သောကြာကြယ် - ဆေးစတိုး

သောကြာကြယ် - ဆေးစတိုး နိုင်ငံခြားဆေး နှင့် မြန်မာတိုင်းရ?

အသက် (၁) နှစ်မှ (၁၂) အထိ ကလေးတိုင်းသောက်သုံးနိုင်တဲ့ NAZCO NUTRIKID SYRUP ဟာ ဆိုအခြားဖြည့်စွက်အားဆေး တိုက်စရာမလိုအောင်ကိ...
05/02/2026

အသက် (၁) နှစ်မှ (၁၂) အထိ ကလေးတိုင်းသောက်သုံးနိုင်တဲ့ NAZCO NUTRIKID SYRUP ဟာ ဆိုအခြားဖြည့်စွက်အားဆေး တိုက်စရာမလိုအောင်ကို တစ်မျိုးတည်းနဲ့ပြီးပြည့်စုံတဲ့ အာနိသင်ကို သားသားမီးမီးတို့အတွက် ပြည့်စုံစွာ ထည့်သွင်းပေးထားပါတယ်။

🎯 NAZCO NUTRIKID SYRUP မှာဆိုရင်တော့ အာဟာရဓာတ်ပြည့်ဝ စုံလင်စွာထည့်သွင်းထားပြီး သားသားမီးမီးတို့ရဲ့
ဦးနှောက်နှင့် ဉာဏ်ရည်အတွက် DHA၊ B Complex ၊ Iodine တို့ပါဝင်ပါတယ်။
ကိုယ်ခံအားနှင့်တက်ကြွမှုအတွက် Zinc ၊ Iron ၊ Vitamin D3 ၊ Vitamin E ၊ Selenium ၊ Copper
မျက်လုံးအားနှင့် အမြင်အာရုံအတွက် Lutein ၊ Zeaxanthin ၊ Beta Carotene ၊ Vitamin A စတဲ့အာဟာရဓာတ်စုစုပေါင်း ( ၂၂ ) မျိုးကို ပြည့်စုံမျှတစွာထည့်သွင်းထားပါတယ်ရှင့်။

အရသာလေးအနေနဲ့လည်း Mixed Fruit Flavour (သီးစုံအရသာ) ဖြစ်၍ သားသားမီးမီးတို့ အတွက်သောက်ရတာလွယ်ကူပါတယ်နော်။

အသက် (၁) နှစ်မှ (၁၂) အရွယ်ထိ သားသားမီးမီးတို့အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း မေမေတို့ရဲ့ Review ကောင်းများစွာက သက်သေပါပဲရှင့်။

NAZCO NUTRIKID SYRUP က ဈေးနှုန်းလည်းသင့်တင့်ပြီး မြန်မာနိုင်ငံ ဆေးဝါးထောက်ခံချက်လက်မှတ် FDA ရရှိထားတဲ့အပြင် NAZCO TRADING LTD. မှတိုက်ရိုက်တင်သွင်းဖြန့်ချိတာမို့ အရည်အသွေးအတွက် စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။

#သားသားမီးမီးတိုင်းSmartကျစေဖို့NUTRIKIDကိုတိုက်ကြစို့

စပ်ဆေးအန္တရာယ် ☠️☠️☠️
05/02/2026

စပ်ဆေးအန္တရာယ် ☠️☠️☠️

‎သေမင်းဆီက ချေးယူထားတဲ့ ခဏတာ နေကောင်းခြင်း - သင် သောက်နေတဲ့ ဆေးထဲမှာ ဘာတွေ ပါနေလဲ?

‎ဆရာဝန်တွေက ဓာတ်မှန်ရိုက်တယ်၊ သွေးစစ်တယ်၊ ပြီးမှ ဆေးပေးတယ်။ ဒါပေမဲ့ လမ်းထိပ်က ဆေးဆိုင်ကတော့ သင်ဘာဖြစ်ဖြစ် "ဒါလေးသောက်လိုက်၊ ချက်ချင်းလန်းသွားမယ်" ဆိုပြီး ဆေး ၄၊ ၅ လုံးထုပ်ပေးလိုက်တယ်။ ဒါဟာ ဆေးကုတာလား၊ သင့်အင်္ဂါအစိတ်အပိုင်းတွေကို ဖျက်ဆီးလိုက်တာလား?

