Shar USA Suppliments Store

Shar USA Suppliments Store USA 🇺🇸Authentic Suppliments များကိုလက်လီလက်ကား
အာမခံချက်အပြည့်ဝဖြင့်​ရောင်းချ​ပေး​နေပါသည်😍❌အတုအပလုံးဝမရောင်းပါ❌

22/05/2026

ဖြည့်စွက်စာ ( supplements ) ဘယ်လိုသောက်မလဲ။

အရေးကြီး အသုံးဝင်လို့ Internet မရှိလည်းဖတ်လို့ရအောင်လို့ Phone ထဲ Save ထားဖို့အကြံပေးချင်ပါတယ်🙏

1. ဗိုက်တာမင် D3 ကို မနက် သို့မဟုတ် နေ့လည်အစာစားပြီးသောက်နိုင်ပါတယ်။
2. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို တစ်လုံးတည်းသောက်တဲ့အခါ ညဘက်သောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။
3. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို ၂ လုံးသောက်ရမည်ဆိုလျှင် မနက် နှင့် ည သောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။
4. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို ၃ လုံးသောက်ဖို့လိုလျှင် မနက်၊ နေ့လည်၊ ည သောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။
5. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို ၄ လုံးသောက်ရမည်ဆိုလျှင် မနက် ၂ လုံး နှင့် ည ၂ လုံးသောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။
6. ဇင့် ( Zinc ) ကို 30 mg ကနေ 50 mg ထိ ညစာစားပြီးသောက်နိုင်ပါတယ်။ ဇင့်သောက်တဲ့အခါ တစ်ချို့လူများမှာ ပျို့အန်ချင်စိတ်ပေါ်လာတတ်ပါတယ်။
7. ဆယ်လီနီယမ်ကို တစ်ချို့က အစာမစားမီသောက်တဲ့အခါ အဆင်မပြေတတ်ပါ။ အစာမစားမီသောက်လို့ အဆင်မပြေတဲ့အခါ အစာစားပြီးသောက်ပါ။
8. ဗိုက်တာမင် K2 ဖြည့်စွက်စာများကို မနက် သို့မဟုတ် နေ့လည်အစာစားပြီးသောက်နိုင်ပါတယ်။
9. ပရိုဘိုင်အိုတစ်ကို အစာစားပြီးသောက်နိုင်ပါတယ်။ တစ်ချို့က အစာစားပြီးသောက်တဲ့အခါ လေပွတတ်ပါတယ်။ ပရိုဘိုင်အိုတစ် အစာစားပြီးသောက်တဲ့အခါ လေပွတတ်သူတွေအတွက် အစာမစားမီ မိနစ် ၃၀ ကြိုပြီး သောက်လို့ရပါတယ်။
10. Ox bile & digestive enzymes ဖြည့်စွက်စာကို အစာမစားမီ ၁၅ မိနစ် ကြိုသောက်ပါ။
11. Betaine HCl ကို အစာစားပြီး ၁၅ မိနစ်အတွင်းသောက်သင့်ပါတယ်။
12. Betaine HCl , Ox bile & digestive enzymes ပေါင်းထားတဲ့ ဖြည့်စွက်စာကို အစာစားပြီးမှသောက်ပါ။
13. Cold pressed virgin coconut oil ကို အစာစားပြီး သောက်ကြပါတယ်။ ဝမ်းသွားဖို့ သောက်ချင်သူတွေက မနက်စစောစောစီးစီး အစာမစားမီသောက်ကြပါတယ်။ မနက်စစောစောစီးစီး အစားမစားမီသောက်တဲ့အခါ ဗိုက်နာတတ်ပါတယ်။
14. MCT oil ကို ထမင်းစားပြီး 2 နာရီကျော်မှသောက်ပါ။
15. ဆီကို နနွင်းထည့်သောက်တဲ့အခါ အစာစားပြီးမှသောက်ပါ။
16. N acetyl cystiene ( NAC ) , L carnitine & L glutamine တွေ ကို အစာမစားခင် 2 နာရီ၊ အစာစားပြီး 2 နာရီကျော်မှ သောက်ပါ။
17. Melatonin , GABA & L theanine တွေကို တွေ ကို ညစာစားပြီး ၂ နာရီကျော်မှ သောက်ပါ။ ညအိပ်ချိန်မရောက်ခင် ၁ နာရီကြိုသောက်သင့်ပါတယ်။
18. Vitamin C နှင့် ငါးကြီးဆီကို အစာစားပြီးမှသောက်ပါ။ ငါးကြီးဆီးကို ညစာ နှင့် သောက်တဲ့ အချို့လူတွေမှာ အိပ်မပျော်ဖြစ်တတ်ပါတယ်။
19. ဗိုက်တာမင် B များ ( B1, niacin, B5, B2, B6, B12, folate ) ကို အစာနှင့်အတူ သောက်ပါ။ တသ်ချို့လူတွေ သောက်လို့မရပါ။
20. CoQ 10 ကို မနက်စာစားပြီးသောက်တာပိုအဆင်ပြေပါတယ်။ ကျောက်ကပ်အစားထိုးထားသူတွေကို CoQ10 (30 mg ) ကို တစ်နေ့ သုံးကြိမ်သောက်ခိုင်းပါတယ်။
21. R lipolic acid ကို အစာစားပြီး ၁ နာရီကျော်မှ သောက်သင့်ပါတယ်။
22. D ribose တွေကို အစာစားပြီးမှ သောက်ပါ။ ကော်ဖီ၊ လက်ဖက်ရည်ကြမ်း၊ လက်ဖက်ရည်၊ သံပုရာရည် ၊ အသီးဖော်ရည်များထဲ ထည့်သောက်နိုင်ပါတယ်။
23. Cod liver oil မှာ omega 3 အပြင် ဗိုက်တာမင် D နှင့် A အနည်းငယ်ပါဝင်ပါတယ်။ အစားစာပြီးမှသောက်ပါ။ နနွင်းနဲ့လည်း တွဲသောက်လို့ရပါတယ်။
24. Milk thistle ကို အစာစားပြီးသောက်ပါ။ Selenium နှင့် ဗိုက်တာမင် B တွေနဲ့ တွဲသောက်နိုင်ပါတယ်။

