SKT Nurse Services

SKT Nurse Services အိမ်တိုင်ရာရောက်သူနာပြုဝန်​ဆောင်မှု

14/06/2026
💙👩‍⚕️ International Nurses Day 👨‍⚕️💙​“သူနာပြု” ဆိုတာ ဆေးကုသမှုတစ်ခုထက်ပိုတဲ့ နွေးထွေးမှုနဲ့ ဂရုစိုက်မှုကို ပေးစွမ်းနိုင်...
12/05/2026

💙👩‍⚕️ International Nurses Day 👨‍⚕️💙

​“သူနာပြု” ဆိုတာ ဆေးကုသမှုတစ်ခုထက်ပိုတဲ့ နွေးထွေးမှုနဲ့ ဂရုစိုက်မှုကို ပေးစွမ်းနိုင်သူများပါ။

လူနာတစ်ယောက်ရဲ့ ဝေဒနာများကို ထပ်တူခံစား နားလည်ပေးပြီး အားငယ်နေချိန်မှာ အားပေးစကားပြောပေးသူ၊ အရေးပေါ်အခြေအနေတိုင်းမှာလည်း အနားမှာရှိနေပေးသူတွေဟာ မိသားစုဝင်များသည်သာမက သူနာပြုများသည်လည်း ပါဝင်လျှက်ရှိပါတယ်။ ✨

နေ့ညမရွေး တာဝန်ကျေပွန်စွာနဲ့ လူနာတိုင်းရဲ့ ကျန်းမာရေးအတွက် “Care, Compassion and Commitment” ဆိုတဲ့ စိတ်ဓာတ်များဖြင့် လူနာတွေအတွက် အမြဲရှေ့တန်းကနေ ရပ်တည်ပေးနေကြတဲ့ Nurses များအားလုံး ကျန်းမာပျော်ရွှင်ပြီး အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်နိုင်ပါစေကြောင်း SKT Nurse Services မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 💐)

👨‍⚕️👨‍🔧 ၂၀၂၆ ခုနှစ် မေလ (၁) ရက်နေ့တွင်ကျရောက်သော 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐚𝐛𝐨𝐮𝐫 𝐃𝐚𝐲 (အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့) ကို SKT Nurse ...
01/05/2026

👨‍⚕️👨‍🔧 ၂၀၂၆ ခုနှစ် မေလ (၁) ရက်နေ့တွင်ကျရောက်သော 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐚𝐛𝐨𝐮𝐫 𝐃𝐚𝐲 (အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့) ကို SKT Nurse Services မိသားစု​မှ လေးစားစွာဖြင့် ဂုဏ်ပြုကြိုဆိုအပ်ပါသည်။



🙏ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့)🙏ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့) သည် ဗုဒ္ဓဘာသာဝင်တို့...
30/04/2026

🙏ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့)🙏

ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့) သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်ပြီး အေးချမ်းစွာဖြင့် ကုသိုလ်တရားများ ဆထက်ထမ်းပိုး ပွားများအားထုတ်နိုင်ပါစေကြောင်းSKT​ Nurse​ Services​မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
SKT Nurse Services

အလုပ်မောတဲ့အချိန်၊ အိပ်ငိုက်တဲ့အချိန်တွေမှာ 𝐄𝐧𝐞𝐫𝐠𝐲 𝐃𝐫𝐢𝐧𝐤 သောက်တတ်ပါသလား?သောက်လိုက်ရင် ခဏတာ လန်းဆန်းသွားသလို ခံစားရပေမဲ့ ...
22/03/2026

