Burma Beauty Rehabilitation Center

Burma Beauty Rehabilitation Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Burma Beauty Rehabilitation Center, Medical and health, No. 35H, Thiri Yeikthar Street, Mayangone, Yangon.

📊 PAIN-POINT POLLသင့်ရဲ့ နေ့စဉ်ဘဝကို အများဆုံး အနှောင့်အယှက်ပေးနေတဲ့ နာကျင်မှုက ဘယ်နေရာမှာလဲ?အလုပ်လုပ်နေချိန်၊ ကားမောင်း...
21/08/2026

📊 PAIN-POINT POLL
သင့်ရဲ့ နေ့စဉ်ဘဝကို အများဆုံး အနှောင့်အယှက်ပေးနေတဲ့ နာကျင်မှုက ဘယ်နေရာမှာလဲ?

အလုပ်လုပ်နေချိန်၊ ကားမောင်းချိန်၊ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ချိန်တွေကစလို့ ညဘက် အိပ်ရာဝင်ချိန်အထိ သက်တောင့်သက်သာမရှိဘဲ အမြဲဒုက္ခပေးနေတတ်တဲ့ နာကျင်ကိုက်ခဲမှုမျိုးကို ခံစားနေရပြီလား?
အောက်ပါ နေရာတွေထဲက သင့်ကို အနှောင့်အယှက်အပေးဆုံး နေရာကို ရွေးချယ်ပေးခဲ့ပါ...

1️⃣ လည်ပင်း (Neck)
2️⃣ ပခုံး (Shoulder)
3️⃣ ခါး (Lower Back)
4️⃣ ဒူး (Knee)
5️⃣ တံတောင်ဆစ် (Elbow)
6️⃣ လက်ကောက်ဝတ်နှင့် လက် (Wrist & Hand)
7️⃣ ခြေချင်းဝတ်နှင့် ခြေဖဝါး (Ankle & Foot)
8️⃣ အခြားနေရာ (Other)

💬 Comment မှာ သက်ဆိုင်ရာ နံပါတ်လေးကို ရေးပေးခဲ့ပါနော်။
(တစ်နေရာထက်ပိုပါက “1 + 3” လို တွဲရေးနိုင်ပြီး၊ အခြားနေရာဖြစ်ပါက နေရာအမည်ကို ရေးပေးနိုင်ပါတယ်။)

ပါဝင်ဖြေကြားပေးတဲ့ အချက်အလက်တွေကို အခြေခံပြီး နောင်လာမယ့် Post တွေမှာ လူအများစု တကယ်လိုအပ်နေတဲ့ Pain Education Content တွေ၊ အိမ်မှာတင် လုပ်ဆောင်နိုင်မယ့် Self-care Guidance တွေနဲ့ အသင့်တော်ဆုံး Rehabilitation Program တွေကို ဆက်လက် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

နာကျင်မှုတွေကြောင့် နေ့စဉ်လှုပ်ရှားမှုတွေ ကန့်သတ်ခံနေရပြီ (သို့မဟုတ်) ဝေဒနာဆက်လက် ခံစားနေရဆဲဖြစ်လို့ ကျွမ်းကျင်ဆရာဝန်၊ Therapist များနဲ့ စနစ်တကျ Assessment ပြုလုပ်လိုပါက Page Messenger မှာ အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
"Where Recovery Meets Performance"
Advanced Rehabilitation Supported By Holistic Wellness Care

🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.

📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022


20/08/2026

🦵🏻နာကျင်မှုတွေကြောင့် နေ့စဉ်လှုပ်ရှားမှုတွေ အဆင်မပြေဖြစ်နေပါသလား?

✅BURMA BEAUTY Rehabilitation Center မှာ အားကစားဒဏ်ရာ၊ ကြွက်သားနာကျင်မှုနဲ့ အကြောဆိုင်ရာပြဿနာများအတွက် ကျွမ်းကျင် Physiotherapist များမှ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

ဒါကြောင့် သင့်အခြေအနေအတွက် သင့်တော်တဲ့ကုသမှုကို သိရှိနိုင်ရန် ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် အခုပဲလာရောက်တိုင်ပင်ဆွေးနွေးလိုက်ပါနော်။

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
"Where Recovery Meets Performance"
Advanced Rehabilitation Supported By Holistic Wellness Care

🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.
📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022
#

အင်္ကျီဝတ်ဖို့၊ ခေါင်းဖြီးဖို့တောင် ခက်ခဲလာတဲ့အထိ ပခုံးတွေ တောင့်တင်းနာကျင်နေပြီလား?ဒါဟာ လျစ်လျူရှုမထားသင့်တဲ့ Frozen Sh...
18/08/2026

အင်္ကျီဝတ်ဖို့၊ ခေါင်းဖြီးဖို့တောင် ခက်ခဲလာတဲ့အထိ ပခုံးတွေ တောင့်တင်းနာကျင်နေပြီလား?

