Thu Kha Mon - Clinic

Thu Kha Mon - Clinic medical services

🌟 WE ARE HIRING 🌟ကျွန်ုပ်တို့ သုခမွန်အထူးကုဆေးခန်းမှ ဝန်ထမ်းအသစ်များ အလိုရှိပါသည်​👥 ခေါ်ယူမည့် ရာထူးများ​🔹 လူနာဆက်ဆံရေးဝ...
09/04/2026

🌟 WE ARE HIRING 🌟

ကျွန်ုပ်တို့ သုခမွန်အထူးကုဆေးခန်းမှ ဝန်ထမ်းအသစ်များ အလိုရှိပါသည်

​👥 ခေါ်ယူမည့် ရာထူးများ

​🔹 လူနာဆက်ဆံရေးဝန်ထမ်း (Receptionist) - (၂) ဦး
🔹 ကောင်တာဝန်ထမ်း (Counter Staff) - (၁) ဦး

​✅ လိုအပ်သော အရည်အချင်းများ
​🏥 အနည်းဆုံး Nurse-aid သင်တန်း ပြီးမြောက်ထားသူ
💊 ဆေးဘက်ဆိုင်ရာ လုပ်ငန်းခွင် အတွေ့အကြုံရှိသူ (ဦးစားပေးမည်)
😊 ဖော်ရွေပျူငှာပြီး အမြဲပြုံးရွှင်စွာ ဆက်ဆံနိုင်သူ
📝 ကျောင်းကိစ္စ ကင်းရှင်းပြီး ရေရှည် လုပ်ကိုင်နိုင်သူ

​💰 ခံစားခွင့်များနှင့် အခွင့်အရေးများ
​💵 လစာ ညှိနှိုင်း (အရည်အချင်းပေါ် မူတည်၍)
🏠 နေထိုင်ရန် အဆောင် စီစဉ်ပေးမည်
🍽️ နေ့လယ်စာ အခမဲ့ ကျွေးမွေးမည်
🎖️ ရက်မှန်ကြေးနှင့် Bonus များ ရရှိမည်


🏥 လိပ်စာ: ရပ်ကွက်(၁)၊ ကမ်းနားလမ်း view point အနီး၊ ဝိုင်းမော်မြို့ ။

📱Ph: 09448173154

လျှောက်ထားလိုသူများ CV Form နှင့်တကွ ဆေးခန်းသို့ လူကိုယ်တိုင်လာ၍ (သို့)
Page မှ တစ်ဆင့် ဆက်သွယ် လျှောက်ထားနိုင်ပါသည်။

ဝိုင်းမော်ပြည်သူပြည်သားတွေ မင်္ဂလာပါ 🙏💙ဒီရက်ပိုင်းမှာ “ဝမ်းလျှောနေတယ်” လို့ ပြောတဲ့လူတွေ များလာတာ တွေ့ရပါတယ်နော် 😟ရာသီဥတ...
17/03/2026

ဝိုင်းမော်ပြည်သူပြည်သားတွေ မင်္ဂလာပါ 🙏💙

ဒီရက်ပိုင်းမှာ “ဝမ်းလျှောနေတယ်” လို့ ပြောတဲ့လူတွေ များလာတာ တွေ့ရပါတယ်နော် 😟
ရာသီဥတုလည်း အနည်းငယ်ပူလာတာကြောင့် ယင်တွေလည်း စပေါ်လာပြီး ဝမ်းနဲ့ဆက်စပ်နဲ့ရောဂါတွေ ပြန်ပြီး အဖြစ်များလာတာပါ🙁
အထူးသဖြင့် IDP camp တွေမှာ ပိုဖြစ်လွယ်တာကြောင့် ဒီနေ့ ဝမ်းလျှောရောဂါ (Diarrhoea) အကြောင်းကို အရေးကြီးချက်တွေ မျှဝေပေးချင်ပါတယ်။

