အောင်သီလ ဆေးဆိုင်

  • Home
  • အောင်သီလ ဆေးဆိုင်

အောင်သီလ ဆေးဆိုင် လိုအပ်သောဆေးဝါးများကိုဈေးနူန်းချ

(Unicode)"ဘာကြောင့်အစာမကြေတာလဲ??"အစာမကြေဖြစ်တယ်ဆိုတာ လူ(၁၀၀) မှာ ၁ ယောက်ဖြစ်တက်တာမျိုးမဟုတ်ဘဲ လူတိုင်းဖြစ်ဖူးကြပါတယ်နော်...
09/09/2021

(Unicode)
"ဘာကြောင့်အစာမကြေတာလဲ??"
အစာမကြေဖြစ်တယ်ဆိုတာ လူ(၁၀၀) မှာ ၁ ယောက်ဖြစ်တက်တာမျိုးမဟုတ်ဘဲ လူတိုင်းဖြစ်ဖူးကြပါတယ်နော်။
အစာမကြေ ဘာကြောင့်ဖြစ်လည်းဆိုတာကို အကြမ်းဖျင်းအားဖြင့် Lifestyle ကြောင့်ရယ် ၊ ရောဂါကြောင့်ရယ်ဆိုပြီး (၂)မျိုး ခွဲခြားနိုင်ပါတယ်။

Lifestyle ကြောင့်ဆိုရင်တော့
- အစားများခြင်း ၊ အစားကိုအလျင်အမြန်စားခြင်း
- အပူအစပ်နဲ့ အဆီတွေစားခြင်း
- Caffeine (သို့မဟုတ်) Alcohol အလွန်အကျွံသောက်သုံးခြင်း
- ဆေးလိပ်သောက်ခြင်း
- စိတ်ဖိစိမှုများခြင်း နှင့်
- အချို့သော ပိုးသတ်ဆေး ၊ အကိုက်အခဲပျောက်ဆေးနဲ့သံဓာတ်အားဆေးတွေ ကြောင့် ဖြစ်နိုင်ပါတယ်။

ရောဂါတွေအနေနဲ့ဆိုရင်တော့
- အစာအိမ်ရောင်ခြင်း
- အစာအိမ်အနာပေါက်ခြင်း
- Pancreas ရောင်ခြင်း
- အစာအိမ်ကင်ဆာနဲ့
- သည်းခြေအိတ် ကျောက်တည်တဲ့ရောဂါတွေ ဟာဆိုရင် အစာမကြေခြင်းကို ဖြစ်စေနိုင်ပါတယ် တဲ့နော်။

💚Enzystal ကို ဆောင်ထားမယ်ဆိုရင် အစားများလို့ ပဲဖြစ်ဖြစ် ၊ Pancreas ကနေ အစာခြေ enzyme တွေ အလုံအလောက် မထုတ်ပေးနိုင်လို့ ပဲဖြစ်ဖြစ် ခံစားရမယ့် အစာမကြေ ဝေဒနာတွေကို စိတ်ပူစရာ မလိုတော့ပါဘူးနော်။

💚Enzystal မှာ အစာခြေအန်ဇိုင်းများ ပေါင်းစပ်ထားတဲ့ Pancreatin ပါဝင်ပြီး ကစီဓာတ်၊ အသားဓာတ် နှင့် အဆီဓာတ်များကို လျင်မြန်စွာ ချေဖျက်ပေးပါတယ်။ ဒါ့အပြင် Hemicellulase ပါဝင်လို့ အမျှင်ဓာတ်ကိုလည်းအမြန်ဆုံး ချေဖျက်ပေးပြီး အာဟာရစုပ်ယူမှု အားကို ပိုကောင်းစေပါတယ်။

💚Enzystalကို အစာစားနေစဉ် သို့မဟုတ် အစာစားပြီးချိန် (၁)လုံးမှ (၂)လုံးထိ သောက်သုံးနိုင်ပါတယ်။

"Enzystal နဲ့ဆို စားချင်တာစားလို့ရပြီလေ"

(Zawgyi)
"ဘာကြောင့်အစာမကြေတာလဲ??"
အစာမကြေဖြစ်တယ်ဆိုတာ လူ(၁၀၀) မှာ ၁ ယောက်ဖြစ်တက်တာမျိုးမဟုတ်ဘဲ လူတိုင်းဖြစ်ဖူးကြပါတယ်နော်။
အစာမကြေ ဘာကြောင့်ဖြစ်လည်းဆိုတာကို အကြမ်းဖျင်းအားဖြင့် Lifestyle ကြောင့်ရယ် ၊ ရောဂါကြောင့်ရယ်ဆိုပြီး (၂)မျိုး ခွဲခြားနိုင်ပါတယ်။

Lifestyle ကြောင့်ဆိုရင်တော့
- အစားများခြင်း ၊ အစားကိုအလျင်အမြန်စားခြင်း
- အပူအစပ်နဲ့ အဆီတွေစားခြင်း
- Caffeine (သို့မဟုတ်) Alcohol အလွန်အကျွံသောက်သုံးခြင်း
- ဆေးလိပ်သောက်ခြင်း
- စိတ်ဖိစိမှုများခြင်း နှင့်
- အချို့သော ပိုးသတ်ဆေး ၊ အကိုက်အခဲပျောက်ဆေးနဲ့သံဓာတ်အားဆေးတွေ ကြောင့် ဖြစ်နိုင်ပါတယ်။