ဒါဟာ လျစ်လျူရှုမထားသင့်တဲ့ Frozen Shoulder (ပခုံးအဆစ်ရောင်/ပခုံးကျီးပေါင်း) ရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ညဘက်အိပ်မရတဲ့အထိ နာကျင်ကိုက်ခဲနေလို့ ဆေးတွေအများကြီး သောက်နေရပေမယ့် ခဏပဲသက်သာပြီး နောက်ဆုံး ခွဲစိတ်ရမှာကိုပါ စိုးရိမ်နေပြီဆိုရင်တော့...

Burma Beauty Rehabilitation Center မှ အထူးမိတ်ဆက်လိုက်တဲ့ Advanced Shoulder Mobility Reset Program က သင့်အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။

ခွဲစိတ်စရာမလိုဘဲ (Non-invasive) ကမ္ဘာ့အဆင့်မီ နည်းပညာတွေနဲ့ စနစ်တကျ ကုသပေးမယ့် ဒီ Program မှာ ဘာတွေပါဝင်မလဲ?

❇️Personalized Rehab Plan: ကျွမ်းကျင်ဆရာဝန်နဲ့ Therapist များကိုယ်တိုင် အရင်ဆုံး သေချာစစ်ဆေး (Assessment) ပြီးမှ လူနာတစ်ဦးချင်းစီရဲ့ အခြေအနေနဲ့ အကိုက်ညီဆုံး ကုသမှုအစီအစဉ်ကို သီးသန့်ရေးဆွဲပေးခြင်း

❇️Pain Relief Care: နာကျင်မှုရဲ့ အရင်းအမြစ်ကို နက်ရှိုင်းစွာ ထိုးဖောက်ကုသနိုင်တဲ့ BTL HILT / Shockwave စတဲ့ ခေတ်မီစက်ကြီးများဖြင့် တိုက်ရိုက်ကုသပေးပြီး နာကျင်ရောင်ရမ်းမှုကို အမြန်ဆုံး ဖြေလျှော့ပေးခြင်း

❇️Mobility Support: တောင့်တင်းနေတဲ့ ပခုံးကြွက်သားနဲ့ အရွတ်တွေကို ပုံမှန်အတိုင်း လွတ်လွတ်လပ်လပ် ပြန်လည်လှုပ်ရှားနိုင်စွမ်း (Better Movement) ရှိလာစေရန် အဆင့်ဆင့် ပြန်လည်လေ့ကျင့်ကုသပေးခြင်း

Burma Beauty Rehab Center ၏ နွေးထွေးဂရုစိုက်သော စောင့်ရှောက်မှုဖြင့် ကုသမှုခံယူပြီးနောက် ပခုံးကျီးပေါင်းဝေဒနာရှင်များအနေဖြင့် ပျမ်းမျှ ၄ ကြိမ်မှ ၆ ကြိမ်ခန့် ကုသရုံဖြင့် ခွဲစိတ်စရာမလိုဘဲ သိသာစွာ သက်သာလာနိုင်မယ့် အခွင့်အရေးပဲ ဖြစ်ပါတယ်။

နာကျင်မှုကင်းပြီး လွတ်လပ်ပေါ့ပါးတဲ့ နေ့စဉ်ဘဝ (Better Life) ကို ယုံကြည်မှုရှိရှိ ပြန်လည်ပိုင်ဆိုင်ဖို့ ယနေ့ပဲ Appointment ရယူလိုက်ပါ။

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
"Where Recovery Meets Performance"
Advanced Rehabilitation Supported By Holistic Wellness Care

🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.

📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022


🇲🇲 မြန်မာ့မြေပေါ်မှာ မြန်မာ့ကိုယ်စားပြုအဖြစ် အကောင်းဆုံး ပေးဆပ်ကစားမယ့် Ayeyawady FC အသင်းကို အားပေးကြမယ်! ဒီနေ့ ညနေမှာ ...
17/08/2026

🇲🇲 မြန်မာ့မြေပေါ်မှာ မြန်မာ့ကိုယ်စားပြုအဖြစ် အကောင်းဆုံး ပေးဆပ်ကစားမယ့် Ayeyawady FC အသင်းကို အားပေးကြမယ်!

ဒီနေ့ ညနေမှာ စတင်တော့မယ့် AFC Women's Champions League 2026/27 (Preliminary Stage) အုပ်စု (F) ရဲ့ အဖွင့်ပွဲစဉ်မှာ မြန်မာနိုင်ငံကိုယ်စားပြု Ayeyawady WFC အသင်းဟာ စင်ကာပူကလပ် FC Jurong အသင်းနဲ့ အိမ်ကွင်းဖြစ်တဲ့ သုဝဏ္ဏကွင်းကြီးထဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။

ချန်ပီယံတွေရဲ့ နောက်ကွယ်က ခိုင်မာတဲ့ ခွန်အားတစ်ခုဖြစ်ဖို့ Burma Beauty Rehabilitation Center ကလည်း အမြဲတမ်း အသင့်ရှိနေပါတယ်။

ကစားသမားတွေအနေနဲ့ ကွင်းထဲမှာ ၁၀၀ ရာခိုင်နှုန်း စွမ်းဆောင်ရည် အပြည့်အဝ ထုတ်သုံးနိုင်ဖို့၊ ဒဏ်ရာကင်းကင်းနဲ့ ယုံကြည်မှုရှိရှိ ယှဉ်ပြိုင်နိုင်ဖို့နဲ့ ပွဲစဉ်အပြီးမှာ အမြန်ဆုံး ခွန်အားပြန်လည်ပြည့်ဝလာစေဖို့ (Sport Endurance & Recovery) အတွက် လိုအပ်တဲ့ Advanced Rehabilitation နဲ့ Holistic Care တွေကို Burma Beauty Rehabilitation Center မှ အကောင်းဆုံး Support ပေးသွားမှာ ဖြစ်ပါတယ်။

မြန်မာ့ကိုယ်စားပြုအဖြစ် နိုင်ငံ့ဂုဏ်ဆောင်မယ့် Ayeyawady FC ကစားသမားတွေအားလုံး အကောင်းဆုံး စွမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း၊ ပရိသတ်ကြီးနဲ့အတူ တစ်ခဲနက် အားပေးလျက်ရှိပါတယ်။
ဒီနေ့ညနေ သုဝဏ္ဏကွင်းကြီးထဲမှာ မြန်မာကိုယ်စားပြုအသင်းအတွက် အားလုံးအတူတူ အားပေးလိုက်ကြရအောင်!

⚽ Weekend မှာ ဘောလုံးကန်၊ 🏋️Gym ဆော့၊ 🏌️‍♀️ဂေါက်ရိုက်ရင်း ဒဏ်ရာတွေ ရလာပြီလား?"ဒူးအရွတ်ထိသွားလို့ အကြာကြီး နားရတော့မလား၊ ...
15/08/2026

⚽ Weekend မှာ ဘောလုံးကန်၊ 🏋️Gym ဆော့၊ 🏌️‍♀️ဂေါက်ရိုက်ရင်း ဒဏ်ရာတွေ ရလာပြီလား?

"ဒူးအရွတ်ထိသွားလို့ အကြာကြီး နားရတော့မလား၊ ပခုံးနာနေလို့ Training တွေ ရပ်ထားရတယ်" ဆိုပြီး စိတ်ညစ်နေပါသလား။ အားကစားသမားတွေအတွက် အဆိုးဆုံးက ကိုယ်ဝါသနာပါတဲ့ ကစားကွင်းထဲ မဆင်းရဘဲ အချိန်အကြာကြီး အနားယူနေရတာပါပဲ။

အရွတ်ထိခိုက်ခြင်း (Tendon injury)၊ ဒူးအရွတ်ပြဿနာ၊ ပခုံးကြွက်သားထိခိုက်ခြင်း (Rotator Cuff Syndrome)၊ တံတောင်ဆစ်နာကျင်ခြင်း (Tennis/Golfer's elbow) နဲ့ ခြေဖနောင့်အရွတ်ပြဿနာ (Achilles Tendinosis) တွေကို ခွဲစိတ်စရာမလိုဘဲ မြန်မြန်ပြန်ကောင်းလာအောင် လုပ်လို့ရပါတယ်။

