MYA Specialist Clinic & Diagnostic Center

MYA Specialist Clinic & Diagnostic Center Specialist OPD
Laboratory
Digital X-Ray
Ultrasound
ECG
Physiotherapy
Pharmacy
Dental
ENT + Scopy
Minor Room

သွေးတိုးရောဂါဟာ လက္ခဏာမပြဘဲ အသံတိတ်လူသတ်သမား ဖြစ်တတ်ပါတယ်။ ခေါင်းမူးမှ သွေးပေါင်ချိန်တာမျိုး မဟုတ်ဘဲ အသက်အရွယ်ရလာရင် ပုံ...
31/05/2026

သွေးတိုးရောဂါဟာ လက္ခဏာမပြဘဲ အသံတိတ်လူသတ်သမား ဖြစ်တတ်ပါတယ်။ ခေါင်းမူးမှ သွေးပေါင်ချိန်တာမျိုး မဟုတ်ဘဲ အသက်အရွယ်ရလာရင် ပုံမှန်တိုင်းတာပေးရပါမယ်။ အိမ်မှာ သွေးပေါင်ချိန်စက်ရှိရင် မနက်တစ်ကြိမ် ညတစ်ကြိမ် တိုင်းတာမှတ်သားထားတာက ဆရာဝန်နဲ့ပြသတဲ့အခါ အများကြီး အထောက်အကူပြုပါတယ်။

💪 ခါးနာ၊ ဇက်ကြောတက်၊ ဒူးနာ၊ အကြောတက်နေပါသလား?ဆေးသောက်ရုံနဲ့ မလုံလောက်တဲ့ နာကျင်မှုများအတွက် Physiotherapy က အကောင်းဆုံး ...
30/05/2026

💪 ခါးနာ၊ ဇက်ကြောတက်၊ ဒူးနာ၊ အကြောတက်နေပါသလား?

ဆေးသောက်ရုံနဲ့ မလုံလောက်တဲ့ နာကျင်မှုများအတွက် Physiotherapy က အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။

MYA Specialist Clinic & Diagnostic Center တွင်

✅ Back Pain Treatment
✅ Neck Pain Treatment
✅ Frozen Shoulder
✅ Knee Pain Rehabilitation
✅ Stroke Rehabilitation
✅ Sports Injury Recovery

ဝန်ဆောင်မှုများကို ကျွမ်းကျင်သော Physiotherapist များမှ ဆောင်ရွက်ပေးနေပါသည်။

📞 09 764 461 891
📞 09 443 236 221

📍 No.(002-004), Shwe War Myaing Housing, Butaryone Bus-stop, Yangon-Insein Rd, Hlaing Township, Yangon, Myanmar.

Move Better. Live Better.

🏥 MYA Specialist Clinic & Diagnostic Centerသင့်ကျန်းမာရေးအတွက် လိုအပ်သမျှ ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် အဆင်ပြေစွာ ...
30/05/2026

🏥 MYA Specialist Clinic & Diagnostic Center

သင့်ကျန်းမာရေးအတွက် လိုအပ်သမျှ ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် အဆင်ပြေစွာ ရယူနိုင်ပါသည်။

✅ General OPD
✅ Specialist OPD
✅ Laboratory Services
✅ Digital X-Ray
✅ Ultrasound Scan
✅ ECG
✅ Physiotherapy
✅ Pharmacy
✅ Dental Care
✅ ENT Consultation + Endoscopy
✅ Vaccination Services
✅ IV Drip Therapy
✅ Home Care Services
✅ Health Screening Packages
✅ Medical Check-up for Foreign Employment

💙 အတွေ့အကြုံရှိ ဆရာဝန်များ
💙 ခေတ်မီ Diagnostic Equipment များ
💙 တိကျမြန်ဆန်သော စစ်ဆေးမှုများ
💙 နွေးထွေးသော ဝန်ဆောင်မှု

ကျန်းမာရေးပြဿနာများကို အချိန်မီ စစ်ဆေးကုသနိုင်ရန် ယနေ့ပဲ လာရောက်ဆွေးနွေးပါ။

📍 MYA Specialist Clinic & Diagnostic Center
📞 09 764 461 891
📞 09 443 236 221
⏰8:00 AM to 6:30 PM daily

No.(002-004), Shwe War Myaing Housing, Butaryone Bus-stop, Yangon-Insein Rd, Hlaing Township, Yangon, Myanmar.

