ThaPhay Shoon Pharmacy-သပြေရွှန်း ဆေးဆိုင်

  • Home
  • Myanmar
  • Yangon
  • ThaPhay Shoon Pharmacy-သပြေရွှန်း ဆေးဆိုင်

ThaPhay Shoon Pharmacy-သပြေရွှန်း ဆေးဆိုင် Drugs&Clinical equipment

Monkeypox ရောဂါ😱▪️Monkeypox ကဘယ်လိုဖြစ်တာလဲ❓Monkeypox က smallpox ရေကျောက်အမျိုးအနွယ်ဝင်ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ မျောက်တ...
20/05/2022

Monkeypox ရောဂါ😱

▪️Monkeypox ကဘယ်လိုဖြစ်တာလဲ❓

Monkeypox က smallpox ရေကျောက်အမျိုးအနွယ်ဝင်ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ မျောက်တွေမှာစတွေ့လို့ monkeypox လို့ခေါ်တာဖြစ်တယ်။

WHO ရဲ့အဆိုအရ ၁၉၇၀ ကစပြီး အာဖရိက (၁၁) နိုင်ငံရှိလူတွေမှာတွေ့ရပါတယ်။ ၁၉၉၆-၉၇ မှာ DRC ကွန်ဂိုနိုင်ငံမှာကူးစက်ပြန့်နှံ့ဖူးတယ်။

https://www.who.int/news-room/fact-sheets/detail/monkeypox

#အခုဖြစ်ရတဲ့အကြောင်းရင်းတစ်ခုကဒီလို။ ၁၉၈၀ လောက်က smallpox ရေကျောက်ကာကွယ်ဆေးတွေထိုးကြတယ်။ အခုနောက်ပိုင်းမှာ အဲ့လိုထိုးမှုနည်းလာလို့ ရောဂါအဖြစ်များလာတာလို့ UCLA မှ ပါမောက္ခ Anne Rimoin ကဆိုတယ်။

▪️အခုဘယ်နိုင်ငံတွေမှာတွေ့နေလဲ❓

အခု အမေရိကန်၊ စပိန်၊ ပေါ်တူဂီ၊ ယူကေနဲ့အခြားနိုင်ငံတွေမှာ တွေ့ရပါတယ်။ အမေရိကန်မှာ မေလ ၁၈ ရက်နေ့က ကနေဒါကပြန်လာတဲ့သူဆီမှာတွေ့တယ်။

ယူကေမှာ မေလ ၁၈ ရက်နေ့အထိ (၉) ယောက်တွေ့ထားတယ်။ မေလ ၆ ရက်နေ့မှာ နိုင်ဂျီးရီးယားကပြန်လာသူဆီမှာတွေ့တယ်။

ပေါ်တူဂီမှာ မေလ ၁၉ ရက်နေ့အထိ (၁၄) ယောက်မှာတွေ့ထားပြီး အယောက် (၂၀) မှာသံသယရှိနေတယ်။

စပိန်မှာလည်း ၂၃ ယောက်ကို သံသယရှိထားတယ်။

ယူကေကရော ပေါ်တူဂီက ကျန်းမာရေးအာဏာပိုင်တွေ သတိပေးထားတာက အဓိကတွေ့သူတွေဟာ ယောက်ျားချင်းလိင်ဆက်ဆံတဲ့ လိင်တူချစ်သူနဲ့ bisexual တွေမှာတွေ့ရတယ်လို့ သတိပေးထားတယ်။

▪️အခုစိုးရိမ်ရသလား❓

မစိုးရိမ်ရပါ။ monkeypox ဟာအခုကပ်လို ဖြစ်လာမှာမဟုတ်ပါ။ ကူးစက်သူအရေအတွက်နည်းပါတယ်။

monkeypox ဟာဖြစ်ခဲတဲ့ရောဂါမျိုးပါ။ များသောအားဖြင့်ရောဂါမပြင်းထန်ပါဘူး။

သို့သော်ကူးစက်နိုင်တာရယ်၊ ကူးစက်ခဲ့ရင်အန္တရာယ်ရှိတာမို့ သတိတော့ထားရပါမယ်။

မကာမကွယ်နဲ့ သတင်းပါမပို့ပဲထားရင် ရောဂါကူးစက်မှုပိုမို့ပြန့်နှံ့မှာကို စိုးရိမ်ရတယ်။