Burma Beauty Rehabilitation Center မှာတော့ ခွဲစိတ်စရာမလိုဘဲ (Non-invasive) သင့်ရဲ့ နက်ရှိုင်းတဲ့ အရွတ်နဲ့ ကြွက်သားတွေ (Deep Tissue) ဆီကို တိုက်ရိုက်ဝင်ရောက် ကုသပေးနိုင်တဲ့ ကမ္ဘာ့အဆင့်မီ BTL Class IV HILT (High Intensity Laser Therapy) နည်းပညာ ရှိနေပါပြီ။

HILT ဟာ နာကျင်ရောင်ရမ်းမှုကို အမြန်ဆုံး သက်သာစေရုံသာမက ထိခိုက်သွားတဲ့ တစ်ရှူးဆဲလ်တွေကိုယ်တိုင် ပြန်လည်ပြုပြင်နိုင်စွမ်း (Tissue Repair) ကိုပါ လှုံ့ဆော်ပေးတာကြောင့် အချိန်တိုအတွင်း ကွင်းထဲကိုဖြစ်စေ၊ Gym Training ကိုဖြစ်စေ ယုံကြည်မှုရှိရှိ ပြန်လည်ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။

🌿 Rehab နှင့် Wellness ပေါင်းစပ်ထားသော Holistic Care Rehab Center ဖြစ်တဲ့အတွက်ကြောင့် ထိခိုက်သွားသော ကြွက်သားနှင့် အရွတ်များကို Physical Therapy ဖြင့် ကုသပေးရုံသာမက၊ ခန္ဓာကိုယ်တစ်ခုလုံး အမြန်ဆုံး အားအင်ပြည့်ဖြိုးလာစေရန် Holistic Approach (ဘက်စုံစောင့်ရှောက်မှု) ဖြင့်ပါ ဝန်ဆောင်မှုပေးနေပါတယ်။

လူနာရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အဆောက်အအုံတစ်ခုတည်းတွင်ရှိသော Burma Beauty Wellness Clinic နှင့် ချိတ်ဆက်ကာ Sport Endurance & Recovery Drip များကဲ့သို့သော Wellness Program များကိုပါ ပေါင်းစပ်ရယူနိုင်သောကြောင့် ပိုမိုပြည့်စုံမြန်ဆန်သော (Integrated Care) ကုသမှုအတွေ့အကြုံကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။

🏆 "Champion တွေ ယုံကြည်တဲ့ Recovery — ဒါဟာ သင့်အတွက်ပါပဲ"

Burma Beauty Rehabilitation Center တွင် လူနာတိုင်းကို ကျွမ်းကျင်ဆရာဝန်နှင့် Therapist များကိုယ်တိုင် အရင်ဆုံး စနစ်တကျ စစ်ဆေး (Assessment) ပြီးမှသာ ရောဂါအခြေအနေနှင့် အသင့်တော်ဆုံး ကုသမှုကို စတင်ပေးတာဖြစ်လို့ ယုံကြည်စိတ်ချစွာ ကုသမှုခံယူနိုင်ပါတယ်။

ဒဏ်ရာကြောင့် အချိန်တွေ ထပ်မဆုံးရှုံးစေဖို့ အခုပဲ ဆက်သွယ်ဆွေးနွေးလိုက်ပါ။


𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
"Where Recovery Meets Performance"
Advanced Rehabilitation Supported By Holistic Wellness Care

🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.

📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022


⛳️🏌️Golf ဆိုတာ လမ်းလျှောက်ပြီး ဘောလုံးရိုက်ရုံသက်သက် မဟုတ်ပါဘူး။18 Holes တစ်လျှောက်လုံးမှာ Stance ကို သေချာထိန်းထားရခြင်...
13/08/2026

⛳️🏌️Golf ဆိုတာ လမ်းလျှောက်ပြီး ဘောလုံးရိုက်ရုံသက်သက် မဟုတ်ပါဘူး။

18 Holes တစ်လျှောက်လုံးမှာ Stance ကို သေချာထိန်းထားရခြင်း၊ ခန္ဓာကိုယ်ကို အရှိန်နဲ့ လှည့်ခြင်း (Rotation)၊ Grip ဖိအားပေးခြင်းနဲ့ Weight Transfer ပြုလုပ်ခြင်းတွေကို အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ လုပ်ဆောင်နေရတာပါ။

Your body works hard for every swing.