"Your Health, Our Priority"

မင်္ဂလာပါရှင်။ ရာသီဥတုအပြောင်းအလဲမှာ ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေ ရာသီတုပ်ကွေးအန္တရာယ်ကနေ ကင်းဝေးရဲ့လားဆိုတာ သတိထားမိကြရဲ...
04/04/2026

မင်္ဂလာပါရှင်။ ရာသီဥတုအပြောင်းအလဲမှာ ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေ ရာသီတုပ်ကွေးအန္တရာယ်ကနေ ကင်းဝေးရဲ့လားဆိုတာ သတိထားမိကြရဲ့လားရှင်။ 🌻

ရာသီအကူးအပြောင်းမှာ ဖျားနာတာ၊ နှာစေးချောင်းဆိုးတာတွေက မကြာခဏ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါတွေကို ကြိုတင်ကာကွယ်လို့ရတဲ့ နည်းလမ်းကောင်းလေးတစ်ခု ရှိပါတယ်နော်။ အခုဆိုရင် MYA Specialist Clinic မှာ မိသားစုဝင်တိုင်းရဲ့ ကျန်းမာရေးအတွက် အထူးအစီအစဉ်အနေနဲ့ **Influvac Tetra Flu Vaccine** (ရာသီတုပ်ကွေးကာကွယ်ဆေး) ကို ယုံကြည်စိတ်ချစွာ လာရောက်ထိုးနှံနိုင်ပါပြီ။

💉 ဘာလို့ ဒီကာကွယ်ဆေးတွေ ထိုးထားသင့်တာလဲဆိုတာလေးကိုလည်း နားလည်လွယ်အောင် မျှဝေပေးချင်ပါတယ်...
✅ **Influvac Tetra 2026 (ရာသီတုပ်ကွေးကာကွယ်ဆေး)** - သူက အဖြစ်များတဲ့ တုပ်ကွေးဗိုင်းရပ်စ် (၄) မျိုးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားနည်းတဲ့သူတွေအတွက် ပြင်းထန်တဲ့ ဖျားနာမှုတွေကနေ ကာကွယ်ပေးဖို့ မရှိမဖြစ် လိုအပ်ပါတယ်နော်။

ရောဂါဖြစ်မှ ကုသတာထက် ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးမို့ ကိုယ့်ရဲ့ချစ်ရတဲ့သူတွေ ကျန်းမာပျော်ရွှင်ဖို့အတွက် ကာကွယ်ဆေးလေးတွေ လာရောက်ထိုးနှံဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုတာတွေရှိရင်ပဲဖြစ်ဖြစ်၊ ကြိုတင် Booking တင်ချင်ရင်ပဲဖြစ်ဖြစ် ဆေးခန်းကိုဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ နွေးထွေးစွာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။ 👇

🏥 Contact Us:
MYA Specialist Clinic
09764461891
No. (002-004), Shwe Wah Myaing Housing,
Insein Road, Near Station Road Bus Stop,
Hlaing Township, Yangon.
Opening Hours: 8:00 AM to 6:30 PM.

25/01/2026

“မြ” အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ တွင် အောက်ပါရာထူးအတွက် ဝန်ထမ်းအသစ်များခေါ်ယူနေပါသည်။

