14/05/2026
နေရာဒေသ နှင့် ရာသီတုပ်ကွေးအကြောင်း
+ + + + +
🍀မြန်မာနိုင်ငံဟာ မြောက်ယဥ်စွန်းတန်းနှင့် တောင်ယဥ်စွန်းတန်းအကြား အီကွေတာအနီး တည်ရှိတဲ့ အပူပိုင်းဇုန် )Tropics ) ဒေသတစ်ခုဖြစ်တဲ့အလျောက် တစ်နှစ်ပတ်လုံးနီးပါး ပူအိုက်ပြီး စိုစွတ်တဲ့ ရာသီဥတုရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
သမပိုင်းရာသီဥတု (Temperate climate) ရှိတဲ့ တိုင်းပြည်တွေမှာတော့ ရာသီတုပ်ကွေးရောဂါဟာ ဆောင်းတွင်းကာလမှာသာ ရောဂါပြန့်ပွားလေ့ရှိပြီး၊ မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းဒေသတိုင်းပြည်တွေ (Tropical countries) မှာတော့ ရာသီတုပ်ကွေးရောဂါဟာ ⚠ကပ်ရောဂါသဖွယ် တစ်နှစ်ပတ်လုံး ဖြစ်ပွားနိုင်တာ တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ အဓိကအားဖြင့် စိုထိုင်းဆများပြီး ရောဂါပိုး ကူးစက်မှုနှုန်းကို ပိုမိုအားပေးတတ်တဲ့ 👉ဇွန်လမှ စက်တင်ဘာလ မိုးရာသီကာလ အထိဟာ ပုံမှန် ရာသီတုပ်ကွေးအဖြစ် အများဆုံးသော ကာလဖြစ်ပါတယ်။
🍀(မိုးတွင်းကာလမစခင် (သို့) မိုးတွင်းကာလအတွင်း) ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးကို ကြိုတင်ထိုးနှံခြင်းဖြင့်လည်း တစ်နှစ်ပတ်လုံး ရာသီတုပ်ကွေး ရောဂါကို ကာကွယ်နိုင်တယ်လို့ ဆိုနိုင်ပါတယ်။
ဒီလို တစ်ကြိမ်သာ ထိုးနှုံခြင်းဟာ WHO မှကြေညာထားသော တစ်နှစ်တာကာလရဲ့ မိုးတွင်းကာလအတွင်း အဖြစ်များတဲ့ ရာသီတုပ်ကွေးပိုးများ(influenza virus, SH strain )နှင့် ဆောင်းတွင်းကာလအတွင်း အဖြစ်များတဲ့ ရာသီတုပ်ကွေးပိုးများ)influenza virus, NH strain) နှစ်မျိုး တူညီဖို့ အချက်တော့ လိုအပ်ပါတယ်။
👉ရာသီတုပ်ကွေး ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ WHO မှ ကြေညာထားသော အပူပိုင်းဇုန်ဒေသ တိုင်းပြည်များအတွက် တစ်နှစ်ပတ်လုံးရောဂါဖြစ်ပွားနိုင်တဲ့ SH strain နှင့် NH strain မတူညီလျှင် တစ်နှစ်ကို မိုးတွင်းတစ်ကြိမ် နှင့် ဆောင်းတွင်းတစ်ကြိမ် ဆိုပြီး 🍀နှစ်ကြိမ် ကာကွယ်ဆေး ထုတ်လုပ်ပေးရပါတယ်။
📌မိုးတွင်း ကာကွယ်ဆေးကိုပဲ ဆောင်းတွင်းမှာ ဆက်ထိုးလို့မရသလို၊ မိုးတွင်း ကာကွယ်ဆေးထိုးပြီးလည်း ကူးစက်လွယ်သူများအတွက် ဆောင်းတွင်းကာကွယ်ဆေး ထပ်မံထိုးနှံခိုင်းခဲ့ပါတယ်။
👉ယခုနှစ် WHO မှ ကြေညာထားတဲ့ 2024 SH strain (မိုးတွင်း) နဲ့ 2024-2025 NH strain (ဆောင်းတွင်း) နှစ်မျိုး တူညီတဲ့အတွက် မိုးတွင်းကာလအတွင်း ရာသီတုပ်ကွေး ကာကွယ်ဆေးမထိုးလိုက်ရတဲ့ သူတွေဟာလည်း မိုးရာသီတုပ်ကွေးကာကွယ်ဆေးကို ဆောင်းဦးကာလမှာ စိတ်ချစွာ ထိုးနှံနိုင်ပါတယ်။
⚠အထူးသဖြင့် သင်ကိုယ်တိုင် (သို့) သင့်မိသားစုဝင်တစ်ယောက်ယောက်ဟာ တုပ်ကွေးရောဂါပိုးကူးစက်ရန် လွယ်ကူသူ(High Risk People) ဖြစ်တဲ့
-အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ
-အသက် ၆လ မှ ၅နှစ်အောက် ကလေးသူငယ်များ
-ကိုယ်ဝန်ဆောင်အမျိုးသမီးများ
-နာတာရှည်ရောဂါအခံရှိသူများ
-ကျန်းမာရေးဝန်ထမ်းများ ဖြစ်လျှင်
မိုးတွင်းကာလ ကာကွယ်ဆေး မထိုးဖြစ်လျှင် ဆောင်းတွင်းကာလ မှီအောင်ထိုးနှံပြီး ပြင်းထန်တုပ်ကွေးရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ထားဖို့ အထူးပင် လိုအပ်ပါတယ်။
📌ရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံခြင်းဟာ ရောဂါဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရုံသာမကဘဲ ဖြစ်ပွားလာပါကလည်း ရောဂါပြင်းထန်မှုကို လျှော့ချပေးနိုင်တဲ့ အတွက်ကြောင့် နောက်ဆက်တွဲ အသက်အန္တရာယ်ရှိတဲ့ ဆိုးကျိုးများစွာကို ကိုယ်တစ်ဦးတစ်ယောက်တည်းအတွက်သာမက ကိုယ့်မိသားစုဝင်များနဲ့ ကိုယ့်ပတ်ဝန်းကျင်က ရောဂါပိုးကူးစက်လွယ်သူများအတွက်ပါ ကိုယ်ခံစွမ်းအားစနစ်တစ်ခု (Herd Immunity) ကိုတည်ဆောက်ပေးနိုင်တာကြောင့် အသက်၆လမှစ၍ လူတိုင်း နှစ်စဥ်ထိုးနှံကြဖို့ လိုအပ်ပါတယ်။
☝️အထက်ပါ ရာသီတုပ်ကွေးကာကွယ်ဆေးကို 🍀နွေမိုးဆောင်းဆေးနှင့်ဆေးပစ္စည်းဆိုင်တိုင်းတွင် ဝယ်ယူရရှိနိုင်သည်။