ရောဂါတွေအနေနဲ့ဆိုရင်တော့
- အစာအိမ်ရောင်ခြင်း
- အစာအိမ်အနာပေါက်ခြင်း
- Pancreas ရောင်ခြင်း
- အစာအိမ်ကင်ဆာနဲ့
- သည်းခြေအိတ် ကျောက်တည်တဲ့ရောဂါတွေ ဟာဆိုရင် အစာမကြေခြင်းကို ဖြစ်စေနိုင်ပါတယ် တဲ့နော်။

💚Enzystal ကို ဆောင်ထားမယ်ဆိုရင် အစားများလို့ ပဲဖြစ်ဖြစ် ၊ Pancreas ကနေ အစာခြေ enzyme တွေ အလုံအလောက် မထုတ်ပေးနိုင်လို့ ပဲဖြစ်ဖြစ် ခံစားရမယ့် အစာမကြေ ဝေဒနာတွေကို စိတ်ပူစရာ မလိုတော့ပါဘူးနော်။

💚Enzystal မှာ အစာခြေအန်ဇိုင်းများ ပေါင်းစပ်ထားတဲ့ Pancreatin ပါဝင်ပြီး ကစီဓာတ်၊ အသားဓာတ် နှင့် အဆီဓာတ်များကို လျင်မြန်စွာ ချေဖျက်ပေးပါတယ်။ ဒါ့အပြင် Hemicellulase ပါဝင်လို့ အမျှင်ဓာတ်ကိုလည်းအမြန်ဆုံး ချေဖျက်ပေးပြီး အာဟာရစုပ်ယူမှု အားကို ပိုကောင်းစေပါတယ်။

💚Enzystalကို အစာစားနေစဉ် သို့မဟုတ် အစာစားပြီးချိန် (၁)လုံးမှ (၂)လုံးထိ သောက်သုံးနိုင်ပါတယ်။

"Enzystal နဲ့ဆို စားချင်တာစားလို့ရပြီလေ"

📣Supravit အားဆေးနဲ့ပတ်သက်ပြီး အမေးများသောမေးခွန်းများ...📌 Supravit အားဆေးကို ဘယ်အရွယ်ကစပြီးသောက်နိုင်လဲ❓👉 Supravit အားဆေ...
03/09/2021

📣Supravit အားဆေးနဲ့ပတ်သက်ပြီး အမေးများသောမေးခွန်းများ...

📌 Supravit အားဆေးကို ဘယ်အရွယ်ကစပြီးသောက်နိုင်လဲ❓

👉 Supravit အားဆေးကို အသက် (၁၂) နှစ်မှစပြီး တစ်နေ့ (၁)လုံး ပုံမှန် သောက်သုံးနိုင်ပါတယ်။

📌 Supravit အားဆေးသောက်ရင် စားကောင်းအိပ်ပျော်စေလား❓

👉 Supravit အားဆေးမှာ ဗီတာမင် (၈) မျိုးနှင့် သတ္ထုဓာတ် (၂၁) မျိုးပေါင်းစပ်ပါဝင်ပြီး နေ့စဉ်တစ်နေ့ (၁)လုံး ပုံမှန်သောက်သုံးခြင်းဖြင့် စားကောင်းအိပ်ပျော်စေပါတယ်။

📌 Supravit အားဆေးသောက်ရင်ဝစေလား ❓

👉 ကိုယ်အလေးချိန်အပေါ်မှာသက်ရောက်မှုမရှိတာကြောင့် ပိန်တာ၊ ဝတာ မဖြစ်စေပါဖူး။

📌 ရေရှည်သောက်သုံးရင် ဘေးထွက်ဆိုးကျိုးရှိလား ❓

👉 Supravit အားဆေးကို နေ့စဉ် တစ်နေ့ (၁) လုံး ပုံမှန် သောက်သုံးနိုင်ပါတယ်။ ရေရှည်သောက်သုံးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိပါဘူး။

📌 ဘယ်အချိန်သောက်သင့်ပါသလဲ ❓

👉 အစာစားပြီးမှသောက်ရင် စုပ်ယူမှုပိုကောင်းပါတယ်။ မနက်စာစားအပြီး သောက်ဖို့အကြံပေးချင်ပါတယ်။

📌 Supravit မှာဖော်ပြထားတဲ့ Sustained Released Formula ဆိုတာဘာကိုဆိုလိုပါသလဲ❓

👉 Sustained Released Formula ဆိုတာ (၂၄) နာရီလုံး အာနိသင်ရဖို့ ဖြည်းဖြည်းချင်းစုပ်ယူအောင်ပြုပြင်ထားတာဖြစ်ပါတယ်။ ရေမှာပျော်ဝင်တဲ့ Vitamin တွေဖြစ်တဲ့ Vitamin B complex နဲ့ Vitamin C တို့ဟာ ခန္ဓာကိုယ်ထဲမှာ ကြာရှည်မခံပဲ ဆီးမှတဆင့် စွန့်ထုတ်တဲ့ အတွက် တစ်နေ့လုံးအာနိသင်ရရှိဖို့ Sustained Released Formula နဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်။

