင်းရပ်စ် (NiV) သည် တိရစ္ဆာန်မှလူသို့ ကူးစက်သော (Zoonotic) ရောဂါဖြစ်ပြီး သေဆုံးနှုန်းမြင့်မားသည့်အတွက် အထူးသတိပြုရမည့် ရောဂါပိုးဖြစ်ပါတယ်။

🔬 နောက်ခံအကျဉ်း
-----------------
၁၉၉၉ ခုနှစ်က မလေးရှား၊ နီပါရွာမှာ စတွေ့။

လူတစ်ရာကျော် သေဆုံး၊ ဝက်တစ်သန်းကျော် သုတ်သင်ခံရ 😢

WHO က အရေးပေါ် စောင့်ကြည့်ရမည့် ရောဂါပိုး အဖြစ် သတ်မှတ်။

🧬 ဗိုင်းရပ်စ်အမျိုးအစား
-----------------
မလေးရှားမျိုးကွဲ (NiV-M): လူချင်း ကူးနှုန်း နည်း။

ဘင်္ဂလားဒေ့ရှ်မျိုးကွဲ (NiV-B): လူချင်း ကူးနှုန်း မြင့်၊ သေနှုန်း ပိုများ 💀

🦇 သယ်ဆောင်သူ (Host)
-----------------
သဘာဝလက်ခံကောင်: အသီးစား လင်းနို့ကြီးများ (Fruit bats) 🦇။

ကြားခံကောင်: ဝက်များ (အဓိက) 🐖၊ မြင်း၊ ဆိတ်၊ ခွေး၊ ကြောင်များ။
(လင်းနို့စားကျန် အသီး/အညစ်အကြေးမှတဆင့် ကူးစက်ခံရသည်)။

🔄 ကူးစက်နည်း ၃ မျိုး
-----------------
1️⃣ တိရစ္ဆာန်မှ လူသို့ (ဝက်၊ လင်းနို့ အရည်များနဲ့ တိုက်ရိုက်ထိ)

2️⃣ အစားအစာမှတစ်ဆင့်
ထန်းရည်အစိမ်း (လင်းနို့ဆီး/တံတွေးပါနိုင်) 🥥❌
လင်းနို့ကိုက်ထားသော အသီးများ 🍌🍈

3️⃣ လူမှ လူသို့
အသက်ရှူလမ်းကြောင်းမှ အစက်အမှုန်များ 😷💦
ဆေးရုံတွင်း ကူးစက်မှု အဖြစ်များ 🏥⚠️

🤒 ရောဂါလက္ခဏာများ
-----------------
ရောဂါပျိုးကာလ ၄ ရက်မှ ၁၄ ရက် (တခါတရံ ၄၅ ရက်ထိ) ကြာနိုင်ပါတယ်။

ကနဦး: ဖျားခြင်း 🌡️၊ ခေါင်းကိုက်၊ ကြွက်သားနာ၊ အော့အန်၊ လည်ချောင်းနာ။

ပြင်းထန်: မူးဝေခြင်း၊ သတိလစ်ခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်း (Encephalitis) 🧠။

🚨 သတိပြုရန်: ၂၄-၄၈ နာရီအတွင်း သတိမေ့မြော (Coma) အဆင့်ထိ ရောက်နိုင်ပြီး သေဆုံးနှုန်း ၄၀% မှ ၇၅% ထိ ရှိပါတယ်။

🩺 ရောဂါရှာဖွေခြင်း
-----------------
RT-PCR (ဗိုင်းရပ်စ်ရှာဖွေ)
ELISA (ပဋိပစ္စည်းစစ်ဆေး)
BSL-4 လုံခြုံရေးအဆင့်မြင့် ဓာတ်ခွဲခန်းတွင်သာ စစ်ဆေး ⚠️🧪

💊 ကုသမှု
-----------------
သီးသန့် ကုသဆေး/ကာကွယ်ဆေး မရှိပါ ❌💉
လက္ခဏာအလိုက် ပြုစုကုသခြင်း (Supportive Care) သာရှိ။
သေနှုန်း ၄၀% - ၇၅% အထိ မြင့်မား 💔

