Kaung Htet Kyaw Pharmacy

Kaung Htet Kyaw Pharmacy Medicine Welcome

11/07/2024

#ကလေးငယ်များနှင့် ကာလဝမ်းရောဂါ

ကလေးရော လူကြီးပါ ဂရုစိုက်ရမှာဖြစ်ပေမယ့် ကလေးတွေကို မိဘတွေအနေနဲ့ သတိထားပေးရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

ကာလဝမ်းရောဂါက အသက်အန္တရာယ်ဖြစ်နိုင်ပေမယ့် ရောဂါကို ကာကွယ်နိုင်သလို စောစောသိရပါက အချိန်မှီကုသလို့လည်းရတယ်။

ဘယ်လိုအချက်တွေသတိထားရမလဲ
ကာလဝမ်းရောဂါရဲ့ လက္ခဏာအများစုက သာမန်ဝမ်းလျှောတာနဲ့တူပြီး တခြားအကြောင်းကြောင့်ဖြစ်တဲ့ ဝမ်းရောဂါတွေနဲ့ ခွဲရခက်တတ်ပါတယ်။
အသက်အရွယ်မရွေး ဖြစ်နိုင်တယ်။
ကာလဝမ်းရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာများ

၁။ဝမ်းလျှောခြင်း
ကာလဝမ်းကြောင့်ဖြစ်သော ဝမ်းအရောင်က ဖျော့ပြီး နို့ရောင်လို ခပ်နောက်နောက်ဖြစ်တတ်တယ်။ ဆန်ဆေးရည်လိုမျိုးဖြစ်တယ်။
၂။ပျို့အန်ခြင်း
ကာလဝမ်းရောဂါရဲ့ အစောဆုံးအဆင့်မှာ အဖြစ်များတယ်။
၃။ရေဓါတ်ခန်းခြောက်ခြင်း
ကာလဝမ်းရောဂါ လက္ခဏာပြပြီး နာရီပိုင်းအတွင်းမှာ ရေဓါတ်ခမ်းခြောက်နိုင်ပါတယ်။
၄။ကိုယ်တွင်းရှိဓါတ်များ ကမောက်ကမဖြစ်ခြင်း
ကြွက်တက်ခြင်းနဲ့ ရှော့ခ်ရခြင်းလို ဆိုးရွားပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်သွားတတ်ပါတယ်။

ရောဂါကာကွယ်ဖို့ ဘာတွေလုပ်ဆောင်ရမလဲ

၁။နို့တိုက်မိခင်များ နို့မတိုက်ခင် လက်သေချာ ဆေးပြီးမှ နို့တိုက်ပါ။
ကလေးငယ်များ အစာမကျွေးခင် လက်သေချာ ဆေးပြီးမှ ကျွေးပါ။

၂။ လက်ကို ဆပ်ပြာနဲ့ ရေနဲ့ မကြာခဏဆေးခြင်း။ အထူသဖြင့် အစားမစားခင်နှင့် အိမ်သာသွားပြီးချိန်
ကျောင်းနေအရွယ် ကလေးတွေကိုလဲ မိဘများအနေဖြင့် အစားမစားခင်နှင့် အိမ်သာတက်ပြီးတိုင်းလက်ဆေး ဖို့ သင်ကြားပေးထားပါ။
၃။ သန့်စင်သောရေကိုသာ သောက်ခြင်း
ရေသန့်ဗူးကြီးများဖြစ်စေကာမူ ယခုလိုကာလတွင် ကျိုချက်ပြီးမှ သောက်ပါ။
၄။ ဖြစ်နိုင်လျှင် ယခုလို ကာလမျိုးတွင် ယင်နားစာ ၊ အပြင်စာများကို ရှောင်ပါ။
၅။ ကျက်အောင်မချက်ထားသော အသား သို့မဟုတ် ငါးနဲ့ ပင်လယ်စာတွေကို ရှောင်ပါ။
၆။ ကလေးငယ်များ ကျောင်းသွားပါ အိမ်ကမုန့်သာထည့်ပေးပါ။ လတ်တလောအခြေအနေအရအပြင်စာများ ဝယ်ကျွေးခြင်းမျိုးရှောင်ပါ။
၇။ Probiotic supplement တမျိုးမျိုးသောက်ပါ။

