Shwe Yee Kyaw Mini Mall

Shwe Yee Kyaw Mini Mall အရည်အသွေးမှန်ပြီး စျေးတန်စေရပါမည်

06/09/2026

ရန်ကုန်မှာ လမ်းဘေးခွေးတွေ ရှင်းသင့်ပြီ

(အတွေးအမြင်ဆောင်းပါး)

တမြန်နေ့က စာတစ်ပုဒ်ဖတ်လိုက်ရတယ်။

ရန်ကုန်တိုင်း ကြည့်မြင့်တိုင်မှာ မနက်အစောကြီး ဈေးထွက်ရောင်းတဲ့ ဈေးသည် အဒေါ်ကြီးတစ်ဦး ခွေးကိုက်ခံရပြီး ခွေးရူးပြန်ရောဂါနဲ့ သေဆုံးသွားတဲ့ သတင်းပါ။

ထုံးစံအတိုင်း ခွေးကိုက်ခံရပြီတို့ ခွေးရူးပြန်ရောဂါ ဖြစ်တဲ့ သတင်းတွေ ထွက်ပြီဆို တိချစ်သူ အမည်ခံ လူငနွားတွေ ပျောက်သွားကြပါတယ်။

ပြီးရင် အိမ်မွေးခွေးတချို့ရဲ့ ချစ်စရာ အပြုအမူလေးတွေ တင်ပြီး Social media တွေပေါ်မှာ သားလေး သမီးလေး ဆိုပြီး အဖြစ်သည်းကြပြန်တယ်။

ပြီးရင် စည်ပင်က လမ်းဘေးခွေးရှင်းတာ၊ ခွေးကိုက်ခံရလို့ ရှင်းလင်းတာတွေလုပ်ရင် သားလေးကို လုပ်ရက်လေခြင်း၊ ငါတို့ သမီးလေးကိုမှ လုပ်ရက်လေခြင်း ဆိုပြီး ငိုညည်းသံတွေ တဆာဆာ ထွက်လာကြပါတယ်။

ကိုယ်တိုင် ‌အိမ်မှာ မွေးကြမလားဆိုတော့ ဟိုဟာ ဖြစ်လို့ ဒီဟာ ဖြစ်လို့ ဆိုပြီး ငြင်းဆန်ကြပြန်ပါတယ်။

ဆို‌တော့ ဒီနှစ်ပိုင်းတွေအတွင်း ရန်ကုန်မှာ ခွေးကိုက်ခံရတဲ့ ဖြစ်စဉ်တွေ အဖြစ်များလာပါတယ်။

စမ်းချောင်း၊ ကြည့်မြင့်တိုင်တဝိုက်မှာဆို လမ်းဘေးခွေးတွေကို ပရဟိတလိုလို အလှူရှင်လိုလို လိုက်ကျွေးနေတဲ့ လူတန်းစားတွေကြောင့် လူတွေက ခွေးကို ကြောက်နေရတဲ့ အဖြစ်တိုးလာပါတယ်။

တချို့ခွေးတွေဆို လမ်းသွားနေသူတွေကို ရန်မှုတာ၊ ကိုက်တာ ဆွဲတာတွေ လုပ်ပေမယ့်ဖြစ်လာရင် တာဝန်ယူသူ တိချစ်သူ တစ်ဦးမှ ရှိမနေတာပါ။

အာဏာရှိသူတွေ အနေနဲ့ တိချစ်သူ ဆိုတဲ့ သူတွေကို ဥပဒေနဲ့ ပြတ်ပြတ်သားသား ရှင်းသင့်နေပါပြီ။

စည်ပင်က သူ့အလုပ် သူလုပ်တဲ့အချိန်ကြမှ လင်သေလို့ ငိုကြသူတွေလို ရင်ထုမနာ ဇာတ်လမ်းတွေ ဖန်တီးကြပါတယ်။

တချို့ကလည်း ဒီဇာတ်လမ်းတွေကို အသုံးချပြီး ခွေးမွေးကာ အလှူခံ အိမ်ဝယ် တိုက်ဆောက် ကားစီးနေကြတဲ့ မြင်ကွင်းကလည်း မရိုးနိုင်တဲ့ ဇာတ်လမ်းပါ။