‎၁။ "Dexamethasone"
‎မြန်မာပြည်က စပ်ဆေးတော်တော်များများမှာ ပါတဲ့ "အရိုးစုဆေး (သို့မဟုတ်) အားဆေး" လို့ လူသိများတဲ့ စတီးရွိုက် (Steroid) တွေအကြောင်းပါ။
‎• လူနာတွေက ဒီဆေးသောက်ရင် ထမင်းစားဝင်တယ်၊ အညောင်းအညာပြေတယ်ဆိုပြီး စွဲသောက်ကြတယ်။
‎• အမှန်တရား: ဒါဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို "ပိတ်" ထားလိုက်တာပါ။ ရောဂါပျောက်တာမဟုတ်ဘဲ ဝေဒနာကို ခဏမေ့အောင် လုပ်ထားတာပါ။
‎• နောက်ဆက်တွဲ: ကျောက်ကပ်ပျက်စီးတာ၊ မျက်နှာဖောင်းအမ်းလာတာ (Moon Face) နဲ့ နောက်ဆုံး ဆေးရုံရောက်တဲ့အခါ ဘာဆေးမှ ကုမရတော့တဲ့အထိ ဖြစ်သွားတာကို ဆရာဝန်တွေ နေ့တိုင်း တွေ့နေရတယ်။

‎၂။ "ဆေးပတ်လည်အောင် မသောက်ခြင်း"
‎"နေကောင်းသွားပြီပဲ၊ ဆေးဖြတ်လိုက်တော့မယ်" ဆိုတဲ့ အလေ့အထဟာ သင့်ခန္ဓာကိုယ်ထဲမှာ စူပါပိုး (Superbugs) တွေကို မွေးမြူနေတာပါ။
‎• သင် ဆေးဖြတ်လိုက်တဲ့အခါ မသေဘဲ ကျန်ခဲ့တဲ့ ပိုးတွေက အဆင့်မြင့်သွားပါတယ်။
‎• နောက်တစ်ခါ အဲဒီရောဂါပြန်ဖြစ်ရင် အရင်ဆေးက လုံးဝ မတိုးတော့ပါဘူး။
‎• Shocking Point: နောက်ဆုံးမှာ သင့်ကို ကယ်တင်နိုင်တဲ့ ပဋိဇီဝဆေး (Antibiotics) လောကမှာ မရှိတော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

‎၃။ "Social Media ပေါ်က အဆိပ်အတောက်များ"
‎"ဒါလေးသောက်ရင် ကင်ဆာပျောက်တယ်၊ ဒါလေးလိမ်းရင် ဆီးချိုကျတယ်" ဆိုတဲ့ သဘာဝဆေးအမည်ခံ Chemical တွေအကြောင်းပါ။ ဆရာဝန်တွေဆီကို ဒီလိုဆေးတွေသောက်ပြီး အသည်းအဆိပ်တက် (Liver Toxicity) ဖြစ်လာတဲ့ လူနာတွေ တသီတတန်းကြီး ရောက်နေပါတယ်။

‎သင် သိပါသလား?
‎ကမ္ဘာပေါ်မှာ ဆေးမှားသောက်လို့ သေတဲ့လူဦးရေဟာ ရောဂါကြောင့် သေတဲ့လူဦးရေနီးပါး ရှိလာနေပါပြီ။ သင်ဟာ ဆေးဆိုင်မှာ "ခေါင်းကိုက်ပျောက်ဆေး ပေးပါ" လို့ ပြောလိုက်တိုင်းသင့်ကျောက်ကပ်ကိုလောင်းကြေးထပ်နေတာနဲ့တူတူပါပဲ။

‎ဆရာဝန်ဆီသွားရင် ပိုက်ဆံကုန်တယ်လို့ ထင်ပါသလား? ဆေးရုံတင်လိုက်ရရင် သင့်အိမ်ပါ ရောင်းလိုက်ရနိုင်ပါတယ်။

‎မိတ်ဆွေရဲ့ မိဘ၊ ညီအစ်ကို မောင်နှမတွေထဲမှာ "စပ်ဆေး" ကို အားကိုးနေသူတွေ ရှိပါသလား? သူတို့ ကျောက်ကပ် မပျက်စီးခင် ဒီ Post ကို Share ပြီး အမြန်ဆုံး တားဆီးပေးလိုက်ပါ။