အဓိကရောဂါနှစ်မျိုး (၂) စားရှိတယ်။ Congo strain ကွန်ဂိုကရောဂါအမျိုးအစားက ပိုပြင်းထန်တယ်။ အဖိတ်အစဉ်နှုန်း (၁၀) ရာခိုင်နှုန်းအထိရှိတယ်။

West African အနောက်အာဖရိကအမျိုးအစားက အဖိတ်အစဉ် (၁) ရာနှုန်းပဲရှိတယ်။ ယူကေမှာဖြစ်နေတာ အဲ့ဒီအနောက်အာဖရိကမျိုး။

▪️ဘယ်လိုကူးစက်တာလဲ❓

အဓိက monkeypox ဗိုင်းရပ်စ်ပိုးကိုသယ်ဆောင်သူဟာ ကြွက်ဖြစ်တယ်။ မသန့်တဲ့အစားအစာစားမိတာ၊ တိရိစ္ဆာန်အကုတ်ခံရတာ၊ တိရိစ္ဆာန်အကိုက်ခံရတာတွေကနေဖြစ်တတ်တယ်။

လူလူချင်း အသက်ရှုလမ်းကြောင်းအရည်တွေထိတွေ့ရာကနေ၊ အရေပြားထိခိုက်ဒဏ်ရာကနေထိတွေ့မိပြီးလည်း ကူးစက်တတ်တယ်။

▪️ရောဂါလက္ခဏာတွေကဘာလဲ❓

ခေါင်းပြင်းပြင်းထန်ထန်ကိုက်တာ၊ ကိုယ်ပူတက်တာ၊ ခါးနာတာ၊ အကျိတ်တွေရောင်ယမ်းတာ၊ ကြွက်သားတွေနာကျင်တာ၊ အရေပြားမှာအနီကွက်တွေထကာ အဖုအပိမ့်တွေထွက်တာတွေဖြစ်မယ်။

ဖျားနာမှုက (၂) ပတ် (၃) ပတ်လောက်ကြာနိုင်တယ်။

https://www.cdc.gov/poxvirus/monkeypox/outbreak/us-outbreaks.html

အခုအချိန်အထိက မစိုးရိမ်ရသေးပေမယ့် အားလုံးသိထားရအောင်ရေးသားလိုက်ပါတယ်။


20-May-2022

စုံလင်စွာရောက်ရှိ😍
18/05/2022

စုံလင်စွာရောက်ရှိ😍

ကဆုန်လပြည့် - ဗုဒ္ဓနေ့ကဆုန်လပြည့်နေ့အကြောင်း🙏🌻🙏🌻🙏🌻🙏🌻🙏ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံကဆုန်လပြည့် ရက်မြတ်များ🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏(...
14/05/2022

ကဆုန်လပြည့် - ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့အကြောင်း
🙏🌻🙏🌻🙏🌻🙏🌻🙏

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

ကဆုန်လပြည့် ရက်မြတ်များ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။
==========================

#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]တစ်ဆင့်ပြန်လည်ကူးယူဖော်ပြပါသည်။

အိမ်တွင်ဆောင်ထားသင့်သော အိမ်တွင်းဆေးဝါးများ💊💊 ( လူကြီးများ အတွက် )Crd to original post
12/05/2022

အိမ်တွင်ဆောင်ထားသင့်သော အိမ်တွင်းဆေးဝါးများ💊💊 ( လူကြီးများ အတွက် )

Crd to original post

Address

Nawarat Street
Yangon

Opening Hours

Monday 07:00 - 18:30
Tuesday 07:00 - 18:30
Wednesday 07:00 - 18:30
Thursday 07:00 - 18:30
Friday 07:00 - 18:30
Saturday 07:00 - 18:30
Sunday 06:30 - 18:30

Telephone

+959986619511

Website

Alerts

Be the first to know and let us send you an email when ThaPhay Shoon Pharmacy-သပြေရွှန်း ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ThaPhay Shoon Pharmacy-သပြေရွှန်း ဆေးဆိုင်:

Share