Your Doctor

Your  Doctor ⚕️Medical Support for You and Your Family⚕️

“ ဝမ်းချုပ်ခြင်း”😣 “ဝမ်းချုပ်တာလောက်နဲ့ ဆေးရုံဆေးခန်း ဆရာဝန်နဲ့ မပြချင်ဘူး။ ဒါပေမဲ့ အမြဲတမ်း ဝမ်းနှုတ်ဆေးတွေဘဲ သောက်နေရတ...
19/04/2026

“ ဝမ်းချုပ်ခြင်း”

😣 “ဝမ်းချုပ်တာလောက်နဲ့ ဆေးရုံဆေးခန်း ဆရာဝန်နဲ့ မပြချင်ဘူး။ ဒါပေမဲ့ အမြဲတမ်း ဝမ်းနှုတ်ဆေးတွေဘဲ သောက်နေရတယ်။ ဘယ်လို လုပ်ရင် သက်သာနိုင်မလဲ ဆရာ “

🧑🏼‍⚕️”အရင်ဆုံး အကျင့်လိုဖြစ်နေတဲ့ ဝမ်းချုပ်တာကို ဖြေရှင်းဖို့ နေထိုင်မှု စားသောက်မှု ပုံစံ ကိုယ်လက်လှုပ်ရှားမှုလုပ်ရမယ် “

အဲ့လိုပြောလိုက်ရင် ဘယ်သူမဆို မလုပ်ချင်တာ အဲ့ဒါတွေပါဘဲ။ အဲ့ဒီမှာ ပြသနာက စတာဘဲ။

“မအားဘူး အချိန်မပေးနိုင်ဘူး။ အသီးအရွက် စားတာဘဲလေ ဘာမှ မှ မထူးခြားတာ။ ဆေးဘဲ သောက်လိုက်ပါတော့မယ် …… …… …… စတဲ့ စကားသံလေးတွေ စကြားရပါပြီ။”

“ဟုတ်ကဲ့ 😅 ဆရာတို့ တော်တော်များများက အကျင့်အလေ့အထ တစ်ခု ကောင်းမှန်းသိလည်း မပြင်ဖြစ် မလိုက်နာ ဖြစ်/ လိုပ်နာဖြစ်ခဲ့ရင်လည်း ရေရှည် ကြာအောင် ထိန်းသိမ်းလုပ်ဆောင်နိုင်ဖို့ အတော်လေး ကြိုးစားအားထုတ်မှ ရပါတယ် “

“ဒါပေမဲ့ အမြဲတမ်း ဝမ်းချုပ်တာ ကိုကုသဖို့အဲ့လောက်ခက်လား ဆိုတော့ ခက်ပါတယ်

အဲ့ဒါကြောင့် ရေရှည် ဝမ်နှုတ်ဆေးတွေလည်းမသောက်ချင်ဘူး ဝမ်းမှန်ချင်တယ်ဆိုရင် ဒီအလေ့အထလေးတွေကို အမြဲ (အမြဲတမ်း) နော် … ကြိုးစားကြည့်ရအောင် … ဝမ်းချုပ်ပြသနာသာ မက ကိုယ်လက်ပေါ့ပါးပြီး မိမိကိုယ်ကိုယ် ယုံကြည်မှု တွေနဲ့ ကျန်းမာမှုတွေပါ တိုးပွါးလာမှာပါ “

💪🏻ဆောင်ရန် အချက်များ
- ရေများများသောက်ပါ။
-အသီးအရွက် များများစားပါ။
-နေ့စဉ် ပုံမှန် နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။
-စိတ်ဖိစီးမှု ကင်းဝေးအောင်နေပြီး အချိန်မှန်အိပ် အချိန်မှန်စားပါ။

❌ရှောင်ရန် အချက်များ

-အသင့်စား အစားအစာများရှောင်ပါ။
-အရက်သေစာ ရှောင်ပါ။
-ဝမ်းသွားချင်လျှင် အောင့်မထားဘဲ အချိန်ပေးပြီး ဝမ်းသွားတဲ့ အကျင့်လုပ်ပါ။
-မိမိသဘောနှင့် ဆရာဝန်ညွှန်ကြားချက်မရှိသောဆေးဝါးများရေရှည်သောက်သုံးခြင်းရှောင်ပါ။