📌 Supravit ကအခြားအားဆေးတွေနဲ့ဘာကွာလဲ❓

👉 Supravit မှာ Vitamin B complex နဲ့ Vitamin C ကို တခြား အားဆေးတွေထက် ပမာဏပိုမိုပါဝင်ပြီး တစ်နေ့လုံးအာနိသင်ရရှိဖို့ Sustained Released Formula နဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်။

📌 Supravit အားဆေးကို တစ်ခြားဆေးတွေနဲ့တွဲသောက်လို့ရလား❓

👉 တွဲသောက်လို့ရပါတယ်။

📌 Supravit အားဆေး အပြင်တစ်ခြားအားဆေးတွေ ထပ်သောက်ဖို့လိုလား❓

👉 Supravit အားဆေးသောက်နေတယ်ဆိုရင် တခြားဗီတာမင် အားဆေးတွေထပ်သောက်ဖို့မလိုပါဖူး။

📌 ဆရာဝန်ညွှန်ကြားချက်မပါဘဲ သောက်လို့ရလား❓

👉သောက်လို့ရပါတယ်။

📌Supravit အားဆေးကို ပန်းနာ၊ရင်ကြပ်သမားတွေသောက်လို့ရလား❓

👉 Supravit အားဆေးကို ပန်းနာ၊ရင်ကြပ်ရှိသူတွေလည်း သောက်လို့ ရပါတယ်။

📌 ဆီးချို၊ သွေးတိုးရှိတဲ့သူတွေသောက်လို့ရလား❓

👉 သောက်လို့ရပါတယ်။ Chromium နဲ့ Biotin ပါဝင်တဲ့အတွက် သွေးတွင်းသကြားဓါတ်လျှော့ချဖို့ ကူညီပေးပါတယ်။

📌 Supravit နဲ့ Protinet တူလား။ ဘာကွာလဲ❓

👉 မတူပါဖူး။ Supravit က ဗီတာမင်အားဆေးဖြစ်ပြီး Protinet က အသားဓါတ်ဖြစ်စေတဲ့ အားဆေးဖြစ်ပါတယ်။

📌 အစာအိမ်ရောဂါရှိတဲ့သူတွေရောသောက်လို့ရလား❓

👉 အစာအိမ်ရောဂါရှိသူတွေလည်း သောက်လို့ရပါတယ်။ အစာနဲ့တွဲသောက်ပါ။

📌 ကျောက်ကပ်အားနည်းသူတွေသောက်လို့ရလား❓

👉 ကျောက်ကပ်အားနည်းသူတွေလည်း Supravit အားဆေးကို သောက်လို့ရပါတယ်။

📌 Supravitကို Penicillin,Sulphur မတည့်သူတွေသောက်လို့ရလား❓

👉 သောက်လို့ရပါတယ်။

📌 Supravit မှာ B1,B6,B12 ပါနေလို့ သီးခြား B1 နဲ့ B12 ပါတဲ့ အားဆေးထပ်သောက်စရာလိုပါသေးလား❓

👉 Supravit မှာ ဗီတာမင် B1,B6,B12 ပါဝင်တဲ့အတွက်ကြောင့် သီးခြား ဗီတာမင် B1 နဲ့ B12 ပါတဲ့ အားဆေးထပ်သောက်စရာ မလိုပါဖူး။

📌 Supravit အားဆေးကို သွေးတိုးသမားတွေရော သောက်လို့ အဆင်ပြေလား❓

👉 သောက်လို့ရပါတယ်။ Supravit မှာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေက သွေးထိန်းညှိရာမှာကူညီပေးပါတယ်။

📌 Supravit အားဆေးကို အသည်းရောဂါရှိတဲ့သူတွေသောက်လို့ရလား❓

👉 Supravit အားဆေးကို အသည်းရောဂါရှိသူတွေလည်း သောက်လို့ရပါတယ်။

📌 Supravit အားဆေးကို နှလုံးရောဂါရှိတဲ့သူတွေရော သောက်သုံး နိုင်လား❓

👉 နလုံးရောဂါရှိသူတွေလည်း သောက်လို့ရပါတယ်။ Supravit အားဆေးမှာ သွေးနီဥဖြစ်ပေါ် စေတဲ့ ဗီတာမင်နဲ့သတ္ထုဓါတ်တွေ ပါဝင်တာကြောင့် သွေးအားနည်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ Vitamin C ၊ Vitamin E ၊Magnesium တို့ပါဝင်တာကြောင့် နှလုံးရောဂါသမားများအတွက် ကောင်းမွန်ပါတယ်။

📌 Supravit အားဆေးကို ကင်ဆာသမားတွေရောသောက်လို့ရလား❓

👉 သောက်လို့ရပါတယ်။

📌 Supravit အားဆေးကို ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ သောက်လို့ရလား❓

👉 သောက်လို့ရပါတယ်။

📌 Supravit သောက်ရင်ဆီးဝါလား❓

👉 Vitamin B နဲ့ Vitamin C ပါဝင်တဲ့အားဆေးတွေကို သောက်ရင်ဆီးဝါစေနိုင်ပါတယ်။ ဒါ့ကြောင့် Supravit ကိုသောက်ရင် ဆီးဝါစေနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိတဲ့ အတွက်ကြောင့် ယုံကြည်စိတ်ချစွာသောက်သုံးနိုင်ပါတယ်။