အရေးပေါ်အခြေအနေများ
၁။ ဝမ်းထဲတွင် သွေးပါခြင်း
၂။ အဖျားကြီးခြင်း
၃။ မခံမရပ်နိုင်အောင် ဗိုက်နာခြင်း

ဝမ်းသွားပါက

၁။ BPI ဓာတ်ဆား သို့မဟုတ် Peditral ဓာတ်ဆားရေ 1 Litre (1000 ml) နှင့် ဖျော်ပြီးဝင်အောင်သောက်ပါ။
ကလေးငယ်များကိုတော့ Pharolit ဓာတ်ဆားကို ရေ 200 ml နှင့် ဖျော်တိုက်ပါ။

၂။ပိုးသတ်ဆေးများမိမိ သဘောနှင့် သောက်သုံးတာမျိုးရှောင်ပါ။

၃။ အစားမဝင်ပါက သို့မဟုတ် အထက်ဖော်ပြပါ အချက်များတွေ့ရှိရပါက ဆေးရုံဆေးခန်းပြသပါ။

သင်ကိုယ်တိုင်ကသင့်အတွက် အကောင်းဆုံးဆရာဝန်ပါ။
တစ်ယောက်ချင်းစီတိုင်း စိတ်ရောကိုယ်ပါကျန်းမာကြပါစေ
ဒေါက်တာရဲရင့်
အာဟာရအထူးပြု
#ကျန်းမာရေး

07/06/2023

ကျောက်သူဌေးဘဝမှ ကယ်တင်ခဲ့တဲ့ သဘာဝဆေးနည်းလေး

တနည်းအားဖြင့် ကျောက်ကပ်
သန့်ရှင်းနည်းလေး တခုမျှဝေပေးချင်ပါတယ်။

၁။ ကျောက်ဖရုံသီးတလုံးကို ထိပ်ဖြတ် လိုက်ပါ

၂။ ဟင်းခပ်စတီးဇွန်းမှာဒုတ်လေးတပ်ပီး
အသားတွေချန် အထဲကအစေ့လေးတွေကို
စင်အောင်နှိုက်ထုတ်လိုက်ပါ ။

၃။ဂလောင်ဖြစ်သွားတဲ့ကျောက်ဖရုံသီးထဲ
သကြား၅၀သားနဲ့အထက် အပြည့်ထည့်ပါ

၄။ ကျောက်ဖရုံသီးကို အပေါ်ဖြတ်ထားတဲ့
အပိုင်းလေး နဲ့ပြန်အုပ်လိုက်ပါ ။

၅။ကျောက်ဖရုံသီးကို အရှည်လိုက်ကိုင်ပီး
ကျွတ်ကျွတ်အိတ်ထဲလုံအောင်
တင်းကျပ်နေအောင်ချည်ထားပါ ။

၆။နောက်ထပ်အိတ်တလုံးထပ်စွပ်ပြီး
ဂျိတ်လေးနဲ့ အိမ်ရှေ့ဘက်မှာ
(၇)ရက်တိတိချိတ်ထားပါ ။

၇။အိမ်နောက်ဘေးမှာမထားရပါ ။
(ဟင်းညှော်နံ့ အိမ်သာနံ့များစုပ်ယူမှာစိုးလို့ပါ)

၈။ (၇)ရက်ပြည့်တဲ့နေ့မှာ ဖွင့်ပီး ဖန်ပုလင်းထဲ
လောင်းထည့်ပီး ရေခဲသေတ္တာထဲထားပါ
(တခြားကော်ခွက် စတီးခွက် ကြွေခွက်များ မရပါ)

၉။ရလာတဲ့ဆေးရည်ကို ဖန်ခွက်သေးသေးဖြင့်
ညအိပ်ခါနီးတိုင်း တခွက်သောက်ပါ ။
(တခြားခွက်နဲ့မရပါ)

၁၀။ကျောက်ဖရုံသီး တလုံးမှ
ထွက်တဲ့ဆေးရည်ကို တယောက်ထဲသာ
တနေ့နဲနဲ ကုန်အောင်သောက်ပေးပါ ။

၁၁။အရသာက ချိုရှရှနဲ့ဝိုင်အပြင်းစားလေးလိုပဲ
သောက်လို့လည်း ကောင်းပါတယ်
အနံ့ကတော့ ဝိုင်နံ့လေးလိုချဉ်စုတ်နံ့လေးပေါ့ ။