Brand name နှင့် ဖြည့်စွက်စာတွေအတွက်

- Jarrow က ထုတ်တဲ့ collagen type -1 ကို အစားမစားမီ ၁ နာရီမှာ ၆ လုံးသောက်ရပါတယ်။
- D ribose အနေနဲ့ အနံ၊ အရသာမပါဝင်လို့ လိုသလို သုံးလို့ရတာပါ။ အခြားဓာတုပစ္စည်းမပါတာကြောင့် ခဲတတ်သော သဘောရှိပါတယ်။ မနက် ကော်ဖီသောက်တိုင်း ထမင်းစားဇွန်းနဲ့ကို ထည့်သောက်တာပါ။
- Bio Tech တံဆိပ် D3 plus မှာ ဗိုက်တာမင် D3 အပြင် D3 ရဲ့ cofactors တွေပါပါတယ်။Serving size က နှစ်လုံးပါ။ D 3 (5000 iu) ပြည့်ဖို့ ၂ လုံးသောက်ရပါမည်။ သာမန်လူတွေအတွက်ပြသနာမရှိပါ။

# ဒေါက်တာ ဖြိုးမောင်မောင်

USA made supplements များကိုဒါရိုက်မာယူနေတဲ့ Healthy Way online shop မှာ 100%ယုံကြည်စွာ မှာယူနိုင်ပါတယ်
ph /Viber +959750365732 👈👈🥰🥰👇👇

Instock ဖြည့်စွက်စာများ
https://www.facebook.com/103623908699771/posts/116010114127817/?sfnsn=mo

မျှဝေခြင်း ၁
https://www.facebook.com/103623908699771/posts/116406427421519/

မျှဝေခြင်း ၂
https://www.facebook.com/103623908699771/posts/116539960741499/

မျှဝေခြင်း ၃
https://www.facebook.com/103623908699771/posts/117269067335255/

မျှဝေခြင်း ၄
https://www.facebook.com/103623908699771/posts/117865370608958/

🔸Vitamin D3       Vitamin D ဟာ အဆီမှာပျော်ပြီး ဆီကြိုက်တဲ့ Vitamin ပါ။သူ့က်ို Sunshine Vitamin လို့လည်းခေါ်ပါတယ်။Vitamin...
22/05/2026