✅ ကာကွယ်နည်းများ (အရေးကြီး)
-----------------
ထန်းရည်အစိမ်း လုံးဝမသောက်ပါနှင့် 🥥❌
အသီးအနှံများ ကို စားခါနီး သေချာဆေးကြောပါ၊ အခွံနွှာစားပါ။🍎

လင်းနို့ကိုက်ထားနိုင်သော အသီးများကို ရှောင်ရန် 🍎🚿
နေမကောင်းသော တိရစ္ဆာန်များနှင့် ထိတွေ့ကိုင်တွယ်ရာတွင် အကာအကွယ်ဝတ်ဆင်ပါ 🧤😷

လူနာကို သီးခြားခွဲထားပါ 🚫🤝
ကျန်းမာရေးဝန်ထမ်းများ PPE ဝတ်ဆင်ပါ 🥼🛡️
လက်ကို မကြာခဏ ဆေးကြောပါ 🧼💦

🌏 မြန်မာနိုင်ငံအတွက်
-----------------
မြန်မာနိုင်ငံသည် လင်းနို့မျိုးစိတ်များ ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်/အိန္ဒိယနှင့် နယ်နိမိတ်ချင်းထိစပ်နေသောကြောင့် ရောဂါဝင်ရောက်နိုင်ခြေ မြင့်မားပါသည်။ သတိထား၊ ကြိုတင်ကာကွယ်ပါ။


Credit :Dr. Khant

📝📝📝📝  လည်ပင်းအရိုးကျီးပေါင်း Cervical Spondylosis) အကြောင်း သိကောင်းစရာများ  📝📝📝Cervical Spondylosis ဆိုတာဘာလဲ?---------...
09/01/2026

📝📝📝📝 လည်ပင်းအရိုးကျီးပေါင်း Cervical Spondylosis) အကြောင်း သိကောင်းစရာများ 📝📝📝

Cervical Spondylosis ဆိုတာဘာလဲ?
---------------------------------------------------------

Cervical Spondylosis ဆိုသည်မှာ လည်ပင်းပိုင်းအရိုး (Cervical Spine) တွင်ရှိသော

အရိုးဆစ်များ

အရိုးကြားရှိ Disc များ

အရိုးအဆစ်အဖုံး (Ligaments)
တို့မှာ အသက်အရွယ်ကြီးလာခြင်း၊ အလုပ်အကိုင်နှင့် နေထိုင်မှုပုံစံကြောင့် တဖြည်းဖြည်းပျက်စီးယိုယွင်းလာခြင်း ကို ခေါ်ဆိုပါသည်။

အများအားဖြင့် အသက် ၄၀ နှစ်ကျော် မှစတင်ပြီး ဖြစ်ပွားလာတတ်သော်လည်း ယနေ့ခေတ်တွင်

🛑Computer / Mobile ဖုန်းကို အချိန်ကြာကြာ အသုံးပြုခြင်း

🛑လည်ပင်းကို မမှန်ကန်သောအနေအထားဖြင့် အလုပ်လုပ်ခြင်း
တို့ကြောင့် လူငယ်များတွင်ပါ မြင်တွေ့လာရပါသည်။

Cervical Spondylosis ဖြစ်ရတဲ့
အကြောင်းရင်းများ
------------------------------------------------

💢အသက်အရွယ်ကြီးလာခြင်း (Age-related degeneration)
အရိုးနှင့် Disc များဟာ အသက်ကြီးလာတာနဲ့အမျှ ရေဓာတ်လျော့နည်းပြီး ပျက်စီးလာပါသည်။