တကယ်ထိရောက်ပီး အကျိုးရှိတဲ့
တိုင်းရင်းဆေးနည်းဖြစ်လို့ သတင်းကောင်းပေးတာပါ ။ (စျေးရောင်းတာမဟုတ်ပါ)

ဆီးကျဉ်တဲ့သူတွေ ၊ ဆီးသွားတဲ့ခါ
သွေးပါတဲ့သူတွေ ၊ ဆီးအောင့်များပီး
ဆီးစက်အောင့်နေတဲ့သူတွေ ၊
ဆီးကျောက်တည်တဲ့သူတွေ ၊
သဲခြေကျောက်တည်တဲ့သူတွေ
Ultrasound ရိုက်ပီး ခွဲခါနီးတောင်
ခွဲစရာမလိုဘဲ မျက်လှည့်ပြလိုက်သလို
အရှင်းပျောက်ခဲ့လို့ လုပ်ကြည့်စေချင်ပါတယ် ...

Crd. to org. Uploader
ပြန်လည်မျှဝေပါသည် BH😍

06/06/2023

#ခြေထောက်နဲ့ ခြေချင်း၀တ်ဖောရောင်တာဟာ ဒီရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နိုင်

=========================

ခြေထောက်နဲ့ ခြေချင်း၀တ် ဖော၊ရောင်တာမျိုးကို ကြုံဖူးကြမှာပါ။တခါတလေ ထိုင်တာ အရမ်းများတာ
ဥပမာ ~
ကားစီး တာ၊လေယာဉ်စီးတာ အရမ်းကြာသွားတဲ့ အခါမျိုးတွေမှာ ခြေထောက်က သွေားကျတာ များပြီး ဖောရောင် တာမျိုး လည်းရှိတတ်ပါတယ်။

အဲ့ဒီလိုမှ မဟုတ်ပဲ ထူးထူးခြားခြား ဘာအကြောင်းရယ်မှ မရှိပဲ နဲ့ ခြေထောက်နဲ့ ခြေချင်း ၀တြေ ဖာရောင်နေပြီဆိုရင်တော့ လုံး၀မပေါ့ဆလိုက်ပါနဲ့။

ဒါဟာ အောက်မှာ ဖော်ပြထားတဲ့ ရောဂါတွေရဲ့ ရှေ့ပြေးလက္ခ ဏာတွေ ဖြစ်နိုင်ပါတယ်။

(၁) #သွေးကြော တွေ ပိတ်ဆို့ နေတာ

ခြေထောက်နဲ့ ခြေချင်း၀တ်အရမ်းဖောရောင်နေပြီဆိုရင်တော့ ဒါဟာ သင့်ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြော လေး တွေ ပိတ်ဆို့ နေတာကို ပြနေတဲ့ ရောဂါလက္ခဏာ ဖြစ်နိုင်ပါတယ်။
သွေးကြောတွေ ပိတ်ပြီး ခြေထောက်ကို သွေး မဆင်း တော့ ဖောရောင်လာတာပါ။အသက်ရလာတာနဲ့ အမျှ အဆို့ရှင်တွေဟာ အလုပ်လုပ်တာ တဖြည်းဖြည်းနှေးကွေး လာတတ်ပါတယ်ယ်။
ခြေထောက်မှာ သွေးတွေကို သွားစုနေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သွေးကြော ပိတ် တာဟာ ခြေထောက် ဖောရောင်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ခြေထောက်ကနေ နှလုံးဆီကို သွားမယ့် သွေး တွေကို သွေးခဲတွေက ပိတ်မိသွားတာပါ။ခြေထောက်မှာ အရည်တွေ အဖြစ် သွားစုနေတာပါ။ကုသမှု အချိန် မီ မလုပ် ရင် အသက်အန္တရာယ်ကြုံနိုင်တဲ့ အထိ အရမ်းကို အန္တရာယ်များပါတယ်။

(၂) #နှလုံးပုံမှန်မဟုတ်တာ

ဒါဟာ နှလုံးက ပုံမှန်အလုပ်မလုပ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
နှလုံးရဲ့ ပါဝါက အားနည်းလာပြီဆိုရင် ခြေထောက် ကနေ ခန္ဓာကိုယ်အပေါ်ပိုင်ကို သွေးတွေ အလုံအလောက်ရောက်အောင် မလု'ပ်ပေးနိုင်တော့တဲ့ အတွက် ခြေထောက် ရောင်လာတာပါ။