📌 Supravit အားဆေးကို ဘယ်လိုအခြေအနေမျိုးဆို ဆေး ဆက်မသောက်သင့်ဘူးလဲ❓

👉 ဓါတ်မတည့်မှုရှိရင် ဆက်မသောက်သင့်ပါဖူး။

📌 B ပိုးသေဆေးသောက်နေသူတွေသောက်လို့ရလား ❓

👉 Supravit အားဆေးကို Bပိုးသေဆေးသောက်နေသူတွေမှာလည်း သောက်လို့ရပါတယ်။

(နေ့စဉ်ကျန်းမာကိုယ်ခန္ဓာ နဲ့အားဖြည့်ပါ)

တဟွတ် ဟွတ် နဲ့ အဆက် မပြတ် ချောင်းဆိုးနေပြီ လား ?။ 🗣️အသံထွက်လို့ မရအောင် လည်ချောင်း တွေနာနေ ပြီ လား ?။ 🤢💁🏻‍♀️အအေးမိတုပ်ေ...
03/09/2021

တဟွတ် ဟွတ် နဲ့ အဆက် မပြတ် ချောင်းဆိုးနေပြီ လား ?။ 🗣️
အသံထွက်လို့ မရအောင် လည်ချောင်း တွေနာနေ ပြီ လား ?။ 🤢

💁🏻‍♀️အအေးမိတုပ်​ကွေးဖြစ် လို့​ ....
ချောင်းဆို ခြင်း လည်ချောင်းနာခြင်း တွေ အတွက် အသုံးဝင် ပြီး ထိရောက် သောမင်မင့် ဆီ မှာ instock ရနိုင်တဲ့ ဆေးလေး တစ်ချို့ ကို မင်မင် list တင်ပေးထားပါတယ် ရှင့်။ 🙇🏻‍♀️

ချောင်းဆို ချွဲ ကြပ် ခြင်းတွေ အတွက် ချွဲပျော်ဆေးလေးတွေ က တော့

✅Solvin
✅Atusin
✅Detussin
✅Tussolid
✅Chericof ချောင်းဆိုးပျောက်ဆေးရည်
✅Woods ချောင်းဆိုးပျောက်ဆေး ရည်အနီ (ချောင်းခြောက် ဆိုးသူများအတွက်)
✅Woods ချောင်းဆိုး ပျောက်ဆေးရည် အပြာ (ချောင်းဆိုး သလိပ် ချွဲ ကြပ်တတ် သူများအတွက်)
✅ascoril
✅Konidine
✅Brozedex
✅Herbicough

🤢🤢လည်ချောင်းနာတဲ့ အခါ ခံတွင်းအေးပြီးသက်သာစေ တဲ့
🔷Mybacin ငုံဆေး
🔷degerol ငုံဆေး
🔷Vicks

ဆိုင်လိပ်စာ

ချောင်းနက် လမ်းဆုံအရှေ့ အနီး
တောင်တွင်း ကြီး
အောင်သီလ ဆေးဆိုင်

Covid ကာလ ဆိုင်ဖွင့်ချိန်
မနက် ၇ နာရီ မှ မနက် ၁၁ နာရီ
ညနေ၄ နာရီ မှ ည ၇ နာရီ အထိ

ဆက်သွယ်ရန် ဖုန်း

09401618720
09972684052

ခဏ ခဏ လာမေး ဝယ် ကြတဲ့ပစ္စည်း ပြတ် သွားတဲ့ Herbicough လေးတွေ ပြန်ရပါပြီ နော် ချစ် တို့ ဆိုင်လိပ်စာချောင်းနက် လမ်းဆုံအရှေ့ ...
31/08/2021

ခဏ ခဏ လာမေး ဝယ် ကြတဲ့
ပစ္စည်း ပြတ် သွားတဲ့
Herbicough လေးတွေ ပြန်ရပါပြီ နော် ချစ် တို့

ဆိုင်လိပ်စာ

ချောင်းနက် လမ်းဆုံအရှေ့ အနီး
တောင်တွင်း ကြီး
အောင်သီလ ဆေးဆိုင်

Covid ကာလ ဆိုင်ဖွင့်ချိန်
မနက် ၇ နာရီ မှ မနက် ၁၁ နာရီ
ညနေ၄ နာရီ မှ ည ၇ နာရီ အထိ

ဆက်သွယ်ရန် ဖုန်း

09401618720
09972684052

Face Mask ၁ ဘူး ၁၃၀၀ရနိုင် တဲ့ ဆေးလေးတွေ
27/08/2021

Face Mask ၁ ဘူး ၁၃၀၀

ရနိုင် တဲ့ ဆေးလေးတွေ

အသစ် ထပ်ရောက် လာတဲ့ ဆေးလေး တချို့
27/08/2021

အသစ် ထပ်ရောက် လာတဲ့ ဆေးလေး တချို့

ရရှိ နိုင်တဲ့ ကလေး အားဆေး လေး တချို့ဒီနေ့ ဆေး အသစ် ထပ်ရောက်လာတာလေးတွေပါဆိုင်လိပ်စာချောင်းနက် လမ်းဆုံအရှေ့ အနီးတောင်တွင်း...
26/08/2021