👧 Pharmacist Aide - ၁ ဦး
✅ Pharmacist Aid Certificate ကိုင်ဆောင်ထားသူဖြစ်ရပါမည်။
✅ အသက် (၂၅-၃၅) နှစ်အတွင်းရှိသူ ဖြစ်ရပါမည်။
✅ ဆေးဝါးအမျုးအစားများကောင်းမွန်စွာသိရှိနေရမည်။
✅ ကွန်ပျူတာ ကောင်းမွန်စွာကိုင်တတ်ရမည်။
✅ လူမှုပေါင်းသင်းရေးကောင်းမွန်ပြီးအသင်းအဖွဲ့နှင့်လုပ်ဆောင်တတ်သူဖြစ်ရပါမည်။
✅ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်ရှိသူဦးစားပေးပါမည်။
✅ စာရင်းကိုင်ပိုင်နိုင်ရမယ်။
✅ လှိုင်မြို့နယ်နှင့်အနီးတစ်ဝှိုက်နေထိုင်သူဦးစားပေးပါမည်။
✅ ရည်ရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။


👧 Nurse Aide - ၂ ဦး
✅ Nurse Aid Certificate ကိုင်ဆောင်ထားသူဖြစ်ရပါမည်။
✅ အသက် (၂၅-၃၅) နှစ်အတွင်းရှိသူ ဖြစ်ရပါမည်။
✅ သွေးဖောက်ကျွမ်းကျင်သူဖြစ်ရပါမည်။
✅ လူမှုပေါင်းသင်းရေးကောင်းမွန်ပြီးအသင်းအဖွဲ့နှင့်လုပ်ဆောင်တတ်သူဖြစ်ရပါမည်။
✅ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်ရှိသူဦးစားပေးပါမည်။
✅ Home Service သွားနိုင်သူဖြစ်ရပါမည်။
✅ လှိုင်မြို့နယ်နှင့်အနီးတစ်ဝှိုက်နေထိုင်သူဦးစားပေးပါမည်။
✅ ရည်ရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။


📈 မိမိကျွမ်းကျင်မှုပေါ်မူတည်၍ လစာညှိနှိုင်းပေးပါမည်။
⏰ အလုပ်ချိန် - တစ်ရက် ၁၀ နာရီ၊ တစ်ပတ်တစ်ရက်နားရက်ရမည်။
📃 လျှောက်ထားလိုသူများသည်
လိုအပ်သောစာရွက်စာတမ်းများဖြင့်
🏥 အမှတ် (၀၀၂-၀၀၄) ရွှေဝါမြိုင်အိမ်ရာ၊ ဘူတာရုံလမ်းမှတ်တိုင်အနီး၊ အင်းစိန်လမ်းမပေါ်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့
🚶‍➡️ လူကိုယ်တိုင်ဖြစ်စေ၊ CV Form များကို 🛜Facebook Messenger (သို့) 📲 Mya Clinic HR Viber 09443236221 သို့ပေးပို့၍ဖြစ်စေ ပေးပို့ လျှောက်ထားနိုင်ပါသည်။

Call now to connect with business.

05/09/2025

ကလေးအထူးကုဆရာဝန်ကြီး (Pediatricians)👩‍⚕️

👩‍⚕️ ဒေါက်တာသက်နိုင်ထွန်း
🏆 M.B.,B.S (Ygn), M.Med.Sc (Paed:), Dr.Med.Sc (Paed:)
🏥 ကလေးအထူးကုဆရာဝန် (ကထိက) (Yangon Children's Hospital)
⏲️ နေ့စဉ် ညနေပိုင်း
ဆရာကြီးနှင့် ပြသရန် ဘိုကင်ကြိုတင်ရန်လိုအပ်ပါသည်။

“မြ” အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာ
🏥 အမှတ် (၀၀၂-၀၀၄) ၊ ရွှေဝါမြိုင်အိမ်ရာ၊ ဘူတာရုံလမ်းမှတ်တိုင်
🏥 ရန်ကုန်အင်းစိန်လမ်းမကြီး၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ ၀၁-၇၅၀၀၆၃၆, ၀၉-၄၄၃၂၃၆၂၂၁, ၀၉-၇၆၄၄၆၁၈၉၁
⏰ ‌ဆေးခန်းဖွင့်ချိန် နေ့စဉ် မနက် ၈ နာရီမှ ညနေ ၆ နာရီခွဲထိ

❗ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးနှံနိုင်ပါပြီ❗🦠 (Influenza) ကာကွယ်ဆေးထိုးခြင်းဖျားနာခြင်းချောင်းဆိုးခြင်းနှာစီးခြင်းအသက်ရှုမ...
11/05/2025

