မေ့မေတ္တာ အထူးကုဆေးခန်း

  • Home
  • Myanmar
  • Thongwa
  • မေ့မေတ္တာ အထူးကုဆေးခန်း

မေ့မေတ္တာ အထူးကုဆေးခန်း 🤗 နွေးထွေးကြင်နာ မေ့မေတ္တာ 🤗

27/07/2026

📢 အလုပ်ခေါ်ယူခြင်း (Cashier / Receptionist)
Mayt Myittar Specialist Clinic & Pharmacy တွင် တာဝန်ထမ်းဆောင်ရန် Cashier / Receptionist အမျိုးသမီးဝန်ထမ်း (၁) ဦး အလိုရှိပါသည်။

တာဝန်များ

လူနာစာရင်းလက်ခံခြင်းနှင့် Register ပြုလုပ်ခြင်း
ငွေလက်ခံခြင်း၊ ဘောင်ချာထုတ်ပေးခြင်း
Computer ဖြင့် အရောင်းစာရင်းသွင်းခြင်း
နေ့စဉ် Cash စာရင်းချုပ်ခြင်း
လူနာများအား ယဉ်ကျေးပျူငှာစွာ ဝန်ဆောင်မှုပေးခြင်း
လိုအပ်ပါက ဆေးခန်း၏ အခြားလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခြင်း

လိုအပ်သောအရည်အချင်း

အနည်းဆုံး အထက်တန်းအောင်မြင်ပြီးသူ
Computer အခြေခံအသုံးပြုနိုင်သူ
သင်ယူလိုစိတ်ရှိပြီး တာဝန်ယူမှုရှိသူ
ရိုးသား၍ အကျင့်စာရိတ္တကောင်းမွန်သူ
လူမှုဆက်ဆံရေးကောင်းမွန်သူ

လစာ – အတွေ့အကြုံနှင့် အရည်အချင်းပေါ်မူတည်၍ ညှိနှိုင်းပေးမည်။

(ဆေးခန်းတွင်CV formလာတင်ပြီးပါက interviewဖြေရမည့်ရက်ကို ပြန်လည်အကြောင်းကြားပေးပါမည်)

ဆက်သွယ်ရန်ဖုန်းနံပါတ်-09755546099

🔬  #မိတ်ဆွေတို့ရဲ့ကျန်းမာရေးပြဿနာတွေကိုအဖြေရှာရခက်ခဲနေပါသလား။ #နာတာရှည်ရောဂါတွေကိုထိန်းသိမ်းကုသဖို့လိုအပ်နေပါသလား။​🛡 [ #...
09/07/2026

🔬 #မိတ်ဆွေတို့ရဲ့ကျန်းမာရေးပြဿနာတွေကိုအဖြေရှာရခက်ခဲနေပါသလား။
#နာတာရှည်ရောဂါတွေကိုထိန်းသိမ်းကုသဖို့လိုအပ်နေပါသလား။

​🛡 [ #မေ့မေတ္တာအထူးကုဆေးခန်း ]တွင် သမားတော် (Physician / Internal Medicine Specialist) ဆရာဝန်ကြီးကိုယ်တိုင် ရောဂါရှာဖွေကုသပေးလျက်ရှိပါသည်။

​👇 ကုသပေးနေသော ရောဂါများ -

​🩸 #ဆီးချိုသွေးချိုနှင့်ဟော်မုန်းရောဂါများ:

​ဆီးချိုသွေးချိုရောဂါနှင့် နောက်ဆက်တွဲဆိုးကျိုးများ

​သိုင်းရွိုက် (လည်ပင်းကြီး) ရောဂါ

​ကိုယ်တွင်းဟော်မုန်းမညီမျှသည့်ရောဂါများ

​❤️ #နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများ

​သွေးတိုးရောဂါ

​သွေးတွင်းအဆီဓာတ် (Cholesterol) များခြင်း

​နှလုံးသွေးကြောကျဉ်းနှင့် နှလုံးစွမ်းဆောင်ရည်ကျခြင်း

​🫁 #အသက်ရှူလမ်းကြောင်းနှင့်အဆုတ်ရောဂါများ:

​ရင်ကြပ် (ပန်းနာ) ရောဂါ

​နာတာရှည်ချောင်းဆိုးခြင်း

​အဆုတ်ပွခြင်းနှင့် အဆုတ်ပိုးဝင်ခြင်း

​🤢 #အစာအိမ်အူလမ်းကြောင်းနှင့်အသည်းရောဂါများ:

​နာတာရှည်အစာအိမ်နာခြင်း

​အသည်းအဆီဖုံးခြင်း

​အသည်းရောင်အသားဝါ (B, C) ရောဂါများနှင့် အသားဝါခြင်း

​💧 #ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းဆိုင်ရာ:

​ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းခြင်း

​ဆီးပိုးခဏခဏဝင်ခြင်း

​ဆီးကျောက်တည်ခြင်း

​🦶 #အဆစ်အမြစ်နှင့်ခုခံအားစနစ်ဆိုင်ရာ:

​ဂေါက်အဆစ်​​ရောင်ရောဂါ

​လေးဖက်နာရောဂါများ

​အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲခြင်း

​🔍 အကြောင်းရင်းရှာမရဘဲ #မောပန်းနွမ်းနယ်ခြင်းနှင့်မကြာခဏဖျားနာခြင်းများ။

​💊 #အသက်ကြီးရွယ်အိုများ တွင် ဖြစ်ပွားတတ်သည့် ရောဂါအစုံတွဲနေသော ဝေဒနာများကို စနစ်တကျ ဆေးဝါးချိန်ညှိပေးခြင်း။

​🌟 နေ့စဉ်ကြုံတွေ့ရတတ်သော ဝေဒနာများမှသည် ရှုပ်ထွေးသော နာတာရှည်အတွင်းရောဂါများအထိ စနစ်တကျ ကုသမှုရယူနိုင်ရန် ယနေ့ပဲ ဆက်သွယ်တိုင်ပင်လိုက်ပါ။


​📍 လိပ်စာ:

