25/05/2022
ငါ ဘာလို့ ဝနေတာလဲ ??
ထမင်းလည်း အများကြီး မစားပါဘူး..
ညစာလည်း မစားဘူး…
ဘာမှလည်း သိပ်မစားပဲနဲ့ ဘာလို့ ဝနေတာလဲ ???
စတဲ့ မေးခွန်းတွေ ကိုယ့်ကိုယ်ကို ပြန်မေးရင်း လမ်းပျောက်နေတဲ့သူတွေ ရှိလား😁
ဒါဆိုရင် အမှန်တကယ် ကိုယ့်ကိုယ်ကို ပြန်မေးရမယ့် မေးခွန်းက
ချိုတာလေးတွေ စားနေ သောက်နေ တုန်းပဲလား ???Fast food တွေStreet food တွေ အပြင်စာတွေ
စားနေလား??
အိမ်မှာ အချိုမှုန့် အရသာမှုန့်တွေ သုံးနေသေးလား??
ထမင်းတော့မစားပေမယ့် ခေါက်ဆွဲတွေ ကြာဇံတွေ စားဖြစ်နေတာလား???
လတ်လတ်ဆတ်ဆတ် အသား ငါး ပင်လယ်စာတွေ စားရမယ့်အစား readymade အသားလုံးတွေ စားနေတာလား???
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ များများစားရမယ့်အစား အချိုကဲတဲ့ အသီးတွေ စားဖြစ်နေတာလား???
ဒီမေးခွန်းတွေအတွက် အဖြေက ‘ Yes’ ဆိုရင်တော့ လက်ရှိစားနေတဲ့ ပုံစံလေးတွေကို ပြန်စစ်ဖို့ လိုနေပါပြီနော်🥰