🚨ဘယ်အချိန်မှာ “ဝမ်းချုပ်ခြင်း အတွက် ဆရာဝန် နှင့် ပြသရန် လိုအပ်ပြီလဲ❓”

-တစ်ပတ် ၃ကြိမ်ထပ်နည်းပြီး လချီ ပြီးဝမ်းချုပ်နေတဲ့ အခါ
-ဝမ်းထဲမှာ သွေးပါလာသောအခါ
-အကြောင်းပြချက်မရှိ ပိန်(ကိုယ်အလေးချိန်လျော့ကျ)လာသောအခါ
-သွေးအားနည်း လက္ခာများဖြစ်လာသောအခါ

သင့်ကျန်းမာရေးအတွက် ဆွေးနွေးပြသရန် page messenger မှာ booking ယူနိုင် ပါပြီ

🧑🏼‍⚕️Your Doctor Healthcare/ Online medical consultation

🙏🏻မြန်မာနှစ်သစ်ကူးအခါသမယမှာ ပျော်ရွှင်ကျန်းမာပြီးဘေးအန္တရာယ်ခပ်သိမ်းကင်းငြိမ်းကြပါစေ🎉🇲🇲
17/04/2026

🙏🏻မြန်မာနှစ်သစ်ကူးအခါသမယမှာ ပျော်ရွှင်ကျန်းမာပြီးဘေးအန္တရာယ်ခပ်သိမ်းကင်းငြိမ်းကြပါစေ🎉🇲🇲

13/12/2025
နာတာရှည် နှာစီး နှာပိတ် နှာရည်ကျခြင်း 🤧ထိပ်ကပ်နာ လို့ခေါ်တဲ့ chronic sinusitis လား?နှာခေါင်း ဓါတ်မတည့် ရောဂါလို့ ခေါ်တဲ့...
13/12/2025

နာတာရှည် နှာစီး နှာပိတ် နှာရည်ကျခြင်း 🤧

ထိပ်ကပ်နာ လို့ခေါ်တဲ့ chronic sinusitis လား?

နှာခေါင်း ဓါတ်မတည့် ရောဂါလို့ ခေါ်တဲ့ allergic rhinitis လား?

နာတာရှည် ဖြစ်လာတော့ စိုရိမ်ရလား ကင်ဆာရောဂါတွေဖြစ်နေမှာရော စိတ်ပူရလား ?

ပိုးဝင်ရင် ပိုးဆိပ်ပြန့်တာ ဦးနှောက်အမှေးရောင်တာ တွေရော ဖြစ်တတ်တာ ဟုတ်လား?

ဘယ်လို ပြသလို့ရလဲ

ဘယ်လို သက်သာအောင် ကုသလို့ရလဲ

နာတာရှည် ဖြစ်ခဲ့ရင်ရော ဘယ်လို သက်သာအောင် နေထိုင်လို့ရမလဲ ဘာဆေးသောက်ရမလဲ

စတဲ့ နှစ်ရှည်လ များ ဖြစ်လိုက် ပျောက်လိုက် ဖြစ်နေတဲ့ နှာခေါင်းရောဂါ အကြောင်း အသေးစိတ်မေးမြန်း ဆွေးနွေး လိုလျှင် Your Doctor Page မှာ booking ယူလို့ရပါပြီ

#ထိပ်ကပ်နာ
#နှာခေါင်းဓါတ်မတည့်

အမျိုးသမီး ဓမ္မတာရက်ရှည်ခြင်း မမှန်ခြင်း ရက်ကျော်ခြင်း ဓမ္မတာရက်များတွင်နာကျင်ကိုက်ခဲခြင်း စတဲ့ အမျိုးသမီးကိစ္စများကို အ...
10/12/2025

အမျိုးသမီး ဓမ္မတာရက်ရှည်ခြင်း မမှန်ခြင်း ရက်ကျော်

ခြင်း ဓမ္မတာရက်များတွင်နာကျင်ကိုက်ခဲခြင်း စတဲ့

အမျိုးသမီးကိစ္စများကို အမျိုးသမီးဆရာဝန်နှင့်

ဆွေးနွေးမေးမြန်းချင်လျှင် Your Doctor Page မှာ

booking ယူလို့ရပါပြီ

#မိနစ်_၃၀_ဆရာဝန်နဲ့ဆွေးနွေးရန်_၁၅၀၀၀ကျပ်

“ဆရာမရှင့်  ဆီးချိုရောဂါ အကြောင်း မေးချင်ပါတယ်” ဆီးချိုဆေးသောက်နေရုံနဲ့ အဆင်ပြေပြီလား ?Medical check up က တစ်နှစ်ဘယ်နှကြ...
21/10/2025

“ဆရာမရှင့် ဆီးချိုရောဂါ အကြောင်း မေးချင်ပါတယ်”

ဆီးချိုဆေးသောက်နေရုံနဲ့ အဆင်ပြေပြီလား ?