ဒါကြောင့် ဂေါက်သီးရိုက်ပြီးတိုင်း သင့်ခန္ဓာကိုယ်ကို စနစ်တကျ ပြန်လည်အားဖြည့်ပေးဖို့ (Proper Recovery) အလွန်အရေးကြီးပါတယ်။

Round တစ်ခုပြီးတိုင်း အောက်ပါလက္ခဏာတွေ ခံစားနေရပြီလား?
-လည်ပင်းနဲ့ ပခုံး တောင့်တင်းခြင်း
-တံတောင်ဆစ်နဲ့ လက်ကောက်ဝတ် နာကျင်ခြင်း
-ခါးနဲ့ တင်ပါးဆုံ (Hip) တင်းကျပ်ခြင်း
-ဒူးနဲ့ ခြေထောက်ကြွက်သားများ ပင်ပန်းနွမ်းနယ်ခြင်း
-နောက်နေ့မနက် အိပ်ရာထချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားရ ခက်ခဲခြင်း…

နာကျင်မှုတိုင်းဟာ အမြဲတမ်း ဒဏ်ရာရသွားတာ (Injury) လို့ မဆိုလိုပါဘူး။
ဒါပေမဲ့ Round တိုင်းပြီးရင် နေရာတစ်ခုတည်းမှာပဲ ထပ်ခါတလဲလဲ နာကျင်နေတာ၊ တောင့်တင်းမှုမပျောက်တာနဲ့ Swing ရိုက်ရတာ အရင်လို မလွတ်လပ်တော့ဘူး (Swing Comfort ကျလာတယ်) ဆိုရင်တော့ အချိန်ဆွဲမထားသင့်တော့ပါဘူး။

🏆 GOLF RECOVERY RESET — The 19th Hole Recovery Protocol
Burma Beauty Rehabilitation Center တွင် ဂေါက်သီးရိုက်ကစားသူများအတွက် သီးသန့်ရည်ရွယ်ပြီး အောက်ပါ Recovery Protocol များကို စနစ်တကျ ဝန်ဆောင်မှုပေးနေပါပြီ။ ကုသမှုများကို လူတိုင်းတစ်ပုံစံတည်း မဟုတ်ဘဲ ကျွမ်းကျင်ဆရာဝန်၏ စစ်ဆေးမှု (Assessment) ရလဒ်အလိုက် လူနာ၏ လိုအပ်ချက်နှင့်အညီ သီးသန့် စီစဉ်ပေးသွားမှာဖြစ်ပါတယ်။

-Golf Load & Mobility Assessment: ခန္ဓာကိုယ်၏ လှုပ်ရှားနိုင်စွမ်းကို စမ်းသပ်စစ်ဆေးခြင်း
-Targeted Treatment: အခြေအနေပေါ်မူတည်၍ BTL Class IV HILT / -Cryotherapy / Ultrasound / TENS / Infrared စသည့် ခေတ်မီစက်များဖြင့် ကုသခြင်း
-Golf-specific Mobility Reset: Swing ပြန်လည်ကောင်းမွန်စေရန် ကြွက်သားများ ဖြေလျှော့ပေးခြင်း
-Home Recovery Guidance: အိမ်တွင် ဆက်လက်လုပ်ဆောင်ရမည့် လေ့ကျင့်ခန်းများ ညွှန်ကြားပေးခြင်း
-Golf Recovery Scorecard: ခန္ဓာကိုယ်၏ တိုးတက်မှုအခြေအနေကို စောင့်ကြည့်မှတ်တမ်းတင်ခြင်း
-24-hour Recovery Follow-up: ကုသမှုအပြီး နောက်ဆက်တွဲ စောင့်ရှောက်မှုပေးခြင်း

💧 Holistic Recovery Support (Optional Care):
ပိုမိုမြန်ဆန်သော Recovery ကို လိုလားသူများအတွက် ဆရာဝန်၏ စစ်ဆေးခွင့်ပြုချက်ဖြင့် ခန္ဓာကိုယ်ပြန်လည်အားဖြည့်ပေးမည့် Sport Endurance & Recovery Drip များကိုလည်း တစ်နေရာတည်းတွင် (Integrated Care အနေဖြင့်) ပေါင်းစပ်ချိတ်ဆက် ရယူနိုင်ပါသည်။