ရရှိ နိုင်တဲ့ ကလေး အားဆေး လေး တချို့

ဒီနေ့ ဆေး အသစ် ထပ်ရောက်လာတာလေးတွေပါ

ဆိုင်လိပ်စာ

ချောင်းနက် လမ်းဆုံအရှေ့ အနီး
တောင်တွင်း ကြီး
အောင်သီလ ဆေးဆိုင်

Covid ကာလ ဆိုင်ဖွင့်ချိန်
မနက် ၇ နာရီ မှ မနက် ၁၀ နာရီ
ညနေ ၅နာရီ မှ ည ၇ နာရီ အထိ

ဆက်သွယ်ရန် ဖုန်း

09401618720
09972684052

HerbicoughGinsominဒီနေ့ ဆေး အသစ် ထပ်ရောက်လာတာလေးတွေပါဆိုင်လိပ်စာချောင်းနက် လမ်းဆုံအရှေ့ အနီးတောင်တွင်း ကြီးအောင်သီလ ဆေးဆ...
24/08/2021

Herbicough
Ginsomin

ဒီနေ့ ဆေး အသစ် ထပ်ရောက်လာတာလေးတွေပါ

ဆိုင်လိပ်စာ

ချောင်းနက် လမ်းဆုံအရှေ့ အနီး
တောင်တွင်း ကြီး
အောင်သီလ ဆေးဆိုင်

Covid ကာလ ဆိုင်ဖွင့်ချိန်
မနက် ၇ နာရီ မှ မနက် ၁၀ နာရီ
ညနေ ၅နာရီ မှ ည ၇ နာရီ အထိ

ဆက်သွယ်ရန် ဖုန်း

09401618720
09972684052

ZosecRanferon 12Gentalene CSiloxogeneEntacyd PlusBenda 500Ato 10NosicTexamicTenoran 50Cardivas 3.125ဒီနေ့ ဆေး အသစ် ထပ်ရေ...
24/08/2021

Zosec
Ranferon 12
Gentalene C
Siloxogene
Entacyd Plus
Benda 500
Ato 10
Nosic
Texamic
Tenoran 50
Cardivas 3.125

ဒီနေ့ ဆေး အသစ် ထပ်ရောက်လာတာလေးတွေပါ

ဆိုင်လိပ်စာ

ချောင်းနက် လမ်းဆုံအရှေ့ အနီး
တောင်တွင်း ကြီး
အောင်သီလ ဆေးဆိုင်

Covid ကာလ ဆိုင်ဖွင့်ချိန်
မနက် ၇ နာရီ မှ မနက် ၁၀ နာရီ
ညနေ ၅နာရီ မှ ည ၇ နာရီ အထိ

ဆက်သွယ်ရန် ဖုန်း

09401618720
09972684052

Day 20 နောက်ပိုင်းဘာလို့ ဒုတိယအကြိမ်ပြန်ဖြစ်ကြတာလဲ??ကျနော် ကိုယ်တိုင်နဲ့ တမိသားစုလုံးလဲ day 20 ဝန်းကျင်မှာ ပြန်ဖျားကြပါတ...
24/08/2021

Day 20 နောက်ပိုင်း
ဘာလို့ ဒုတိယအကြိမ်
ပြန်ဖြစ်ကြတာလဲ??

ကျနော် ကိုယ်တိုင်နဲ့ တမိသားစုလုံးလဲ day 20 ဝန်းကျင်မှာ ပြန်ဖျားကြပါတယ် (ကျနော်က တော့ ကောင်းနေပီဆိုပီး ဆင်ဆင်ခြင်ခြင် မနေမိလို့ O2 ကျတဲ့အထိ ပြန်ဖြစ်တာပါ)
ခုဆို ၂ ခါပြန်ဖြစ်တဲ့ သူတွေလဲ တော်တော်များလာပါပီ။ ဒုတိယအကြိမ် မှ O2ကျတဲ့သူတွေလဲ အတော်များများ
တွေ့လာရပါတယ်

အခုကျနော်တို့ဆီမှာ ဖြစ်နေတဲ့ covid delta က တော်တော်ပြင်းပါတယ် ။ 1st wave 2nd wave တွေထက်ကို အများကြီးပိုပြင်းထန်ပါတယ် ။
ဒီ delta covidဟာ ကျနော်တို့ဆီမှာ ခုမှစဖြစ်ကြတာဆိုတော့ ဘာပီးရင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှသေသေချာချာ တိတိကျကျ မသိသေးပါဘူး။
အားလုံးအတွက်က ဒီရောဂါက အသစ်ဖြစ်နေပါတယ်။

အကုန်လုံးက စမ်းတဝါးဝါးနဲ့ ကုနေကြရတာပါ။
ကောင်းသွားတဲ့ သူတွေရှိသလို လက်လွှတ်ဆုံးရှူံးလိုက်ရတဲ့သူတွေလဲရှိပါတယ်။ ကောင်းသွားတဲ့ သူတွေဟာလည်း လုံးဝအလျှင်း နေကောင်းသွားတာ မျိုးမဟုတ်ပဲ နောက်ဆက်တွဲ ပြသနာ တွေကျန်နေပါသေးတယ်။
အဲ့ဒီနောက်ဆက်တွဲ ပြသနာတွေကြောင့်ပဲ
ဆုံးရှူံးသွားတဲ့ သူတွေလဲရှိပါတယ်။

