Aung Chan Thar Clinic -အောင်ချမ်းသာဆေးခန်း

  • Home
  • Myanmar
  • Yangon
  • Aung Chan Thar Clinic -အောင်ချမ်းသာဆေးခန်း

Aung Chan Thar Clinic -အောင်ချမ်းသာဆေးခန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Chan Thar Clinic -အောင်ချမ်းသာဆေးခန်း, Medical and health, Yangon.

Hello 👋 အားလုံးဘဲမင်္ဂလာပါဒီနေ့မှာတော့ရာသီတုပ်ကွေးနဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးချင်ပါတယ်မိုးရာသီ ရောက်ပြီဆိုတ...
20/06/2024

Hello 👋 အားလုံးဘဲမင်္ဂလာပါ
ဒီနေ့မှာတော့ရာသီတုပ်ကွေးနဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးချင်ပါတယ်
မိုးရာသီ ရောက်ပြီဆိုတော့ ကလေး လူကြီးဖျားနာတာတွေ ၊နှာစီး ၊ချောင်းဆိုးဖြစ်နေတော့ မေမေတွေစိတ်ညစ်နေပြီလား
ဒါမျိုးတွေမဖြစ်ရအောင်
တုပ်ကွေးကာကွယ်ဆေးကိုကြိုတင်ပြီးထိုးထားဖို့အကြံပြုချင်ပါတယ်
တုပ်ကွေးကာကွယ်ဆေးထိုးတော့မယ်ဆိုရင်အောက်ပါအကြောင်းအရာများကိုလည်းသိထားဖို့လိုအပ်ပါတယ်

#ဘယ်သူတွေရာသီတုပ်ကွေးကာကွယ်ဆေးအထိုးသင့်ဆုံးလဲ

အခုပြောမယ့်သူတွေကတော့ကာကွယ်ဆေးမဖြစ်မနေထိုးဖို့လိုအပ်ပါတယ်
-အသက်ကြီးရွယ်အိုလူကြီးမိဘတွေ
ကိုယ်ဝန်ဆောင်မိခင်တွေ
ကလေးငယ်လေးတွေ
ကိုယ်ခံအားနည်းသူတွေ
ရောဂါအခံအမျိုးမျိူးရှိတဲ့သူတွေကတော့ကာကွယ်ဆေးထိုးဖို့ပိုပြီးလိုအပ်ပါတယ်။

#ဘယ်အရွယ်ကစပြီးကာကွယ်ဆေးထိုးလို့ရပြီလဲ

ရာသီတုပ်ကွေးကာကွယ်ဆေးကိုကလေးတွေထိုးဖို့လိုတယ်ဆိုပေမယ့် ကလေး၆လကျော်ပြီးမှသာကာကွယ်ဆေးထိုးလို့ရမှာပါ။

#တစ်ကြိမ်ထိုးရုံနဲ့လုံလောက်လား

ကာကွယ်ဆေးကတစ်နှစ်ကိုတစ်ကြိမ်ထိုးပေးဖို့လိုအပ်ပါတယ်။

#တုပ်ကွေးကာကွယ်ဆေးကြောင့်ဘယ်လိုလက္ခဏာတွေဖြစ်လာနိုင်လဲ

တုပ်ကွေးကာကွယ်ဆေး ခန္ဓာကိုယ်မှာဓာတ်ပြုတဲ့အခါကာကွယ်ဆေးထိုးပြီး တစ်ရက်နှစ်ရက်လောက်ကြွက်သားတွေ နာကျင်ကိုက်ခဲတာ အဖျားတတ်တာမျိုးတွေဖြစ်နိုင်ပါတယ်။

#ကာကွယ်ဆေးကြောင့်ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကဘာတွေလဲ

ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာလေ ကာကွယ်ဆေးရဲ့ဓာတ်ပြုမှုကြောင့်ခန္ဓာကိုယ်မှာ အခုလိုဘေးထွက်ဆိုးကျိုးလေးတွေရှိနိုင်ပါတယ်
-အဖျားငွေ့ငွေ့လေးဖြစ်တာတို့
-ဆေးထိုးတဲ့နေရာကနာကျင်တာ
-အားကုန်ပြီးပင်ပန်းနွမ်းနယ်နေတာ
-အသက်ရှုခက်တာ
-ထုံကျင်ကိုက်ခဲတာစတဲ့လက္ခဏာတွေဖြစ်တတ်
ပါသည်။