Dumex တိုက်တဲ့ မေမေတွေ သတိထားလို့ရအောင်ပါ
03/10/2025

Dumex တိုက်တဲ့ မေမေတွေ သတိထားလို့ရအောင်ပါ

စားသုံးသူများထံသို့အသိပေးချက်!!!​
စားသုံးသူများ၏ ယုံကြည်စိတ်ချမှုနှင့် ဘေးကင်းလုံခြုံမှုတို့သည် ကျွန်ုပ်တို့ Danone ၏ အမြင့်မားဆုံး ဦးစားပေးမှုဖြစ်ပါသည်။​
Dumex ကုန်ပစ္စည်းသည် နိုင်ငံတကာမှ အစားအသောက်လုံခြုံမှုဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးမြင့်မားပြီး ယုံကြည်စိတ်ချရသော အာဟာရကုန်ပစ္စည်းတစ်ခုအဖြစ် မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၆၈)နှစ်ကျော်ကြာ ဂုဏ်ယူစွာဖြင့် ရပ်တည်နေပါသည်။​

စျေးကွက်တွင် Dumex ကုန်ပစ္စည်းအတုများ ပြန့်နှံ့နေသည့်ကိစ္စရပ်နှင့်ပတ်သက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ အများပြည်သူထံ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်ကို သိရှိပြီးဖြစ်ပါသည်။​
ကျွန်ုပ်တို့သည် ဤကိစ္စကို အလေးထားဆောင်ရွက်နေပြီး FDA နှင့် စားသုံးသူရေးရာဦးစီးဌာန (DOCA) တို့နှင့်အတူ ပူးပေါင်းကာ လျင်မြန်ပြီး သင့်တော်သော အရေးယူမှုများကို ဆောင်ရွက်နေပါသည်။​
ကျွန်ုပ်တို့သည် စားသုံးသူများကိုကာကွယ်ရန်၊ ပစ္စည်းစစ်မှန်မှုကိုသေချာစေရန်၊ အမြင့်ဆုံးအရည်အသွေးနှင့် ယုံကြည်မှုစံနှုန်းများကို ထိန်းသိမ်းရန်အတွက် အဓိကထားလုပ်ဆောင်နေပါသည်။​
စားသုံးသူများအနေဖြင့် ပစ္စည်းစစ်မှန်မှုကိုသေချာစေရန် ဘူးပေါ်တွင် အောက်ပါအချက်အလက်များကို ပူးတွဲပါပုံထဲကအတိုင်း စစ်ဆေးနိုင်ပါသည်။​

၁။ ဘူးအရှေ့မျက်နှာပြင်တွင် ရိုက်နှိပ်ဖော်ပြထားသော Dumex မြန်မာစာလုံး ​
- ဒူးမက် စာလုံးပေါင်းမှန်မမှန်စစ်ပေးပါ။​

၂။ တရား၀င်ဖြန့်ဖြူးရောင်းချသူများနှင့် ထုတ်လုပ်သူ အချက်အလက်များ​
✅ မိုးအေးရှား ကုမ္ပဏီလီမိတက် (အောက်မြန်မာပြည်အတွက် တရားဝင်ဖြန့်ဖြူးရောင်းချသူဖြစ်ပြီး ဘူးရဲ့ ဘေးဘက်ခြမ်းတွင် လိပ်စာ, ဖုန်းနံပါတ်များ ကိုရိုက်နှိပ်ဖော်ပြထားပါသည်။)​
✅ ဒီကေအက်စ်အိပ်(ချ်) ( မြန်မာ) လီမိတက် (အထက်မြန်မာပြည်အတွက် တရားဝင်ဖြန့်ဖြူးရောင်းချသူဖြစ်ပြီး ဘူးရဲ့ဘေးဘက်ခြမ်းတွင် လိပ်စာ, ဖုန်းနံပါတ်များကို ရိုက်နှိပ်ဖော်ပြထားပါသည်။)​
- ထုတ်လုပ်သူရဲ့အမည်နှင့် လိပ်စာကိုလည်း ဘူးရဲ့ ဘေးဘက်ခြမ်းတွင် တရားဝင် ရိုက်နှိပ်ဖော်ပြထားပါသည်။​