အလုပ်မောတဲ့အချိန်၊ အိပ်ငိုက်တဲ့အချိန်တွေမှာ 𝐄𝐧𝐞𝐫𝐠𝐲 𝐃𝐫𝐢𝐧𝐤 သောက်တတ်ပါသလား?
သောက်လိုက်ရင် ခဏတာ လန်းဆန်းသွားသလို ခံစားရပေမဲ့ ကိုယ့်နှလုံးအတွက် ဘာတွေဖြစ်နိုင်လဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။
𝐄𝐧𝐞𝐫𝐠𝐲 𝐃𝐫𝐢𝐧𝐤 ဆိုတာ ဘာလဲ?
𝐄𝐧𝐞𝐫𝐠𝐲 𝐃𝐫𝐢𝐧𝐤 ဆိုတာ ကဖိန်းဓာတ် (𝐜𝐚𝐟𝐟𝐞𝐢𝐧𝐞) အများအပြားပါဝင်သလို သကြားဓာတ်၊ တခြားဖြည့်စွက်ပစ္စည်းတွေနဲ့ 𝐆𝐮𝐚𝐫𝐚𝐧𝐚၊ 𝐓𝐚𝐮𝐫𝐢𝐧𝐞၊ 𝐋-𝐜𝐚𝐫𝐧𝐢𝐭𝐢𝐧𝐞 စတဲ့ ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွ စေတဲ့ဓာတ်တွေ ပါဝင်တဲ့ အဖျော်ယမကာတစ်မျိုး ဖြစ်ပါတယ်။ ဒီဓာတ်တွေက အာရုံစူးစိုက်မှုနဲ့ လန်းဆန်းမှုကို ခဏတာ တိုးပေးနိုင်ပေမဲ့ တစ်ဖက်မှာလည်း သွေးပေါင်ချိန်တက်ခြင်း၊ နှလုံးခုန်မြန်ခြင်းနဲ့ အသက်ရှူနှုန်း မြန်လာခြင်းစတဲ့ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
• 𝐄𝐧𝐞𝐫𝐠𝐲 𝐃𝐫𝐢𝐧𝐤 တစ်ဘူးမှာ 𝐂𝐚𝐟𝐟𝐞𝐢𝐧𝐞 (၈၀ မီလီဂရမ် မှ ၂၀၀ မီလီဂရမ်) အထိ ပါဝင်နိုင်ပါတယ်။
• လူကြီးတစ်ယောက်အတွက် တစ်နေ့တာ သောက်သုံးသင့်တဲ့ 𝐂𝐚𝐟𝐟𝐞𝐢𝐧𝐞 ပမာဏက (၄၀၀ မီလီဂရမ်) ထက် မကျော်သင့်ပါဘူး။
⚠️ 𝐄𝐧𝐞𝐫𝐠𝐲 𝐃𝐫𝐢𝐧𝐤 ကို ဘယ်လိုလူမျိုးတွေ ရှောင်ကျဉ်သင့်လဲ?
• နှလုံးရောဂါရှိသူများ
• သွေးပေါင်မြင့်သူများ
• ကိုယ်ဝန်ဆောင်မိခင်များ
• အသက် ၁၈ နှစ်အောက် ကလေးငယ်များနှင့် လူငယ်များ
• 𝐀𝐫𝐫𝐡𝐲𝐭𝐡𝐦𝐢𝐚 𝐡𝐢𝐬𝐭𝐨𝐫𝐲 ရှိသူများ (နှလုံးခုန်နှုန်း ပုံမှန်မဟုတ်သူများ (သို့) နှလုံးခုန်စည်းချက် မမှန်တတ်သူများ)
𝐄𝐧𝐞𝐫𝐠𝐲 𝐃𝐫𝐢𝐧𝐤 သောက်ပြီးနောက် အောက်ပါဝေဒနာများ ခံစားရပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။
• ပုံမှန်ထက် နှလုံးခုန်မြန်ခြင်း
• ရင်တုန်ခြင်း
• မူးဝေခြင်း
• ရင်ဘတ်အောင့်ခြင်း/နာခြင်း
💡 ဘေးထွက်ဆိုးကျိုးမရှိဘဲ လန်းဆန်းစေဖို့အတွက် 𝐄𝐧𝐞𝐫𝐠𝐲 𝐃𝐫𝐢𝐧𝐤 သောက်မဲ့အစား အခြား လုပ်ဆောင်နိုင်တဲ့ (၅) ချက်ကို အောက်ပါအတိုင်း အကြံပြုပေးပါရစေ။
• ရေများများသောက်ပါ။
• အိပ်ရေးဝအောင် အိပ်စက်ပါ။
• 𝐆𝐫𝐞𝐞𝐧 𝐓𝐞𝐚 သို့မဟုတ် 𝐁𝐥𝐚𝐜𝐤 𝐂𝐨𝐟𝐟𝐞𝐞 ကို ပမာဏအနည်းငယ်သာ သောက်ပါ။
• ကိုယ်လက်လှုပ်ရှားမှုနှင့် အကြောလျှော့လေ့ကျင့်ခန်း လုပ်ပေးပါ။
• သကြားဓာတ်ပါဝင်မှုများသော အချိုရည်များအစား အသီးအနှံများ သို့မဟုတ် အခွံမာသီးများ (𝐍𝐮𝐭𝐬) စားသုံးပေးပါ။
𝐄𝐧𝐞𝐫𝐠𝐲 𝐃𝐫𝐢𝐧𝐤 များသည် နှလုံးခုန်နှုန်းမြန်စေခြင်း၊ သွေးပေါင်မြင့်စေခြင်းနှင့် နှလုံးစည်းချက်မမှန်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်တာကြောင့် အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ကြဉ်ကြဖို့ SKT Nurse Services က​တိုက်တွန်း​လိုက်ပါတယ်