Medical check up က တစ်နှစ်ဘယ်နှကြိမ်လောက်လုပ်သင့်တာလဲ ဘယ်လိုစစ်ဆေးမှုမျိုးလုပ်သင့်တာလဲ ?

ကိုယ်တိုင် အိမ်မှာနေရင်း လုပ်နိုင်တာတွေက ဘာတွေလဲ?

ဘယ်လက္ခဏာတွေ ဖြစ်လာရင် ဘာတွေလုပ်သင့်လဲ ဘယ်လိုဆေးဝါးမျိုးတွေလိုအပ်သလဲ ?

ဘယ်ချိန်မှာ ဆေးရုံဆေးခန်း မဖြစ်မနေ သွားပြရတော့မလဲ ?

ဆီးချိုရောဂါ ဆိုတာ နာတာရှည် ရောဂါ ဖြစ်တာမို့ တစ်ကြိမ်တစ်ခါ တည်းဆေးခန်းပြပြီး ဆေးသောက်နေရုံနဲ့ ရောဂါရဲ့ ဆက်လက်ဖြစ်ပွါးနေမှုနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို မရှောင်ရှားနိုင်ပါဘူး

လိုအပ်တဲ့ ကိုယ်တိုင်စစ်ဆေးနေမှု ဆေးရုံဆေးခန်းမှာ သွေး/ ဆီး ၃လ တစ်နှစ် စတဲ့လိုအပ်သလို စစ်ဆေးမှုများ ရောဂါလက္ခဏာအလိုက် ဆေးအတိုးအလျှော့များ လိုအပ်ပါတယ် …
စတဲ့ ဆီးချိုရောဂါ ကို ဘယ်လိုထိန်းသိမ်းပြီး နေထိုင်ရမလဲ ဆိုတာအသေးစိတ်မေးမြန်းနိုင်ဖို့ Your Doctor မှာ online consultation ယူလို့ရပါပြီ

Please say ‘hi’ to chat box, we are providing medical consultation with fair price



ေးခန်း

👨🏼‍⚕️👩🏼‍⚕️နိုင်ငံရပ်ခြားမှာ ရောက်နေလို့ ဆေးရုံဆေးခန်းသွားရမှာလည်း အခက်တွေ့နေပြီး online ဆေးခန်း ကောင်းကောင်း တစ်ခု ပြဖို...
18/10/2025

👨🏼‍⚕️👩🏼‍⚕️နိုင်ငံရပ်ခြားမှာ ရောက်နေလို့ ဆေးရုံဆေးခန်းသွားရမှာလည်း အခက်တွေ့နေပြီး online ဆေးခန်း ကောင်းကောင်း တစ်ခု ပြဖို့ ရှာနေရင် ကျွနတော်တို့ရဲ့ Your Doctor မှာ ပြသလို့ရပါပြီ

😀ကုန်ကျစရိတ်လည်းအရမ်း သင့်တော်ပြီး စိတ်ချရတဲ့ online consultation များယူဖို့ / ကျန်းမာရေး နှင့်ပတ်သက်တဲ့အကြောင်းများ ဗဟုသုတရဖို့ Your Doctor Page ကို like and follow လုပ်ထားနိုင်ပါတယ်




ေးခန်း

ကျွန်တော် တို့ရဲ့ Your Doctor Page မှာ Tele Consultation/ Online Clinic စလုပ်ခဲ့တာ တစ်နှစ်ပြည်.ခဲ့ပါပြီတစ်နှစ်အတွင်း နေမ...
11/10/2025

ကျွန်တော် တို့ရဲ့ Your Doctor Page မှာ Tele Consultation/ Online Clinic စလုပ်ခဲ့တာ တစ်နှစ်ပြည်.ခဲ့ပါပြီ

