London Vitamin Company- Myanmar

London Vitamin Company- Myanmar အင်္ဂလန်နိုင်ငံမှတိုက်ရိုက်တင်သွင်းသော အားဆေးအမျိုးမျိုးရရှိနိုင်ပါတယ်။

London Vitamin Co.
26/05/2026

London Vitamin Co.

Fantasy Newspaper Image 😍
02/05/2026

Fantasy Newspaper Image 😍

Merry Christmas to All Of You!
25/12/2025

Merry Christmas to All Of You!

🎃✨HAPPY HALLOWEEN  ✨🎃
31/10/2025

🎃✨HAPPY HALLOWEEN ✨🎃

သွားကို ထိခိုက်စေတဲ့ အလေ့အထများ နေ့စဥ်အမှတ်တမဲ့ ပြုလုပ်နေတဲ့ အချို့အမူအကျင့်တွေက သွား🦷ကို ထိခိုက်စေတာရော သင်သိပြီးပြီလား...
04/07/2024

သွားကို ထိခိုက်စေတဲ့ အလေ့အထများ

နေ့စဥ်အမှတ်တမဲ့ ပြုလုပ်နေတဲ့ အချို့အမူအကျင့်တွေက သွား🦷ကို ထိခိုက်စေတာရော သင်သိပြီးပြီလား?

သေချာမသိသေးဘူးဆိုရင် ဒီ Post လေးကို အဆုံးထိ ဖတ်ရှုပေးဖို့ တောင်းဆိုချင်ပါတယ်🤗

တစ်နေ့နေ့ အစာဝါးစားတဲ့တာဝန်ကို ယူထားတဲ့ သွားကိုထိခိုက်စေသော အလေ့အထတွေကတော့

🔰 သွားကိုခပ်ကြမ်းကြမ်းတိုက်ခြင်း

သွားကိုခပ်ကြမ်းကြမ်းတိုက်ရင် ပိုပြီးသန့်ရှင်းတယ်လို့ထင်ရင် 🙅🏻‍♀️မှားသွားပါလိမ့်မယ်။ တကယ်တော့ သွားကိုကြမ်းကြမ်းတိုက်တာက သွားဖုံးကိုထိခိုက်စေသလို သွားကြွေလွှာကိုလည်း ပျက်စီးစေပါတယ်။ သွားတိုက်တဲ့အခါ သွားတိုက်တံ🪥ခပ်ပျော့ပျော့နဲ့ စက်ဝိုင်းပုံစံအတိုင်း ညင်ညင်သာသာလေး တစ်နေ့ 2 ကြိမ်တိုက်ပေးပါနော်။

🔰 လက်သည်းကိုက်ခြင်း

အချို့သူတွေက စိတ်လှုပ်ရှားတဲ့အချိန်၊ ပျင်းတဲ့အချိန်တွေမှာ လက်သည်းကိုက်တတ်ကြပါတယ်။ တကယ်တော့ ဒီအပြုအမူက သွားကျန်းမာရေးအတွက် မကောင်းစေပါဘူး။ လက်သည်းကိုက်တာက သွားအပေါ်ယံကြွေလွှာကို ပျက်စီးစေတဲ့အပြင် လက်သည်းမှာရှိတဲ့ ဘက်တီးရီးယားပိုး 🦠 တွေကိုလည်း ပါးစပ်ထဲ ဝင်လာစေပါတယ်။

🔰 ရေခဲတုံးဝါးစားခြင်း

ရေခဲတုံး 🧊 တွေက မာကျောတဲ့အတွက် သွားနဲ့ဝါးစားတာမျိုးလုပ်မယ်ဆိုရင် သွား🦷ကိုကျိုးအက်စေပြီး သွားကြွေလွှာကိုလည်း ပျက်စီးစေနိုင်တာမို့ ရေခဲတုံးဝါးစားတတ်တဲ့အလေ့အကျင့်ကို ဖျောက်လိုက်ပါတော့နော်။

