29/08/2026
💛🖤မိုးရာသီ 🆚 ဒူးဆစ်/အဆစ်မြစ်ရောင်ရောဂါ (Osteoarthritis & Rainy Season)
မိုးရာသီ ရာသီဥတု အေးစိမ့်လာပြီဆိုတာနဲ့ အသက်ကြီးပိုင်း လူကြီးမိဘတွေမှာ ဒူးဆစ်တွေ၊ ခါးဆစ်တွေနဲ့ လက်ဆစ်တွေ အဆမတန် ကိုက်ခဲရောင်ရမ်းလာတာမျိုးပိုပြီးဖြစ်လာတတ်ပါတယ်။
ဘာကြောင့် မိုးရာသီမှာပိုဖြစ်တာလဲ… ❓
မိုးရာသီရောက်ရင် လေထုဖိအား (Atmospheric Pressure) ကျဆင်းသွားတဲ့အတွက် အဆစ်အတွင်းကအရည်တွေ၊ အမျှင်တစ်သျှူးတွေ ပြန့်ကားလာပြီး အဆစ်ရောင်ခြင်းလို့ခေါ်တဲ့ (Osteoarthritis) ကို ပိုမို ဆိုးရွားစေတာကြောင့် ဖြစ်ပါတယ်။
၁။ အဆစ်ကိုက်ခဲချိန် မလုပ်ရမယ့်အရာများ ❎
• အကိုက်အခဲပျောက်ဆေးများ အလွယ်တကူ သောက်တာမျိုးလုံးဝမလုပ်ပါနဲ့။ ❎
သက်ဆိုင်ရာဆရာဝန် ညွှန်ကြားချက်မပါဘဲ အကိုက်အခဲပျောက်ဆေးတွေသောက်မိမယ်ဆိုရင် အစာအိမ် သွေးပေါက်တာနဲ့ ကျောက်ကပ် ပျက်စီးတာတွေ ဖြစ်သွားနိုင်ပါတယ်။
• အဆစ်ကို ပြင်းပြင်းထန်ထန် နှိပ်နယ်တာ နင်းတာ မပြုလုပ်ပါနဲ့။❎
ရောင်ရမ်းနေတဲ့ အဆစ်ကို ပြင်းပြင်းထန်ထန် နှိပ်လိုက်တာက ဒူးဆစ်အတွင်းပိုင်း အပျက်အစီး ပိုမို ဆိုးရွားသွားစေပါတယ်။
၂။ ကိုက်ခဲမှု သက်သာအောင် ဘာတွေ လုပ်ပေးရမလဲ ⁉️
• အနွေးကပ်ပေးပါ (Warm Compress): ✅
ကိုက်ခဲနေသော ဒူးဆစ်ပေါ်ကို ရေနွေးအိတ် ဒါမှမဟုတ်
ရေနွေးစွတ်ထားသော အဝတ်နဲ့ ၁၅မိနစ်လောက်စီ ကပ်ပေးပါ (သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်)။
• ဒူးဆစ်ကို နွေးနွေးထွေးထွေး ထားပါ။ ✅
မိုးတွင်း အအေးပတ်မခံပါနဲ့၊ ဒူးစွပ် (Knee Cap) များကို တပ်ဆင်ပေးပါ။
• ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း လုပ်ပါ။✅
ငြိမ်နားနေရုံတင်မကဘဲ အိမ်တွင်းမှာ ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်ပေးတာမျိုး၊
ခြေထောက် မြှောက်ပေးတာမျိုးလုပ်ပေးတာက ဒူးဆစ်ကြွက်သားတွေကို သန်မာစေပါတယ်။
ဒူးဆစ် အဆမတန် ရောင်ရမ်းပြီး လမ်း မလျှောက်နိုင်တဲ့အထိ နာကျင်ရောင်ရမ်းတာမျိုးတွေခံစားရပြီဆိုရင်တော့ အဆစ်အမြစ် အထူးကု သမားတော်နဲ့ ပြသပြီး
ဘေးထွက်ဆိုးကျိုး နည်းပါးတဲ့ ဆေးဝါးတွေနဲ့ပဲ စနစ်တကျ ကုသမှု ခံယူကြဖို့ ဆရာက အလေးအနက် တိုက်တွန်းပါရစေ။
မင်းအထူးကုဆေးခန်း၊ရောဂါရှာဖွေရေးစင်တာနှင့်ဆေးဆိုင်
အမှတ်(၅၉/၆၁) ၊၅၄ လမ်း၊ ကုန်သည်လမ်း နဲ့မဟာဗန္ဓုလလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
☎
09-880083384
09-898364041
#ဆေးရုံဆေးခန်း #အထူးကုဆေးခန်း #ဆေးစစ် #ကာကွယ်ဆေး #ဗိုလ်တထောင် #ဒူးဆစ်နာခြင်း #အဆစ်မြစ်ရောင် #လူကြီးကျန်းမာရေး #မိဘအသိသတိ #အထူးကုဆေးခန်း
#ရန်ကုန်