---

🤔 ဝမ်းလျှောဆိုတာ ဘယ်လိုလဲ?
တစ်နေ့ကို ၃ ကြိမ်ထက်ပိုပြီး ရေလိုဝမ်းသွားရင် ဝမ်းလျှောလို့ ခေါ်ပါတယ်။

---

🦠 ဘာကြောင့်ဖြစ်တတ်လဲ?
• မသန့်ရှင်းတဲ့အစားအစာ 🍜
• မသန့်ရှင်းတဲ့ရေ 💧
• လက်မဆေးဘဲ အစာစားခြင်း ✋
• ပိုးများ (Bacteria / Virus) ဝင်ခြင်း 🦠

---

⚠️ အရေးကြီးတာတစ်ခုမေးမယ်နော်…
ဝမ်းလျှောရင် ဘာအန္တရာယ်ရှိလဲ သိကြလား ?

👉 အဓိကက ရေဓာတ်လျော့ခြင်း (Dehydration) ဖြစ်ပါတယ်
👶 ကလေးတွေ၊ 👴 အသက်ကြီးသူတွေမှာ အန္တရာယ်ပိုများပါတယ်

---

💊 ဝမ်းလျှောရင် ဘာလုပ်သင့်လဲ?
အရေးကြီးဆုံး ၃ ခု မှတ်ထားနော်👇

✅ ORS (ဓာတ်ဆားရေ) သောက်ပါ 💧
✅ ရေများများသောက်ပါ
✅ ဆန်ပြုတ်လို ပျော့ပျောင်းအစားအစာစားပါ 🍚

---

🚨 ဒီလိုဖြစ်ရင် ဆေးရုံကို လာပါနော်!
• ဝမ်းအရမ်းများ
• မောပန်း၊ အားနည်း
• ဝမ်းထဲသွေးပါ
• ၆ လအောက် ကလေးနှင့် နို့မသောက်နိုင်သည့် ကလေးများ

မနောက်ကျပါနဲ့နော် ❗

---

🛡️ ဘယ်လိုကာကွယ်မလဲ? (General)
🧼 လက်ကိုဆပ်ပြာနဲ့ မကြာခဏဆေးပါ
💧 သန့်ရှင်းတဲ့ရေသောက်ပါ
🍲 အစားအစာကိုကောင်းစွာချက်ပြုတ်စားပါ
🪰 အစားအစာကို ယင်မနားအောင် ဂရုစိုက်ပါ ❌
👉 ယင်​ကောင်တွေက ပိုးများကို သယ်ဆောင်နိုင်ပါတယ် 🦠
🚽 အိမ်သာသုံးပြီးနောက် လက်ဆေးပါ

---

🏕️ IDP Camp မှာ နေထိုင်သူများအတွက် အထူးအကြံပြုချက်

👉 Camp တွေမှာ လူအများစုနေထိုင်တာကြောင့် ​ရောဂါ ကူးစက်ရန်ပိုလွယ်ပါတယ်

✔️ သောက်ရေကို ကြိုချက်ပြီးမှ သောက်ပါ (boiled water) 💧
✔️ ရေသိုလှောင်ထားတဲ့ဘူးတွေကို အဖုံးပိတ်ထားပါ
✔️ အစားအစာကို ဖုံးအုပ်ထားပါ 🍲
✔️ အိမ်သာအသုံးပြုပြီးတိုင်း လက်ဆေးပါ 🧼
✔️ အထူးသဖြင့် ကလေးငယ်တွေကို လက်သေချာဆေးပေးရန် လိုအပ်ပါတယ်👶
✔️ ဝမ်းလျှောဖြစ်သူများကို အခြားသူများနဲ့အနည်းငယ်ခွဲထားပါ

