Dr. Tin Htun Naing

Dr. Tin Htun Naing အထွေထွေ ရောဂါကု ဆရာဝန်

18/04/2026

သင်္ကြန်ပြီးတော့ သင်္ကြန် ဒန့် ဒန့် တွေရဲ့ နောက်ဆက်တွဲလေးတွေ ကုရပြန်ရော…

အတက်နေ့ ညက လာပြတာလေး ပြောပြမယ်…

လူက ဝိတ်များနေတာကို ဒန့်တာ လွန်ပြီး ဒူးလည်သွားတာ အရမ်းနာလို့တဲ့

နာနေလည်း အတက်နေ့မို့ မကရတော့မှာ စိုးလို့ နာနာ နဲ့ ဆက်ကတာတဲ့

ဒူးလည် အကဆိုပဲ
😜😜😜

သင်္ကြန်လည်း ပြီးရော ဆေးခန်းရောက်ရော

ဓာတ်မှန်ရိုက် ဘာညာ နဲ့ ကုနေတာ နှစ်ဆန်း ၃ ရက်နေ့ ရောက်နေပြီ ခုထိ မသက်သာသေးဘူး

တနင်္လာနေ့ အလုပ်ဆင်းရမှာ ဆရာတဲ့ ပျောက်ပါ့မလားတဲ့
😊😊😊

မပျောက်ဘူးလေ
ခွင့်စာ ယူသွား ၂ ရက် နားလိုက်

ဒန့်တုန်းက အလုပ်ကို မေ့နေပြီးတော့

ဟွန့်

😂😂😂

(ပြုံးမိတဲ့ လူနာလေးမို့ ချစ်တဲ့စိတ်နဲ့ ရေးတာ)

ဒေါက်တာ တင်ထွန်းနိုင်
အထွေထွေရောဂါကု ဆရာဝန်

မနက် ၁၂:၁၆
၁၉/၄/၂၀၂၆ ရေးသည်။

13/01/2026

ဟိုနေ့ကလည်း လူနာ ကလေးမလေး တစ်ယောက်...

ကားပေါ်က ဆင်းတာ ဘာနဲ့ထိတယ် ဆိုလား ခြေထောက်ကွဲပြီး ရောက်လာရော...

အနာ ဆေးကြောပြီး ချုပ်မယ်ပေါ့
အတူပါလာတဲ့ အမေနဲ့ အဒေါ်က သူမကြောက်အောင် လက်တွေကိုင် ဒူးတွေ ချုပ်ပြီး အားပေးတာပေါ့...

ချုပ်တာ တစ်ဝက်ပဲ ရှိသေး လက်တွေကိုင်ပေးထားတဲ့ အဒေါ်က ကုတင်ခေါင်းရင်းမှာ ခွေခွေလေး......မူးနေတာ (သွေးမြင်လို့)

ချုပ်ပြီးတော့ သူ့အမေက မူးရော...
ပန်ကာရှေ့ နှစ်ယောက်လုံး ကိုပို့ပြီး အအေးတစ်ဗူးတိုက်ပေးထားတယ်
တစ်ယောက်တစ်ဝက်သောက်လို့....
😅😅😅

ပြောချင်တာ ခုမှလာပြီ...

ချုပ်နေတုန်းက မျက်ရည်တရွှဲနဲ့ အာပြဲအောင်အော်နေတဲ့ လူနာ ငတိမလေးက ချုပ်လည်းပြီးရော သူမဟုတ်သလို ရုပ်တည်လေးနဲ့ ပန်ကာရှေ့မှာ ချာလပတ်ရမ်းမူး နေတဲ့ သူ့အမေနဲ့ အဒေါ် ရဲ့ ကြားဝင်ထိုင်နေတာ...

တစ်ကယ့်ကို ရုပ်တည်နဲ့

ဟိုနှစ်ယောက်ကတော့ မီးနဂါး အအေးဗူးလေး တစ်ယောက်တစ်လှည့် သောက်ပြီး မှောက်နေရော
😂😂😂

ဒေါက်တာ တင်ထွန်းနိုင်
အထွေထွေရောဂါကု ဆရာဝန်

13/1/2021 ရေးသည်။

11/01/2026

Reception က ဖုန်းကိုင်တဲ့ ကလေးမလေးတွေကို တစ်ခုပြောချင်တယ်

ညဘက် ရည်းစားနဲ့ ဖုန်းအကြာကြီးပြောပြီးလို့ မနက် အလုပ်ထဲရောက်ရင် ရည်းစားအကြောင်း ခဏမေ့ထားသင့်တယ်…