ဒါဆိုရင် ဒုတိယအကြိမ် မဖြစ်အောင် ဘယ်လို နေရမလဲ??
ဖြစ်ခဲ့ရင်ရော ဘာတွေကို ဂရုစိုက်ရမလဲ??
ဖြစ်ပီးပြန်ကောင်းသွားတဲ့အချိန်မှာ ရောဘာတွေကိုသတိထားစောင့်ကြည့်ရမလဲ ??
ဒုတိယအကြိမ်ပီးတော့ တတိယအကြိမ် ရော လာဦးမှာလား ??စသဖြင့် မေးခွန်းပေါင်းများစွာ ကိုစဉ်းစားနေမိပါတယ်။

ကျနော့်အမေဆို day 40 ကျော်ပါပီ ။
လုံးဝနီးပါးကောင်းနေပါပီ။
ဒါပေမယ့် မနေ့ကစပီး လက်ဆစ်ခြေဆစ်တွေစနာပါတယ်။ လေးဖက်နာလဲ မရှိပါ။အရမ်းနာလွန်းလို့ အိပ်ယာထဲပါလဲသွားပါတယ်။ နောက်ဆုံး Analgesic suppo (ဒုံးကျည်)ပေးလိုက်မှ သက်သာသွားပါတယ်။

ကျန်တဲ့အိမ်သားတွေ ကလဲ Day 20 30 ဝန်းကျင်ရောက်နေကြပါပီ။
အားလုံးပြန်ကောင်းနေကြပီဆိုပေမယ့်
နောက်ဆက်တွဲ လက္ခဏာတွေ ကျန်နေပါတယ်။
ပြန်ကောင်းလာပီး နောက်ပိုင်း ကျနော်တို့ကြုံရတဲ့ လက္ခဏာ တွေက

၁။ လက်ဖဝါးတွေ ပုံမှန်ထက်ပို ပူနေပါတယ်..
၂။ ခန္ဓာကိုယ်က ချမ်းချင်တဲ့အချိန်ထချမ်းပါတယ်.. တခါတလေကျ တော့လည်းချွေးတွေအများကြီးထွက်ပီး အိုက်လာပါတယ် ..
၃။ နည်းနည်း လှုပ်ရှားလိုက်တာနဲ့ မောပီးဟိုက်လာပါတယ်…
တခါတ​လေ ကျတော့ လှုပ်၂ရှား၂ မလုပ်ပဲ ထိုင်နေ အိပ်နေရင်း နဲ့ကို နည်းနည်းမောပီး အသက်ရှူကြပ်လာတတ်ပါတယ် ..
Spo2 တိုင်းကြည့်တော့မကျပါဘူး.
၎။ ချောင်းနည်းနည်းဆိုးပါတယ်..
၅။ ညဘက်တွေ ကောင်းကောင်းအိပ်မပျော်ပါဘူး ..ခနခန လန့်နိုးပါတယ် ..တခါတလေ မနက်အစောကြီးနိုးနေပီး ပြန်အိပ်မရတော့ပါဘူး..
၆။ ခြေဆစ် လက်ဆစ်တွေ နာတာ ကိုက်တာတွေ ဖြစ်ပါတယ်..
၇။ လည်ချောင်းထဲမှာ ချွဲနဲနဲကပ်ပီး စကားများများ ပြောရင် အသံကတချက်တချက် ညှောင်နာနာဖြစ်ပီး တိမ်ဝင်သွားပါတယ်..
၈။ ဗိုက်ခနခနဆာပီး အများကြီးစားလိုက်ရင် တခါတလေ လေတွေပွနေပီးအစာမကျေတာမျိုးလဲ ဖြစ်ပါတယ်။
၉။စိတ်ဓါတ်က တက်လိုက် ကျလိုက်ဖြစ်နေပါတယ်။ စိတ်ပူပင်စရာ အလုပ်ကိစ္စတွေ စိတ်ဖိစီးစရာ ဒေါသဖြစ်စရာကိစ္စ ဟာ မစဉ်းစားပဲ သူ့အလိုလို ခေါင်းထဲ ဝင်လာတတ်ပါတယ်။
၁၀။ ရင်ဘတ်နဲ့ ကျောကုန်းကို ထိရင် ဖိလိုက်ရင် နာပါတယ် ..
၁၁။ လက် ရင်ဘတ်နဲ့ ကျောကုန်းမှာ အနီဖုတွေ အနီပြင် အနီစက်တွေ ထွက်လာပါတယ် ..
၁၂။ ခြေသလုံးကြောတွေ ပေါင်ကြောတွေ တင်းပီး တောင့်နေတတ်ပါတယ်။
၁၃။ တခါတလေ ခေါင်းနည်းနည်းကိုက်ပီး ခေါင်းလေး ခေါင်းအုံနေတတ်ပါတယ်
၁၄။တခါတလေ ရင်တုန်ပီး လူကတုန်ကယင်ဖြစ်တတ်ပါတယ်..
၁၅။ရေထိလိုက်တာနဲ့ ခဏလေးအတွင်း လက်ဖဝါးကအရေပြားတွေ တွန့်ကုန်ပါတယ်.