​[(၉) ရပ်ကွက်၊ အောင်ဇေယျလမ်းမကြီး၊ သုံးခွမြို့]
(သရဖူ အိမ်ဆောက်ပစ္စည်းဆိုင်ရှေ့/တိုက်တန်းလျားအနီး)

​📅 ပြသနိုင်သော အချိန်:

​ဗုဒ္ဓဟူးနေ့ နံနက် (၉) နာရီ

​🙏 အသိပေးချက် -
အချိန်အပြောင်းအလဲရှိသဖြင့် လူနာနာမည်စာရင်း ကြိုတင်ပေးသွင်းရန်နှင့် အသေးစိတ် စုံစမ်းမေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ပေးပါရန် နှိုးဆော်အပ်ပါသည်ခင်ဗျာ။

​📞 ဖုန်း - ၀၉ ၇ ၅၅၅ ၄၆၀ ၉၉၊ ၀၉ ၉၈၂ ၁၅၀၀ ၉၂

❤❤ နွေးထွေးကြင်နာမေ့မေတ္တာ ❤❤

​ #မေမေတ္တာ #အထူးကုဆေးခန်း #သမားတော် #မေ့မေတ္တာဆေးခန်း #ဆီးချို
#သွေးတိုး

👂 သင်မေ့လျော့နေတတ်တဲ့ "နားကျန်းမာရေး" အကြောင်းနေ့စဉ်ဘဝမှာ အရေးကြီးတဲ့ နားကျန်းမာရေးနဲ့ ပတ်သက်ပြီး အများဆုံး မှားယွင်းတတ်...
31/05/2026

👂 သင်မေ့လျော့နေတတ်တဲ့ "နားကျန်းမာရေး" အကြောင်း

နေ့စဉ်ဘဝမှာ အရေးကြီးတဲ့ နားကျန်းမာရေးနဲ့ ပတ်သက်ပြီး အများဆုံး မှားယွင်းတတ်တဲ့ အလေ့အကျင့်လေးတွေနဲ့ သိထားသင့်တဲ့ ဗဟုသုတအချို့ကို ဝေမျှပေးချင်ပါတယ်။

❌ ၁။ နားကျပ်တံ (Cotton Bud) နဲ့ နားခဏခဏ မကော်ပါနဲ့
အမှန်ကတော့ - နားဖာချေးဟာ နားထဲကို ဖုန်မှုန့်နဲ့ ပိုးမွှားတွေ မဝင်အောင် ကာကွယ်ပေးတဲ့ သဘာဝအကာအကွယ် ဖြစ်ပါတယ်။ နားကျပ်တံနဲ့ ကော်တဲ့အခါ နားဖာချေးတွေကို အတွင်းထဲ ပိုတွန်းပို့သလို ဖြစ်ပြီး နားပိတ်တာ၊ နားစည်ထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ (နားထဲက အရေပြားဟာ သူ့အလိုလို အပြင်ကို တွန်းထုတ်ပေးတဲ့ စနစ်ရှိပါတယ်။)

🎧 ၂။ 60/60 Rule ကို သုံးပါ
အခုခေတ်မှာ နားကြပ် (Earphones/Headphones) အသုံးများကြပါတယ်။ နားမထိခိုက်အောင် -
အသံပမာဏကို 60% ထက် ပိုမမြှင့်ပါနဲ့။
တစ်ခါနားထောင်ရင် မိနစ် 60 ထက် ပိုပြီး ဆက်တိုက် နားမထောင်ပါနဲ့။

💦 ၃။ နားထဲ ရေဝင်ရင် စနစ်တကျ လုပ်ပါ
ရေကူးရင်ဖြစ်ဖြစ်၊ ခေါင်းလျှော်ရင်ဖြစ်ဖြစ် နားထဲရေဝင်ရင် နားကျပ်တံနဲ့ မထိုးပါနဲ့။ ခေါင်းကို ဘေးစောင်းပြီး နားရွက်ကို အသာအယာ ဆွဲဆန့်ပေးကာ ရေထွက်လာအောင်ပဲ လုပ်ပေးပါ။
⚠️ ဘယ်လို လက္ခဏာတွေဆို ဆရာဝန်နဲ့ ပြသသင့်လဲ?
နားထဲကနေ ကိုက်ခဲခြင်း၊ ယားယံခြင်း သို့မဟုတ် အသံတစီစီ မြည်နေခြင်း
နားအူခြင်း၊ အကြားအာရုံ ရုတ်တရက် လျော့နည်းသွားခြင်း
နားထဲကနေ အရည် သို့မဟုတ် ပြည်လိုမျိုး ထွက်လာခြင်း

💡 Health Tip: နားထဲကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ရိုးရာဆေးနည်းတွေ၊ ဆီတွေ မခတ်ပါနဲ့။ ထိခိုက်လွယ်တဲ့ နားစည်ကို ပိုးဝင် ပျက်စီးစေနိုင်ပါတယ်။

 #ဆီးလမ်းကြောင်းနှင့်ကျောက်ကပ်ဝေဒနာ ခံစားနေရသူများအတွက် မပေါ့ဆသင့်သည့် သတိပေးလက္ခဏာများ 🩺​ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ...
18/05/2026

#ဆီးလမ်းကြောင်းနှင့်ကျောက်ကပ်ဝေဒနာ ခံစားနေရသူများအတွက် မပေါ့ဆသင့်သည့် သတိပေးလက္ခဏာများ 🩺



ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဟာ နေ့စဉ်လူမှုဘဝကို အနှောင့်အယှက်ပေးရုံတင်မကဘဲ စနစ်တကျ မကုသရင် ကျောက်ကပ်ပျက်စီးသည်အထိ နောက်ဆက်တွဲ ဆိုးကျိုးကြီးမားတတ်ပါတယ်။ အမျိုးသား၊ အမျိုးသမီးမရွေး အောက်ပါလက္ခဏာတွေ ခံစားနေရရင် ဆီးနှင့်ကျောက်ကပ်ခွဲစိတ်အထူးကု ဆရာဝန်ကြီးနဲ့ အချိန်မီပြသဆွေးနွေးဖို့ လိုအပ်နေပါပြီ