💢လည်ပင်းကို မမှန်ကန်စွာ အသုံးပြုခြင်း

💢ဖုန်းကို ခေါင်းငုံ့ကြည့်ရင်း ကြာကြာသုံးခြင်း

💢Computer မျက်နှာပြင်အောက်စိုက်ပြီး အလုပ်လုပ်ခြင်း

💢အလုပ်အကိုင်အလေ့အထများ

💢Office အလုပ်များ

💢ယာဉ်မောင်းများ

💢စက်မှုလုပ်သားများ

💢အရင်က လည်ပင်းဒဏ်ရာ ရရှိဖူးခြင်း

💢အလေးချိန်မတင်ရဘဲ မမှန်ကန်စွာ အလေးချိန်သယ်ဆောင်ခြင်း

ဖြစ်ပေါ်လာနိုင်သော လက္ခဏာများ
-----------------------------------------------------

Cervical Spondylosis တွင် လက္ခဏာများဟာ လူတစ်ဦးချင်းစီအလိုက် မတူညီနိုင်ပါသည်။

🟣အထွေထွေလက္ခဏာများ

🟣လည်ပင်းနာခြင်း၊ တင်းကျပ်ခြင်း

🟣လည်ပင်းလှည့်ရခက်ခြင်း

🟣မနက်အိပ်ရာထပြီးချိန် လည်ပင်းပိုင်း တင်းနေခြင်း

🟣လက်နှင့် လက်တံသို့ ဆက်သွယ်သော လက္ခဏာများ

🟣လက်ညောင်းခြင်း

🟣လက်မ၊ လက်ချောင်းများ ထုံခြင်း

🟣လက်အားနည်းလာခြင်း

ပြင်းထန်လာပါက

🛑ခြေလက်အားနည်းခြင်း

🛑လမ်းလျှောက်မတည်ငြိမ်ခြင်း

🛑ဆီးထိန်းချုပ်မှု မကောင်းခြင်း

🟥🟥🟥🟥ယင်းလက္ခဏာများရှိပါက ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ရန် လိုအပ်ပါသည်။

Cervical Spondylosis သည် အသက်ကြီးလာသူများတွင်သာမက ယနေ့ခေတ် လူငယ်များတွင်ပါ များလာသော ရောဂါဖြစ်ပါသည်။ စောစီးစွာ သိရှိပြီး မှန်ကန်စွာ ကုသပါက ခွဲစိတ်မှုမလိုဘဲ သက်သာနိုင်ပါသည်။

လည်ပင်းနာခြင်း၊ လက်ညောင်းခြင်းများကို ပေါ့ပေါ့မထင်ဘဲ
အရိုးအထူးကုဆရာဝန်နှင့် စနစ်တကျ စစ်ဆေးကုသပါရန် အထူးအကြံပြုအပ်ပါသည်။

🏨🏨🏨🏨🏨🏨🏨🏨🏨🏨🏨🏨🏨🏨

#ကျော်မေတ္တာ
အရိုး၊ အကြော အဆစ် နှင့် ထိခိုက် ဒဏ်ရာ
အထူးကုဆေးခန်း တွင်

ဒေါက်တာ ဥိးမျိုးကျော်ကျော်
M.B.,B.S , M.Med.Sc (Orthopaedics)
အရိုး၊ အကြော အဆစ် နှင့် ထိခိုက် ဒဏ်ရာ
အထူးကုဆရာ၀န် နှင့်

နေ့စဥ် ကုသမှုခံယူနိုင်ကြောင်း
လေးစားစွာ အသိပေးအပ်ပါတယ် ။

ဆေးခန်းထိုင်ချိန်
---------------------------------
နေ့စဥ် မနက် ၇:၀၀ နာရီမှ မနက် ၉:၀၀ နာရီအထိ
နေ့စဥ် ညနေ ၅:၀၀ နာရီမှ ည ၇:၀၀ နာရီအထိ

ကြိုတင်စာရင်းပေးရန် နှင့် ဆက်သွယ်စုံစမ်းရန်
☎️ 09401264826 ☎️
☎️ 09697052767 ☎️

📍 Google Map Location : 📍

https://maps.app.goo.gl/9nVkZrF5WyKd6Npn6

----------------------------------------------------------------------------

🏥 တော်ဝင် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း 🏥

ဆက်သွယ်စုံစမ်းရန် -
☎️ 09983299543 ☎️
☎️ 09966609311 ☎️
🩸🌡️🩸🧪🩸💉🩸🌡️🩸🧪🩸💉🩸🌡️🩸

 #ကျော်မေတ္တာ အရိုး၊ အကြော အဆစ် နှင့် ထိခိုက် ဒဏ်ရာ အထူးကုဆေးခန်း   တွင် ဒေါက်တာ ဥိးမျိုးကျော်ကျော် M.B.,B.S ,  M.Med.Sc...
06/01/2026