Recovery Plans — ၈၀,၀၀၀ ကျပ် မှ စတင်ပါသည်။

"Your scorecard tracks your game. Our Recovery Scorecard tracks your body."
လာမယ့် Round မတိုင်ခင် သင့်ခန္ဓာကိုယ်ကို စနစ်တကျ Reset ပြန်လုပ်ပေးဖို့ Page Messenger မှာ “GOLF” လို့ ပို့ပြီး Appointment ကြိုတင်ရယူနိုင်ပါပြီ။

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
"Where Recovery Meets Performance"
Advanced Rehabilitation Supported By Holistic Wellness Care

🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.

📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022


လည်ပင်းနဲ့ ပခုံးတွေ နာကျင်တောင့်တင်းနေလို့ အလုပ်မှာ အာရုံစိုက်ရခက်နေပြီလား?နေ့စဉ် ကွန်ပျူတာရှေ့မှာ အချိန်ကြာမြင့်စွာ ထို...
10/08/2026

လည်ပင်းနဲ့ ပခုံးတွေ နာကျင်တောင့်တင်းနေလို့ အလုပ်မှာ အာရုံစိုက်ရခက်နေပြီလား?

နေ့စဉ် ကွန်ပျူတာရှေ့မှာ အချိန်ကြာမြင့်စွာ ထိုင်လုပ်ရတာ၊ ကိုယ်နေဟန်ထား (Posture) မမှန်တာတွေက ကြွက်သားတွေကို အလွယ်တကူ တောင့်တင်းစေပြီး နာတာရှည် နာကျင်မှု (Chronic Pain) တွေကို ဖြစ်ပေါ်စေပါတယ်။

သင့်ဆီမှာ အောက်ပါ Office Syndrome လက္ခဏာတွေ ရှိနေပြီလား?
(၁)လည်ပင်း နာကျင်ခြင်း သို့မဟုတ် တောင့်တင်းခြင်း
(၂)ပခုံး နာကျင်ခြင်း သို့မဟုတ် လှုပ်ရှားရ ခက်ခဲခြင်း
(၃)ခေါင်းကိုက်ခြင်းနှင့် ဇက်ကြောတက်ခြင်း
(၄)ကျောကုန်းအပေါ်ပိုင်း နာကျင်ခြင်း….

ဒီလို လက္ခဏာတွေကို လျစ်လျူရှုပြီး အချိန်မီ မကုသဘဲ ထားလိုက်မယ်ဆိုရင် ခေါင်းမကြာခဏကိုက်လာတာ၊ အလုပ်မှာ အာရုံစိုက်နိုင်စွမ်း (Focus) ကျဆင်းလာတာနဲ့ ညဘက် အိပ်မပျော်တဲ့အထိ ပိုမို ဆိုးရွားလာနိုင်ပါတယ်။

အလုပ်တာဝန်များတဲ့ လုပ်ငန်းရှင်တွေနဲ့ ရုံးဝန်ထမ်းတွေအတွက် သီးသန့်ရည်ရွယ်ပြီး နေ့စဉ်ဘဝမှာ ပြန်လည်လန်းဆန်းတက်ကြွစေမယ့် Executive Neck and Shoulder Reset Program ကို Burma Beauty Rehabilitation Center မှာ စတင် ရယူနိုင်ပါပြီ။

ခွဲစိတ်ရန်မလို၊ အလုပ်နားစရာမလိုဘဲ နာကျင်မှုကို ထိထိရောက်ရောက် ကုသနိုင်မယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။

✅Advanced Therapy
နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေကို ခေတ်မီနည်းပညာမြင့် စက်ပစ္စည်းများဖြင့် တိတိကျကျ ကုသပေးခြင်း

✅Manual Therapy
ကြွက်သားများ လှုပ်ရှားနိုင်စွမ်း (Mobility) နှင့် ကိုယ်နေဟန်ထား (Posture) မှန်ကန်စေရန် ပြုပြင်ပေးခြင်း

✅Personalized Care
ဝေဒနာ ရေရှည် သက်သာစေရန်နှင့် ပြန်မဖြစ်အောင် ကာကွယ်ရန် လူနာတစ်ဦးချင်းစီအတွက် သီးသန့် ရေးဆွဲပေးသော စောင့်ရှောက်မှု

💡နာကျင်မှုကင်းပြီး လွတ်လပ်ပေါ့ပါးတဲ့ လှုပ်ရှားမှုတွေကို ပြန်လည်ရယူဖို့ အခုပဲဆက်သွယ် တိုင်ပင်လိုက်ပါ။

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
"Where Recovery Meets Performance"
Advanced Rehabilitation Supported By Holistic Wellness Care

🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.

📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022


09/08/2026

ဆေးသောက်လိုက်ရင် ခဏသက်သာသွားပြီး မကြာခင်မှာပဲ နာကျင်မှုတွေ ခဏခဏ ပြန်ဖြစ်နေပြီလား?

"ဆေးသောက်ရင်တော့ သက်သာပါတယ်၊ ဒါပေမဲ့ ဆေးအရှိန်ကုန်တာနဲ့ ပြန်ပြန်နာလာတယ်" ဆိုတာ ဝေဒနာရှင်တော်တော်များများ ကြုံတွေ့နေရတဲ့ အခက်အခဲပါ။

ဘာကြောင့် ဒီလို သံသရာလည်နေရတာလဲ?
​အဓိက အကြောင်းရင်းကတော့ နာကျင်မှုကိုဖြစ်စေတဲ့ "အရင်းအမြစ် (Root Cause)" ကို မကုသဘဲ မျက်နှာပြင်ပေါ်က လက္ခဏာတွေကိုသာ ခေတ္တသက်သာအောင် ဖြေလျှော့နေလို့ပဲ ဖြစ်ပါတယ်။

​အတွင်းပိုင်းက အရွတ်တွေ၊ အဆစ်တွေနဲ့ နက်ရှိုင်းတဲ့ ကြွက်သား (Deep Tissue) တွေ ထိခိုက်ရောင်ရမ်းနေတာကို သေချာမကုသဘဲ အပေါ်ယံသာ နာကျင်မှု သက်သာယုံ ​ဖြေဖျောက်နေမယ်ဆိုရင် ရေရှည်မှာ ပိုဆိုးရွားတဲ့ နာတာရှည်ဝေဒနာတွေ ဖြစ်လာနိုင်ပါတယ်။

နာကျင်မှုသံသရာကနေ အမှန်တကယ် ရုန်းထွက်ချင်တယ်ဆိုရင်တော့ အရင်းခံအကြောင်းရင်းကို တိတိကျကျ စစ်ဆေးပြီး ထိရောက်တဲ့ ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

Burma Beauty Rehabilitation Center မှာတော့ ဝေဒနာရှင်များအတွက် ခွဲစိတ်စရာမလိုတဲ့ (Non-invasive Care) အကောင်းဆုံး ကုသမှုအစီအစဉ်တွေကို ပြင်ဆင်ထားပါတယ်။

​🔹 တိကျသော စစ်ဆေးမှု : ကျွမ်းကျင်ဆရာဝန်နဲ့ Therapist များကိုယ်တိုင် လူနာတစ်ဦးချင်းစီရဲ့ ရောဂါအခြေအနေနဲ့ နာကျင်မှု အရင်းအမြစ်ကို သေချာစွာ စစ်ဆေးပေးပါတယ်။
🔹 Personalized Rehab Plan: လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး အသင့်တော်ဆုံးဖြစ်မယ့် ကုသမှုအစီအစဉ်ကို စနစ်တကျ ရေးဆွဲပေးပါတယ်။
🔹 Targeted Treatment: အပေါ်ယံသာမက နက်ရှိုင်းတဲ့ တစ်ရှူးတွေအထိ တိုက်ရိုက်ကုသပေးနိုင်တဲ့ ကမ္ဘာ့အဆင့်မီ BTL High Intensity Laser (HILT) နှင့် BTL Ultrasound ကဲ့သို့သော ခေတ်မီစက်ပစ္စည်းများဖြင့် ကုသပေးပါတယ်။
ဆေးဝါးတွေကိုချည်း ရေရှည်မှီခိုနေရမယ့်အစား နာကျင်မှုကင်းပြီး လွတ်လပ်ပေါ့ပါးတဲ့ နေ့စဉ်ဘဝကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့ အခုပဲ ဆက်သွယ်ဆွေးနွေးလိုက်ပါ။

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
"Where Recovery Meets Performance"
Advanced Rehabilitation Supported By Holistic Wellness Care

🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.

📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022


📢 VACANCY ANNOUNCEMENTPosition: Physiotherapist – 3 Posts ( Full Time/ Part Time)Burma Beauty Rehabilitation Center မှ လ...
08/08/2026

📢 VACANCY ANNOUNCEMENT
Position: Physiotherapist – 3 Posts ( Full Time/ Part Time)
Burma Beauty Rehabilitation Center မှ လူနာများအား အရည်အသွေးမြင့် Physiotherapy & Rehabilitation Care ပေးနိုင်ရန်အတွက် Physiotherapist များခေါ်ယူနေပါသည်။

🔹 Key Responsibilities
• လူနာတစ်ဦးချင်းစီ၏ အခြေအနေအလိုက် Physiotherapy Assessment နှင့် Treatment Plan ပြုလုပ်ပေးနိုင်သူ။
• လူနာများအား ထိရောက်ပြီး စနစ်တကျ Physiotherapy Treatment ပေးနိုင်သူ။
• High End Physiotherapy & Medical Devices များကို မှန်ကန်စွာ အသုံးပြုနိုင်သူ။
• လူနာများနှင့် နွေးထွေးစွာ ဆက်ဆံပြီး Patient-Centered Care ပေးနိုင်သူ။
• လူနာများ၏ Rehabilitation Progress ကို စနစ်တကျ Monitor & Document ပြုလုပ်နိုင်ရမည်။
• ဆရာဝန်များရဲ့ညွှန်ကြားချက်ကို တိကျစွာလိုက်နာနိုင်ပြီး Medical Team နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ။

🔹 Requirements
• B.Med.Tech(Physiotherapy) သို့မဟုတ် သက်ဆိုင်ရာ Physiotherapy Qualification ရှိရမည်။
• Physiotherapy / Rehabilitation အတွေ့အကြုံရှိသူ ဦးစားပေးမည်။
• High End Physiotherapy Equipment များကို အသုံးပြုနိုင်သူ ဖြစ်ရမည်။
• Communication Skill ကောင်းမွန်ပြီး လူနာများကို စိတ်ရှည်၊ နွေးထွေးစွာ ပြုစုစောင့်ရှောက်နိုင်ရမည်။
• Professionalism, Teamwork နှင့် Good Clinical Practice ရှိရမည်။
• Full-Time/ Part Time တာဝန်ထမ်းဆောင်နိုင်ရမည်။

How to Apply
Interested candidates should submit CV to
📍 Location: Burma Beauty Rehabilitation Center
No.35H, Thiri Yeikthar Street, 7 miles, Mayangone Tsp, Yangon.
📞 Contact: 09405056052 (Viber )
📧 Email: [email protected]

Join our team and be part of a professional rehabilitation service dedicated to helping patients move better, recover stronger and live better.

𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
"Where Recovery Meets Performance"
Advanced Rehabilitation Supported By Holistic Wellness Care

07/08/2026

ကွန်ပျူတာရှေ့မှာ တစ်နေကုန်ထိုင် အလုပ်လုပ်ရပြီး လည်ပင်းနဲ့ ပုခုံးကြွက်သားတွေ အမြဲတောင့်တင်းနာကျင်နေပြီလား?

✨ဒါဆိုရင်တော့ Burma Beauty Rehabilitation Center မှာ "Office Syndrome Treatment" လေးနဲ့ ကုသကြည့်ဖို့ Booking တင်လိုက်တော့နော်

​ 𝐁𝐮𝐫𝐦𝐚 𝐁𝐞𝐚𝐮𝐭𝐲 𝐑𝐞𝐡𝐚𝐛𝐢𝐥𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐞𝐫
"Where Recovery Meets Performance"
Advanced Rehabilitation Supported By Holistic Wellness Care

🏡 35 H, Thiri Yeikthar Street, 7 Miles, Pyay Road, Mayangone Tsp, Yangon.

📲 09-953930007, 09-953940007, 09-953950007, 09-405056052, 09-454051377, 09-408600022


Address

No. 35H, Thiri Yeikthar Street, Mayangone
Yangon
11201

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959405056052

Website

Alerts

Be the first to know and let us send you an email when Burma Beauty Rehabilitation Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burma Beauty Rehabilitation Center:

Shortcuts

Share