Care Hut Pharmacy

Care Hut Pharmacy 🍀Your Health Your Choice🍀

‼️ ကာလဝမ်းရောဂါ (cholera)  ကြိုတင်ကာကွယ်ကြရအောင် 🚨◾ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ◾၏ကျန်းမာရေးဆောင်းပါးကိုကူးယူတင်ပြအပ်ပါ...
06/07/2024

‼️ ကာလဝမ်းရောဂါ (cholera) ကြိုတင်ကာကွယ်ကြရအောင် 🚨

◾ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ◾၏ကျန်းမာရေးဆောင်းပါးကိုကူးယူတင်ပြအပ်ပါတယ်ရှင် 🌸

🦠 ကာလဝမ်းရောဂါဆိုတာ Vibrio cholerae ဆိုတဲ့ ဘက်တီးရီးယားရောဂါပိုးကူးစက်တာကြောင့် ဖြစ်တာပါ ‼️

ကာလဝမ်းရောဂါ ဘယ်လိုကူးစက်နိုင်သလဲ ❓❓⚠️
-----------------------------------
cholera ဘက်တီးရီးယားပိုးပါတဲ့ အစားအသောက်၊ ရေတို့ကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ ကာလဝမ်းရောဂါရှိသူရဲ့ မစင်၊ အန်ဖတ်တို့ကနေတဆင့် လည်း ကူးစက်နိုင်ပါတယ်။

ကာလဝမ်းရောဂါပိုး ကူးစက်ခံရတဲ့အခါ ဘယ်လို လက္ခဏာတွေ ပြတတ်သလဲ❓⚠️
-----------------------------------
ကာလဝမ်းရောဂါပိုးကူးစက်ခံရသူ ၁၀ ဦးမှာ တစ်ဦးက ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။
▶အရည်ဝမ်းလျှောခြင်း 🚨
ဆန်ဆေးရေလို အရည်ဝမ်းသွားတတ်တာမျိုးပါ။

▶အန်ခြင်း🚨
တချို့တွေမှာ ဝမ်းမလျှောခင် အရည်တွေ အန်တဲ့ လက္ခဏာကို စတင်ပြသတတ်ပါတယ်။

▶ နုံးခွေခြင်း၊ သတိလစ်ခြင်း🚨
ခန္ဓာကိုယ်အရည်ဓာတ်ဆုံးရှုံးမှုကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ သွေးပေါင်ရုတ်တရက်ကျပြီး သတိလစ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

▶ကြွက်တက်ခြင်း🚨
ရေဓာတ်သာမက သတ္တုဓာတ်တွေပါ ဆုံးရှုံးတဲ့အတွက် ကြွက်တက်စေနိုင်ပါတယ်။

ဘယ်သူတွေ ဖြစ်နိုင်ခြေ များသလဲ❓⚠️
---------------------------------
မသန့်ရှင်းတဲ့ရေ သောက်ရသူ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းသူ၊ သန့်ရှင်းမှုအားနည်းတဲ့ ဒေသ တွေမှာ နေထိုင်သူတွေက ကာလဝမ်းရောဂါ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်ပါတယ်။

ကာလဝမ်းရောဂါ ဖြစ်ရင် ဘယ်လို ကုသရမလဲ❓⚠️
-----------------------------------
(၁) ဓာတ်ဆားရည် အလုံအလောက် သောက်ရပါမယ်။ ကာလဝမ်းရောဂါ အတွက် အရေးကြီးဆုံး ကုသမှုထဲမှာ ပါဝင်ပါတယ်။
(၂) ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေး(Antibiotics)နဲ့ ဆေးပတ်လည်အောင် ကုရပါမယ်။
(၃) ကလေးတွေမှာဖြစ်ရင် ဇင့်ပါတဲ့ အားဆေးကိုပါ ဖြည့်စွက်တိုက်ကျွေးရပါမယ်။

ကာလဝမ်းရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ❓⚠️
-----------------------------------
✅အစာမစားခင်နဲ့ စားပြီးတဲ့အခါ၊ အိမ်သာတက်ပြီးတဲ့အခါတွေမှာ လက်ကို သေချာ ဆေးကြောရပါမယ်။
✅အစားအသောက်တွေကို ကောင်းစွာကျက်အောင် ချက်ပြုတ်ပြီးမှ စားရပါမယ်။
✅ယင်နားစာတွေကို လုံးဝ မစားသင့်ပါဘူး။
✅ရေသန့်သောက်ရပါမယ်။ မရရင် ရေကို ကျိုချက် သောက်သုံးရပါမယ်။
✅ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားရပါမယ်။
✅ယင်လုံအိမ်သာ သုံးစွဲရပါမယ်။

သတိပြုရန်🚨‼️
----------
ကာလဝမ်းရောဂါကို သေချာကုသမှုမခံယူရင် အသက်အန္တရာယ် ဆုံးရှုံးစေနိုင်တာကြောင့် လက္ခဏာတွေ ပြလာရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို သွားပြဖို့ အရေးကြီးပါတယ်။
စောစော သိရှိပြီး စနစ်တကျ ကုသမှုခံယူရင် ပြင်းထန်တဲ့ လူနာတွေမှာတောင် ပြန်ကောင်းလာနိုင်ပါတယ်ဆိုတာ ပြောကြားရင်း ...
''အားလုံး ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ''🙏🏻

(Ref; www.cdc.gov/cholera)

All in one health service တွေအတွက် အခုပဲ Care Hut Myanmar 💚ကိုဆက်သွယ်လိုက်ပါရှင် 🥰🥰
30/06/2024

All in one health service တွေအတွက် အခုပဲ Care Hut Myanmar 💚ကိုဆက်သွယ်လိုက်ပါရှင် 🥰🥰

Address

No(20), Parami Road
Yangon
11051

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959757511313

Website

Alerts

Be the first to know and let us send you an email when Care Hut Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Care Hut Pharmacy:

Share