#ကျော်မေတ္တာ
အရိုး၊ အကြော အဆစ် နှင့် ထိခိုက် ဒဏ်ရာ
အထူးကုဆေးခန်း တွင်

ဒေါက်တာ ဥိးမျိုးကျော်ကျော်
M.B.,B.S , M.Med.Sc (Orthopaedics)
အရိုး၊ အကြော အဆစ် နှင့် ထိခိုက် ဒဏ်ရာ
အထူးကုဆရာ၀န် နှင့်

နေ့စဥ် ကုသမှုခံယူနိုင်ကြောင်း
လေးစားစွာ အသိပေးအပ်ပါတယ် ။

ဆေးခန်းထိုင်ချိန်
---------------------------------
နေ့စဥ် မနက် ၇:၀၀ နာရီမှ မနက် ၉:၀၀ နာရီအထိ
နေ့စဥ် ညနေ ၅:၀၀ နာရီမှ ည ၇:၀၀ နာရီအထိ

ကြိုတင်စာရင်းပေးရန် နှင့် ဆက်သွယ်စုံစမ်းရန်
☎️ 09401264826 ☎️
☎️ 09697052767 ☎️

📍 Google Map Location : 📍

https://maps.app.goo.gl/9nVkZrF5WyKd6Npn6

----------------------------------------------------------------------------

🏥 တော်ဝင် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း 🏥

ဆက်သွယ်စုံစမ်းရန် -
☎️ 09983299543 ☎️
☎️ 09966609311 ☎️
🩸🌡️🩸🧪🩸💉🩸🌡️🩸🧪🩸💉🩸🌡️🩸

🏨 တော်ဝင် ရောဂါရှာဖွေရေး ‌ဓါတ်ခွဲခန်း 🏨တွင် အောက်ပါတို့ကို တိကျမှန်ကန်စွာ စမ်းသပ်စစ်ဆေးနိုင်ပါသည် -

🔬သွေးအမျိုးအစားစစ်ဆေးခြင်း။
(ကျောင်းအပ်မည့်ကလေးများ၊ မှတ်ပုံတင်လုပ်မည့်သူများ၊ မိမိတို့သွေးအုပ်စုကို အတိအကျသိထားချင်သူများအတွက် သွေးအုပ်စု ခွဲခြားခြင်းကို အမြန်ဆောင်ရွက်နိုင်ပါသည်)

🔬ဆီး ဝမ်း စစ်ဆေးခြင်း။ (Urine 10 para,Urine RE,Stool RE,Urine for AFB, Stool for AFB,Stool Occult Blood, Stool for FIT)

🔬TB ရောဂါပိုး ရှိ/မရှိ သလိပ်စစ်ဆေးခြင်း။ (sputum for AFB)

🔬သွေးကျဲနှုန်း PT (INR)စစ်ဆေးခြင်း။

🔬အသည်းလုပ်ငန်းဆောင်တာများ စစ်ဆေးခြင်း။ (Total Bilirubin, ALP, ALT, AST, GGT, PT)

🔬ကျောက်ကပ်လုပ်ငန်းဆောင်တာများစစ်ဆေးခြင်း။ (Urea, Creatinine)

🔬သွေးတွင်းအဆီဓါတ်များခွဲခြားစစ်ဆေးခြင်း။
(Total Cholesterol, Triglycerides, HDL cholesterol, LDL cholesterol)

🔬အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများအတွက် နှလုံးလေးဘက်နာ၊သွေးလေးဘက်နာ ဂေါက်ရောဂါ စစ်ဆေးခြင်း။ (ASO,RA/RF,Uric Acid)

🔬နှလုံးရောဂါနှင့်ပတ်သတ်သော စစ်ဆေးခြင်း။ (CK, CK-MB, Troponin T, Troponin I)