နှလုံးအဆို့ရှင်တွေရဲ့ ယိုပေါက်ကလည်း နှလုံးကောင်းကောင်း မလုပ်မလုပ်နိုင်တဲ့ အကြော်ငးအရင်း ဖြစ်နိုင်ပါတယ်။

ခြေထောက်ဖောတာရောင်တာ အပြင် ရင်ဘတ်ပါ နာလာ၊အောင့်လာတာ၊ပင်ပန်းနွမ်းနယ်တာ၊အသက်ရှု မ၀ တာ....
အစရှိတဲ့ ရောဂါလက္ခဏာတွေပါ ခံစားနေရပြီဆိုရင်တော့ သင့်ရဲ့ နှလုံးက ကောင်းကောင်း အလုပ်မလုပ် တော့ပဲ နှလုံးရောဂါလက္ခဏာလို့ ပြောလို့ရပါတယ်။

(၃) #ကျောက်ကပ်ရောဂါ

နောက်ထပ်ဖြစ်နိုင်ချေရှိတဲ့ ရောဂါတစ်မျိုးကတော့ ကျောက်ကပ်ရောဂါပါ။ကျောက်ကပ်က ခန္ဓာကိုယ်ထဲမှာ ပိုနေတဲ့ အရည်တွေကို ဖယ်ရှားရှင်းလင်းပေးတာပါ။
ဒါပေမယ့် ကောင်းကော်း အလုပ် အလုပ်တော့တဲ့ အခါမှာတော့ ခန္ဓာ ကိုယ် ထဲမှာ အရည်ပိုတွေ နဲ့ sodium stagnate တို့က စုပုံလာပြီး အဲ့ဒီလို ဖြစ်လာတဲ့ အခါ နောက်ဆက်တွဲ အနေနဲ့ ဖော ရောင်လာတာပါ။
စွန့်ပစ်စနစ်ကို ပျက်စီးစေတဲ့ ဆီးလမ်းကြောင်းမှာ infection ၀ငတြာတှကှေောငြ့လညြး ဖြစ်နိုင်ပါ တယ်။
ကျောက်ကပ်က ကောင်းကောင်းမလုပ်မလုပ်တော့ရင် ခြေထောက်နဲ့ မျက်လုံးတစ်ဝိုက်မှာ ဖောရောင် တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

(၄) #အသည်း မကောင်းတာ

နောက်ထပ် ဖြစ်နိုင်ချေကတော့ အသည်းက ကောင်းကောင်း အလုပ်မလုပ်တာပါ။အသည်းကနေ albumin ဆိုတဲ့ ပရိုတင်းကို ထုတ်ပေးပါတယ်။အဲ့ဒီပရိုတင်းက သွေးကြောထဲက အရည်တွေကို ထိန်းထားပေးပါတယ်။

အသည်း ရောဂါ တစ်ချို့ဟာ သွေးထဲမှာရှိတဲ့ albumin ပမာဏကို လျော့ကျသွားစေပါတယ်။အဲ့ဒီ အရည်တွေက သွေးကြောကနေ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေဆီကို သွားတာပါ။ဒါကြောင့် ခြေထောက်နဲ့ ခြေချင်း၀တ်ဖောရောင်တာဟာ အသည်းကြောင့် လည်း ဖြစ်နိုင်ပါတယ်။

(၅) system(လင့်သွေးဖြူကြော)

သွေးကြောတွေနဲ့အတူ၊သွေးဖြူကြောတွေက အောက်စီဂျင်နဲ့ အာဟာရတွေကို တစ်ရှူး ဆီကို ပို့ ပေးကာ၊ကိုယ် တွင်းအင်္ဂါ တွေက CO2 (Carbon dioxide)နဲ့ မလိုတဲ့ အရာတွေကို ဖယ်ရှားပေးပါတယ်။l
Lymphatic vessels တွေက ပိတ်ဆို့ နေပြီဆိုရင်တော့ အဲ့ဒီ စွန့်ထုတ်တဲ့ စနစ်က ကောင်းကောင်း အလုပ် မလုပ်နိုင်တော့ပါဘူး။အဲ့ဒီ လို ဆိုရင်တော့ ပုံမှန်မဟုတ်ပဲ ဖြစ်ပေါ်လာတဲ့ အရည်တွေ(lymphedema) ဖြစ်ပေါ်လာနိုင်ပါတယ်

