11/08/2024
ဒီနေ့ တိမ်တေလှတဲ့အကြောင်း ပြောပြချင်တယ်
မိုးတေရွာနေရင် လွမ်းတဲ့အကြောင်း ပြောပြချင်တယ်
တနေ့တာရဲ့ အဆင်မပြေတာတေကိုလဲ ပြောပြချင်တယ်
နေရင်ထိုင်ရင်နဲ့ကို ပိုပိုချစ်လာတယ်
သတိထားနေရင်နဲ့ပဲ ပိုတွယ်တာလာတယ်။
ဖစ်ချင်တာတေများလွန်းတဲ့သူနဲ့
ဘာမှမဖစ်ချင်တော့တဲ့သူ
လာတာလဲ သူ့စိတ်တိုင်းကျပဲ
ထွက်သွားတာလဲ သူ့သဘောပဲ
ပြန်မလာတာလဲ …
ကမ္ဘာကြီးက နေမကောင်းဘူး
ကိုလဲ နေမကောင်းဘူး
သူပြောတာတော့ ချစ်တယ် သဲလေးရယ်တဲ့