🔬ခန္ဓာကိုယ်တွင်းဓါတ်ဆားများစစ်ဆေးခြင်း။ (Electrolytes)

🔬အစာအိမ်ရောင်ရမ်းခြင်းရောဂါ (H.pylori Ab Test - Serum)
🔬လည်ပင်းကြီးရောဂါအတွက် သွိုင်းရိုက်‌ေဟာ်မုန်းစစ်ဆေးခြင်း။ (Total & Free T3, Total &Free T4, TSH)

🔬ကူးစက်ရောဂါများ‌ဖြစ်သော
⛔️အသည်းရောင်အသားဝါ B ပိုး (HBsAg)
⛔️အသည်းရောင်အသားဝါ C ပိုး (HCV)
⛔️ခုခံအားကျဆင်းမှုရောဂါ HIV(AIDS)
⛔️ဆစ်ဖလစ်ခေါ်ကာလသားရောဂါ VDRL

🔬ကာကွယ်ဆေးထိုးထားသော ရောဂါများအတွက် ဆေးအောင်/မအောင် anti body စစ်ဆေးခြင်း။

🔬အသည်းကင်ဆာ(AFP)
🔬သားအိမ်ခေါင်းကင်ဆာ(Pap smear)
🔬ရင်သားကင်ဆာ(FNAC)
🔬ဆီးကျိတ်ကင်ဆာ(PSA)
🔬ခန္ဓာကိုယ်ရှိ အကျိတ် အနာများခွဲစိတ်ပြီးပါက ကင်ဆာဟုတ် မဟုတ်သိနိုင်ရန်အတွက် အသားစ စစ်ဆေးခြင်း။ (Biopsy)
🔬သွေးရောဂါဆိုင်ရာစစ်ဆေးခြင်း။ (CP auto, ESR)
🔬ခြင်ကြောင့်ဖြစ်သောငှက်ဖျားရောဂါ,ဆင်ခြေထောက်ရောဂါ(Mp,MF)
🔬သွေးလွန်တုပ်‌ကွေးရောဂါ (CP auto, Platelets count ,PCV, Dengue DUO)
🔬ဆီးချိုသွေးချိုရောဂါအတွက် စစ်ဆေးခြင်း။ (FBS, RBS, 2HPPS, HbA1C)

#‌တော်ဝင် - အမှတ် (၂၁)၊ ဘောဂလမ်း၊အောင်ချမ်းသာ ခရိုင်မီးသတ်ရုံးကြီးဘေးလမ်း၊ သန်လျင်မြို့။

#ကျော်မေတ္တာ
#‌တော်ဝင်
#ဓာတ်ခွဲခန်းသန်လျင်
#အရိုးအကြောအထူးကု
#သန်လျင်

ကျော်မေတ္တာ အရိုး၊ အကြော အဆစ် နှင့် ထိခိုက် ဒဏ်ရာ အထူးကုဆေးခန်း    အားတော်ဝင် ဓာတ်ခွဲခန်း  နှင့် တွဲဖက်ပြီး ၁-၁-၂၀၂၆ နေ့...
01/01/2026

ကျော်မေတ္တာ
အရိုး၊ အကြော အဆစ် နှင့် ထိခိုက် ဒဏ်ရာ
အထူးကုဆေးခန်း အား
တော်ဝင် ဓာတ်ခွဲခန်း နှင့် တွဲဖက်ပြီး

၁-၁-၂၀၂၆ နေ့ မှ စတင်
ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း
လေးစားစွာ အသိပေးအပ်ပါတယ် ။

တော်၀င် ဓာတ်ခွဲခန်း ၂၀၂၆ ခုနှစ် နှစ်သစ်ကူး အလှူ
01/01/2026

တော်၀င် ဓာတ်ခွဲခန်း

၂၀၂၆ ခုနှစ်

နှစ်သစ်ကူး အလှူ

Address

Bo Ba La Road, Aung Chan Thar (3) Quarter
Thanlyin
11291

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Royal Laboratory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share