Lymphedema ကတော့ infections၊ခွဲစိတ်မှု၊အကြိတ်၊ဓါတ်ရောင်ခြည်၊ကင်ဆာကုသမှုနဲ့ တခြား အကြောင်းတွေ ကြောင့်လည်း ဖြစ် ပေါ်တတ်ပါတယ်။

(၆) #ဆေးနဲ့ မတည့်တာ

နောက်တစ်ခုကတော့ ဆေးနဲ့ မတည့်တာပါ။တကယ်လို့ များ သင်က ဆေးကုသမှုတစ်ခုခုကို ခံယူနေတဲ့ သူမျိုး ဆိုရင် တော့ သင်မှီဝဲနေတဲ့ ဆေးဝါးနဲ့မတည့်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဥပမာ ~
အရောင်ကျစေတဲ့ ဆေးဝါး၊အသက်ရှု လမ်းကြောင်းဆိုင်ရာ အစိတ်အပိုင်းတွေကို အရောင် ကျစေတဲ့ ဆေး..အစရှိတဲ့ ဆေးတွေပါ။

(၇) #တခြားအကြောင်းအရင်းများ

တခြားအကြောင်းအရင်းတွေကတော့ စီးနေတဲ့ ဖိနပ်နဲ့ အဆင်မပြေတာ၊အချိန်အကြာကြီး မတ်တပ်ရပ်ရတာ..အစရှိတာ တွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အဲ့ဒီလို ဖြစ်လာရင်တော့ ခြေထောက်ကို အနားပေးလိုက်တာ အကောင်းဆုံးပါ။ြေ ခထောက်ကို သက်သောင့်သက်သာဖြစ်အောင် ထားတာမျိုး(သို့) ခြေထောက်ကို အပေါ် မြှောက် ပေးတာ မျိုး ပြုလုပ်ပေးပါ။

ကျန်းမာရွှင်လန်းကြပါစေ

Credit to original uploader.

09/12/2022
ပိုးသတ်ဆေး (antibiotic) အားမလေးစား…… ဆေးယဉ်ပါးမယ်သတိထား-----------------------------------------------------------------...
27/10/2021

ပိုးသတ်ဆေး (antibiotic) အားမလေးစား…… ဆေးယဉ်ပါးမယ်သတိထား
--------------------------------------------------------------------

ကျွန်တော် ပိုးသတ်ဆေး (antibiotic) ယဉ်ပါးလာတဲ့ ပြဿနာ အကြောင်း လေး ပြောပြချင်ပါတယ် ၊ ဒီ post တင်ရ တဲ့ ရည်ရွယ်ချက် က ပြည်သူတွေအတွက် စေတနာ သီးသန့် ဖြစ်ကြောင်း ဦးစွာ အသိပေးအပ်ပါတယ်။

ဖျားတယ်၊ နေမကောင်းဘူးဆေးခန်းသွားပြတယ်ပေါ့ ဗျာ ၊ ဆရာဝန် ကစစ်ဆေးတော့ အသက်ရှုလမ်းကြောင်းပိုးဝင်တာတွေ့ ရှိတော့ ဒီပိုးကို နိုင်လောက်တဲ့ ဆေး အများသိတဲ့ AMOXICILLIN ပေါ့ ပေးလိုက်တယ်ဗျ၊ ဒီပိုးသတ်ဆေး က 250mg ,500mg ဆို ပြီး ၂မျိုးလာတယ် ဗျ၊ ဆေး ကို တော့ လူနာရဲ့ကိုယ်အလေးချိန် ကို ကြည့်ပြီး နောက်၊အသက်အရွယ် ကိုလည်းကြည့် တယ်၊နောက် ဘာရောဂါတွေဖြစ်ဖူးလည်းမေးတယ်၊ (တချို့ရောဂါတွေကမတည့်တဲ့ဆေးတွေရှိတယ်ဗျ) ၊ပြီးမှ ဆေးကို ဘယ်လောက်mg သောက်ရမယ်၊ တစ်နေ့ဘယ်နှစ်လုံးသောက်ရမယ် ဘယ်နှစ်ရက်သောက်ရမယ်၊ ဆေးနဲ့ မတည့်ဘဲ ယားယံတာတို့၊ဝမ်းသွားတာတို့၊စသည့်ဖြင့်ပေါ့လေရှိရင် ပြန်လာပါလို့မှာလိုက်တယ် ၊
ဆေးကို လည်း ဘယ်နှစ်လုံးကုန်အောင်သောက်ရမယ် ဆိုတာ သေချာမှာရ တယ်၊ ဘာကြောင့်လဲ၊?

