01/07/2021
💖 အဆီဖု ဝက်ခြံကင်းအောင် ဘာတွေလုပ်ရမလဲ 💖
💖 Part - 1 💖
အသားရေပြသနာကြောင့် စိတ်ညစ်နေရသူ အများစုက Skincare သုံးဖို့ကိုပဲ အဓိက အာရုံထားတာ တွေ့ရတယ်
ကိုယ့်ရဲ့ စားသောက်နေထိုင်မှု ကို ပြန်ပြီး ဆန်းစစ်သင့်တာကို မေ့နေကြပါတယ် .....
ဒီ Topic မှာတော့ ချွေးပေါက်ကျယ် / အဆီပြန်သူအတွက် ကိုက်ညီတဲ့ Skincare Tip လည်းပါပေမယ့် ( အဆီဖု / ဝက်ခြံအဓိက ပြောပြပေးထားပါတယ် ) လိုအပ်ရင် Edit လုပ်ပြီး ထပ်မံဖြည့်စွက်သွားပါမယ်
👉 ဆီးမှန် / ဝမ်းမှန်ရဲ့လား
👉 ရေတစ်နေ့ 2 Liter အနည်းဆုံးသောက်ရဲ့လား
👉 အိပ်ယာ ခေါင်းအုံး စောင် ပုံမှန် လဲ ဖြစ်ရဲ့လား
👉 အဆီ အစိမ့် အစပ်ကို ဘယ်နှရက်စားမိလဲ
👉 မျက်နှာသုတ်ပုဝါ သန့်ရှင်းရဲ့လား
👉 မျက်နှာသုတ်တဲ့အခါ ပွတ်ပြီးသုတ်မိနေလား
👉 မိတ်ကပ်လိမ်းတဲ့ ဖော့တွေ Brush တွေ သန့်ရှင်းရဲလား
ဒါတွေကို အမှုမဲအမှတ်မဲ့နေလို့မရပါဘူး သတိထားရမှာတွေပါ
ဒါတွေကို ဂရုစိုက်ပြီးရင်တော့ Skincare ပိုင်းမှာလိုအပ်တာဆိုရင်
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
မျက်နှာသစ်တဲ့အခါ မနက်ပိုင်းမှာဆိုရင်
Deep Cleansing ဆပ်ပြာတွေကို လုံးဝမသုံးရပါဘူး
Skin Barrier ကို ပျက်စီးစေတာမို့ ရှောင်ရပါမယ်
Soap Free ဖြစ်တာ Mild ဖြစ်တာကိုပဲ ရွေးရပါမယ်
( Recommend ပေးရရင် Cetaphil Gentle Cleanser ကို
သုံးပါ အရေပြားဆရာဝန်တွေ ညွှန်းတာပါ )
ညပိုင်းဆိုရင်တော့ တစ်နေကုန် သွားလာလှုပ်ရှားထားတဲ့ အတွက် Foam Cleanser Deep Cleansing တွေသုံးလို့ရပါတယ် ( Deep Cleansing လည်းဖြစ်ပြီး အရမ်းမပြင်းတဲ့ Clean & Clear Neutrogena / ST.Ives က Liquid Soap တွေရှိပါတယ် )
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Toner ရွေးတဲ့အခါ
( မနက်ပိုင်းတွက်ဆို Moisture အဓိကရွေးပေးပြီး အရည်ကြဲကြဲ Texture မျိုးကိုရွေးပေးရပါတယ် )
( Memonde , Origin , Thayers , Klairs စတဲ့ Brand မှာ ရှိပါတယ် )
( အဆီဖု / ဝက်ခြံ သိသိသာသာပျောက်ချင်ရင်
ညပိုင်း Toner မှာ BHA / Salicylic Acid ပါတာကိုရွေးပြီး
အဆီခဲ အဆီဖုနေရာကိုပဲ တစ်ရက်ခြားခြားပြီး သုံးပေးရပါမယ် မရှိတဲ့နေရာ မလိမ်းပါနဲ့ ပျောက်သွားတဲ့ခါ ဆက်သုံးစရာမလိုတော့ပါဘူး လိုအပ်ရင် ၁ ပတ် ၁ ကြိမ်လောက်ပဲ ထည့်သုံးရပါမယ် )
( corsx , Memonde , somebyme စတဲ့ Brand မှာရှိပါတယ် )