တစ်နှစ်အတွင်း နေမကောင်း ဖြစ်တိုင်း သတိတရ ပြန်လာပြကြတဲ့ သူတွေအကုန်လုံးကိုရော လူနာ အသစ်များကိုရော အချိန်အားရင်အားသလို ကျွန်တော်တို့ရဲ့ မိတ်ဆွေကူညီပါဝင် ဖြေကြားပေးတဲ့ ဆရာ ဆရာမတို့ကိုရော ကျေးဇူးအထူးတင်ပါတယ်

ရပ်ဝေးမှာ ရောက်နေလို့ /ဆေးရုံဆေးခန်း မသွားနိုင်သေးလို့/ ဆေးဝါးအကြောင်းမေးချင်လို့/ စစ်ထားတဲ့ သွေးအဖြေတွေ အကြောင်း မေးချင်လို/မိဘ ဘိုးဘွားကျန်းမာရေး အတွက် တိုင်ပင်ချင်လို့ စတဲ့ ကျန်းမာရေးအတွက် တိုင်ပင်ပြသစရာတွေရှိနေရင် ကုန်ကျစရိတ်အတွက်အများကြီး စဉ်းစားစရာမလိုတဲ့ ကျွန်တော်တို့ရဲ့ Your Doctor ကိုသာ ဆက်သွယ်လိုက်ပါ။

Please say ‘hi’ to chat box.

အားလုံးလည်း ကျန်းမာ ရွှင်လန်းကြပါစေ 🙏🏻

မင်္ဂလာရှိသော သီတင်းကျွတ်ချိန်ခါဝယ် ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာ ရွှင်လန်းချမ်းမြေ့ကြပါစေ 🙏🏻🪔🕯️
06/10/2025

မင်္ဂလာရှိသော သီတင်းကျွတ်ချိန်ခါဝယ် ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာ ရွှင်လန်းချမ်းမြေ့ကြပါစေ 🙏🏻🪔🕯️

“ချောင်းအရမ်းဆိုးပြီး ဘာဆေးသောက်သောက်မသက်သာဘူး ဆရာ “ဒါက ဆေးခန်းမှာ အပတ်တိုင်းလိုလိုတွေ့နေရတာ ဖြစ်နေတဲ့ လက္ခဏာ တစ်ခု✔️အရင...
30/09/2025

“ချောင်းအရမ်းဆိုးပြီး ဘာဆေးသောက်သောက်မသက်သာဘူး ဆရာ “

ဒါက ဆေးခန်းမှာ အပတ်တိုင်းလိုလိုတွေ့နေရတာ ဖြစ်နေတဲ့ လက္ခဏာ တစ်ခု

✔️အရင်ဆုံး ချောင်းဆိုးနေတာ ဘယ်လောက်ကြာပြီလဲ
✔️သလိပ်ပါလား သွေးပါလား
✔️တခြား လာတွေ ခံစားနေရသေးလဲ (ဖျားတာ၊ ရင်ဘတ်အောင့်တာ၊ အသ်ရှူကြပ်တာ၊ နှာစေးတာ၊ အစားအသောက်ပျက်တာ၊ ပိန်သွားတာ၊ အစာမကြေသလို ဖြစ်ပြီး ရင်ပူတာစသဖြင့်….)

✔️ဆေးလိပ်တွေသောက်နေတာ ၊ ရောဂါအခံ - ပန်နာရင်ကြပ်၊ တီဘီ၊ နာတာရှည် အဆုတ်ပွရောဂါ အခံရှိတာ စသဖြင့်

ဆရာ့ကို ဒီအပေါ်က အချက်လေးတွေ ဖြေပေးလိုက်တာနဲ့ ချောင်းဆိုးတာ ဘာကြောင့်လဲ ဘာလို့မပျောက်တာလဲ ဘာတွေလုပ်ရင်ပျောက်နိုင်လဲ အကြမ်းဖျဉ်းခွဲခြားလို့ရမယ်

၃ ပတ်ထပ်မကျော်သေးဘူး ချောင်းဆိုးတာ အပြင် တခြား လက္ခာတွေလဲ မရှိသေးဘူးဆိုရင်တော့ အများဆုံးအဖြစ်များတာက viral infection/ common cold လိုခေါ်တဲ့ တုပ်ကွေး ရဲ့နောက်ဆက်တွဲဖြစ်ဖို့ အများဆုံးဘဲ။ တခါတရံ အဖျားမရှိဘဲ ချောက်ဆိုးတာ ကိုယ်လက်ကိုက်ခဲ တာလောက်နဲ့ပဲ လာတတ်တယ်