ဆို‌တော့ ရန်ကုန်မှာ လမ်းဘေးခွေးတွေကို ရှင်းသင့်နေပါပြီ။ နေ့စဉ်နဲ့ အမျှ ခွေးကိုက်ခံရလို့ ဆေးရုံလာသူတွေ၊ ဆေးခန်းသွားသူတွေ မနည်းလှပါဘူး။

ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးတယ်ဆိုတာ ထင်သလောက် မလွယ်ပြန်ပါဘူး။ နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းနေရသူတွေဆိုရင် ဆေးရုံ ဆေးခန်းသွားဖို့ ခက်ပါတယ်။

ခွေးရူးပြန်ကာကွယ်ဆေးကလည်း ဒဏ်ရာ အတိမ်အနက်ပေါ် မူတည်ပြီး ဆေးဖိုးက ကျပ် ၃ သိန်းကနေ ၅ သိန်းအထိ ကုန်နိုင်ပါတယ်။

ဒါ‌အပြင် ဆေးရုံ ဆေးခန်း သွားတဲ့ စရိတ် ရှိပါသေးတယ်။

စစ်‌အာဏာသိမ်းတဲ့ အကျိုးဆက်‌ကြောင့် လူထုဟာ ဆင်းရဲနွမ်းပါးလာချိန် ဆေးရုံဆေးခန်း တခေါက်သွားဖို့ ဆိုတာ အတော် စဉ်းစားရတဲ့ ကိစ္စပါ။

လမ်းဘေးခွေးတွေ ကိုက်ပြီ ဆိုရင် တိချစ်သူတွေ အကုန်ပျောက်သွားကြပါတယ်။ ဘာကြောင့်ဆို ဆေးဖိုး အတောင်းခံရမှာ ကြောက်ကြလို့ပါ။
တာဝန်ယူပေးသူလည်း တစ်ဦးမှ ရှိမနေပါဘူး။

စည်ပင်က ရှင်းတော့မယ်ဆိုရင် လင်သေလို့ ဒုက္ခရောက်မယ့် သူတွေလို့ အစုလိုက် အပြုံလိုက် ထွက်လာကြပါတယ်။

ဒါကလည်း စည်ပင်ဥပဒေ၊ တိရိစ္ဆာန်မွေးမြူရေးဥပဒေ ရှိရက်သားနဲ့ အလုပ်သေချာ မလုပ်ကြလို့ပါ။

တလောက ဧရာဝတီတိုင်းက ကျောင်းဆရာကြီး တစ်ဦးက ကလေးတွေကို မကြာခဏ ထွက်ကိုက်နေတဲ့ ခွေးတွေကို ရှင်းဖို့ ပြောတော့ တိချစ်သူ အမည်ခံတွေ ဝိုင်းကန့်ကွက် ဆဲဆိုနေကြတာ တွေ့ရပြန်ပါတယ်။

ဒါဆို ဒီခွေးတွေကို မွေးမလား ယူမလားဆိုပြန်တော့လည်း တိချစ်သူတွေအကုန် ဘယ်သူမှ တာဝန်မယူချင်ပြန်ပါဘူး။

ကျောင်းဆရာကြီးရဲ့ အဆိုက ရှင်းပါတယ်။ သူဟာ လူသား ဖြစ်တဲ့အတွက် လူသားဘက်ကနေ ရပ်တည်ပြီး ရှင်းလင်းမယ် ဆိုတာမျိုးပါ။

ဆိုတော့ ပြောချင်တာ တိချစ်သူ အမည်ခံပြီးရင် တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့ လိုပါတယ်။

အခုနောက်ပိုင်း ခွေးကိုက်ခံရတဲ့ ဖြစ်စဉ်တွေ အတော်များလာပါတယ်။ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အခမဲ့ ထိုးပေးတယ် ဆိုပေမယ့် လူ ၁၀ ဦးပြည့်မှ ရပါတယ်။ နေ့လည်ရောက်ရင်တော့ လူ ၅ဦး ပြည့်ရင် ရပါတယ်။

အခမဲ့ ဆိုပေမယ့် နိုင်ငံတော်က ကုန်ကျတာ ဖြစ်ပြီး ပြည်သူတွေရဲ့ အခွန်၊ တိုင်းပြည်ဘဏ္ဍာနဲ့ ကုန်ကျခံထိုးပေးရတာပါ။