​💎 #ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းကျောက်တည်ခြင်း

ခါးနောက်ကျော သို့မဟုတ် နံဘေးတစ်ခြမ်းမှသည် ဆီးခုံအထိ ထိုးအောင့်ပြီး ပြင်းထန်စွာ နာကျင်ခြင်း၊ ဆီးသွားရင် အနည်ပါခြင်း၊ ဆီးနောက်ခြင်းတွေဟာ ကျောက်တည်ခြင်းရဲ့ အဓိကလက္ခဏာတွေ ဖြစ်ပါတယ်။

​🩸 #ဆီးထဲသွေးပါခြင်း (Hematuria)

ဆီးသွားတဲ့အခါ နာကျင်သည်ဖြစ်စေ၊ မနာကျင်သည်ဖြစ်စေ ဆီးထဲမှာ သွေးရောင် (ပန်းရောင်၊ အနီရောင်) သန်းနေရင် ကျောက်ကပ်၊ ဆီးအိမ် ပိုးဝင်တာ ဒါမှမဟုတ် အကျိတ်အလုံးတွေ ရှိနေနိုင်လို့ အထူးသတိပြု စစ်ဆေးရပါမယ်။

​🚻 #ဆီးသွားရခက်ခဲခြင်းနှင့်ဆီးမထိန်းနိုင်ခြင်း

ဆီးခဏခဏသွားချင်ပေမယ့် သွားရခက်တာ၊ ဆီးပူဆီးအောင့်ဖြစ်တာ၊ ဆီးသွားပြီးရင်လည်း မကုန်သလို တစက်စက်ကျန်နေတာ၊ ချောင်းဆိုး/နှာချေရင် ဆီးထွက်ကျတာမျိုးတွေဟာ ဆီးလမ်းကြောင်းဆိုင်ရာ ကြွက်သားနဲ့ အာရုံကြောအားနည်းခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။

​🚹 #အမျိုးသားများတွင်ဖြစ်တတ်သောကာလသားနှင့်ဆီးကျိတ်ရောဂါ

အသက်ကြီးပိုင်း အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကြီးခြင်း (BPH)၊ ဆီးကျိတ်ကင်ဆာနှင့် အခြားအမျိုးသားအင်္ဂါဆိုင်ရာ (ကာလသားရောဂါအပါအဝင်) ဝေဒနာတွေအတွက် ဆရာဝန်ကြီးနဲ့ ရဲရဲဝံ့ဝံ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ကုသနိုင်ပါတယ်။

​⚙️ #ခွဲစိတ်ကုသမှုဆိုင်ရာဆွေးနွေးခြင်း

ကျောက်ကပ်၊ ဆီးအိမ်၊ ဆီးကျိတ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ အကျိတ်အလုံးများ၊ နှင့် ခွဲစိတ်ကုသရန် လိုအပ်သော ရောဂါဝေဒနာအားလုံးအတွက် စိတ်ချရသော ခွဲစိတ်ကုသမှု အကြံဉာဏ်များ ရယူနိုင်ပါတယ်။

​မိဘပြည်သူများအနေနဲ့ ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ ဝေဒနာများကို စနစ်တကျ တိကျစွာ စမ်းသပ်စစ်ဆေးပြီး စိတ်ချရတဲ့ ခွဲစိတ်/ဆေးဝါးကုသမှု ခံယူနိုင်ဖို့အတွက် " #မေ့မေတ္တာအထူးကုဆေးခန်းနှင့်ဆေးဆိုင်" တွင် ဝါရင့် #ဆီးနှင့်ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်ကြီး ကိုယ်တိုင် ဂရုတစိုက် ကြည့်ရှုကုသပေးသွားမှာ ဖြစ်ပါတယ်။

​🗓️ ဆီးနှင့်ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်ကြီး ပြသနိုင်မည့်အချိန်

[အပတ်စဥ် ဗုဒ္ဓဟူးနေ့ ၁၁ နာရီခွဲ ]

​⚠️ ကြိုတင်စာရင်းပေးသွင်းရန် မေတ္တာရပ်ခံအပ်ပါသည်။

​❤️ မေ့မေတ္တာ အထူးကုဆေးခန်းနှင့်ဆေးဆိုင်

📍 လိပ်စာ: အမှတ်(၁၁၃)၊ အောင်ဇေယျလမ်းမကြီး၊ (၉)ရပ်ကွက်၊ (သရဖူအိမ်ဆောက်ပစ္စည်းဆိုင်ရှေ့)၊ သုံးခွမြို့နယ်။

📞 ရက်ချိန်းဖုန်း: ၀၉၇ ၅၅၅ ၄၆၀ ၉၉

​နွေးထွေးကြင်နာစွာဖြင့်၊

မေ့မေတ္တာ 💖

 #အမျိုးသမီးတိုင်းမပေါ့ဆသင့်တဲ့သားဖွားမီးယပ်သတိပေးလက္ခဏာများ နှင့်  #စနစ်တကျသန္ဓေတားခြင်းအသိပညာများ 🌸​အမျိုးသမီးထုရဲ့ သဘ...
18/05/2026

#အမျိုးသမီးတိုင်းမပေါ့ဆသင့်တဲ့သားဖွားမီးယပ်သတိပေးလက္ခဏာများ နှင့် #စနစ်တကျသန္ဓေတားခြင်းအသိပညာများ 🌸

အမျိုးသမီးထုရဲ့ သဘာဝခန္ဓာကိုယ်တည်ဆောက်ပုံဟာ နုနယ်သိမ်မွေ့သလို အသက်အရွယ်အပိုင်းအခြားအလိုက်၊ ကိုယ်ဝန်ဆောင်ချိန်အလိုက် အထူးကုသစောင့်ရှောက်မှုတွေ လိုအပ်ပါတယ်။ ဝေဒနာအချို့ကို ရှက်ကိုးရှက်ကန်းဖြစ်ပြီး ကြိတ်မှိတ်ခံစားနေခြင်းက ရောဂါကို ပိုမိုကျွမ်းလာစေနိုင်ပါတယ်။