---

❌❌ လူတွေမှားယုံနေတဲ့အရာတွေ + အရေးကြီးသတိပြုရန်

🚫 “ဝမ်းလျှောရင် မစားရဘူး”
👉 မဟုတ်ပါဘူး — ပိုပြီးတော့တောင်စားပေးရပါတယ်။ ပျော့ပျောင်းအစားအစာ များကိုများများစားရပါမယ် (ဆန်ပြုတ် စသည်)

🚫 “သူ့ဘာသာပျောက်သွားမယ်”
👉 မဟုတ်ပါဘူး — ORS မသောက်ရင် ရေဓာတ်လျော့နိုင်ပါတယ်

🚫 “ကလေးဝမ်းလျှောရင် နို့မတိုက်ရဘူး”
👉 မဟုတ်ပါဘူး — မိခင်နို့ ဆက်တိုက်ပေးရပါတယ် 👶

---

⚠️ ORS ဖျော်တဲ့အခါ လူများမှားနေတဲ့အချက် (အရမ်းအရေးကြီးပါတယ်!)

ORS ကို မှန်ကန်စွာမဖျော်ရင်
👉 ဝမ်းလျှောပိုဆိုးနိုင်ပါတယ် 😟

✔️ 1 ထုတ် ကို 1 Liter (1000ml) ရေနဲ့ဖျော်ရမယ်
(သို့)
✔️ 200 ml အထုတ်သေး ဖြစ်ရင် 200 ml ရေနဲ့သာဖျော်ရမယ်

👉 ဓာတ်ဆားထုတ် ပေါ်မှာရေးထားတဲ့အတိုင်း အတိအကျလိုက်နာပါ
👉ဓာတ်ဆားထုတ်တိုင်းမှာ ရေးထားကြပါတယ်

🚫 ရေကိုနည်းပြီးဖျော်ခြင်း
🚫 ရေကိုများပြီးဖျော်ခြင်း

❗ ဒီလိုမှားလျှင် ဆားဓာတ်(electrolyte) မညီဖြစ်ပြီး ဝမ်းလျှောပိုဆိုးနိုင်ပါတယ်

---

💡 အလွယ်မှတ်နည်း
👉 “ဓာတ်ဆား တစ်ထုပ် (ပုံမှန်လူကြီးသောက် အထုတ်ကြီး) = ရေတစ်လီတာ

---

💙 ကျန်းမာရေးအတွက် ဓာတ်ဆား ကို မှန်ကန်စွာဖျော်ပြီး သောက်ပေးကြပါနော်

💬 မေးချင်တာလေးတစ်ခု…
Camp မှာနေရင်း ရေကို​ကြိုချက်ပြီး သောက်ကြရဲ့လား 😄
ရှိရင် “ရှိတယ်” လို့ comment မှာရေးပေးကြပါနော် 👇💙

---

💙 ကျန်းမာရေးက အရေးကြီးဆုံးပါ
ဝမ်းလျှောဖြစ်လာရင် ရေဓာတ်မလျော့အောင်ထိန်းသိမ်းပြီး
လိုအပ်ရင် ဆေးရုံကို အချိန်မီလာရောက်ပါနော်

📍 သုခမွန်မိသားစု မှ မေတ္တာဖြင့် မျှဝေပါသည်

💙💙အောက်ကပုံလေးက အကယ်၍ Camp မှာဖြစ်ဖြစ် ညရေးညတာ ဖြစ်ဖြစ် ဓာတ်ဆားအနားမှာမရှိခဲ့လျှင် မိမိဘာသာဓာတ်ဆားပြုလုပ်နည်းလေးပါ 🥰

Photo crd
#ဝမ်းလျှော #ကျန်းမာရေးအသိပညာ

ဝိုင်းမော်မြို့ရှိ မိဘပြည်သူများအားလုံး မင်္ဂလာပါခင်ဗျာ ။ ကျွန်တော်တို့ သုမခွန် အထူးကုဆေးခန်းရဲ့ page လေး တစ်နှ...
23/01/2026