၃။ Danone Logo နှင့် ဆက်သွယ်ရမည့်ဖုန်း ​
- Danone Logo နှင့် Careline ဖုန်းနံပါတ်များကို တရား၀င်ရိုက်နှိပ်ဖော်ပြထားပါသည်။​
ပစ္စည်းစစ်မှန်မှုကို အတည်ပြုရန်ခက်ခဲပြီး ယုံကြည်စိတ်ချရမှုမရှိသော Online ရောင်းချသူများထံမှ ဝယ်ယူခြင်းကို စားသုံးသူများ မပြုလုပ်ရန် အထူးသတိပေးအကြံပြုအပ်ပါသည်။​

မေးခွန်းများ (သို့မဟုတ်) သိရှိလိုသည် များရှိပါက ကျွန်ုပ်တို့၏ Careline ဖုန်း 099 7777 6666 (သို့ ) Dugro Myanmar page Messenger မှတစ်ဆင့် ရုံးချိန်အတွင်းတွင် ဆက်သွယ်နိုင်ပါသည်။​

ကျွန်ုပ်တို့သည် “ကျန်းမာခြင်းကို အစားအစာမှတစ်ဆင့် လူအများဆီသို့ ပို့ဆောင်ပေးရန်” ဆိုသော Danone ၏ရည်မှန်းချက်အတိုင်း ဖြစ်ပေါ်လာသောအခြေအနေအပေါ် မူတည်၍ တာဝန်ယူမှုရှိစွာဖြင့် ပွင့်လင်းမြင်သာစွာ တင်ပြသွားပါမည်။

05/06/2025

✨ Hello MELISSAians တို့ရေ... အခုတခါမှာတော့ “ ရှာရှာဖွေဖွေ မျိုးဆက်ပွါးကျန်းမာရေး ” အစီအစဉ် ကနေပြီး အမျိုးသမီးတွေရဲ့ဘဝအတွက် အရေးပါတဲ့ မေးခွန်းတစ်ခု ဖြစ်နေတဲ့ ဓမ္မတာကျန်းမာရေး၊ မျိုးဆက် ပွားကျန်းမာရေးနဲ့ မိခင်လောင်းတွေရဲ့ ကျန်းမာရေးအကြောင်းတွေကို ပိုပြီးတော့ ရှင်းရှင်းလင်းလင်းနဲ့ မှန်မှန်ကန်ကန် သိရှိဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာမျိုး ဒါမှမဟုတ် ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးနိုင်မဲ့ အစီအစဉ်မျိုးကိုယူဆောင်လာခဲ့ပါပြီနော်..။

〽️ 𝗠𝗘𝗟𝗜𝗦𝗦𝗔 ဟာဆိုရင် စတင်တည်ထောင်ခဲ့တဲ့ 2021 ခုနှစ်ကစပြီး အမျိုးသမီးတွေရဲ့ ကျန်းမာရေး၊ ဓမ္မတာလာခြင်းဆိုင်ရာ အကြောင်းအရာတွေနဲ့ ကျားမရေးရာလေ့လာမှုတွေ စသဖြင့် ပြီးပြည့်စုံတဲ့ လိင်နဲ့မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အကြောင်းအရာတွေကို လူငယ်နဲ့ဆယ်ကျော်သက်အမျိုးသမီးတွေအကြား မှန်မှန်ကန်ကန်နဲ့ ထိထိရောက်ရောက်သိရှိလာဖို့အတွက် Campaign, Health Talk, Workshop မတူညီတဲ့ ပုံစံတွေနဲ့မျှဝေလာခဲ့တာမှာ အခု တစ်ခါမှာဆိုရင် မိခင်လောင်းတွေနဲ့ ခုမှကလေးယူဖို့ စတင်ပြင်ဆင်နေကြတဲ့သူတွေအတွက် အများကြီးအကျိုးရှိစေမဲ့ Program တစ်ခုလေးကို စီစဉ်ပေးထားတာပဲ ဖြစ်ပါတယ် ...။ 💁‍♀️