အဲ့တော့ ကနဦးအနေနဲ့
✔️ဘာဆေးတွေသောက်ရမှာလည်း
✔️ဘယ်နှရက်သောက်ရမှာလဲ
✔️ဘာတွေ မစားရဘူးလဲ ဘာတွေရှောင်ရမလဲ

သလိပ် မထွက်တဲ့ ချောင်းခြောက် (Viral infection induced dry cough) အတွက်

Over the counter drugs
✔️Antitussive cough tablets or syrup (ချောင်းဆိုးတာ အတွက်)
✔️Anti histamines (လည်ချောင်းယားယံခြင်းအတွက်)
✔️Acetaminophen (ကိုယ်လက်ကိုက်ခဲခြင်း/ဖျားနာခြင်းအတွက်)

အပေါ်က ဆေး (၃)မျိုး ကို ၃-၅ ရက် ကလူနာတိုင်း ဆေးရုံဆေးခန်းနဲ့ အလှမ်းဝေးနေတဲ့ အချိနိ သာမာန်လောက်ပဲ နေမကောင်းဖြစ်နေချိနိမှာ သောက်ကြည့်လို့ရနိုင်တဲ့ဆေး ဖြစ်ပါတယ်

‼️သို့ပေမဲ့ ဆေးသောက်သော်လည်း မသက်သာဘူး/ အစတည်းက သလိပ်ပါတာ သွေးပါတာ/ တခြားသော လက္ခဏာတွေပါရှိနေရင်တော့ နီးစပ်ရာ ဆရာဝန်/ ဆေးရုံဆေးခန်း မှာ ပြသဖို့လိုပါတယ်

‼️ပြင်းထန်လာရင် သလိပ်စစ်တာ/ Chest X-ray ရိုက်တာ / သွေးစစ် ပြီး ကုသာဖို့လိုအပ်နိုင်တယ်

လိုအပ်ပါက online clinic များလည်း ရှိတာမို့ အလွယ်တကူမေးမြန်း ပြသနိုင်ပါတယ်

ဆရာတို့ရဲ့ Your Doctor Page မှာလည်း အလွယ်တကူ ဆက်သွယ်ပြသနိုင်ပါတယ်




“😞 ဝက်ခြံ တွေက ဘယ်တော့မှ ပျောက်တော့မှာလည်းဆရာ ““မိတ်ကပ်/ သနပ်ခါး မလိမ်းရင် တောင် အပြင်သွားဖို့ confidence မရှိတော့ဘူး ဆရ...
12/09/2025

“😞 ဝက်ခြံ တွေက ဘယ်တော့မှ ပျောက်တော့မှာလည်းဆရာ “

“မိတ်ကပ်/ သနပ်ခါး မလိမ်းရင် တောင် အပြင်သွားဖို့ confidence မရှိတော့ဘူး ဆရာ”

“ဝတ်ခြံ အမာရွတ်တွေက ဘာလို့ပျောက်ဖို့ ခက်နေတာလဲ”

👨‍⚕️ဆရာ ဒီနေ့ အထူးသဖြင့် လူငယ် (အသက် ၁၈- ၂၉) ဝန်းကျင် မှာ အမေးများတဲ့ 🫩ဝက်ခြံ 🫩👉🏻ငယ်ရွယ်တဲ့ အချိန်မှာ အလှအပနဲ့ confidence ကို ထိခိုက်တဲ့ Dermatology problem (Acne) အကြောင်းလေး ပြောပြချင်တယ်

✔️ပထမဆုံး ပြောချင်တာက ဒီအသက်အရွယ်မှာ လူတိုင်း ၁၀ယောက်မှာ ၈ယောက် တစ်ကြိမ်မဟုတ် တစ်ကြိမ် ဝက်ခြံပေါက်ဖူးပါတယ်

✔️၁၀ယောက်မှာ ၅ယောက်လောက်ကတော့ ဆိုးဆိုးရွားရွား ပေါက်ဖူးပါလိမ့်မယ်

✔️ရှားရှားပါးပါး အရမ်းဆိုးတဲ့ case တွေမှာတော့ အရေပြားပိုးဝင်တာတွေ သွေးဆိပ်ပြန့်တာတွေထိ အန္တရာယ်ပေးနိုင်ပါတယ်