အခုကဘယ်လိုဖြစ်နေလဲဆိုတော့ နေမကောင်းဘူးလားဆိုတော့ လဲမဟုတ်ဖူး..
ကောင်းနေပီလားဆိုတော့လဲ မဟုတ်ပြန်ဘူး…
ကောင်းပီလား မကောင်းဘူးလားကိုယ့်ဟာကိုလဲ မသိ အဲ့လိုဖြစ်နေတာပါ။

ဘာပဲဖြစ်ဖြစ် day 20 ကျော်လာတဲ့သူတွေဟာ အဆိုးဆုံး အခြေအနေကို ဖြတ်ကျော် ပီးသွားပါပီ ။ ရှေ့ဆက်ပိုပီးကောင်းဖို့ပဲ ရှိပါတယ်။ တခုတော့ရှိပါတယ်။ မနေ့က ကျနော်ပြောထားသလို ဂရုမစိုက် ပေါ့ပေါ့ဆဆ နေတာမျိုး တော့ လုံးဝမလုပ်ပါနဲ့ ။ နောက်ထပ် ဘာတွေဆက်ဖြစ်နိုင်သလဲဆိုတာ ဘယ်သူမှ မသိသေးပါဘူး။ ဉပမာ နောက်ဆက်တွဲ သွေးခဲပိတ်တဲ့ ပြသနာ လို မျိုးတွေ ဖြစ်လာရင် အကုန်လုံးဆုံးရှုံးသွားနိုင်ပါတယ် ။ ကျနော်တို့ဟာ အသက်နဲ့ရင်းပီး ဒီရောဂါကို တိုက်နေရတာပါ။
ရန်သူကို မျက်ခြေပြတ်မခံသလို ကျနော်တို့ ခန္ဓာကိုယ်ကိုလဲ အမြဲဂရုစိုက်ပီး သတိနဲ့ စောင့်ကြည့်နေရပါမယ်။

Day 20 နောက်ပိုင်း သတိထားသင့်တဲ့ အချက်တွေက

၁။ရေချိုးခေါင်းလျှော်သတိထားပါ ရေနွေးနဲ့ချိုးပါ အအေးခံတာမျိုးမလုပ်ပါနဲ့
၂။သွေးမခဲအောင် ခြေထောက်လေ့ကျင့်ခန်းနေ့တိုင်းလုပ်ပေးပါ
၃။အလေးအပင်တွေ မ မပါနဲ့..
ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့
၎။အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးပါ
၅။Spo2 နဲ့ Heart rate ကို တနေ့ ၃ ကြိမ်လောက် တိုင်းပေးပါ
၆။အစားအသောက်ကို မလျော့ပါနဲ့
အဟာရပြည့်အောင်စား များများစားပေးပါ (weight တက်လာလဲနောက်မှ ပြန်ချလို့ရပါတယ်)
၇။စောစောအိပ်ပါ
ညည့်နက်တဲ့အထိမနေပါနဲ့
၈။ရေများများသောက်ပါ
၉။အမြဲတမ်းစောင်းပီး အိပ်ပါ ပက်လက်လုံးဝမအိပ်ပါနဲ့
၁၀။ရေနွေးသောက်ပါ

အရေးကြီးတဲ့ သတိထားရမယ့်
အချက်တွေက

၁။O2 ကျလာရင်
၂။နားနေပေမယ့်လဲ မှာ Heart Rate
အရမ်းတက်နေရင်
၃။ခြေတွေ လက်တွေ ထုံလာရင်
၎။ရင်ဘတ် အောင့်လာရင်
၅။ခြေသလုံး တွေ ယောင်နေ နာနေတာမျိုး ဖြစ်လာရင်
၆။ချောင်းအဆက်မပြတ် ဆိုးတာမျိုးဖြစ် နေပီဆိုရင်

ဆရာဝန်နဲ့ ချက်ခြင်းပြပီး လိုအပ်တဲ့ စစ်ဆေးမှုတွေ သွေးစစ်တာတွေ ရင်ဘတ်ဓါတ်မှန်ရိုက်တာတွေကို လုပ်သင့်ပါတယ်…

ကောင်းနေပီဆိုပီး လူကောင်းတယောက်လို အလုပ်တွေကို မလုပ်ပါနဲ့။ ပြန်ဖျားတတ်ပါတယ်။ အရမ်းကြောက်ပီး ဘာမှ မလုပ်ပဲ တချိန်ကုန် အိပ်ယာထဲ မှာနေတာမျိုးလဲ မလုပ်ပါနဲ့။ သွေးခဲတတ်ပါတယ်။