🧧✨  မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူးအချိန်အခါ ဖြစ်ပါစေ✨🧧မြင်းနှစ်သစ်ကို ကြိုဆိုတဲ့အချိန်မှာ SKT Nurse Services   မှ ကိုယ်စိ...
16/02/2026

🧧✨ မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူးအချိန်အခါ ဖြစ်ပါစေ✨🧧

မြင်းနှစ်သစ်ကို ကြိုဆိုတဲ့အချိန်မှာ SKT Nurse Services မှ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာမှုနဲ့ အင်အားအပြည့်ရှိတဲ့ နှစ်သစ်လေးဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

မြင်းဆိုတာ ခံနိုင်ရည်ရှိခြင်း၊ တက်ကြွခြင်းနဲ့ ရှေ့ကိုတက်လှမ်းရဲတဲ့ သတ္တိရဲ့ သင်္ကေတပါ။ ဒီနှစ်သစ်လေးကလည်း

ကျန်းမာခြင်း၊ ချစ်ခြင်းမေတ္တာ၊ ကြီးပွားခြင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်လေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🌸

03/07/2025

ကျန်းမာပျော်ရွှင်တဲ့ မိခင်နှင့်ကလေး ဘဝကို ပိုင်ဆိုင်နိုင်ဖို့ အားလုံးပဲ ဒီဗီဒီယိုလေးကို ကြည့်ရှုပြီး လေ့လာမှတ်သားလိုက်ကြရအောင်နော်.

📌သွေးလွန်တုပ်ကွေးရောဂါဟာ မိုးရာသီမှာ ကလေးတွေအဖြစ်များဆုံးရောဂါဖြစ်ပါတယ်။💁‍♂️🦟သွေးလွန်တုပ်ကွေးရောဂါဟာ ရောဂါပိုးသယ်ဆောင်ထာ...
19/06/2025

📌သွေးလွန်တုပ်ကွေးရောဂါဟာ မိုးရာသီမှာ ကလေးတွေအဖြစ်များဆုံးရောဂါဖြစ်ပါတယ်။💁‍♂️🦟
သွေးလွန်တုပ်ကွေးရောဂါဟာ ရောဂါပိုးသယ်ဆောင်ထားတဲ့ "အေးဒီးစ်"(Aedes) ခြင်ကျား အကိုက်ခံရခြင်းကြောင့်ကူးစက်ခံရနိုင်ပါတယ်။🦟
သွေးလွန်တုပ်ကွေးရောဂါအတွက် ထိရောက်တဲ့ ကာကွယ်ဆေးနဲ့ ကုသရန် ဗိုင်းရပ်စ်ပိုးသတ်ဆေးများမရှိသေးတာကြောင့် မိမိတို့ရဲ့သားသားမီးမီးလေးတွေကို သေချာဂရုစိုက်သင့်ပါတယ်။✔️
ရောဂါပိုးကူးစက်ခံရတဲ့ လက္ခဏာတွေကတော့..
❎အဖျားကြီးခြင်း
❎ခန္ဓာကိုယ်တွင် အနီစက်များထွက်ပေါ်လာခြင်း
❎ခေါင်းကိုက်ပြီးကိုယ်လက်များကိုက်ခဲခြင်း
❎ပျို့အန်ခြင်း
❎ဝမ်းလျှောခြင်းတို့ပဲဖြစ်ပါတယ်။
မိမိရဲ့ကလေးဟာ....
📌နှာခေါင်းသွေးလျှံခြင်းနှင့် သွားဖုံးသွေးယိုခြင်း
📌 ကော်ဖီရောင်အန်ခြင်းနှင့်ဝမ်းမဲများသွားခြင်း
📌 အလွန်မှိန်းပြီးခြေဖျားလက်ဖျားအေးစက်ခြင်း
📌 ကယောင်ကတမ်းပြောခြင်း
📌 ဆီးသွားနည်းပြီးရုတ်တရက် ဗိုက်အောင့်ခြင်း စသည်တို့ဖြစ်ပေါ်လာသောအခါ မပေါ့ဆဘဲ ဆေးရုံဆေးခန်းသို့အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။
မိုးရာသီမှာ အဖြစ်များတဲ့သွေးလွန်တုတ်ကွေးရောဂါကို ကာကွယ်ခြင်းဖြင့် ကိုယ့်ရဲ့တန်ဖိုးထားရတဲ့ သားသားမီးမီးလေးတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်လိုက်ရအောင်

Address

Yangon

Opening Hours

Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 10:00 - 12:00

Telephone

+959960956460

Alerts

Be the first to know and let us send you an email when SKT Nurse Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SKT Nurse Services:

Share