ကျွန်တော့်အကျင့်အတိုင်း နည်းနည်းအရစ်ရှည် ပြီးရှင်းမယ်ဗျ နော့သည်းခံကြပါ။
ပိုးသတ်ဆေးဆိုတာ တခြားဆေးနဲ့ မတူဘူးဗျ ၊ သူက course (ဆေးပတ်လည်အောင်) သောက် မှ အကျိုးရှိ တာ မဟုတ်ရင် ဆေးယဉ်ပါးမှု ဆိုတဲ့ ပြဿနာ ကြုံတွေ့ ပြီကော၊
ဥပမာ – ဆရာဝန် က 500mg ကို တစ်နေ့ (၂)လုံး ၊ ၅ရက် အတွက်၊ (၁၀)လုံး သောက်ရမယ်ဆို ပြီးပြောလိုက် တယ်၊
လူနာ ကလည်း တသွေမတိမ်း လိုက်နာပြီး (၃) ရက်မှာ အဖျားကျတော့ (၆)လုံးပဲ ကုန်သေးတယ် ၊ ဆေးကို ရပ်လိုက်ရော ၊ပြဿနာ က အခု ထိမှာ မဟုတ် ဘူးဗျ ၊နောက် တစ်ခါနေမကောင်းဖြစ်ပြီး ဖျားမှ ထိ မှာ၊ အရင် တစ်ခါနေ မကောင်း ဖြစ် တုံးက ဆေး ကို course(အပတ် လည်အောင်) ပြည့် အောင်မသောက်တော့ ပိုးက သေရမလို မသေရမလို နဲ့ ၊နောက် ပိုးတွေက သိပ်လည်တယ်ဗျ၊ သူတို့ကို သူတို့ (antibiotic) ဒဏ်ခံနိုင်အောင် အမျိုးမျိုး ပုံပြောင်းတတ်ကျ တယ်။

ကဲ ….. အခု ဆရာဝန် က အရင်သောက်ဖူးတဲ့ ဆေးပေးပြီ၊ ပိုးအတူတူ သူကို့ကို နိင် လောက်တဲ့ ဆေးအတူတူ ပဲနော်၊ ဆေးမတိုးတော့ဘူး ၊ ပိုးကဆေးကိုမကြောက်တော့ဘူး သူကဆေးဒဏ်ခံနိင်အောင် သူ့ကိုသူ ပြင်ဆင်ပြီးပြီ။ အဲ ဒီတော့ အဖျားမကျဘူး ၊ဆိုတော့ နောက် ထပ်အားပြင်းတဲ့ ပိုးသတ်ဆေးတစ်မျိုး စဉ်းစား ရပြီ၊ဈေးလည်းပို၊ ကြီးမယ် ဆေးဒဏ်လည်းပို ခံရမယ်၊ ခက် တာက ‘ပိုး’ ဆိုတာ တစ်ဦးကို တစ်ဦးကူးတဲ့ သဘောရှိတော့ ၊ကိုယ်စီရောက်လာတဲ့ ပိုးကဆေးယဉ်ပြီးသား ပိုးဆို ရင် ကိုယ်ကံဆိုးတာပဲ ပေါ့ ၊ ဒါကြောက်အောင် ခြောက်နေတာ မဟုတ်ဘူးဗျ၊ တကယ်ကိုစေတနာ နဲ အသိပေးတာပါ။