🔸Vitamin D3

Vitamin D ဟာ အဆီမှာပျော်ပြီး ဆီကြိုက်တဲ့ Vitamin ပါ။သူ့က်ို Sunshine Vitamin လို့လည်းခေါ်ပါတယ်။Vitamin လို့ဆိုပေမယ့်လည်း ဟော်မုန်းလို့လည်းတင်စားခေါ်ဝေါ်လို့ရပါတယ်။Cholesterol ကလာတဲ့Vitamin ဖြစ်ပြီး Secosteroid လည်းဖြစ်ပါတယ်။စားတဲ့အစားအစာတွေကရနိုင်သလို အရေပြားက်ိုနေရောင်ကUV (B ray)ထိတဲ့အခါမှာလည်းအရေပြားမှာရှိတဲ့ Cholesterol ကနေVitamin D အဖြစ်ပြောင်းလဲနိုင်ပါတယ်။

ပုံမှန်အားဖြင့်တော့ Vitamin D ဆိုတာနေရောင်ခြည်ခံယူရုံနဲ့ ရရှိနိုင်ပါတယ်။ Vitamin D3 ဖြစ်ဖို့ကတော့ အသည်းနဲ့ ကျောက်ကပ်မှာ ရှိတဲ့ Enzyme တွေရဲ့ အကူအညီကိုယူပြီး ပြောင်းလဲရပါတယ်။ မြန်မာပြည်က လူတော်တော်များများက အာဟာရရှိတဲ့အစားအသောက်တွေကို ရွေးချယ်မစားသုံးတတ်ကြလို့ Enzyme ဓာတ်တွေချို့တဲ့ပြီး D3 ပြောင်းလဲမှုကို ကောင်းကောင်းမလုပ်ဆောင်နိုင်ပါဘူး။

Vitamin D3 ဟာ နာတာရှည်နဲ့ ကင်ဆာရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Vitamin D3 ဟာ ပျက်စီးနေတဲ့ ကလာပ်စည်းတွေကို ပြုပြင်ပေးနိုင်စွမ်း ရှိလို့ပါ။ တကယ်တော့ Vitamin D3 ဟာ Vitamin အုပ်စုဝင်ဆိုတာထက်
Seco-steroid လို့ပြောရင် ပိုမှန်ပါတယ်။

Biochemistry နည်းအရပြောရရင် Steroid ကဲ့သို့ ရောဂါမျိုးစုံကို ပျောက်ကင်းစေတဲ့ အာနိသင်ရှိပြီး Steroid လိုဘေးထွက်ဆိုးကျိုးမရှိတဲ့ Vitamin လို့ဆိုနိုင်ပါတယ်။ Steroid Hormone ကို SLE (အရေပြားလေးဘက်နာ) ရောဂါ၊ Gout (အဆစ်ရောင်) ရောဂါနဲ့ Autoimmune Diseases တွေကို ကုသရာမှာ သုံးစွဲနေကြပါတယ်။

✨Vitamin D ကိုဘယ်လိုလူမျိုးတွေချို့တဲ့ကြလဲ?

-အသက်ကြီးသူ(အာဟာရချို့တဲ့ခြင်းကြောင့်လည်းကောင်း/နေရောင်မထိခြင်းကြောင့်လည်းကောင်း)
အသားညိုသူ (Melatoin pigment တွေအရေပြားမှာများနေတာကြောင့်Vitamin D ထုတ်လုပ်မှုကျဆင်းခြင်း)
-အူလမ်းဆိုင်ရာကြောင်းရောဂါရှိနေသူများ
-အဆီကို အစာမချေနိုင်သူများ(ဥပမာ-သည်းခြေရောဂါရှိနေသူများ)
-အသည်းရောဂါရှိနေသူများ
-ကျောက်ကပ်ရောဂါရှိနေသူများ
-အရိပ်ထဲနေရ၍နေရောင်အလုံအလောက်မရသူများ ဟာ Vitamin D နည်းနေတက်ပါတယ်။