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Moisturizer
( မနက်ပိုင်းမှာဆို စိမ့်ဝင်လွယ်တဲ့ Essence သို့မဟုတ် Water Base Cream မျိုး ကြဲကြဲ လေးသာရွေးရပါမယ် )
Silicon Free, Alcohol Free ရွေးပေးပါ
( ညပိုင်းတွက်ဆိုရင်က Treatment ကောင်းကောင်းလေး အတွက် Hyaluronic Serumလိမ်းပေးပါ ယောင်ယမ်းတာသက်သာစေပြီး အသားရေလည်း တင်းရင်းစေပါတယ်
( SeeNtree , AmpleN, Elizavecca, Oridinary Brand ထဲကရွေးပါ - ဘယ်ကထုတ်မှန်းမသိသော Agent Brand များ Recommend မလုပ်ပါ )
Cica Serum လိမ်းလည်းရပါတယ် ယောင်ယမ်းတာတွေ သက်သာပြိး ပြန်လည်ကောင်းမွန်စေပါတယ်
( Cosrx Brand မှာရှိပါတယ် )
Cica + Hyaluronic တွဲလိမ်းလို့ရပါတယ်
( BHA ပါတဲ့ Serum တစ်ခုကို ဖြစ်တဲ့နေရာပဲ ရက်ခြားသုံးပေးမယ်ဆိုလည်း Moisturizer ပြန်လိမ်းပေးရပါမယ် ) BHA + Hyaluronic အဲ့လိုတွဲပေးပါ
Natural Oil တွေနဲ့ Treatment လုပ်ပေးလည်းရပါတယ်
Moisturizing Toner တခုခုသုံးပေးပြီး
JoJoBa Oil ( ၂ စက် ၃ စက် ) သုံးလို့ရပါတယ်
ဝက်ခြံ Bacteria တွေကို သတ်ပေးနိုင်ပါတယ် ......
အကုန်လုံးပေါင်းလိမ်းလို့မရပါဘူးနော်
တစ်မျိုးဆီ ကိုယ်အဆင်ပြေရာ ပုံစံကို ရွေးသုံးခိုင်းတာပါ
ဝက်ခြံဖု ကြီးကြီး ရှိသူက Teetree Oil ကို
ဝက်ခြံဖုပေါ်တင် တို့ရုံလေးတို့တာ လုပ်ရပါမယ်
နောက်ရက်ကျ ခြောက်ပြီး ချပ်ပြီးကွာသွားတယ်
နောက်တစ်နည်းက Clindamycin Gel ကို
ဆေးဆိုင်မှာ ဝယ်လို့ရပါတယ် အဲ့ဒါကို ဝက်ခြံဖုပေါ်မှာပဲ
တို့ထားပေးပါ နောက်ရက်မှာ ခြောက်ပြီးကွာပါတယ်
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Sunscreen ကိုတော့မနက်ပိုင်းသာ လိမ်းရမှာဖြစ်ပြီး
ညပိုင်းမလိုပါဘူး အသေးစိတ် ရေးပေးထားပြီးသားရှိပါတယ် ဒီ Link မှာ ဖတ်ပါ 👇👇
https://m.facebook.com/story.php?story_fbid=141290327587369&id=103280371388365 )
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Part - 2 ရှိပါသေးတယ် ဒီမှာဆက်ပြီးဖတ်ပါ 👇👇
https://m.facebook.com/story.php?story_fbid=151640069885728&id=103280371388365
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ဝက်ခြံ /အဆီဖု /အဆီပြန် /ချွေးပေါက်ကျယ် နှင့် သက်ဆိုင်သော မေးခွန်းများ Comment မှာ မေးလို့ရပါသည်
POST ကို Share ခြင်းဖြင့်မျှဝေပေးနိုင်ပါတယ်
အားလုံးပဲ လှသထက် ပိုလှနိုင်ကြပါစေရှင် ❤️❤️❤️