29/01/2021
ချစ်တို့ ဗိုက်မှာ အဆီတွေ စုမိနေပြီး ဗိုက်ခေါက်ထွက်တဲ့အဆင့် ရောက်နေရင်တော့ ဒါတွေ လိုက်နာဖို့ လိုပါတယ်။
ဗိုက်မှာ အရစ်အခေါက်တွေ ရှိနေပြီလား။ ချစ်တို့ရဲ့ ဗိုက်မှာ အဆီတွေ စုနေပြီဆိုရင်တော့ သေချာပေါက် ဗိုက်မှာ အခေါက်တွေ နှစ်ရစ်လောက် ဖြစ်နေပါပြီ။ အဲဒီလို ဗိုက်မှာ အဆီတွေ စုနေတာက ချစ်တို့ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်မှုကို ထိခိုက်စေတဲ့အပြင် ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ဝမ်းဗိုက် အဆီတွေ လျော့ကျလာအောင် ၊ ထပ်မတိုးလာအောင် ဘာတွေ လုပ်မလဲ ဖတ်ကြည့်ရအောင်။
စိတ်ဖိစီးမှု
ဝမ်းဗိုက်မှာ ဗိုက်အဆီတွေ ရှိနေတာက စိတ်ဖိစီးမှုနဲ့လည်း ဆိုင်ပါတယ်။ စိတ်ဖိစီးမှုတွေက အစားစားချင်စိတ်ကို မြင့်တက်စေပြီး ထိုင်းမှိုင်းနေတဲ့စိတ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒီတော့ အစားများများ စားဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှု မရှိတာမျိုးတွေကြောင့် ဗိုက်မှာ အဆီတွေ ပိုစုလာတတ်ပါတယ်။
အစားစားတဲ့အခါ
ဗိုက်မှာ အဆီတွေ မစုချင်ဘူးဆိုရင် အစားစားတဲ့အခါလည်း ချင့်ချိန်စားသုံးဖို့ လိုပါတယ်။ အဆီအစိမ့်တွေနဲ့ အသင့်စား အစားအစာတွေက ဝိတ်တက်စေပြီး ဗိုက်မှာ အဆီစုစေတဲ့ တရားခံပါ။ ဒီတော့ ကိုယ်နေ့တိုင်း စားတဲ့ အစားအစာတွေမှာ အဆီ ဘယ်လောက်၊ ကယ်လိုရီ ဘယ်လောက်ရှိလဲဆိုတာ အမြဲတမ်း တွက်ချက်စားပါ။
www.prevention.com
ခါးလှည့်ကွင်းနဲ့ ခါးလှည့်ပြားလှည့်ပါ
ဂျင်တွေ မသွားဖြစ်ရင်တောင်ခါးလှည့်ကွင်းနဲ့ ခါးလှည့်ပြားက အိမ်မှာဝယ်ထားပြီး ကိုယ့်ဘာသာ ဆော့နိုင်တဲ့ အရာတွေပါ။ ဗိုက်မှာ အဆီစုတာတွေ မဖြစ်စေချင်ဘူးဆိုရင်တော့ ခါးလှည့်ကွင်းနဲ့ ခါးလှည့်ပြား ကစားပေးတာမျိုး လုပ်ပါ။ ဗိုက်အဆီအပြင် ခါးဘေးတွေမှာ ကျစေမှာ ဖြစ်ပါတယ်။
အဆီကျစေမယ့် နည်းလမ်းတွေ
အဆီကျစေမယ့် နည်းလမ်းတွေထဲမှာ detox water သောက်တာမျိုး ပါပါတယ်။ detox water က ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ အဆီတွေ ကျစေတဲ့အပြင် ချပ်ချပ်ရပ်ရပ်လေး ဖြစ်ဖို့လည်း ကူညီပေးပါတယ်။ နောက်ပြီး အသီးအနှံတွေနဲ့ အဓိက လုပ်ထားတာဆိုတော့ အမျှင်ဓါတ်ရပြီး ဘေးထွက်ဆိုးကျိုးလည်း နည်းစေတယ်လေ။
www.prevention.com
အဆီကျစေမယ့် လေ့ကျင့်ခန်း
ဗိုက်အဆီကျစေမယ့် လေ့ကျင့်ခန်းကောင်းလေးတွေလည်း လုပ်ဖို့ လိုပါတယ်။ အဲဒါကတော့ ဂျင်ဆော့တာ၊ ကတာတွေအပြင် ကိုယ့်အိမ်မှာတင် အိပ်ထမတင်လိုမျိုး ဗိုက်အတွက် လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။
Tags: fitness, health
DetoxWaterသောက်ချင်တယ်ဆိုရင်တော့
ရာနှုန်းပြည့် သဘာဝစစ်စစ်
ှိပါတယ်ရှင့်👌