✨Vitamin D ရဲ့လုပ်ငန်းဆောင်တာများ-

-Vitamin Dရဲ့ အဓိကတာဝန်ကတော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ Calcium ကိုမျှတနေအောင်ထိန်းသိမ်းပြုပြင်ပေးတဲ့အလုပ်ပဲဖြစ်ပါတယ်။
-အခြားလုပ်ငန်းဆောင်တာတွေကတော့
*အရိုးကိုသန်မာစေခြင်း
*သွေးပေါင်ချိန်ထိန်းညှိပေးခြင်း
*နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း
*ခန္ဓာကိုယ်ခုခံအားကောင်းမွန်စေခြင်း
*ကင်ဆာရောဂါများမှကာကွယ်ပေးခြင်း
တွေကိုလည်းလုပ်ဆောင်ပေးပါတယ်။
ဒါကြောင့်Vitamin D levelဟာ သွေးထဲမှာအလုံအလောက်ရှိမယ်ဆို ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများကိုလစ်ဟင်းခြင်းမရှိအောင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

*လေးစားစွာဖြင့်-


22/05/2026
22/05/2026

Vitamin C အကြောင်းသိကောင်းစရာ
---------------------------------------------------
နိုင်ငံတကာမှာ ဗီတာမင်စီကို သက်စောင့်ဓာတ်လို့တင်စားကြပါတယ်။ ကိုယ်တွင်းဒဏ်ရာ ၊မီးလောင်ဒဏ်ရာ၊ ခွဲစိတ်ချုပ်ရိုးတွေကို အနာအမြန်ကျက်စေပါတယ်။ သွားနာခြင်း၊ သွားဖုံးရောဂါ၊ သွားကြွေလွှာပျက်စီးခြင်းမှကာကွယ်ပေးပါတယ်၊၊

ကိုယ်ခံစွမ်းအားကိုမြှင့်တင်းပေးတာကြောင့် အအေးမိ ၊ နှာစေး ၊ဖျားနာရောဂါတွေကို ကာကွယ်ပေးပါတယ်။ သွေးတွင်း သံဓာတ် ၊ folic acid တွေကိုအာနိသင်ကောင်းစေလို့သွေးအားကောင်းစေတယ်။ ဟော်မုန်းထုတ်တဲ့ဂလင်းတွေကို အားပေးတာကြောင့် နာတာရှည်ရောဂါဖြစ်သူတွေနဲ့ပိုးမွှားတွယ်ကပ်ခံရသူတွေကို ပြန်ပြီးနာလန်ထူလာဖို့ ကူညီပေးပါတယ်။

ဗီတာမင်စီသည် အပူ၊ အလင်း၊ လေတိုက်ခြင်း၊ဆားဆော်ဒါ ၊ အယ်ကာလီနဲ့ထိတွေ့ခြင်းတွေကြောင့် ပျက်စီးပါတယ်။ အခြောက်လှမ်းတာ၊ မီးကင်စားတာ၊ အပူပြင်းပြင်းနဲ့ချက်စားရင် ဗီတာမင်စီဓာတ်ပျက်စီးသွားတာကြောင့် ဗီတာမင်စီဓာတ်ကိုမရရှိနိုင်တော့ပါ။ အစိမ်းစားလို့ရတဲ့အသီး၊ ဓာတုကင်းတဲ့အသီးတွေကိုစားသုံးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

အရွယ်ရောက်ပြီးသားလူတစ်ယောက်ရဲ့အူနံရံဟာ ဗီတာမင်စီ ၂၀၀ မီလီဂရမ် အထိသာအပြည့်ဝစုပ်ယူပါတယ်။ ၅၀၀ မီလီဂရမ်စားသုံးရင် ၃၅၀ မီလီဂရမ်ထိသာစုပ်ယူပါတယ်။ ၁၀၀၀မီလီဂရမ်စားရင် ၅၀၀ မီလီဂရမ်သာစုပ်ယူပါတယ်။