❗ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးနှံနိုင်ပါပြီ❗

🦠 (Influenza) ကာကွယ်ဆေးထိုးခြင်း

ဖျားနာခြင်း
ချောင်းဆိုးခြင်း
နှာစီးခြင်း
အသက်ရှုမဝခြင်းစသည်တို့ဖြစ်စေနိုင်သော
ဖလူရောဂါသည် သာမန်ဖျားနာမဟုတ်ပါ။
အသက်အန္တရာယ်ရှိစေနိုင်သဖြင့် ကာကွယ်ခြင်းသည် အလွန်အရေးကြီးပါသည်။

💉 ဖလူကာကွယ်ဆေး (Influenza Vaccine) သည်...ရောဂါဖြစ်နိုင်မှုလျှော့ချပေးခြင်းကြောင့်
✅ ကိုယ်ခံအားနည်းသူများ
✅ မကြာခဏ ဖျားနာတတ်သူများ
✅ အသက်ကြီးသူများ၊ ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် အထူးသင့်လျေ်သည်
✅ နှလုံး၊ သွေးတိုး၊ ဆီးချိုစသော နာတာရှည်ရောဂါအခံရှိသူများအတွက် အကောင်းဆုံးကာကွယ်နည်းဖြစ်သည်

📍 ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ပါပြီ။

📞 ဆက်သွယ်ရန် – 09764461891

📍 MYA Specialist Clinic & Diagnostic Center
🏥 အမှတ် (၀၀၂-၀၀၄) ၊ ရွှေဝါမြိုင်အိမ်ရာ၊ ဘူတာရုံလမ်းမှတ်တိုင်
🏥 ရန်ကုန်အင်းစိန်လမ်းမကြီး၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ ၀၉-၄၄၃၂၃၆၂၂၁, ၀၉-၇၆၄၄၆၁၈၉၁
⏰ ‌ဆေးခန်းဖွင့်ချိန် နေ့စဉ် မနက် ၈ နာရီမှ ညနေ ၆ နာရီခွဲ ထိ

"မြ" အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာဆေးခန်းပိတ်ရက်ကြေညာခြင်း13 Apr 2025 မှ 16 Apr 2025 အထိ သင်္ကြန်ပိတ်ရက်အဖြစ် ...
08/04/2025

"မြ" အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ

ဆေးခန်းပိတ်ရက်ကြေညာခြင်း

13 Apr 2025 မှ 16 Apr 2025 အထိ
သင်္ကြန်ပိတ်ရက်အဖြစ် ဆေးခန်းပိတ်ပါမည်။

17 Apr 2025 နှစ်ဆန်းတစ်ရက်နေ့မှစ၍ ပုံမှန်အတိုင်း ဆေးခန်းပြန်ဖွင့်ပါမည်။




26/03/2025

ကလေးအထူးကုဆရာဝန်ကြီး (Pediatricians)

👩‍⚕️ ဒေါက်တာရွှေရည်ဖြိုး

🏆 M.B.,B.S (Ygn), M.Med.Sc (Paed:)
🏥 Junior Consultant Surgeon (Yankin Children Hospital)

⏲️ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး (ညနေ ၅ နာရီ)

ဆရာမကြီးနှင့် ပြသရန် ဘိုကင်ကြိုတင်ရန်လိုအပ်ပါသည်။

“မြ” အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာ
🏥 အမှတ် (၀၀၂-၀၀၄) ၊ ရွှေဝါမြိုင်အိမ်ရာ၊ ဘူတာရုံလမ်းမှတ်တိုင်
🏥 ရန်ကုန်အင်းစိန်လမ်းမကြီး၊ လှိုင်မြို့နယ်၊ ရန်ကုန်။
☎️ ၀၁-၇၅၀၀၆၃၆, ၀၉-၄၄၃၂၃၆၂၂၁, ၀၉-၇၆၄၄၆၁၈၉၁
⏰ ‌ဆေးခန်းဖွင့်ချိန် နေ့စဉ် မနက် ၈ နာရီမှ ညနေ ၆ နာရီခွဲထိ