လူနာ အတွက် Booking တင်ပေးတာ ဖုန်းချခါနီး “ကျေးဇူးပါ သမီး” လို့ပြောတာကို

" ဟုတ်ကဲ့ ကိုကို” တဲ့…

ငါ့နှယ်နော်….ခုခေတ် ကလေးတွေ သိပ်ဆိုး တာပဲ

ရင်ထဲတောင် ဖိုး လိုး ဖတ် လတ် ဖြစ်သွားတယ်

😂😂😂

ကိုယ့်အသက်အရွယ် ကိုယ့်ကျန်းမာရေးကိုမှ ဂရုမစိုက်နိုင်ပဲ အရက်ကျေးကျွန် သားလူပျိုအတွက် စိတ်ပူနေရှာတဲ့အမေကြီး…အရက်ဒဏ်ကြောင့်...
20/11/2025

ကိုယ့်အသက်အရွယ် ကိုယ့်ကျန်းမာရေးကိုမှ ဂရုမစိုက်နိုင်ပဲ အရက်ကျေးကျွန် သားလူပျိုအတွက် စိတ်ပူနေရှာတဲ့အမေကြီး…

အရက်ဒဏ်ကြောင့် ခေါင်းအစ ခြေအဆုံး ခံစားနေရတဲ့ဝေဒနာတွေ သက်သာလို သက်သာငြား လက်လေးကို ဆုပ်ကိုင်ပြီး မေတ္တာတွေပေးနေတာ…

ဆေးကုပြီး ၃ ရက်မြောက်မှာ သေ မင်း ခံတွင်းဝ က လွတ်ပြီမို့ ဝမ်းသာနေတဲ့ အမေကြီး မျက်နှာ ကြည့်ရတာ ကြည်နူးဖို့ကောင်းချက်ပဲ…

ကိုယ်လည်း ဆရာဝန် တစ်ယောက် အနေနဲ့ ကုသိုလ် မတရားရတာပဲ…

☘️☘️☘️

ဒေါက်တာ တင်ထွန်းနိုင်
အထွေထွေရောဂါကု ဆရာဝန်

ညနေ ၃:၄၅
၂၀/၁၁/၂၀၂၅ ရေးသည်။

14/11/2025

ကျွန်မ သမီးလေး အခြေအနေကောင်းရဲ့လား ဆရာ…

ခုဖြစ်တာကတော့ နံရိုးနာနေတာပါပဲ…
ကင်ဆာရဲ့နောက်ဆက်တွဲကြောင့်လည်းဖြစ်နိုင်သလို သာမန်နာတာလည်းဖြစ်နိုင်ပါတယ်…

ကျောက်ကပ်ကရောဆရာ…

သတ်မှတ်ထားတဲ့ရက် ရောက်ရင် ကျောက်ကပ်ကပြန်ဆေးရမယ်အမ…
မဆေးရင်တော့ အခြေအနေမကောင်းဘူး…

မျက်ရည်တွေကျပြီး ပြောတဲ့စကားတွေက သိပ်ရင်နာဖို့ကောင်းတယ်…

ကုစရာပိုက်ဆံမရှိတော့တဲ့ဘဝရယ်…
ကင်ဆာနဲ့ကျောက်ကပ်ပျက်နေတဲ့နေ့ရက်တွေက သိပ်ဆိုးတာပါပဲ…
😢😢😢

ဘုရားသာရှိရင် ဘုရားကိုသွားပြီးအသနားခံမိမှာ…

"တပည့်တော်လူနာ ကျောက်ကပ်ဆေးဖို့ လိုတဲ့ပိုက်ဆံလေးတွေ စွန့်ပါဘုရား” လို့….
😢🙏😢

ဒေါက်တာ တင်ထွန်းနိုင်
အထွေထွေရောဂါကုဆရာဝန်

ည ၇:၀၀
၁၄/၁၁/၂၀၂၅ ရေးသည်။

01/11/2025

တမြန်နေ့က ဆေးခန်းလာပြတဲ့ အရက်စွဲလူနာ မနေ့က ဆုံးတယ်

သေဆုံးကြောင်းအတည်ပြုဖို့ လိုက်ကြည့်ပေးရတယ်

အလောင်းက အိမ်ရဲ့အနောက်ဆုံး အဖီလေးထဲမှာ…

အဖီလေးက အိမ်သာရဲ့ အနောက် မျက်စောင်းထိုး ကပ်ရပ်မှာ…

ပိန်ခြောက်ကပ်နေတဲ့ အလောင်းကိုကြည့်ပေးဖို့ အဖီထဲ သတိထားတက်ရတယ်

အိမ်သာနံ့ ရေဆိုးနံ့ အမှိုက်ပုပ်နံ့တွေ…
ညှီစို့စို့အနဲ့တွေကြား အရက်ကျေးကျွန်ကြီးကတော့ ဘဝကူးသွားတာပဲ…