ဝိုင်းမော်မြို့ရှိ မိဘပြည်သူများအားလုံး မင်္ဂလာပါခင်ဗျာ ။

ကျွန်တော်တို့ သုမခွန် အထူးကုဆေးခန်းရဲ့ page လေး တစ်နှစ်ကျော်ကြာ တိတ်ဆိတ်သွားခဲ့ရတဲ့ အတွက် အရင်ဆုံး အနူးအညွတ် တောင်းပန်အပ်ပါတယ်။ 😞

ပြီးခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတဲ့ မိဘပြည်သူတွေ၊ အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရတဲ့ ဒေသခံ တွေအားလုံးနဲ့အတူ ကျွန်တော်တို့ သုခမွန်မိသားစုက ထပ်တူထပ်မျှစိတ်မကောင်းဖြစ်ရပါတယ်။ အားလုံးပဲ ဘေးကင်းလုံခြုံကြပါစေလို့လည် အမြဲတမ်း ဆုတောင်းပေးနေပါတယ်။

အခုအချိန်ကစပြီး ကျွန်တော်တို့ရဲ့ Page လေးကို ပြန်လည် လည်ပတ်သွားတော့မှာ ဖြစ်ပါတယ်။ မိဘပြည်သူတွေအတွက် လိုအပ်တဲ့ ကျန်းမာရေးဗဟုသုတတွေကို တိတ်နိုင်သမျှ ပုံမှန်ဝေမျှပေးသွားမှာဖြစ်သလို၊ အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့လည်း အစဥ်တစိုက် ကြိုးစားသွားပါ့မယ်။😊😊

ကျွန်တော်တို့အပေါ် အမြဲယုံကြည်အားကိုးကြတဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ 😇😇

အမြဲတမ်း ဘေးကင်းကျန်းမာကြပါစေ။ 😇😇😊😊

လိပ်စာ 🏥 ရပ်ကွက် (၁) ကမ်းနားလမ်း၊ View Point အနီး ၊ ဝိုင်းမော်မြို့ ။

ဆေးခန်းဖွင့်ချိန် 🕐

👉👉 ၂၄ နာရီ ကျန်းမာရေးဝန်ဆောင်မှု ပေးပါသည်။

👨‍🔬👩‍🔬

အထူးကုဆရာဝန်ကြီးများနှင့်လည်းတိုင်ပင်ဆွေးနွေးနိုင်ပါသည်။

👉👉
သားဖွားမီးယပ်အထူးကု
အပတ်စဥ် တနင်္လာ ၊ အင်္ဂါ ၊ ကြာသပတေးနေ့

👉👉
ကလေးအထူးကု
အပတ်စဥ် ဗုဒ္ဓဟူး ၊ သောကြာ ၊ စနေနေ့
( နံနက် ၁၀ နာရီ )

👉👉
သမားတော်
တနင်္ဂနွေနေ့ ( တစ်ပတ်ခြား )

👉👉
အာထရာဆောင်း
အင်္ဂါ ၊ ကြာသပတေး ( နေ့လယ် ၁၂ နာရီမှ ၂ နာရီ )
အခြားရက် ( နံနက် ၁၀ နာရီမှ ညနေ ၃ နာရီ )

☎☎
09448173154

** အထူးကုဆရာဝန်ကြီးများ လူနာ ကြည့်ချိန်သည် အပြောင်းအလဲများရှိနိုင်သောကြောင့် ဖုန်းမှ တစ်ဆင့် (သို့ ) Page မှတစ်ဆင့် ရက်ချိန်းယူနိုင်ပါသည် ။

Address

ကမ်းနားလမ်း၊ View Point အရှေ့ ဝိုင်းမော်မြို့။
Waingmaw
1123

Telephone

+959448173154

Website

Alerts

Be the first to know and let us send you an email when Thu Kha Mon - Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thu Kha Mon - Clinic:

Shortcuts

Share