ဆိုတော့ လူတွေက ကိုယ်လည်း အကိုက်ခံရသေးတယ်။ ဆေးဖိုးလည်း ကိုယ့်ဟာကိုယ် ပေးနေရတဲ့ အဖြစ် ဖြစ်လာနေပါပြီ။

ဆိုတော့ ခွေးပဲ ဖြစ်စေ အိမ်မွေးတိရိစ္ဆာန် မွေးမယ်ဆိုရင် မှတ်ပုံတင်ဖို့ လိုပါတယ်။ ရန်ကုန်မှာ အရပ်သားအစိုးရခေတ်က မှတ်ပုံတင်တာ လုပ်ဖူးခဲ့ပါတယ်။

ကိုယ့်ခွေးက တခုခု လုပ်ရင် တာဝန်ယူတက်ရပါမယ်။
ခွေးတွေကို ခွေးရူးပြန်ကာကွယ်ဆေး ထိုးဖို့ ပုံမှန် လိုပါတယ်။

သူများနိုင်ငံတွေမှာ တိချစ်သူ ဆိုတာ မြန်မာပြည်က လူတွေလို မဟုက်ပါဘူး။
မှတ်ပုံတင်ရတယ်။ ဆေးခန်းပြရတယ်။
ကာကွယ်ဆေးတွေ ပုံမှန် ထိုးပေးရပါတယ်။

ကိုယ့် ခွေးက လူကို ကိုက်ရင် ဆေးရုံ ပို့ပေး ‌ဆေးဖိုး ရှင်းပေးရပါတယ်။ ထိုလူကို နစ်နာကြေး ပေးရပါတယ်။
မကြာခဏ ကိုက်တာ လုပ်နေရင်တော့အစိုးရက တာဝန်ယူတရားစွဲလို့ ရတဲ့ အခြေအနေ ဖြစ်ပါတယ်။

မြန်မာပြည်က တိချစ်သူ အမည်ခံတွေက။ ခွေးတွေကို ကိုယ့်အိမ်ထဲ မွေးဖို့ အစီအစဉ် မရှိပါဘူး။ လူထင်ကြီးအောင် ချက်ပြုတ်ပြီး ကျွေးတာ၊ ဝယ်ကျွေးတာ လုပ်တက်ပါတယ်။
ဒီလို လုပ်တာ ကုသိုလ်ရပြီး‌ နောက်ဘဝမှာ ချမ်းသာဖို့ ရည်မှန်းချက် ထားပါတယ်။

ကုသိုလ်ရတယ် ဆိုပြီး အမည်ခံပေမယ့် လူတွေကို ကိုက်ရင် တာဝန်ယူမှု မရှိပါဘူး။ ရန်ကုန်၊ စမ်းချောင်းထဲမှာဆို ခွေးကြောင့် ကလေး၊ လူကြီးတွေ အမြဲလိုလို အကိုက်ခံရ၊ ဆေးရုံဆေးခန်း ပြနေကြရပါတယ်။

အခု ကြားရတဲ့ သတင်းတွေအရဆို လမ်းဘေးခွေးတွေမှာ ခွေးရူးပြန်ရောဂါက ပြန့်နှံလာနေတာ တွေ့ရတယ်။

ကြည့်မြင်တိုင်ဘက်က ဈေးသည် အဒေါ်ကြီးဆို ခွေးကိုက်ခံရပြီး ခွေးရူးပြန်ရောဂါနဲ့ ဆုံးရတယ်။

ခွေးကိုက်ခံရပေမယ့် ဆေးရုံဆေးခန်းစရိတ် မတက်နိုင်‌တာလည်း ဖြစ်မယ်၊ ဈေးအရောင်းပျက်မှာလည်း ကြောက်ရတဲ့ အခြေအနေလည်း ရှိတော့ ဆေးမြီတိုတွေနဲ့ လျှောက်ကုကြတယ်။

ဒါကလည်း အသိညဏ်အားနည်းမှု၊ ဆင်းရဲမှုတွေနဲ့ အများကြီး ဆက်စပ်ပါတယ်။ တိုင်းပြည်ဆင်းရဲလာတဲ့အခါ ပြည်သူတွေရဲ့ နိမ့်ကျမှုက သိသိသာသာ မြင့်တက်လာပါတယ်။