အရက်စွဲတာကိုလည်း အပြစ်မတင်ရက်တော့ပါဘူး…
သေ လောက်အောင် သောက်သွားတာကိုလည်း အပြစ်မတင်ရက်တော့ပါဘူး…

ကြီးရင့်လာတဲ့ ဇရာရယ်
ပျော်စရာမရှိတော့တဲ့ဘဝရယ်က ကျေနပ်စရာတွေမှ မရှိတော့တာ…

မမှိတ်ပဲ ကျန်နေတဲ့ တိမ်ဖုံး မျက်လုံး နှစ်လုံးကို ရသလောက်ပိတ်ပေးပြီး အဖီလေးပေါ်ကနေ သတိထားပြီး ပြန်ဆင်းခဲ့လိုက်တယ်…..
🥲🥲🥲

ဒေါက်တာ တင်ထွန်းနိုင်
အထွေထွေရောဂါကုဆရာဝန်

မနက် ၁၂:၁၂
၂/၁၁/၂၀၂၅ ရေးသည်။

06/10/2025

နောက် ရှက်ကီကြောင် တစ်ယောက်ရှိသေး…

ကိုယ့်ကို လာခေါ်တဲ့ အချိန်မှာ သူ ကြောင်နေတာ ၃ ရက်လောက်ရှိပြီ

ပထမတစ်ရက် ငြိမ်အောင် လုပ်ပေးတယ်

မရဘူး မျက်လုံးကို ပြူးပြီး ကို ကြောင်နေတာ တစ်ပွေတည်း

မအိပ်တာ လည်း ၃ ရက်
😂😂😂

နောက်တစ်ရက်ကျ ည မိုးချုပ်ကြီး လာပင့်တယ်
အတော် ထိန်းမရလို့တဲ့
ကိုယ် ရောက်သွားချိန် သကောင့်သားက ဓာတ်မီး တစ်လက်နဲ့ အိမ်အောက်ထဲ ဘာတွေ ဝင်ရှာနေလဲ မသိဘူး ကုန်းကုန်းကွကွ နဲ့

အိမ်က လူတွေ ကိုလည်း တစ်ယောက်မှ အနား ပေးမကပ်ဘူး ရန်ရှာနေတာ
😊😊😊

ကိုယ်ကတော့ ခပ်တင်းတင်းပဲ

“ဟေ့လူ ဘာတွေ လုပ်နေတာလဲ”

အံမယ် ကိုယ့် ကို အိမ်အောက်ကနေ ဓာတ်မီးနဲ့ ထိုးကြည့်ပြီး ပြုံးပြတယ် ပြီးတော့ ဘက်ဆုတ်ပြီး ထွက်လာတယ်

“လာ ဗိုလ်ကြီး…ထိုင်”

“ငင်”

ကိုယ်တောင် ကြောင်ပြီး နောက်လှည်ကြည့်လိုက်သေး

နောက်မှာ ဘာ ဗိုလ်ကြီးမှ မရှိဘူး

အိမ်က လူတွေ ကလည်း အနားကပ်မရတော့ ၂ ခါ ပြေးစာ မှာ ရပ်နေကြတာ
😂😂😂

ကဲ ထားတော့…

ဟေ့လူ ဘလာ ဘလာ ဆိုပြီး တော်ကီ ခဏဖုတ်ပြီး ဆေးထိုးဖို့ ဖြောင်းဖြ ရတယ်

ထိုးပြီးရင် တစ်ခါတည်း အိပ်ပျော်မှာမို့ ခြင်ထောင်ထဲ ဝင်ခိုင်းရသေး

ကိုယ်လည်းဝင် ရတယ်လေ သူ့ ခြင်ထောင်ထဲ

ခြင်ထောင်ထဲ သူနဲ့ကိုယ်နဲ့ ရောက်ပြီ ဆိုမှ ဆေးထိုးခံတယ်

အဲ့ချိန်ထိ ကိုယ်က သူ့ရဲ့ ဗိုလ်ကြီး ပဲ သူ က တပ်သား
😂😂😂

အဲ့ည ဆေးထိုးပြီးတော့ အဲ့ဘဲ အတော်ဟန် သွားတယ်

ကိုယ်လည်း ကံကောင်းသွားတယ်

နောက်တစ်ရက်သာ သွားထိုးရရင် ကိုယ်က ဗိုလ်ချုပ် သူက ဗိုလ်မှူးကြီး လောက် ဖြစ်နေလောက်ပြီ
😂😂😂