👩‍👧 ❝ Menstruation & Maternal ❞ လို့နာမည်ပေးထားတဲ့ အခု Virtual Health Talk Program လေးကိုတော့ 𝗠𝗘𝗟𝗜𝗦𝗦𝗔 နဲ့အတူ HEAA Foundation တို့က ပူးပေါင်း စီစဉ်ပေးထားတာဖြစ်ပြီး အခု Health Talk Program လေးမှာတော့ ဓမ္မတာကျန်းမာရေး၊ မျိုးဆက်ပွါးကျန်းမာရေးနဲ့ မိခင်လောင်းတွေရဲ့ ကျန်းမာရေးအကြောင်းတွေကို ပိုပြီးရှင်းရှင်းလင်းလင်း သိရအောင်လို့ ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။ အခု အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အချက်အလက်မှန်တွေရဖို့နဲ့ လူတိုင်းလွတ်လွတ်လပ် လပ် သိချင်တာတွေကို မေးနိုင်၊ ဆွေးနွေးနိုင်တဲ့ နေရာလေးတစ်ခု ဖြစ်စေမှာမို့ အားလုံးကို အတူတကွ တက်ရောက်ပါဝင် ဆွေးနွေးကြဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်ရှင်...။

✨အခု Program လေးမှာဆိုရင်

◽ဓမ္မတာစက်ဝန်းအကြောင်းကစလို့ မိခင်ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်လဲ❓
◽ကိုယ်ဝန်ဆောင်နေချိန်မှာ ကြိုတင်စောင့်ရှောက်မှု ဘာလို့အရေးကြီးတာလဲ ❓
◽ဘေးကင်းအောင် ဘယ်လိုမွေးဖွားမလဲ ❓ ◽အာဟာရကအစ ကိုယ်ဝန်ဆောင်ချိန်ရော၊ မွေးပြီးချိန်ရော စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်အောင် ဘယ်လိုနေထိုင်မလဲဆိုတာတွေအထိ အစုံဆွေးနွေးသွားမှာပဲဖြစ်ပြီးတော့ ဒီပွဲလေးကို တက်ရောက်ခြင်းဖြင့် ဘာတွေရမလဲဆိုတော့...

♦️ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ပိုမို သေချာ နားလည်လာမယ်၊ ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားရမဲ့အန္တရာယ်လက္ခဏာတွေကို ခွဲခြားသိမြင်လာမယ်၊ ကိုယ်ဝန်ဆောင်ချိန်မှာ ကြိုတင်ကာကွယ်စောင့်ရှောက်မှု (ANC) ဘယ်လောက်ထိအရေးကြီးလဲ၊ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့အာဟာရကစလို့ ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေးဖွားပြီးချိန်မှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအကြောင်းအရာတွေအပြင် မျိုးဆက်ပွားကျန်းမာရေးအကြောင်းကို ယုံကြည်မှု ရှိရှိ ပြောဆိုနိုင်၊ ဂရုစိုက်နိုင်အောင် အများကြီး အထောက်အကူပြုသွားမှာပဲဖြစ်ပါတယ်။

🌼 အခု Program လေးမှာ ဒီလိုအရေးကြီးတဲ့အကြောင်းအရာတွေကို ဦးဆောင်မျှဝေဆွေးနွေးသွားမဲ့ Guest Speaker ကတော့ ဒေါက်တာ မြတ်သီရိမောင် (Dr.မာမီ) ပဲဖြစ်ပါတယ်။ ဒေါက်တာ ကတော့ ၂၀၁၇ ခုနှစ် ရန်ကုန်ဆေးတက္ကသိုလ် (၁) မှ ဆေးပညာဘွဲ့ရရှိခဲ့ပြီးတော့ Royal College of Physicians of Ireland မှ အရေပြားအထူးပြုဒီပလိုမာနဲ့ UK မှ ကလေးစိတ်ပညာဒီပလိုမာများကိုလည်း ရရှိထားသူဖြစ်ပါတယ်။၂၀၁၃ ခုနှစ်တွင် " မောင် (ဆေး-၁) " ကလောင်အမည်နဲ့ စာပေလောကသို့ ဝင်ရောက်ခဲ့ပြီး " Dr.မာမီ " page ကတဆင့် ကျန်းမာရေးဗီဒီယိုတွေနဲ့ ဆောင်းပါး (၁၀၀၀ ကျော်) ရေးသားခဲ့ပြီး မိခင်နဲ့ကလေးကျန်းမာရေးအတွက် အခမဲ့သင်တန်းတွေကိုလည်း ပို့ချပေးလျက်ရှိပါတယ်။ ဒါ့အပြင် ဒေါက်တာကဆိုရင် "လှသောမွှေးသောပန်းနှင်းဆီ" (၂၀၂၀) နဲ့ ၄ လဆက်တိုက် အရောင်းရဆုံးစာရင်းဝင်ခဲ့တဲ့ "ကိုယ်ဝန်ဆောင်လက်စွဲ" (၂၀၂၄) စာအုပ်တွေကို လည်း ရေးသား ထုတ်ဝေခဲ့ပါ‌တယ်။ ကလေးပြုစုစောင့်ရှောက်ရေးသင်တန်း ၁၈ ကြိမ်အထိကို အခမဲ့ပို့ချပေးခဲ့ပြီး မိဘ ၂၀၀၀ ကျော်ကို ဗဟုသုတများမျှဝေပေးခဲ့ပြီး‌၊ လက်ရှိမှာတော့ ဒေါက်တာဟာ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှာ Mary အရေပြားအထူးကုဆေးခန်းကို ဖွင့်လှစ်ထားပြီး မိခင်နဲ့ကလေး စောင့်ရှောက်ရေးအတွက် စာပေတွေကိုလည်း ရေးသားမျှဝေပေးလျက် ရှိပါတယ်..။