ဒါကြောင့် အရှင်းဆုံးက ရန်ကုန်မှာ လမ်းဘေးခွေးတွေကို ရှင်းလင်းဖို့ လိုပါတယ်။

ကန့်ကွက်တဲ့ တိချစ်သူတွေကို တအိမ်တစ်ကောင်နှုန်း စာချုပ်စာတမ်း၊ ခွေးလည်ပင်းမှာ ပိုင်ရှင်အမည်၊ ဖုန်းပါတဲ့ လည်ပတ်တွေ နဲ့ ပေးလိုက်ပါ။

ကုန်ကျစရိတ်ကို တိချစ်သူတွေကိုပဲ အကုန်ကျခံခိုင်းပါ။

ဒါအပြင် တာဝန်မယူပဲ ခိုးဖွက်ယူထားပြီး တနေရာမှာ ပြန်လွတ်ပေးရင် ထိထိမိမိအရေးယူသင့်ပါတယ်။
ဒါဆိုရင် လမ်းဘေးခွေးတွေလည်း ရှင်းသွားပါမယ်။

လာမယ့် ဆောင်းရာသီကနေ စပြီး ၂၀၂၇ ခုနှစ်အထိ အယ်လ်နီညို ဖြစ်ပြီး အပူဆုံးကာ‌လတွေ ရောက်လာပါမယ်။

ဒီကာလတွေမှာ ခွေးရူးရောဂါ ပြန့်နှံနိုင်မှုက သိသိသာသာ တိုးလာပါမယ်။
အခုကတည်းက ကြိုမပြင်ထားရင် ခွေးကိုက်ခံရတာတွေများပြီး ခွေးရူးရောဂါ အဖြစ်များလာနိုင်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနတွေအနေနဲ့ ခွေးရူးရောဂါ မပြန့်ဖို့ အသိပေးသင့်သလို လူထုကြား အန္တရာယ်များတဲ့ ဒီရောဂါတွေကို သတိပေးဖို့ လိုပါတယ်။

ရန်ကုန်စည်ပင်အနေနဲ့ကလည်း လမ်းဘေးခွေးတွေကို အမြန်ဆုံး ရှင်းလင်းသင့်သလို လူတစ်ဦး သေမှ ရှင်းနေတာမျိုး လုပ်တာ ရှက်စရာ ကောင်းပါတယ်။
ဒါ စည်ပင် အလုပ်မလုပ်တာနဲ့ အတူတူပါ။

လမ်းဘေးခွေးတွေ ရှိလို့ သူခိုး မကပ်ဘူးဆိုတာ ဂျင်းပါ။ လမ်းဘေးခွေးတွေနဲ့ အရင်းနှီးဆုံးက သူခိုးတွေပါပဲ။

ဆိုတော့ စည်ပင်ဟာ စည်ပင်အလုပ်မလုပ်ရင် လူတွေ ခွေးရူးပြန်ရောဂါနဲ့ သေတာ ပိုများလာနိုင်ပါတယ်။

တိုင်းပြည်ဆင်းရဲတဲ့အခါ လူတွေ ဆင်းရဲတဲ့အခါ ခွေးကိုက်ခံရတာကို ဆေးမြီးတိုနဲ့ ကုချင်နေကြတာမျိုးပါ။

နောက်ပိုင်း သတင်းတွေမှာ အိမ်မွေးခွေးတွေလည်း ခွေးရူးပြန်ရောဂါ ဖြစ်နေကြတာ သိလာရပါတယ်။

‌အိမ်မွေးခွေးက ကလေးကို ခြစ်မိကုပ်မိရာကနေ ကလေး ခွေးရူးပြန်ရောဂါနဲ့ သေဆုံးတဲ့ သတင်းတွေလည်း ရှိခဲ့ဖူးပါတယ်။

ဆိုတော့ အိမ်မွေးခွေးတွေလည်း ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးတွေ မဖြစ်မနေ ထိုးကြဖို့ လိုပါတယ်။ ပိုပူလာလေလေ ခွေးရူးရောဂါ ပြန့်နှံနိုင်ခြေက ပိုမြင့်လာလေလေပါ။