ဒီတစ်ပတ်မှာတော့ မရည်ရွယ်ပဲကိုယ်ဝန်ဆောင်ခြင်း မှ ကင်းဝေးစေရန် မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် သားဆက်ခြားခြင်း နည်းလမ်းမျ...
21/02/2025

ဒီတစ်ပတ်မှာတော့ မရည်ရွယ်ပဲကိုယ်ဝန်ဆောင်ခြင်း မှ ကင်းဝေးစေရန် မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် သားဆက်ခြားခြင်း နည်းလမ်းများကို ဖော်ပြသွားမှာဖြစ်ပါတယ်။

1️⃣ ရက်ရှောင်ခြင်း 🗓️
2️⃣ သုတ်မလွှတ်ခြင်း၊ သုတ်ပိုးအပြင်လွှတ်ခြင်း 🎉
3️⃣ ကွန်ဒုံသုံးခြင်း 🛡️
4️⃣ နေ့စဉ်သောက်ဆေးကဒ်သောက်သုံးခြင်း 💊
5️⃣ သုံးလခံ ထိုးဆေးခြင်း 💉
6️⃣ အ‌ရေးပေါ်တားဆေးသောက်ခြင်း 💊
7️⃣ သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်း ထည့်ခြင်း 🧜‍♂️
8️⃣ လက်မောင်းအောက်ထည့်ထည့်သားဆက်ခြားပစ္စည်း ထည့်ခြင်း 💪
9️⃣ သားကြောဖြတ်ခြင်း ✂️ တို့ဖြစ်ပါသည်။

1️⃣ ရက်ရှောင်ခြင်း
ဒီနည်းလမ်းရာသီရက်ပုံမှန်လာသော အမျိုးသမီးများအတွက်သာ အကျုံးဝင်ပါသည်။ ရာသီမလာခင် ၁၄ ရက်၏ အရှေ့ ၃ ရက် မှ နောက် ၃ ရက် အတွင်း အတူနေရင် ကိုယ်ဝန်ရနိုင်ပါတယ်။ အဲဒီတစ်ပတ်ကိုရှောင်ပါ။ ဒီနည်းလမ်းက ကြိုတင်ခန့်မှန်းရသော နည်းလမ်းဖြစ်၍ စိတ်မချရပါ။

2️⃣ သုတ်မလွှတ်ခြင်း၊ သုတ်ပိုးအပြင်လွှတ်ခြင်း
သုတ်ပိုးနှင့် မမျိုးဥ ပေါင်းစပ်မှသာလျှင် သားတည်အောင်ပါတယ်။ သူတို့တွေ မဆုံနိုင်အောင်တားဆီးခြင်းဖြင့် ကိုယ်ဝန်ရနိုင်ခြင်းမှ ရှောင်ကြည်နိုင်ပါသည်။

3️⃣ ကွန်ဒုံသုံးခြင်း
ဒီနည်းလမ်းကတော့ ကိုယ်ဝန်ရနိုင်ခြင်းကိုရှောင်နိုင်ရုံ သာမက ရောဂါပိုးကူးစက်ခြင်းမှု အထိုက်အလျောက်ကာကွယ် နိုင်တဲ့ တစ်မျိုးတည်းသော သားဆက်ခြားနည်းလမ်းဖြစ်ပါတယ်။ စနစ်တကျသုံးစွဲဖို့တော့ လိုအပ်တယ်နော်။

4️⃣ နေ့စဉ်သောက်ဆေးကဒ်သောက်သုံးခြင်း
တစ်နေ့တစ်လုံး အချိန်မှန်သောက်ဖို့လိုပါတယ်။ စစသောက်တဲ့ ရက်တွေမှာ ဆေးအာနိသင် အပြည့်အဝ မရနိုင်သေးချိန် တွင် ကိုယ်ဝန်မရအောင် အကာအကွယ်သုံးဖို့လိုပါတယ်။ ဟော်မုန်းဆေးများဖြစ်သောကြောင့် ဘေးထွက်ဆိုးကျိုး အနည်းနှင့်အများရှိနိုင်ပါတယ်။