​အကယ်၍ မိမိကိုယ်တိုင် သို့မဟုတ် မိမိတို့ရဲ့ သမီး၊ မိခင်၊​ ဆွေမျိုးမိတ်ဆွေများ တွင် အောက်ပါလက္ခဏာများနှင့် ကျန်းမာရေး လိုအပ်ချက်များ ရှိနေရင် အထူးကုဆရာဝန်ကြီးနှင့် ပြသဆွေးနွေးဖို့ လိုအပ်နေပါပြီ -

​💊 #စိတ်ချရသောသန္ဓေတားခြင်းနှင့် #သားသမီးရတနာယူမှုခြားခြင်း (Contraception & Jadelle Implant) -

အိမ်ထောင်ရေးတစ်ခုမှာ မိခင်ရော ကလေးပါ ကျန်းမာဖို့ စနစ်တကျ သန္ဓေတားခြင်း (Family Planning) က အရမ်းအရေးကြီးပါတယ်။ မိမိခန္ဓာကိုယ်နဲ့ ဘယ်လိုသန္ဓေတားနည်းက အကိုက်ညီဆုံးဖြစ်မလဲဆိုတာ ဆရာဝန်ကြီးနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ အထူးသဖြင့် (၅) နှစ်အထိ ရေရှည်စိတ်ချရပြီး သောက်ဆေးမေ့တတ်သူတွေအတွက် အဆင်ပြေတဲ့ Jadelle (လက်မောင်းအရေပြားအောက် သန္ဓေတားပစ္စည်း) ထည့်ခြင်း/ထုတ်ခြင်း ဝန်ဆောင်မှုများကိုလည်း ဆေးခန်းတွင် ကျွမ်းကျင်စွာ ဆောင်ရွက်ပေးနေပါသည်။

​🩺 #အမျိုးသမီးမီးယပ်ရောဂါအမျိုးမျိုး (Gynae Problems)

ဆီးခုံတွင်း ကိုက်ခဲခြင်း၊ သားအိမ်ကျခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးပူဆီးအောင့်ဖြစ်ခြင်းနှင့် ကလေးရနိုင်ချေခက်ခဲခြင်း (သားသမီးရတနာ ရရှိရေးဆွေးနွေးခြင်း) စတဲ့ မီးယပ်ဝေဒနာအမျိုးမျိုးအတွက် အရှက်အကြောက်မရှိဘဲ ပွင့်ပွင့်လင်းလင်း တိုင်ပင်ကုသနိုင်ပါတယ်။

​🩸 #ရာသီသွေးမမှန်ခြင်းနှင့်ပြင်းထန်စွာဗိုက်အောင့်ခြင်း

ရာသီလာစဉ် အကိုက်အခဲပျောက်ဆေး သောက်ရလောက်အောင် ပြင်းထန်စွာ ကိုက်ခဲခြင်း၊ ရာသီသွေး အလွန်အမင်းဆင်းခြင်း သို့မဟုတ် ရက်ကျော်ခြင်း၊ သွေးလုံးခဲများဆင်းခြင်း စတာတွေဟာ သားအိမ်အတွင်း အကျိတ် (Fibroid) သို့မဟုတ် သားအိမ်အသားလုံး ရောဂါတွေရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

​စိုးရိမ်ရသော မီးယပ်ဖြူဆင်းခြင်းနှင့် ယားယံခြင်း -
အမျိုးသမီးအတော်များများ ကြုံတွေ့ရတတ်ပြီး ရှက်လို့မပြောဘဲ နေတတ်ကြပါတယ်။ ပုံမှန်မဟုတ်ဘဲ အရောင်ပြောင်းခြင်း (အဝါ၊ အစိမ်း၊ ညိုညစ်ညစ်)၊ အနံ့ဆိုးထွက်ခြင်းနှင့် ယားယံခြင်းတွေဟာ မှို သို့မဟုတ် ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဖြစ်တတ်ပြီး ရေရှည်မှာ သားအိမ်ပြွန်ပိတ်ပြီး သားသမီးရနိုင်ချေကိုပါ ထိခိုက်စေနိုင်ပါတယ်။

​🤰 #ကိုယ်ဝန်ဆောင်မိခင်များနှင့်ရင်သွေးငယ်အတွက်သတိပေးချက်

ကိုယ်ဝန်ဆောင်စဉ် ပုံမှန်မဟုတ်ဘဲ ဗိုက်အောင့်ခြင်း၊ သွေးစွန်းခြင်း/သွေးဆင်းခြင်း၊ အလွန်အမင်း ပျို့အန်ခြင်း စတာတွေဟာ မိခင်ရော ရင်သွေးပါ အန္တရာယ်ရှိနိုင်လို့ ကိုယ်ဝန်ပတ်လမ်းတစ်လျှောက် အာထရာဆောင်း (Ultrasound) ရိုက်ပြီး စနစ်တကျ စောင့်ရှောက်မှု (Antenatal Care) ခံယူဖို့ လိုအပ်ပါတယ်။

​🛡️ #အိမ်ထောင်ရှင်အမျိုးသမီးများအတွက်ကြိုတင်ကာကွယ်ခြင်း

သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီးတွေမှာ ဒုတိယအဖြစ်အများဆုံး ကင်ဆာဖြစ်ပါတယ်။ ဒါပေမယ့် စောစောစီးစီး ကြိုတင်စစ်ဆေးရင် (Pap Smear စစ်​ ဆေးခြင်း) နှင့် ကာကွယ်ဆေးထိုးနှံထားရင် ရာနှုန်းပြည့်နီးပါး ကာကွယ်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။

မိဘပြည်သူ အမျိုးသမီးထုတစ်ရပ်လုံး အထက်ပါဝေဒနာများကို စိတ်အေးချမ်းသာစွာဖြင့် လျှို့ဝှက်ချက်လုံခြုံစွာ အသေးစိတ်တိုင်ပင်ဆွေးနွေးပြီး ထိရောက်တဲ့ ကုသမှု ခံယူနိုင်ဖို့အတွက် " #မေ့မေတ္တာအထူးကုဆေးခန်း" တွင် #ဝါရင့်သားဖွားနှင့်မီးယပ် (OG) အထူးကုဆရာဝန်ကြီးကိုယ်တိုင် နွေးထွေးကြင်နာစွာဖြင့် ဂရုတစိုက် ကြည့်ရှုကုသပေးနေပြီ ဖြစ်ပါတယ်။