ဖြစ်လာမှ အလုပ်လုပ်ရင် ပိုပြီး ဆုံးရှုံးရပါမယ်။ မဖြစ်ခင် တားဆီးတာ ကာကွယ်တာက အကောင်းဆုံးပါ။

ဆို‌တော့ လမ်းဘေးခွေးတွေကို ရှင်းလင်းသင့်နေပါပြီ။ တိချစ်သူတွေ ကန့်ကွက်ရင် သူတို့ဆီ ပို့ပေးလိုက်ရင် အဆင်ပြေပါတယ်။

ရန်ကုန်မှာ လမ်းဘေးခွေး ၁၀၀၀၀ ထက်မနည်း ရှိမယ် လို့ ခန့်မှန်းရပါတယ်။

တိချစ်သူ လူတစ်သောင်းလောက်က မွေးစားလိုက်ရင် လမ်းဘေးခွေးတွေလည်း အဆင်ပြေသွားမှာပါ။

တိချစ်သူတွေလည် သားသမီးတွေနဲ့ ပျော်မြူးလို့ ရပါတယ်။

လမ်းဘေးခွေးတွေက မွေးသူကို ပိုချစ်ကြပါတယ်။ဆိုတော့ တိချစ်သူတွေအ‌နေနဲ့ ဒီအခွင့်အရေးကို လက်ခံသင့်ပါတယ်။

သိပ်ချစ်လွန်းရင် ခွေးရူးရောဂါ ဖြစ်နေတဲ့ ခွေးတွေပါ အိမ်အရောက် ခေါ်မွေးသင့်ပါတယ်။

ဒါဆိုရင် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားမှာ ဖြစ်သလို ပြည်သူတွေလည်း ခွေးကိုက်ခံရမယ့် ဘေး၊ ခွေးရူးအန္တရာယ်ကနေ ကင်းလွတ်ခွင့်ရသွားမှာပါ။

ရန်ကုန်မှာ လမ်းဘေးခွေးတွေကို ကြိုရှင်းရမယ့် အချိန် ဖြစ်နေပါပြီ။ ရန်ကုန်စည်ပင်ကော ကျန်းမာရေးဝန်ကြီးဌာနကနေပါ အသိပညာ ဗဟိုသုတပေးတာ ဖြန့်ပေးသင့်နေပါပြီ။

တကယ်အလုပ်လုပ်ကြတယ် ဆိုရင် ပြောတာပါ။ လူသေမှ ထရှင်းတာက အလုပ် မဟုက်ပါ။


#ခွေး #လမ်းဘေးခွေး #ကြည့်မြင်တိုင် #စမ်းချောင်း #‌ခွေးရူးပြန်ရောဂါ #မြန်မာ

05/09/2026

✅အသားအိအိလေးနဲ့ quality အကောင်းထဲက
✅နွေ မိုး‌ ဆောင်း အဆင်ပြေတာလေး ရှာနေရင် ✅29000ks နဲ့ ဒါလေးတွေ ရမယ်ရှင် ။
✅24 to 40 ထိ ဆိုဒ်စုံရှိပြီး ဖြစ်လို့ #ချက်ချင်းပို့ပေးပါတယ်
#အိမ်အရောက်ငွေချေရပါတယ်
အပြင်ပုံ နဲ့ video လေးတွေ comment မှာ ကြည့်ပါ‌နော်

35000/စျေးသင့်တဲ့ ဂျင်းဘောင်းဘီတိုလေးတွေ120cm(5yr) 170cm(14-16yr)   ကြာချိန် ၄ပါတ်ကနေ ၈ပါတ်အတွင်းပါရှင်(အခြေအနေပေါ်မူတည်...
03/09/2026

35000/
စျေးသင့်တဲ့ ဂျင်းဘောင်းဘီတိုလေးတွေ
120cm(5yr) 170cm(14-16yr)


ကြာချိန် ၄ပါတ်ကနေ ၈ပါတ်အတွင်းပါရှင်(အခြေအနေပေါ်မူတည်ပြီး စောရင်လဲစောနိုင်ပြီး ပိုနောက်ကျချင်လဲကျနိုင်ပါတယ်ရှင် 🥲🥲)

