10/12/2021
ကွဲပြားတဲ့ Omicron လက္ခဏာ
ကိုဗစ်မျိုးကွဲတခုဖြစ်တဲ့ Omicron B.1.1 529 ဟာ အရင်ကိုဗစ် လက္ခဏာများတဲ့ ပုံစံမတူပဲ ကွဲပြားကြောင်းကို South Africa Medical Board ရဲ့ Chairman Dr. Angelique Coetzze နဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက်နဲ့ အဖွဲ့ဝင်များက တင်ပြသွားပါတယ်
🩸Omicron ဟာ Delta နဲ့ကွဲပြားပေမယ့် Beta 351 version နဲ့ ဆင်တူကြောင်း တွေ့ရှိရပါတယ်
🩸 အနံ့ပျောက်ခြင်း အရသာပျောက်ခြင်း လက္ခဏာမတွေ့ရပါဘူး ဘာကြောင့်လဲဆိုရင် အနံ့အရသာခံ olfactory epithelial ကို ထိခိုက်ခြင်းမရှိလို့ပါ
🩸ချောင်းဆိုးခြင်း လည်ချောင်းနာခြင်း စတဲ့ လက္ခဏာတွေလည်းမရှိသလောက်နည်းပါတယ်
🩸 သူ့မှာအဓိက တွေ့ရတာက
ကြွက်သား နာခြင်း၊ ညောင်းညာကိုက်ခဲခြင်း နဲ့ မောပန်းလွယ်ခြင်းစတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်
🩸 ဝမ်းသာ စရာတခုက ရောဂါပိုးတွေ့ရှိသူတွေဟာ အိမ်မှာနားနေရင်းဖြင့် ရက်အနည်းငယ်အတွင်းသက်သာပျောက်ကင်းကြတာကိုတွေ့ရတယ်လို့ ဆိုပါတယ် / Oxygen ကျခြင်းလက္ခဏာလည်း မတွေ့ရှိသေးတာကြောင့် ပြင်းထန်တဲ့ ကိုဗစ်ပိုးမဟုတ်လောက်ဘူးလို့ ဆိုရပါမယ်
⛔️ သို့သော်လည်းပဲ ချောင်းဆိုးခြင်းလက္ခဏာမပြတဲ့ ဒီရောဂါပိုးဟာ စကားပြောဆိုရာကနေ အလွယ်တကူ ကူးဆက်နိုင်ပါတယ်
💥 လက္ခဏာမပြင်းထန်ဘူးဆိုပြီး ပေါ့လျော့လို့ မရကြောင်းလည်း အထူးသတိပြုရမှာဖြစ်ပါတယ်
✅ ကာကွယ်ဆေးထိုးထားတာက မထိုးထားတာထက် ပိုပြီးခံနိုင်ရည်ရှိဖို့ အလားအလာပိုများမှာပါ။
ရောဂါပြင်းထန်မှု နှင့် သေဆုံးနှုန်း တွေကတော့ ဆက်လက်စောင့်ကြည့် ရဦးမှာမို့ အစိုးရိမ်လွန်တာထက်
မဖြစ်ခင် ကြိုတင်ကာကွယ်ထားတာက ပိုအကျိုးရှိပါလိမ့်မယ်။✅
🌷အခုကာလဟာ နိုင်ငံတကာမှာ ခရီးသွားအပန်းဖြေကာလဖြစ်တာမို့ တတ်နိုင်သလောက် မိမိဘက်က Social preventive measures တွေဖြစ်တဲ့ Mask တပ် လက်ဆေး social distancing ကို တတ်နိုင်သလောက်လိုက်နာကြဖို့ အကြံပေးချင်ပါတယ်
🙏ကမ္ဘာကြီး နှင့် လူသားအပေါင်းတို့ ပိုးကင်းစင်ကာ အမြန်ဆုံးကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ🙏
References:
https://www.foxnews.com/health/south-african-doctor-omicron-variant-symptoms-unusual-mild
https://www.manchestereveningnews.co.uk/news/uk-news/key-symptoms-new-omicron-coronavirus-22299912
https://www.nbcboston.com/news/local/new-omicron-variant-emerges-amid-covid-spike-in-massachusetts/2576453/
The world is on high alert as new cases of the potentially more contagious omicron variant of the coronavirus continue to get reported in Britain and across the globe. Amid fears that the recently identified new variant has the potential to be more resistant to the protection offered by vaccines, th...