​🗓️ OG အထူးကုဆရာဝန်ကြီး ပြသနိုင်မည့်အချိန် -
တနင်္လာနေ့(၁၁:၀၀ နာရီ)

​⚠️ ကြိုတင်စာရင်းပေးသွင်းရန် မေတ္တာရပ်ခံအပ်ပါသည်။

​❤️ မေ့မေတ္တာ အထူးကုဆေးခန်းနှင့်ဆေးဆိုင်

📍 လိပ်စာ: အမှတ်(၁၁၃)၊ အောင်ဇေယျလမ်းမကြီး၊ (၉)ရပ်ကွက်၊ (သရဖူအိမ်ဆောက်ပစ္စည်းဆိုင်ရှေ့)၊ သုံးခွမြို့နယ်။

📞 ရက်ချိန်းဖုန်း: ၀၉၇ ၅၅၅ ၄6၀ ၉၉
​နွေးထွေးကြင်နာစွာဖြင့်၊
မေ့မေတ္တာ 💖

 #မိမိကိုယ်တိုင်နှင့်အိမ်ကလူကြီးမိဘတွေမှာဒီလိုလက္ခဏာတွေရှိနေရင်ပေါ့ဆလို့မရပါဘူး ⚠️​ခန္ဓာကိုယ်တွင်း ကလီစာအမျိုးမျိုး (နှလ...
16/05/2026

#မိမိကိုယ်တိုင်နှင့်အိမ်ကလူကြီးမိဘတွေမှာဒီလိုလက္ခဏာတွေရှိနေရင်ပေါ့ဆလို့မရပါဘူး ⚠️

ခန္ဓာကိုယ်တွင်း ကလီစာအမျိုးမျိုး (နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်၊ အစာအိမ်နှင့် အူလမ်းကြောင်း) ဆိုင်ရာ ဝေဒနာတွေဟာ စောစောစီးစီး စနစ်တကျ မကုသရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ပိုများလာနိုင်ပါတယ်။

​အထူးသဖြင့် အောက်ပါလက္ခဏာတွေ ခံစားနေရရင် အထူးကုသမားတော်ကြီးနဲ့ ပြသဆွေးနွေးဖို့ လိုအပ်နေပါပြီ -

​🚨 #အမျိုးမျိုးသောပိုးဝင်ကူးစက်ရောဂါများ (Infectious Diseases) -

ရာသီဥတုအကူးအပြောင်းမှာ အဖြစ်များတဲ့ ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားပိုးမွှားများကြောင့် အကြောင်းရင်းမရှိဘဲ ရက်ရှည်ဖျားနာခြင်း၊ ချမ်းတုန်ဖျားခြင်း၊ အစားအသောက်နှင့် ရေမသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး နုံးချည့်ခြင်းနှင့် ပြင်းထန်စွာ ဖျားနာခြင်းများအတွက် စနစ်တကျ ရောဂါရှာဖွေကုသဖို့ လိုအပ်ပါတယ်။

​🚨 #အာရုံကြောနှင့်လေဖြတ်ခြင်းသတိပေးလက္ခဏာ (Neurology)

လက်တစ်ဖက် ခြေတစ်ဖက် ထုံကျင်တာ၊ အားနည်းပြီး မတင်ချင်သလိုဖြစ်တာ၊ မျက်နှာတစ်ခြမ်းရွဲ့တာ၊ စကားပြောရာမှာ ဗလုံးဗထွေးဖြစ်တာ၊ မကြာခဏ ခေါင်းမူးဝေပြီး ဟန်ချက်မထိန်းနိုင်တာမျိုးတွေဟာ လေဖြတ်ခြင်းအကြို သတိပေးလက္ခဏာတွေ ဖြစ်နိုင်လို့ အချိန်မီပြသဖို့ အရေးကြီးဆုံးပါ။

​🚨 #ဆီးချိုသွေးတိုး (အသံတိတ်လူသတ်သမား)

အခုနေကောင်းနေတာပဲဆိုပြီး ပေါ့ဆလို့မရပါဘူး။ ကိုယ်တွင်းကလီစာတွေ တဖြည်းဖြည်း ပျက်စီးမသွားအောင် အထူးကုဆရာဝန်ကြီးနဲ့ ပုံမှန်ဆေးချိန်ညှိဖို့ လိုပါတယ်။

​🚨 #လေးဘက်နာနှင့်အဆစ်အမြစ်ရောဂါများ

မနက်အိပ်ယာထချိန်မှာ အဆစ်တွေတောင့်တင်းနေတာ၊ ခြေဆစ်လက်ဆစ်တွေ ကိုက်ခဲရောင်ရမ်းတာ၊ အကြောင်းရင်းမရှိဘဲ ဖျားစိစိဖြစ်ပြီး အဆစ်တွေနာကျင်တာမျိုးဟာ စနစ်တကျကုသရမယ့် လေးဘက်နာလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

​🚨 #သွေးအားနည်းနှင့်သွေးရောဂါလက္ခဏာများ

မျက်နှာနဲ့ နှုတ်ခမ်းတွေ ဖြူဖျော့နေတာ၊ အနည်းငယ်လှုပ်ရှားရုံနဲ့ မောပန်းလွယ်တာ၊ အသားအရေပေါ်မှာ အကြောင်းရင်းမရှိဘဲ အညိုအမည်းကွက်တွေ ထွက်လာတာမျိုးဟာ သွေးအားနည်းရောဂါနဲ့ အခြားသွေးဆိုင်ရာရောဂါတွေရဲ့ သတိပေးချက် ဖြစ်နိုင်ပါတယ်။