🚨အရင်ဆုံး ဝက်ခြံဆိုတာဘဲလဲပြောပါမယ်

🤨အရေပြားမှာ ရှိတဲ့ အဆီထွက်ပေါက် ပိတ်သွားတာကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် မျက်နှာမှာ နဖူး နှာခေါက်းပတ်လည်နဲ့ အပေါ်နှုတ်ခမ်း တစ်ဝိုက်မှာ ဖြစ်ရင် ပိုးဝင်ခဲ့ရင် အန္တရာယ်ရှိနိုင်ပါတယ်

ဘာကြောင့် ဝက်ခြံပေါက်တာလဲ ❓

အဖြစ်အများဆုံးက ဟော်မုန်းအပြောင်းအလဲ (Hormonal changes) ကြောင့်ဖြစ်တယ်။ ဟော်မုန်းပြောင်းလဲခြင်းတွေဟာ အရွယ်ရောက်ခါစအချိန်ကနေ ၂၉နှစ်လောက်ထိ အဆိုးဆုံးပါဘဲ

နောက်ပိုဆိုးစေတာတွေကတော့ အိပ်ရေးပျက်တာ၊ စိတ်ဖိစီးမှုများတာ၊ အပြင်ထွက်ရတာများပြီး မျက်နှာ အဆီပြန်လွယ်တာ ဖုန်မှုန့်နဲ့ လေထု ညစ်ညမ်းမှုတွေကြောင့်၊ အဆီအစိမ့် နွားနို့ အချို အစားများတာ၊ ရေဓါတ်နည်းတာ၊ တစ်ချို့သော hormones ဆေးများ ဥပမာ progesterone ပါဝင်သော သားဆပ်ခြားဆေး များ ၊ steroid ပါဝင်သော မိတ်ကပ်/ cosmetic များကြောင့် ဖြစ်တတ်ပါတယ်

✅ဝတ်ခြံ မထွက်အောင် ဘာတွေလုပ်သင့်သလဲ?

✔️ မျက်နှာကို နူးညံ့စွာ သန့်ရှင်းပါ ( အထူးသဖြင့် မိန်းကလေးတွေမှာ cosmetics များ တစ်နေကုန်လိမ်းထားရင် ညနေပိုင်းမှာ သေချာမျက်နှာကို သန့်စင်ပြီးမှ အိပ်ရာဝင်ပါ)

✔️ Oil-free sunscreen, water based moisturizer သုံးပါ

✔️ စိတ်ဖိစီးမှုများ အတတ်နိုင်ဆုံး လျော့ပါ၊ အိပ်ချိန်မှန်ပြီး အိပ်ရေး ၀၀အိပ်ပါ

✔️အချိုပွဲ၊ နို့ထွက်ပစ္စည်းများနှင့် အဆီအစိမ့်များ လျော့စားပါ

✔️ရေ ကို နေ့စဉ် ၂-၃ လီတာသောက်ပါ

✔️အသီး အနှံများများ စားပေးပါ

🔹မလုပ်သင့်တဲ့အရာတွေ

❌ မျက်နှာကို အကြမ်းမကြိုက်ပါနဲ့

❌ ဝက်ခြံ လက်နဲ့ခဏခဏ ကုပ်နေတာ ညစ်နေတာမလုပ်ပါနဲ့ – အမာရွတ်/ Scar ကျန်နိုင်တယ်။ အမာရွတ် တစ်ခုက ပျောက်ဖို့ ၁လ ကနေ ၃ လလောက်ထိကြာ နိုင်ပါတယ်

❌ မိတ်ကပ်နဲ့ skin care products များကို ကြုံသလို မသုံပါနဲ့

‼️တစ်ချို့သော steroid ပါဝင်တဲ့ မိတ်ကပ် cosmetic နဲ့ skin care products တွေက ခဏ အတွင်းမှာ ဝက်ခြံ သက်သာနိုင်သော်လည်း ထိုမိတ်ကပ်နဲ့ cosmetic များ မသုံးတော့ တဲ့ အချိန်မှာ ပိုမိုဆိုးရွားတဲ့ ဝက်ခြံများ နောက်တစ်ကြိမ် ထွက်လာနိုင်တယ်



✅ကုသမှုနည်းလမ်းတွေ

🔹သာမန် မပြင်းထန်တဲ့ ဝက်ခြံ များအတွက် water based moisturizer နဲ့ benzoyl peroxide လိမ်းဆေးဖြင့်သက်သာစေနိုင်ပါတယ်။ ဆရာ အပေါ်က ပြောတဲ့ဆောင်ရန် ရှောင်ရန် အချက်တွေလည်း လုပ်ရမှာပါ