💁‍♀️ Dr. မာမီ ဦးဆောင်ဆွေးနွေးသွားမဲ့ အခု
Virtual Health Talk Program လေးရဲ့ အသေးစိတ်အချက်အလက်‌တွေကတော့👇
🗓️ Date: 7th June 2025 (Saturday)
⏰ Time: 7:00pm-8:30pm
🌐 Platform: Zoom

တို့ပဲဖြစ်ပြီး အောက်ပါ Link ကနေ တဆင့် Register ပြုလုပ်နိုင်ပါတယ်နော်...။

🎀 ဖောင်မှာ ကိုယ့်ရဲ့ Telegram Username လေး ဖြည့်ဖို့လိုပြီး ဖောင်ဖြည့်ပြီးတဲ့ အခါ ကျလာမဲ့ Telegram Group လေးကိုလည်း Join ထားပေးကြပါဦးနော်..။

🖇️ Registration Link 🖇️
Link : https://forms.gle/Hg2KsV7yQv3hRPs16

🌼 အခု Health Talk လေးက ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်လေးတွေ၊ ကိုယ်ဝန်ဆောင် မေမေတွေ၊ ကလေးမိခင်တွေ၊ ရပ်ရွာကျန်းမာရေးဝန်ထမ်းတွေ၊ လိင်နဲ့ မျိုးဆက်ပွားကျန်းမာရေးကို စိတ်ဝင်စားတဲ့သူတိုင်းအားလုံးအတွက် တကယ်ကို လက်မလွတ်သင့်တဲ့ အခွင့်အရေးလေးတစ်ခုမို့ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်...။ 🙆‍♀️✨

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

🩸𝗠𝗘𝗟𝗜𝗦𝗦𝗔 က ကောင်းမွန်လုံခြုံတဲ့ရာသီလာခြင်းဆိုင်ရာ တကိုယ်ရည် သန့်ရှင်းရေးစီမံခန့်ခွဲမှု (menstrual hygiene management) ကို တဖက်တလမ်းက ပံ့ပိုးပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ် လျက်ရှိတဲ့ ❝ တစ်ထုပ်ဝယ်ယူ တစ်ထုပ်ကူ 🩸❞ ဆိုတဲ့ Menstrual Products Contribution Movement လေးကတစ်ဆင့် ရာသီလာခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာတွေ၊ လစဉ်သုံးပစ္စည်းများ ပံ့ပိုးပေးခြင်းနဲ့ ရာသီလာခြင်းအပေါ်မှာ လွဲမှားစွာပြောနေကြတဲ့ အယူအဆမှားတွေနဲ့ အမည်းစက်တွေကို လျှော့ချပယ်ဖျောက်ပေးခြင်းတို့မှာ m.me/melissagcw ကတစ်ဆင့် အခုပဲ ပါဝင်လိုက်ပါ..။ 🩸🔴

~~~
🔸Instagram
https://shorturl.at/iLM12

🔸LinkedIn
https://t.ly/r2G_R

🔸Threads
https://t.ly/K-w9P

🔸 Telegram
https://t.me/melissagcw
https://t.me/watchtolearnMLS







#ရှာရှာဖွေဖွေမျိုးဆက်ပွားကျန်းမာရေး

Address

Bago
Wunbe-in
08011

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Website

Alerts

Be the first to know and let us send you an email when သောကြာကြယ် - ဆေးစတိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share