စိတ်ဖိစီးခြင်း၊ ဒေါသဖြစ်ခြင်း၊အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါ စိုးရိမ်ထိတ်လန့်ခြင်းဖြစ်ပေါ်ရင် သက်ဆိုင်ရာဟော်မုန်းဂလင်းတွေက အလုပ်ပိုလုပ်ရတာကြောင့် ဗီတာမင်စီဓာတ်တွေအများကြီးကုန်ဆုံးပါတယ်။

စမ်းသောက်ချင်သူများအတွက်လဲခွဲရောင်းပေးပါတယ်

🇺🇸Import from USA

✨ Youtheory VERISOL Collagen ✨အသားအရေတင်းရင်းပြီး Glow Skin လေးရချင်သူတွေအတွက် လူကြိုက်များတဲ့ Collagen 💖🔸 VERISOL® Coll...
22/05/2026

✨ Youtheory VERISOL Collagen ✨
အသားအရေတင်းရင်းပြီး Glow Skin လေးရချင်သူတွေအတွက် လူကြိုက်များတဲ့ Collagen 💖

🔸 VERISOL® Collagen Peptides ပါဝင်လို့
အရေးအကြောင်းလျော့ကူညီပြီး အသားအရေ Elasticity ကို support ပေးပါတယ်✨

🔸 Biotin + Antioxidants ပါဝင်လို့
ဆံပင်၊ လက်သည်း၊ အသားအရေကို အထောက်အကူပြု 💅🏻🌸

🔸 Concentrated Effect Formula ဖြစ်လို့
“Fewer Pills, Better Results” ဆိုတဲ့အတိုင်း
အရင် formula ထက် သောက်ရတဲ့ အလုံးရေနည်းလာပါတယ် 🤍

Skin care ကို အတွင်းပိုင်းကနေ support လုပ်ချင်တဲ့သူတွေ၊ Collagen supplement ကို လွယ်လွယ်ကူကူ သောက်ချင်တဲ့သူတွေအတွက်တော့ Branding အရ စိတ်ချရပြီး အာနိသင် အရမ်းကောင်းတဲ့ Made in USA Collagen

ယခင်မူလ လက်ဟောင်းက Tablet 390လုံး ပါပြီး တစ်နေ့ 6လုံး- 65ရက် လောက်သာရပေမယ့် ၊ ယခုလက်သစ်မှာတော့ Tablet 345 လုံး ပါပြီး တစ်နေ့ 3လုံး -115ရက်👈 အထိတောင် သောက်ရမှာဖြစ်ပါတယ်။ Budget အရလည်း Formula အသစ်နှင့် ထုတ်ထားတဲ့ ဘူးသစ်က ပိုပြီးတော့ တန်ပါတယ်နော်။

Expire-2027/11

အခုလက်သစ်မှာ Verisol Collagen Peptides အသုံးပြုထားတော့ ပိုပြီး Result သိသိသာသာမြန်ပါတယ် ။ 💯

⭐️Verisol Collagen ဆိုတာက သာမန် Collagen Peptide ထက် Skin Beauty ဘက်ကို အဓိက focus လုပ်ထားတဲ့ Collagen Type တစ်မျိုးပါ။ အထူးသဖြင့် skin elasticity, fine lines, wrinkles လျော့ဖို့အတွက် Clinical study တွေရှိတဲ့ Collagen Peptide ဖြစ်ပါတယ်။🔥🔥🔥

✅️Vitamin C , Biotin လဲပါတဲ့အတွက် ဆံပင်ကျွတ်တာ ၊ခြေသည်း လက်သည်း ကျွတ်ဆတ် ကျိုးလွယ်တဲ့သူတွေအတွက် အရမ်းသင့်တော်ပါတယ်။💯

💥ဆေးလုံးအရွယ်စား အနည်းငယ်ကြီးတဲ့အတွက် ဒီအတိုင်း ရေနှင့် မျောမချဘဲ အနည်းငယ် ဝါးချေပြီးမှ ပိုပြီး သင့်တော်တယ်လို့ ထင်တယ်။ 👌