🔹(၂) ပတ် ထပ်ကျော်လွန်လာပြီး ရောင်ယမ်း ပြီး ပြည်ဖု သို့မဟုတ် အဆီဖု အမဲအဆံ လေးတွေပိတ် ပြီး တစ်ဖု မက ဖြစ်တဲ့ ဝတ်ခြံ များအတွက်ကတော့ ပိုးသတ်ဆေး သောက်ဆေး နှင့်အတူ retinol ပါသော skin care products နဲ့ ဝက်ခြံနောက်ဆက်တွဲ အမာရွတ် သက်သာစေတဲ့ Niacinamide, Azelaic acid ပါတဲ့ serum တို့နဲ့ step by step ကုသသင့်ပါတယ်။

🫩အထက်ပါဆေးဝါးများနဲ့ မသက်သာတဲ့ အရမ်းဆိုးဝါးတဲ့ ဝက်ခြံ အမျိုးအစား ဖြစ်ခဲ့ရင်တော့ အရေပြားကျွမ်းကျင်ဆရာဝန်နှင့် ပြသသင့်ပါတယ်။
ဆရာဝန်ညွှန်ကြားချက်နဲ့ သာသောက်သုံးသင့်တဲ့ strong potent derivative of Vit A ကို လွန်ဆိုးသော ဝက်ခြံအခြေအနေများမှာသာ သုံးပါတယ်။ ဆေးရဲ့ ဆိုးကျိုးများလည်းရှိပြီး ကိုယ်ဝန်ဆောင်နေစဉ်မှာ သောက်မိရင်လည်း ကလေးအတွက်ဆိုးကျိုးရှိနိုင်ပါတယ်။

(‼️အထူးသတိပေးချင်တာက ဝက်ခြံ တစ်ခုက လက်နဲ့ ကုပ်မိတာ ဆွမိတာ မသန့်ရှင်းသောအရာနဲ့ ညှစ်မိရာကနေ ရောင်ရမ်းပြီး အရေပြားပိုးဝင်တတ်ပါတယ်။

⚠️မျက်နှာဆိုတာ နှာခေါင်း ဦးခေါင်း ဦးနှောက်နဲ့ အနီးကပ်ဆုံး နေရာဖြစ်လို့ သွေးထဲထိ ပိုးပြန့်သွားရင် သွေးဆိပ်တတ်တာ(sepsis) နဲ့ ဦးနှောက် အမြှေးပါးရောင်တာ (meningitis) တို့ထိ ရှားရှားပါးပါးဖြစ်တတ်ပါတယ်။
⚠️အထူးသဖြင့် ပိုးဝင်လွယ်သူတွေကတော့ ဆီးချိုရောဂါအခံရှိတာ ကိုယ်ခံအားနည်းနေတဲ့ လူနာ၊ ရောဂါတသ်ခုခုကြောင့် နာတာရှည် ဆေးသောက်နေရတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။

⚠️ဝက်ခြံ ပတ်ပတ်လည် မျက်နှာ ပြင်ပါ ရောင်ရမ်းလာရင် ပိုးသတ်ဆေး သောက်ဆေး ထိုးဆေးများ လိုအပ်နိုင်တာမို့ ထိုအချက်ကို သတိထားသေချင်ပါတယ်)


📚နောက်ဆုံး အချက်နေနဲ့ကတော့

ရောင်ရမ်း ဝက်ခြံ ဖြစ်ခဲ့ရင် အနည်းဆုံး (၆–၈ ပတ် ) ကြာမှသာ သေချာသက်သာပါတယ်။ မျက်နှာ အရေပြားရဲ့ နဂိုမူလ အသားအရေပြန်လည် ကျန်းမာမှုက ထိုအချိန် ထိကြာလို့ဘဲဖြစ်ပါတယ်။

🩷ဝက်ခြံ ကင်းစင်ပြီး ဝက်ခြံကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ ရှောင်ရှားနိုင်ကြပါစေ
Confidence အပြည့်နှင့် ကျန်းမာသော အသားအရေ ပိုင်ဆိုင်ကြပါစေဗျာ



#ဝက်ခြံ

#ဝက်ခြံအကြောင်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Your Doctor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share