(ရှက်ကီကြောင် တွေ ချစ်တဲ့ ဒေါက်တင်)

ဒေါက်တာ တင်ထွန်းနိုင်
အထွေထွေရောဂါကု ဆရာဝန်
၆ အောက်တိုဘာ ၂၀၂၂ ရေးသည်။

06/10/2025

ရှက်ကီကြောင် တစ်ယောက် ဆေးခန်း လာပြတယ်

ဆိုင်ကယ်ဘေးတွဲ ပေါ်က မဆင်းနိုင်လို့ ဆေးခန်းရှေ့ မှာထွက်ကုပေးရတယ်

“ကဲပြော ဘာဖြစ်”

“ဒီလိုရှိတယ်ဆရာ ကျွန်တော် တစ်တိုင်းပြည်လုံး ကို အုပ်လိုက်တာလေ”

“အေး အုပ်လိုက်တော့ ဘာဖြစ်သွားလဲပြော”

“အလင်းတွေ အကုန် ပျောက်သွားရောလေ ကြည့်ပါလား”

သကောင့်သားက ကောင်းကင်ကြီး ကို လက်ညှိုးထိုးပြတယ်

ကိုယ်တောင် ယောင်ကြီး မော့ကြည့်လိုက်သေး…

မှောင်နေတာပဲ…

😂😂😂

မှောင်မှာလေ အချိန်လည်း ကြည့်ဦး ည ၉:၃၀

ငါရှင်ချင်တယ် ရှက်ကီမန်း ရယ်

😂😂😂😂😂

ဒေါက်တာ တင်ထွန်းနိုင်
အထွေထွေရောဂါကုဆရာဝန်
၆ အောက်တိုဘာ ၂၀၂၂ ရေးသည်။

04/10/2025

Celebrating my 5th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

22/09/2025

အဆုတ်နှစ်ဖက်လုံး ပျံ့နေတဲ့ TB…

ဝမ်းတွေက မည်းပြီး သွေးပါ…

အစာလုံးဝနီးပါး မစားတာ ၂ လ…

ချိုင်းကြားက ပြည်တည်နာက ခွဲထားပြီးတာတောင် ပြည် ကထွက်နေဆဲ…

အဲ့ပြည်တည်နာ ကိုတောင် မနည်းချော့မော့ခွဲထားရတာ…

ပြသနာက လုံးဝ ဆေးထိုးမခံတာပဲ…
(လုံးဝမှ တစ်ကယ့်ကို လုံးဝ)

အသက်ငယ်သေးတော့ မ thay စေချင်သေးဘူး…

ကုလို့ရတဲ့ရောဂါကို ကုပေးမယ်ဆိုတာတောင် ဆေးထိုး လုံးဝ မခံတာ….

အရိုးပေါ်အရေတင်နေပေမယ့် ဆေးထိုးမယ် ပြောလိုက်ရင် လက်ညှိုးကြီးထိုးပြီး ပြန်ကျိန်းတာ ကြောက်ဖို့တောင်ကောင်းတယ်…

ဘယ်တတ်နိုင်မလဲ….

ဆေးထိုးမခံရင်တော့ သူလည်းသိပ်မခံတော့ပါဘူး…

ခင်ဗျားတို့တော့ တွေ့ဖူးသလားမသိဘူး….

ကျွန်တော်ကတော့ အသီးတွေ ချပြီး ခါးခါးသီးသီးကို ဆေးထိုးမခံတဲ့ လူနာတွေ တွေ့ဖူးတယ်…

ဒီတစ်ယောက်က အဆိုးဆုံးပဲ…

ဒေါက်တာတင်ထွန်းနိုင်
အထွေထွေရောဂါကု ဆရာဝန်

ည ၁၀:၅၈
၂၂/၉/၂၀၂၅ ရေးသည်။

Address

Thanlyin
11291-11293

Opening Hours

Monday 08:30 - 20:00
Tuesday 08:30 - 20:00
Wednesday 08:30 - 20:00
Thursday 08:30 - 20:00
Friday 08:30 - 20:00
Saturday 08:30 - 20:00
Sunday 08:30 - 20:00

Website

Alerts

Be the first to know and let us send you an email when Dr. Tin Htun Naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share