03/09/2026

Blue 💙 pink 🩷 green 💚 white 🤍 and yellow 💛 5 ရောင်လာပါတယ်
✅39000 ks ပါ
#အိမ်အရောက်ငွေချေစနစ်ပါ

03/09/2026

24-34 ကလေးဆိုဒ် =29000 ks
35-41 လူကြီးဆိုဒ် = 39000 ks

#အိမ်အရောက်ငွေချေရ

31/08/2026

ခုရက်ပိုင်း Foam roller တွေ တအားလာမေးနေကြလို့ ။ အသုံးပြုပုံလေးက comment မှာ ကြည့်ပေးနော်။ winter တို့ summer တို့ body goals လေးတွေ ရအောင်လုပ်ကြမယ်ဆို မှာလို့ရပါပြီရှင် #45000/- ks
#အိမ်အရောက်ငွေချေပို့ပေးပါတယ်
#ကြာချိန်လေးက၂ပါတ်ပါ

❤ CK outlet ၅ကန့် Tote 😍❤ 1လုံး 120000❤ Size 35cm x 11cm x 30cm❤ Color 6❤ အမေးများနေတဲ့ပုံလေး ck ရဲ့ hot item လေး ... ပစ...
29/08/2026

❤ CK outlet ၅ကန့် Tote 😍
❤ 1လုံး 120000
❤ Size 35cm x 11cm x 30cm
❤ Color 6
❤ အမေးများနေတဲ့ပုံလေး ck ရဲ့ hot item လေး ... ပစ္စည်းသွင်းရခက်နေတဲ့အချိန် ရတုန်းယူထားနော်
#အိမ်အရောက်ငွေချေရပါတယ်
#𝐢𝐧𝐬𝐭𝐨𝐜𝐤𝐧𝐨𝐰 #အခုမှာအခုချက်ချင်းရပါတယ်

ကဲ မေမေတွေ ခဏခဏ မေးကျတဲ့ စာအုပ်ထည့်လို့ရတဲ့ လက်ဆွဲအိတ်လေးတွေ နောက်ဆုံးပေါ်ဒီဇိုင်းလေးပါကျောပိုးအိတ်ထဲ စာအုပ်တွေ အများကြီ...
27/08/2026

ကဲ မေမေတွေ ခဏခဏ မေးကျတဲ့ စာအုပ်ထည့်လို့ရတဲ့ လက်ဆွဲအိတ်လေးတွေ နောက်ဆုံးပေါ်ဒီဇိုင်းလေးပါ

ကျောပိုးအိတ်ထဲ စာအုပ်တွေ အများကြီးထည့်လွယ်ရင် ကလေးလေးတွေ ခါးဒဏ်ဖြစ်မှာစိုးလို့ ဒီလို အိတ်လှလှလေးတွေနဲ့ ခွဲသယ်ရင် အရမ်းအဆင်ပြေနော် ၊ မိုးကာသားမို့ အကြမ်းလည်း ခံပါတယ်ရှင့်

preorder လေးဖြစ်လို့ မေမေတို့ ကြိုက်တာလေး လာမှာထားလို့ရပါပြီနော်

✅ Size - 14 inches * 11.5 inches

✅ Price - 28500 kyats
#အိမ်အရောက်ငွေချေစနစ်နဲ့ပို့ပေးပါတယ်
#လေကြောင်းသယ်ယူပို့ဆောင်ရေးမို့မြန်ပါတယ်

25/08/2026

မျှော်နေတဲ့ကာကာတို့ ပို့ပေးတော့မယ်နော် 😍😍😍

25/08/2026

❤️ ​Cocotaya အိတ်ကပ်၃ခု😍
❤️ 1လုံး 49500
❤️ Size 25cm x 10cm x 15cm
❤️ Color 2
❤️ ချိုးခေါက်ခံတဲ့လည်သာအသား အမိုက်စားလေးကို ဒီစျေးလေးနဲ့အရမ်းတန်တဲ့ Thai Brand အိတ်လေး

Address

No 420/422, Strand Road , Botahtaung
Thanlyin

Alerts

Be the first to know and let us send you an email when Shwe Yee Kyaw Mini Mall posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Yee Kyaw Mini Mall:

Shortcuts

Share