​🚨 #အစာအိမ်အူလမ်းကြောင်းနှင့်အသည်းရောဂါ

ရင်ပူတာ၊ အစာမကြေတာ၊ ဗိုက်ခဏခဏအောင့်တာ၊ လေပွတာတွေအပြင် မျက်လုံးဝါ/အသားဝါတာ၊ ဗိုက်ထဲမှာ တင်းကြပ်အောင့်အိနေတာမျိုးတွေ ဖြစ်တတ်ရင် ပေါ့ဆမနေသင့်ပါဘူး။

​🚨 #နှလုံးနှင့်အဆုတ်သတိပေးလက္ခဏာ

ခဏခဏ ရင်ဘတ်အောင့်တာ၊ လမ်းနည်းနည်းလျှောက်ရုံနဲ့ မောပန်းလွယ်တာ၊ အသက်ရှူကျပ်တာ၊ မကြာခဏ ချောင်းဆိုးတာတွေဟာ နှလုံးနဲ့ အဆုတ်က ပေးတဲ့ သတိပေးချက်တွေ ဖြစ်နိုင်ပါတယ်။

​🚨 #ကိုယ်အလေးချိန်သိသိသာသာကျခြင်း

အစားအသောက် လျှော့မစားဘဲ အကြောင်းရင်းမရှိဘဲ ဝိတ်ကျလာတာ၊ အမြဲတမ်း နုံးခွေပိန်ချည်လာတာတွေဟာ အတွင်းရောဂါအခံတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။

​မိဘပြည်သူများအနေနဲ့ အထက်ပါ ဝေဒနာတွေကို စနစ်တကျ စမ်းသပ်စစ်ဆေးပြီး စိတ်ချရတဲ့ ကုသမှု ခံယူနိုင်ဖို့အတွက် " #မေ့မေတ္တာအထူးကုဆေးခန်း" တွင် ဝါရင့် #အထူးကုသမားတော်ကြီး ကိုယ်တိုင် ဂရုတစိုက် ကြည့်ရှု ကုသပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

​🗓️ အထူးကုသမားတော်ကြီး ပြသနိုင်မည့်အချိန် -
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း (နံနက် ၉:၀၀ နာရီ)

​❤️ မေ့မေတ္တာ အထူးကုဆေးခန်းနှင့်ဆေးဆိုင်

📍 လိပ်စာ: အမှတ်(၁၁၃)၊ အောင်ဇေယျလမ်းမကြီး၊ (၉)ရပ်ကွက်၊ (သရဖူအိမ်ဆောက်ပစ္စည်းဆိုင်ရှေ့)၊ သုံးခွမြို့နယ်။

🙏 ကြိုတင်စာရင်းပေးသွင်းရန်မေတ္တာရပ်ခံအပ်ပါသည်။

📞 ရက်ချိန်းဖုန်း: ၀၉၇ ၅၅၅ ၄၆၀ ၉၉

​နွေးထွေးကြင်နာစွာဖြင့်၊
မေ့မေတ္တာ 💖

🦴  #လေးဘက်နာရောဂါအမျိုးမျိုး အကြောင်းကို မျှဝေပေးချင်ပါတယ်​လေးဘက်နာရောဂါဆိုသည်မှာ အဆစ်အမြစ်များ၊ ကြွက်သားများ၊ အရိုးများ...
12/05/2026

🦴 #လေးဘက်နာရောဂါအမျိုးမျိုး အကြောင်းကို မျှဝေပေးချင်ပါတယ်

​လေးဘက်နာရောဂါဆိုသည်မှာ အဆစ်အမြစ်များ၊ ကြွက်သားများ၊ အရိုးများနှင့် တွယ်ဆက်တစ်ရှူးများကို ထိခိုက်စေသော ဝေဒနာများဖြစ်သည်။ ၎င်းတို့ကြောင့် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ တောင့်တင်းခြင်းနှင့် လှုပ်ရှားရခက်ခဲခြင်းတို့ ဖြစ်စေနိုင်ပါသည်။ အချို့အမျိုးအစားများသည် အသက်ကြီးလာခြင်းကြောင့် ဖြစ်တတ်သော်လည်း အချို့မှာမူ ကိုယ်ခံအားစနစ် ချို့ယွင်းမှုကြောင့် ဖြစ်ပွားတတ်ပါသည်။

​🔹 အဖြစ်များသော လေးဘက်နာရောဂါ အမျိုးအစားများ

​✅ အဆစ်စား လေးဘက်နာ (Osteoarthritis)
​အဆစ်များ ပွန်းစားခြင်းကြောင့်ဖြစ်သော အဖြစ်အများဆုံး အမျိုးအစားဖြစ်သည်။အသက်ကြီးသူများတွင်အဖြစ်များတတ်ပါသည်။
​ဒူးဆစ်၊ တင်ပါးဆုံ၊ လက်ချောင်းများနှင့် ကျောရိုးတို့တွင် အဖြစ်များသည်။

​✅ အဆစ်ရောင် လေးဘက်နာ (Rheumatoid Arthritis)
​ကိုယ်ခံအားစနစ်က အဆစ်များကို မှားယွင်းတိုက်ခိုက်သော ရောဂါ (Autoimmune disease) ဖြစ်သည်။
​အဆစ်များ ရောင်ရမ်းနာကျင်ခြင်းနှင့် မနက်ခင်းတွင် အဆစ်များ တောင့်တင်းခြင်းတို့ကို ဖြစ်စေနိုင်သည်။

​✅ ဂေါက်ရောဂါ (Gout)
​ယူရစ်အက်စစ် (Uric acid) ပမာဏ မြင့်မားခြင်းကြောင့် ဖြစ်သည်။
​ခြေမတွင် ရုတ်တရက် ပြင်းထန်စွာ နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းတို့ကို ဖြစ်စေတတ်သည်။

​✅ ပိုးလေးဘက်နာ (Rheumatic Fever)
​အာသီးရောင်ခြင်း၊ လည်ချောင်းနာခြင်း (Streptococcal infection) ကို စနစ်တကျ မကုသရာမှ ဖြစ်လာနိုင်သည်။
​အဆစ်များကို ထိခိုက်စေသည့်အပြင် နှလုံးကိုပါ ပျက်စီးစေနိုင်သည်။