🔰 သွားနဲ့ ပုလင်းအဖုံးကို ကိုက်ဖွင့်ခြင်း

ခဏခဏ ပုလင်းအဖုံးတွေနဲ့ သွားကိုကိုက်ဖွင့်တာက သွားကိုအလွှာကွာကျစေပြီး ကျိုးပဲ့စေနိုင်ပါတယ်။ ဒါကြောင့် ပုလင်းအဖုံးတွေကို သွား🦷နဲ့ကိုက်ဖွင့်တာမျိုးမလုပ်ဘဲ ကိရိယာတစ်ခုခုကိုသုံးပြီး ဖွင့်သင့်ပါတယ်။

🔰 အံကြိတ်ခြင်း

အိပ်နေစဥ်သွားကြိတ်တာများတဲ့အခါ သွားကိုဖိအားများစေပြီး ကျိုးတာ၊ ပွန်းပဲ့တာ၊ နာကျင်တာဖြစ်စေနိုင်သလို မေးရိုးကိုလည်း နာကျင်စေပါတယ်။ ဒါကြောင့် အိပ်နေစဥ် သွားကြိတ်တတ်တဲ့အကျင့်ရှိရင် ညအိပ်တဲ့အခါ Night Guard ဝတ်သင့်ပါတယ်။

🔰 ဆေးလိပ်သောက်ခြင်း

ဆေးလိပ် 🚬 သောက်တာက သွားကိုအစွန်းအထင်းထင်စေသလို သွားပိုးစားတာ၊ သွားဖုံးထိခိုက်တာတွေပါ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တဲ့ ဆေးလိပ်သောက်တာကို အခုကစပြီး ရပ်လိုက်သင့်ပါတယ်။

🔰 အချိုများတဲ့အစားအစာ၊ အက်စစ်များတဲ့ အစားအစာကို အစားများခြင်း

ချိုလွန်းတဲ့အစားအသောက်🍰၊ အချဥ်များတဲ့အစားအသောက်🍊တွေ အစားများလွန်းရင် သွားကြွေလွှာကို ပျက်စီးစေပြီး သွားပိုးစားစေနိုင်ပါတယ်။ ဒီလိုမျိုးမဖြစ်ဖို့ ချိုတာတွေ၊ ချဥ်တာတွေကို လျှော့စားသင့်သလို အဲဒီအစားအစာတွေ စားပြီးတဲ့အခါ သွားပိုးစားတာမျိုးမဖြစ်အောင် ပလုတ်ကျင်းတာမျိုး လုပ်သင့်ပါတယ်။

အခုပြောသွားတဲ့ သွားကိုထိခိုက်စေတဲ့ အလေ့အထတွေ ကိုယ့်မှာရှိနေရင် သွားကျန်းမာစေဖို့ ဒီအလေ့အကျင့်ကို ဖျောက်ပစ်လိုက်ပါတော့နော်။

References

https://www.goldenstatedentistry.com/blog/10-bad-habits-that-could-harm-your-teeth

04/07/2024
အရက်နဲ့နှလုံးရောဂါအရက်🍺က နှလုံးအတွက်ကတော့ တန်ဆေးလွန်ဘေးပါပဲ။ အရက်ကို တန်သင့်ရုံပမာဏလောက်သောက်တာက နှလုံး🫀ကို ကျန်းမာစေပြီ...
20/11/2023

အရက်နဲ့နှလုံးရောဂါ

အရက်🍺က နှလုံးအတွက်ကတော့ တန်ဆေးလွန်ဘေးပါပဲ။ အရက်ကို တန်သင့်ရုံပမာဏလောက်သောက်တာက နှလုံး🫀ကို ကျန်းမာစေပြီး အလွန်အကျွံသောက်တာကတော့ နှလုံးကို ထိခိုက်စေပါတယ်။

တန်သင့်ရုံပမာဏဆိုတာ ဘီယာဆို 12 အောင်စ (သံဘူးတစ်ဘူးစာ)၊ ဝိုင် 5 အောင်စ (ပုံမှန်ဝိုင်ခွက်တစ်ဝက်) ထက်မပိုတဲ့ပမာဏမျိုးက ကျန်းမာရေးကို မထိခိုက်စေဘူးလို့ ယူဆထားပါတယ်။ အရက်ကို နေ့တိုင်းသောက်သုံးတာမျိုးလည်း မလုပ်ပါနဲ့🙅🏻‍♀️