နောက် တခုက ဆေးခန်းမသွားဘဲ ကိုယ်ဘာသာကိုယ် ဆေးဝယ်သောက် တာ ၊ဒါကို ကျွန်တော် မှားတယ် လည်းမပြောသလို ၊မှန်တဲ့ ဘက် ကလည်း မနေဘူးဗျ ၊ လူတိုင်းကို့ အခက်အခဲ နဲ့ ကိုယ် ကို ၊ဆေးခန်းသွားဖို့ အခက်အခဲရှိတော့ ၊ပြီးခဲ့တဲ့ နေမကောင်းဖြစ် တုန်းက သောက်တဲ့ ဆေးကဒ် အကုန်ကို သိမ်းထားပြီး ၊ အခု ကိုယ်နေမကောင်းဖြစ်ရင်ပဲဖြစ် ၊ သူများနေမကောင်းဖြစ်ရင် ပဲဖြစ်ဖြစ်၊ ဒီဆေးကောင်းတယ်ဆိုပြီး ဝယ်သောက်ကြ ရော၊ ခက်တာက ဖျားတာခြင်းတော့ တူပါရဲ့ ၊အရင်တစ်ခါက အသက်ရှုလမ်းကြောင်းပိုးဝင်တာ အခုက ဆီးပိုးဝင်တာ ၊ပိုးမတူတော့ နိုင်တဲ့ ပိုးသတ်ဆေးမတူ ဘူး ၊ AMOXILCILLIN က ဆီးပိုးမနိင် ဘူးဗျ၊ နောက် သူနဲ့ တည့်တဲ့ ဆေးကိုယ်နဲ့ တည့် ချင်မှတည့် မယ်၊ သူ500mg သောက်ရပေမယ့် ကိုယ် 250mg ပဲသောက်ချင် သောက်ရမယ်၊ သူ(၅) ရက် သောက်ရပေ မယ့် ကိုယ် (၇) ရက် သောက်ချင်သောက်ရမယ် ၊ သောက်ရင်လည်း course (ဆေးပတ်လည်)ပြည့်အောင် သောက်ရမယ် ၊မဟုတ်ရင်ဆေးယဉ် ဦးမယ်၊ ကဲ ……. ဒီလို ပြဿနာ တွေ က ရှိ ပြန် ရော။

အရေးကြီးတာ နောက်တခု က ၊ဆေးရဲ့ ဘေးတွက်ဆိုးကျိုး တွေလေ၊ကျွန်တော် ဆေးနဲ့ ဘေး ဆို တဲ့ post တစ်ခု တင်ဖူး ပါတယ် ။ ပိုးသတ်ဆေး လည်း ဘေးထွက်ဆိုကျိုးတွေရှိ တယ် ဗျ ၊ ကျောက်ကပ် မကောင်းရင် ပေးလို့ မရတာရှိ တယ် ၊ ဆေးမတည့် ရင် ပေးလို့ မရတာရှိတယ်၊ ကိုယ်ဝန်ဆောင်တွေမှာပေး လို့ မရတာရှိတယ် (တချို့ ဆေးတွေကိုယ်ဝန်ဆောင်မိခင်ကိုပေးမိ လို့ မွေး လာတဲ့ ကလေး ကိုယ်လက်အဂ်ါ မစုံ တာ ၊ ကျန်းမာရေးချို့တဲ့ တာ တွေ ရှိ တယ် ဗျ)။

နောက်ဆုံး ပြောချင်တာကတော့ ပိုးသတ်ဆေးကို နေ မကောင်းဖြစ်တိုင်း ဘာလာလာ ကိုယ့် သဘောနဲ့ ကိုယ် မသောက်ဖို့ နဲ့ ဆရာဝန် မဟုတ်တောင် တတ်သိ နားလည် တဲ့ သူ ကို မေးမြန်းစေချင်ပါတယ်၊ ဆေး ကို course ပြည့်အောင် (ဆေးပတ်လည်အောင်) သောက် ဖို့ လို တယ်နော်

လိုအပ်ချက်များရှိနိုင်ကြောင်းပါ

အကြံပေးပါ လို့.

Address

Thingangyun
13146

Opening Hours

Monday 09:00 - 22:00
Tuesday 07:00 - 17:00
Wednesday 07:00 - 22:00
Thursday 07:00 - 22:00
Friday 07:00 - 22:00
Saturday 07:00 - 22:00
Sunday 07:00 - 22:00

Telephone

+959979764777

Website

Alerts

Be the first to know and let us send you an email when Kaung Htet Kyaw Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share