‼️Biotin ပါလို့ ဝက်ခြံထွက်လွယ်တဲ့သူတွေ သတိထားသောက်သင့်တယ်👌

🚫နို့တိုက်မိခင်နှင့် ကိုယ်ဝန်ဆောင် မိခင်တွေ လုံးဝ သောက်သုံးရန် မသင့်ပါ

📌 သောက်သံုးနည်း

တနေ့ (3) လုံး သောက်ပေးရပါတယ်။
အစာစားပြီး သောက်ရင်ပိုအဆင်ပြေပါတယ်🥰
📌 လက်ဟောင်း 390 Tablets နဲ့ ကွာခြားချက်
✅ လက်ဟောင်း 390 Tablets
တနေ့ 6 လုံးသောက်ရ
Original collagen formula
✅ လက်သစ် 345 Tablets (Concentrated Effect)
VERISOL® + Biotin + Antioxidants ထပ်ဖြည့်ထား
တနေ့3 လုံးပဲသောက်ရ
Formula ပို Concentrated ဖြစ်ပြီး absorption/support ပိုကောင်းအောင် upgrade လုပ်ထားပါတယ်✨

💖 အသားအရေခြောက်သွေ့သူ
💖 Fine lines စဖြစ်နေသူ
💖 Glow skin လိုချင်သူတွေအတွက် recommend ပေးချင်တဲ့ Collagen လေးပါရှင် ✨

မှာယူလိုပါက messenger or 09420316282/09696065229သို့ဆက်သွယ်ပေးပါရှင်

Fish Oil များနှင့်တကွဆေးညွှန်းများပါစုစည်းတင်ပြပေးထားပါတရ်ရှင့်All Instock
22/05/2026

Fish Oil များနှင့်တကွဆေးညွှန်းများပါစုစည်းတင်ပြပေးထားပါတရ်ရှင့်

All Instock

✨Mingalarpar🙏🏻SharUSAStore -မှ ကြိုဆိုပါတရ်ရှင့် မင်မင်တို့Storeတွင်ပစ္စည်းမှန် စျေးနှုန်းမှန် ဖြင့်    ဖြည့်စွက်စာများက...
22/05/2026

✨Mingalarpar🙏🏻

SharUSAStore -မှ ကြိုဆိုပါတရ်ရှင့်

မင်မင်တို့Storeတွင်
ပစ္စည်းမှန် စျေးနှုန်းမှန် ဖြင့် ဖြည့်
စွက်စာများကို မြန်မာတစ်နိုင်ငံလုံးနီးပါး အိမ်ရောက်ငွေချေစနစ်ဖြစ်
🇱🇷USAမှ တိုက်ရိုက်တင်သွင်းထားသော
🇬🇧ကလေး ၂ နှစ် အရွယ်မှစ၍ 🇺🇸 လူကြီး ၆၅ နှစ်အထက်ထိ (အမျိုးသား/အမျိုးသမီး) တို့အတွက် ခန္ဓာကိုယ်တွင်းလိုအပ်သော နှင့် များဖြည့်စွက်ပေးသော ဖြည့်စွက်စာဆေးဝါးများကို Ninjavan နှင့်အတူ လုံခြုံစိတ်ချစွာ ပို့ဆောင်ပေးနေပါကြောင်း ကြေငြာအပ်ပါသည်။

🧡item တစ်မျိုးစီရဲ့ အသုံးဝင်ပုံ နှင့်တကွ
အသေးစိတ်အကြောင်းရာများကို တစ်ပုံချင်းစီ
ပုံအောက်👇👇တွင် ကြည့်ရှူနိုင်ပြီး

🌟Shar USA Suppliments Online Store
🌟 Page massanger နှင့်
☎09420316282 vb/ph 09696065229 vb ph/09670008500 ph သို့လည်း တိုက်ရိုက် ဆက်သွယ် မှာယူနိုင်ပါသည်။











Vitamin K2 Instock
22/05/2026

Vitamin K2
Instock

Neocell powder 200g Instock
05/05/2026

Neocell powder 200g
Instock

USA Collagen သောက်ချင်သူများတွက်All instock
13/04/2026

USA Collagen သောက်ချင်သူများတွက်

All instock

Address

On Pyay Road Around Sawbwargyigone Insein
Yangon

Telephone

+959696065229

Website

Alerts

Be the first to know and let us send you an email when Shar USA Suppliments Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shar USA Suppliments Store:

Share