5️⃣ သုံးလခံ ထိုးဆေးခြင်း
နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ ထိုးလို့ရပါတယ်။ သောက်ဆေးနည်းတူ စစပိုင်းရက်တွေမှာ အကာအကွယ်သုံးဖို့ လိုပါတယ်။ ဘေးထွက်ဆိုးကျိုး ရှိနိုင်ပါတယ်။

6️⃣ အ‌ရေးပေါ်တားဆေးသောက်ခြင်း
ဟော်မုန်းပမာဏ အလွန်များပြားစွာ ပါရှိသဖြင့် ဘေးထွက်ဆိုးကျိုးများစွာ ခံစားရနိုင်ပါတယ်။ အ‌ရေးပေါ်အချိန်မှသာ သောက်သုံးဖို့အကြံပြုပါတယ်။ ခဏခဏ အရေးပေါ်နေလျှင်တော့ အထက်ပါ သားဆက်ခြားနည်းလမ်းများ သုံးဖို့ တိုက်တွန်းပါတယ်။

7️⃣ သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်း ထည့်ခြင်း
သားဖွားမီးယပ် ဆရာဝန်နှင့် တိုင်ပင်ပြီး ထည့်သွင်းနိုင်ပါသည်။ ရေရှည်သားဆက်ခြားလိုသော သူများအတွက်သင့်လျှော်ပါတယ်။

8️⃣ လက်မောင်းအောက်ထည့်ထည့်သားဆက်ခြားပစ္စည်း ထည့်ခြင်း
လက်မောင်းအောက် အဆောင်ထည့်ထားခြင်းဖြင့်လည်း ကိုယ်ဝန်ရခြင်းမှ ကာကွယ်နိုင်ပါသည်။ သားဖွားမီးယပ် ဆရာဝန်နှင့် တိုင်ပင်ပြီး ထည့်သွင်းနိုင်ပါသည်။ ရေရှည်သားဆက်ခြားလိုသော သူများအတွက်သင့်လျှော်ပါတယ်။

9️⃣ သားကြောဖြတ်ခြင်း
သားသမီးပြည့်စုံပြီးသောသူများ၊ ကိုယ်ဝန်ဆောင်ရန်မသင့်တော်သောသူများ အတွက် သားကြောဖြတ်ခြင်းဖြင့်လည်း ကိုယ်ဝန်ဆောင်ခြင်းမှ ကာကွယ်နိုင်ပါသည်။

သားဆက်ခြားနည်းလမ်းများသည် ကိုယ်ဝန်မရ‌အောင်သာတားဆီးထားခြင်းဖြစ်ပါသည်။ ဘီပိုး၊ စီပိုး၊ HIVပိုး နှင့် ကာလသားရောဂါ အစရှိတဲ့ ရောဂါပိုးတွေကိုတော့ အကာအကွယ် ပစ္စည်း ကွန်ဒုံ သုံးစွဲခြင်းဖြင့်သာ ကာကွယ်နိုင်ပါသည်။

“မြ” အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာ
🏥 အမှတ်(၀၀၂-၀၀၄)၊ ရွှေဝါမြိုင်အိမ်ယာ၊ လှိုင်မြို့နယ်၊ ရန်ကုန်
☎️ ၀၁-၇၅၀၀၆၃၆, ၀၉-၄၄၃၂၃၆၂၂၁, ၀၉-၇၆၄၄၆၁၈၉၁
⏰ နေ့စဉ် မနက် ၈ နာရီမှ ညနေ ၆ နာရီခွဲ



Address

No. (002-004), Shwe War Myaing Housing, Butaryone Bus-stop, Yangon-Insein Road, Hlaing Township
Yangon
11051

Opening Hours

Monday 08:00 - 18:30
Tuesday 08:00 - 18:30
Wednesday 08:00 - 18:30
Thursday 08:00 - 18:30
Friday 08:00 - 18:30
Saturday 08:00 - 18:30
Sunday 08:00 - 18:30

Alerts

Be the first to know and let us send you an email when MYA Specialist Clinic & Diagnostic Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share