#ဘယ်လိုလူမျိုးတွေမထိုးသင့်ဘူးလဲ

-ခုလက်ရှိအဖျားရှိနေတဲ့သူတွေ
-ကာကွယ်ဆေးနဲ့ဓာတ်မတည့်တဲ့သူတွေ စသည့်လက္ခဏာရှိတဲ့သူတွေကတော့ ရာသီတုပ်ကွေးကာကွယ်ဆေးကိုမထိုးသင့်ပါ

#တုပ်ကွေးကာကွယ်ဖို့တခြားဘာတွေလုပ်ပေးဖို့လိုမလဲ

တုပ်ကွေးကာကွယ်ဆေးထိုးတာကောင်းတဲ့အလေ့အထဆိုပေမယ့် ၁၀၀ရာခိုင်နှုန်းကာကွယ်ပေးနိုင်တာမဟုတ်ပါဘူး။ဒါကြောင့်တစ်ခြားကာကွယ်ဖို့အနေနဲ့
-ခြင်ကိုက်မခံရအောင်ဂရုစိုက်ပါ
-ညအိပ်ချိန်ပြည့်ဝအောင်ဂရုစိုက်ပါ
-ကိုယ့်ခံအားကောင်းအောင်လေ့ကျင့်ခန်းသေချာလုပ်ပါ
-အာဟာရပြည့်ဝတဲ့အစားအသောက်ကိုစားပါ
-ရေများများသောက်ပါ
-စိတ်ဖိစီးမှုတွေကိုဖြေလျှော့ပါ
လူဆိုတာ ကျန်းမာမှအလုပ်လုပ်နိုင်မှာ ဖြစ်ပြီးတော့အလုပ်ကိုဘဲ ဖိလုပ်နေပြီးတော့ ကိုယ့်ကျန်းမာရေးကိုပစ်ထားရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူးနော်
အဲ့အတွက်ကြောင့် အချိန်မလွန်ခင်တုပ်ကွေးကာကွယ်ဆေးထိုးဖို့ တိုက်တွန်းလိုက်ပါတယ်နော်😉
အဆုံးထိဖတ်ပေးတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်နော်🤍
အောင်ချမ်းသာဆေးခန်းမှာလည်း ၂၀၂၄အတွက်ရာသီတုပ်ကွေးကာကွယ်ဆေးထိုးလို့ရနေပြီဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါတယ် 🩼👨‍⚕️

တားဆေးကဒ်များနှင့် Condomများကို ရွှေပေါက်ကံ အောင်ချမ်းသာဆေးခန်းတွင်အခမဲ့ရယူနိုင်ပါသည်။🥰တစ်ယောက်လျှင်တစ်ဘူးနှုန်း #ရွှေပ...
22/11/2023

တားဆေးကဒ်များနှင့် Condomများကို ရွှေပေါက်ကံ အောင်ချမ်းသာဆေးခန်းတွင်အခမဲ့ရယူနိုင်ပါသည်။🥰
တစ်ယောက်လျှင်တစ်ဘူးနှုန်း
#ရွှေပေါက်ကံမြို့နယ်အတွင်းသာ
ဆေးကဒ်၀ယ်ဖို့အဆင်မပြေသူများကိုပို၍ဦးစားပေးပါမည်

16/08/2021

16.8.21 တနင်္လာနေ့မနက်ပိုင်းဆေးခန်းပိတ်ပါသည်ရှင်ညနေပိုင်းကိုတော့ပုံမှန်အတိုင်း 4နာရီမှ 8 နာရီထိဖွင့်လှစ်ပါမည်။

06/08/2021

7.8.21 စနေနေ့မနက်ပိုင်းဆေးခန်းပိတ်ပါသည်ရှင်
ညနေပိုင်းကိုတော့ပုံမှန်အတိုင်း 4နာရီမှ 8 နာရီထိဖွင့်လှစ်ပါမည်။

30/07/2021

31.7.21 စနေနေ့မနက်ပိုင်းဆေးခန်းပိတ်ပါသည်ရှင်
ညနေပိုင်းကိုတော့ပုံမှန်အတိုင်း 4နာရီမှ 8 နာရီထိဖွင့်လှစ်ပါမည်။

Address

Yangon

Opening Hours

Monday 16:30 - 20:00
Tuesday 16:30 - 20:00
Wednesday 16:30 - 20:00
Thursday 16:30 - 20:00
Friday 16:30 - 20:00
Saturday 16:30 - 20:00
Sunday 16:30 - 20:00

Telephone

+959773866014

Website

Alerts

Be the first to know and let us send you an email when Aung Chan Thar Clinic -အောင်ချမ်းသာဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share