အသက်ကို ဥာဏ်စောင့် ဆိုသလို ပေါ့ပေါ့ဆဆ မနေပဲ ဉာဏ်နဲ့ ယှဉ်တဲ့ သတိအမြဲရှိနေရပါမယ်။ အများကြီးလဲ စိတ်ပူပန် စိတ်အားငယ်တာမျိုး မဖြစ်ပါနဲ့ ။ ကိုယ့်ဘက်က လုပ်စရာ ရှိတာ အားလုံး ကို သေချာ လုပ်ထားပီးရင် ရပါပီ ။ ကျန်တာက ကံတရားပါ။ တတ်နိုင်သလောက်စိတ်ကို ပျော်အောင်နေပါ။ ဒီအချိန်မှာ အသက်ထက်အရေးကြီးတာ ဘာမှမရှိပါဘူး။ ကြွေလွင့်သွားရတဲ့သူတွေအတွက် စိတ်မကောင်းပေမယ့် ဒီအချိန်မှာ အသက်ရှင်နေသေးတာဟာ အကောင်းဆုံး Blessing ဆိုတဲ့စိတ်နဲ့ ရှင်သန်နေထိုင်ပါ။

နောက် ၂ လ ၃ လ လောက်အထိ သွားသတိ လာသတိ စားသတိ ဘာပဲလုပ်လုပ်အမြဲတမ်းသတိကပ်ထားရပါမယ်။
မနေ့က ပြောခဲ့သလိုပါပဲ
ကျနော်တို့ မြတ်စွာဘုရားဟောထားတဲ့အတိုင်း နေထိုင်ကြရပါမယ်..
အဲ့ဒါကတော့
“အပ္ပမာဒေန သမ္မာဒေထ” တဲ့..
အဓိပ္ပါယ်ကတော့
“အမြဲတမ်း မမေ့မလျော့ သတိနဲ့ နေထိုင်ပါ” တဲ့။
မိတ်ဆွေ များအာလုံး ကျန်းမာ ချမ်းသာပီး ဒီကပ်ဆိုးကြီး တွေကို အတူတကွ ကျော်ဖြတ်နိုင်ကြပါစေ။


Aung Phyo Hein

Amlotere 5Vitamin EUrocrushBeovitဒီနေ့ ဆေး အသစ် ထပ်ရောက်လာတာလေးတွေပါဆိုင်လိပ်စာချောင်းနက် လမ်းဆုံအရှေ့ အနီးတောင်တွင်း ကြ...
24/08/2021

Amlotere 5
Vitamin E
Urocrush
Beovit

ဒီနေ့ ဆေး အသစ် ထပ်ရောက်လာတာလေးတွေပါ

ဆိုင်လိပ်စာ

ချောင်းနက် လမ်းဆုံအရှေ့ အနီး
တောင်တွင်း ကြီး
အောင်သီလ ဆေးဆိုင်

Covid ကာလ ဆိုင်ဖွင့်ချိန်
မနက် ၇ နာရီ မှ မနက် ၁၀ နာရီ
ညနေ ၅နာရီ မှ ည ၇ နာရီ အထိ

ဆက်သွယ်ရန် ဖုန်း

09401618720
09972684052

🛑 Covid 19 ရောဂါဆိုးကြီး ဖြစ်နေစဉ်နဲ့ Covid ဖြစ်ပီး လူမှုရေး စီးပွားရေး ကြန့်ကြာ အလုပ်အကိုင်အဆင်မပြေခြင်းတို့ကြောင့် စိတ...
24/08/2021

🛑 Covid 19 ရောဂါဆိုးကြီး ဖြစ်နေစဉ်နဲ့ Covid ဖြစ်ပီး လူမှုရေး စီးပွားရေး ကြန့်ကြာ အလုပ်အကိုင်အဆင်မပြေခြင်းတို့ကြောင့် စိတ်ဖိစီးမှု မျိုးစုံခံစားနေရပါတယ် 🛑

☘️ စိတ်ပင်ပန်းလူပင်ပန်း အားအင်ကုန်ခမ်းဖြစ်နေခြင်းကြောင့် အစားအသောက်မမှန်တာတွေ ဖြစ်တဲ့အခါ ဗီတာမင်ဖြစ်စေ ဆရာဝန်ညွှန်ကြားထားတဲ့ အားဆေးတစ်မျိုးမျိုးဖြစ်စေ နေ့စဉ် မှီဝဲဖို့လိုအပ်ပါတယ် ☘️

😍 ဒီနေ့မှာတော့ ဘယ်လိုအားဆေးတွေသောက်သုံးလို့ရလဲဆိုတာနဲ့ မင်မင်တို့အကြိုက်ဆုံး အားဆေးလေးတွေကို ရွေးချယ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် 😍

✅ အခု ရွေးပြထားတဲ့ အားဆေးတွေအပြင် တခြားအားဆေးတွေလည်း တစ်နေ့တစ်လုံး ရွေးချယ်သောက်သုံးပေးလို့ရပါတယ်နော် ✅

ဆိုင်လိပ်စာ

ချောင်းနက် လမ်းဆုံအရှေ့ အနီး
တောင်တွင်း ကြီး
အောင်သီလ ဆေးဆိုင်

Covid ကာလ ဆိုင်ဖွင့်ချိန်
မနက် ၇ နာရီ မှ မနက် ၁၀ နာရီ
ညနေ ၅နာရီ မှ ည ၇ နာရီ အထိ

ဆက်သွယ်ရန် ဖုန်း

09401618720
09972684052

Address


Telephone

+959401618720

Website

Alerts

Be the first to know and let us send you an email when အောင်သီလ ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to အောင်သီလ ဆေးဆိုင်:

  • Want your business to be the top-listed Health & Beauty Business?

Share