​✅ လူပတ်စ် အ​ရေပြားလေးဘက်နာ(Lupus - SLE)
​ကိုယ်ခံအားစနစ်က အဆစ်များ၊ အရေပြား၊ ကျောက်ကပ်နှင့် အခြားကိုယ်အင်္ဂါများကို တိုက်ခိုက်သောရောဂါဖြစ်သည်။

​✅ ကျောရိုးဆစ်ရောင် လေးဘက်နာ (Ankylosing Spondylitis)
​အဓိကအားဖြင့် ကျောရိုးကို ထိခိုက်စေပြီး နာတာရှည် ခါးနာခြင်းနှင့် တောင့်တင်းခြင်းတို့ကို ဖြစ်စေသည်။

​✅ ဆိုရီယေးစစ် အဆစ်ရောင်ရောဂါ (Psoriatic Arthritis)
​ဆိုရီယေးစစ် (Psoriasis) ခေါ် အရေပြားရောဂါနှင့် အဆစ်ရောင်ခြင်း တွဲဖက်ဖြစ်ပွားသည့် ရောဂါဖြစ်သည်။

​⚠️ အတွေ့ရများသော ရောဂါလက္ခဏာများ

​အဆစ်များ နာကျင်ခြင်း
​ရောင်ရမ်းခြင်း
​မနက်ခင်းတွင် အဆစ်များ တောင့်တင်းနေခြင်း
​အဆစ်များ လှုပ်ရှားရခက်ခဲခြင်း
​နုံးချိခြင်း
​ခါးနာခြင်း

​🩺 မည်သည့်အချိန်တွင် ဆရာဝန်နှင့် ပြသသင့်သနည်း

​အဆစ်နာကျင်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်းသည် ရက်အနည်းငယ်ထက် ပိုကြာနေလျှင်၊ အထူးသဖြင့် ဖျားခြင်း သို့မဟုတ် လမ်းလျှောက်ရခက်ခဲခြင်းတို့နှင့် တွဲဖက်ဖြစ်ပေါ်ပါက ဆေးကုသမှု ခံယူသင့်သည်။

​💡 အဆစ်အမြစ် ကျန်းမာရေးအတွက် အကြံပြုချက်များ
​✔️ ကိုယ်အလေးချိန်ကို ကျန်းမာသော အနေအထားတွင် ထိန်းသိမ်းပါ။
✔️ ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။
✔️ မျှတသော အာဟာရကို စားသုံးပါ။
✔️ ဆေးလိပ်သောက်ခြင်းနှင့် အရက်အလွန်အကျွံ သောက်ခြင်းကို ရှောင်ကြဉ်ပါ။
✔️ ကူးစက်ရောဂါများကို စောစီးစွာ ကုသပါ။
✔️ ဆရာဝန်ညွှန်ကြားချက်နှင့် ဆေးဝါးများကို စနစ်တကျ လိုက်နာပါ။

​ရောဂါကို စောစီးစွာ သိရှိပြီး စနစ်တကျ ကုသခြင်းဖြင့် အဆစ်အမြစ်များ အမြဲတမ်း ပျက်စီးသွားခြင်းမှ ကာကွယ်နိုင်သည့်အပြင် လူနေမှုဘဝ အရည်အသွေးကိုလည်း မြှင့်တင်နိုင်ပါသည်။

​သင်၏ အဆစ်အမြစ်များကို ဂရုစိုက်ပြီး တက်ကြွစွာ နေထိုင်ပါ ❤️

#အထူးကုသမားတော်ဆရာဝန်ကြီး မှအပတ်စဥ် #ဗုဒ္ဓဟူးနေ့ မနက်(၉)နာရီတွင် စနစ်တကျ စမ်းသပ်စစ်ဆေးခြင်း
ပုံမှန်ကုသမှုများ ပြုလုပ်ပေးနေပါသည်။

❤️ မေ့မေတ္တာ အထူးကုဆေးခန်းနှင့်ဆေးဆိုင်

📍 လိပ်စာ: အမှတ်(၁၁၃)၊ အောင်ဇေယျလမ်းမကြီး၊ (၉)ရပ်ကွက်၊ (သရဖူအိမ်ဆောက်ပစ္စည်းဆိုင်ရှေ့)၊ သုံးခွမြို့နယ်။

📞 ရက်ချိန်း: ၀၉၇ ၅၅၅ ၄၆၀ ၉၉

နွေးထွေးကြင်နာစွာဖြင့်၊
မေ့မေတ္တာ 💖

 #ဆီးချိုသမားတွေအတွက်ဘာကိုဘယ်လိုစားမလဲ" ကျန်းမာရေးလမ်းညွှန်​ဆီးချိုရောဂါရှိနေတာကြောင့် စားချင်တာတွေ လုံးဝမစားရတော့ဘူးလို...
21/04/2026

#ဆီးချိုသမားတွေအတွက်ဘာကိုဘယ်လိုစားမလဲ" ကျန်းမာရေးလမ်းညွှန်

​ဆီးချိုရောဂါရှိနေတာကြောင့် စားချင်တာတွေ လုံးဝမစားရတော့ဘူးလို့ မဆိုလိုပါဘူး။

အဓိကကတော့ "အချိုးအစား မှန်ကန်ဖို့" နဲ့ "သွေးတွင်းသကြားဓာတ်ကို ရုတ်တရက် မတက်စေဖို့" ရွေးချယ်စားသုံးတတ်ဖို့ပဲ ဖြစ်ပါတယ်။

​၁။ #ပန်းကန်ပြားအချိုးအစားနည်းလမ်း (Plate Method)

​အစာစားတဲ့အခါ မိမိရဲ့ ထမင်းပန်းကန်ကို မျက်စိနဲ့ ၄ ပုံ၊ ၃ ပုံ ခွဲခြားကြည့်ပါ။

​ပန်းကန်ရဲ့ တစ်ဝက် (၂ ပုံ): ဟင်းသီးဟင်းရွက်များ (ကန်စွန်းရွက်၊ ဂေါ်ဖီ၊ မုန်လာထုပ်၊ ပဲသီး) စတာတွေကို ထည့်ပါ။

​ပန်းကန်ရဲ့ ၄ ပုံ ၁ ပုံ: ပရိုတင်းဓာတ် (ငါး၊ အရေခွံခွာထားသော ကြက်သား၊ ပဲအမျိုးမျိုး) ကို ထည့်ပါ။

​ပန်းကန်ရဲ့ ၄ ပုံ ၁ ပုံ: ကာဗိုဟိုက်ဒရိတ် (ထမင်း၊ ခေါက်ဆွဲ သို့မဟုတ် ကောက်ညှင်း) ကို အသင့်အတင့်သာ ထည့်ပါ။

​၂။ #အဖြူရောင်အစားအစာကိုလျှော့ပြီးအညိုရောင်ကိုရွေးချယ်ပါ

​ဆန်ဖြူ၊ ပေါင်မုန့်ဖြူတွေထက် အမျှင်ဓာတ် (Fiber) ကြွယ်ဝတဲ့ ဆန်လုံးညို၊ လုံးတီးဆန် တို့ကို ပြောင်းလဲစားသုံးပေးခြင်းက သွေးတွင်းသကြားဓာတ် ထိန်းညှိမှုကို ပိုမိုကောင်းမွန်စေပါတယ်။

​၃။ #အသီးအနှံစားသုံးခြင်း

​အချိုလွန်ကဲသော အသီးများ (ဥပမာ - ရွှေရင်အေးသရက်သီး၊ ဒူးရင်းသီး၊ မက္ကသီး) ကို ဆင်ခြင်ပါ။

​ပန်းသီး၊ ဂေါ်ဖီထုပ်၊ ပဲသီး စတဲ့ အမျှင်ဓာတ်များတဲ့ အသီးအနှံတွေကို ပိုစားပေးပါ။

​အသီးကို ဖျော်ရည်လုပ်သောက်မယ့်အစား အဖတ်လိုက် ဝါးစားခြင်း က သကြားဓာတ်တက်နှုန်းကို ပိုနှေးစေပါတယ်။

​၄။ #ရှောင်ရန်လျှော့ရန်အစားအစာများ

​အချိုရည်များ: အသင့်သောက် အချိုရည်၊ ကော်ဖီမစ် နှင့် ဂတ်စ်ပါသော အချိုရည်များ။

​အဆီများသော အစားအစာ: ဆီကြော်မုန့်များ၊ ဝက်ဆီနှင့် တိရစ္ဆာန်အဆီများ။

​အငန်ဓာတ်: အငန်ကဲခြင်းက သွေးတိုးစေပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့အတွက် အငန်လျှော့စားပါ။

ဆီးချိုထိန်းခြင်းဆိုတာ အစာငတ်ခံခြင်း မဟုတ်ဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို မှန်ကန်တဲ့ ပမာဏစားသုံးခြင်းပဲ ဖြစ်ပါတယ်။ မိမိရဲ့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပြီး သမားတော်နှင့် တိုင်ပင်ဆွေးနွေးကုသပါ။

🔔 စောစီးစွာ သိရှိကုသခြင်းသည် နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်ပေးပါသည်!
မေ့မေတ္တာ ဆေးခန်းတွင် ဆီးချိုရောဂါနှင့်သက်ဆိုင်သော—
- #အထူးကုသမားတော်ဆရာဝန်ကြီးမှအပတ်စဥ် #ဗုဒ္ဓဟူးနေ့ မနက်(၉)နာရီတွင် စနစ်တကျ စမ်းသပ်စစ်ဆေးခြင်း
ပုံမှန်ကုသမှုများ ပြုလုပ်ပေးနေပါသည်။

❤️ မေ့မေတ္တာ အထူးကုဆေးခန်းနှင့်ဆေးဆိုင်

📍 လိပ်စာ: အမှတ်(၁၁၃)၊ အောင်ဇေယျလမ်းမကြီး၊ (၉)ရပ်ကွက်၊ (သရဖူအိမ်ဆောက်ပစ္စည်းဆိုင်ရှေ့)၊ သုံးခွမြို့နယ်။

📞 ရက်ချိန်း: ၀၉၇ ၅၅၅ ၄၆၀ ၉၉

နွေးထွေးကြင်နာစွာဖြင့်၊
မေ့မေတ္တာ 💖

​ #ဆီးချိုအသိပညာပေး

ရာသီဥတုက အပြင်ထွက်ရင် အရည်ပျော်မတတ် ပူနေတာ။ အပူဒဏ်ကြောင့် ကိုယ်ခံအားကျပြီး တုပ်ကွေးမိတာတွေလည်း အရမ်းများနေလို့ အိမ်မှာပဲ...
05/04/2026

ရာသီဥတုက အပြင်ထွက်ရင် အရည်ပျော်မတတ် ပူနေတာ။
အပူဒဏ်ကြောင့် ကိုယ်ခံအားကျပြီး တုပ်ကွေးမိတာတွေလည်း အရမ်းများနေလို့ အိမ်မှာပဲ အေးအေးဆေးဆေးနေပြီး ရေများများသောက်ကြပါ။
ရောဂါဖြစ်မှ ဆေးကုတာထက် မဖြစ်ခင်ကတည်းက ကာကွယ်ဆေး ကြိုထိုးထားတာ အကောင်းဆုံးပဲနော်။
#တစ်နှစ်တာလုံးရာသီတုပ်ကွေးဖျားနာခြင်းမှကင်းဝေးအောင် #ကာကွယ်ဆေးကြိုတင်ထိုးကြစို့။

Address

Aung Zaya Street
Thongwa

Opening Hours

Monday 07:00 - 18:50
Tuesday 07:00 - 18:50
Wednesday 07:00 - 18:50
Thursday 07:00 - 16:00
Saturday 07:00 - 18:50
Sunday 07:00 - 18:50

Website

Alerts

Be the first to know and let us send you an email when မေ့မေတ္တာ အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share