အရက်ကို အပေါ်ကပြောထားတဲ့ တော်သင့်ရုံပမာဏလောက် သောက်သုံးတာက နှလုံး🫀အတွက် အခုလိုအကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ဒါတွေကတော့

🔰 ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ HDL ကိုလက်စထရောပမာဏကို များစေတယ်။

🔰 သွေးမခဲအောင် ကာကွယ်ပေးပြီး နှလုံးဖောက်တာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

🔰 သွေးတွင်းမကောင်းတဲ့ LDL ကိုလက်စထရောပမာဏကို လျှော့ချပေးတယ်။

ဒီလိုနည်းလမ်းတွေနဲ့ နှလုံးမထိခိုက်အောင် ဆောင်ရွက်ပေးနေပါတယ်။

အကယ်လို့ အရက်ကို သင့်တင့်ရုံပမာဏထက် သောက်သုံးနေတာဆိုရင် နှလုံးကိုထိခိုက်ပျက်စီးစေမှာ အသေအချာပါပဲ။

အရက်ကို အလွန်အကျွံသောက်သုံးတာက နှလုံးကို ဘယ်လိုထိခိုက်စေတာလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

🔺 နှလုံးခုန်နှုန်းမြန်စေခြင်း

လူတစ်ယောက်ရဲ့ ပုံမှန်နှလုံးခုန်နှုန်းက 60 ကနေ 100 ကြားပဲရှိရပါမယ်။ အရက်🍺ကို အများအပြားသောက်သုံးနေတာက နှလုံးခုန်နှုန်းကို မြင့်တက်စေပါတယ်။ ဒီလိုပုံမှန်ထက် နှလုံးခုန်နှုန်း မြင့်တက်နေတာကြောင့် နှလုံးခုန်စည်းချက်မမှန်တာ၊ နှလုံးအားနည်းတာတွေကို ဖြစ်လာစေပါတယ်။

🔺 သွေးတိုးခြင်း

အရက်က နှလုံး🫀ရဲ့သွေးကြောအပေါ်ဖိအားသက်ရောက်ခြင်း၊ စိတ်ဖိစီးတဲ့ဟော်မုန်းတွေကို ထုတ်လုပ်ခြင်းနည်းလမ်းတွေနဲ့ သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ ဒါကြောင့် အရက်ကို အလွန်အကျွံသောက်သုံးနေမယ်ဆိုရင် သွေးတိုးရောဂါတွေ ဝင်လာနိုင်ပါတယ်။ သွေးတိုးတာကနေ နောက်ဆက်တွဲအနေနဲ့ နှလုံးသွေးကြောကျဥ်းရောဂါ၊ လေဖြတ်ရောဂါတွေ ခံစားရနိုင်ပါတယ်။

🔺 နှလုံးသွေးကြောကျဥ်းရောဂါ

အရက်ကို ပမာဏအနည်းငယ်လောက် သောက်ပေးတာက သွေးတွင်းမကောင်းတဲ့ အဆီဓာတ်ကို ကျဆင်းစေတယ်ဆိုပေမဲ့ အလွန်အကျွံသောက်သုံးရင်တော့ သွေးတွင်းမကောင်းတဲ့အဆီဓာတ်ကို များစေပြီး နှလုံးသွေးကြောမှာ အဆီတွေ လာစုံပုံကာ နှလုံးသွေးကြောကျဥ်းရောဂါ၊ နှလုံးသွေးကြောပိတ်ပြီး နှလုံးဖောက်တာတွေပါ ကြုံရနိုင်ပါတယ်။

🔺 နှလုံးကြွက်သားအားနည်ခြင်း

အရက်ကို နှစ်ရှည်လများ ပမာဏအများကြီး သောက်သုံးနေတာက နှလုံးကြွက်သားကို ပါးပြီး အားနည်းလာစေပါတယ်။ နှလုံး🫀ကအားနည်းလာတဲ့အတွက် သွေးတွေကို ကောင်းကောင်းမညှစ်နိုင်တော့ပါဘူး။ ဒီလိုကြောင့် နှလုံးထဲမှာ သွေးပမာဏများပြားလာပြီး နှလုံးအရွယ်အစား ကြီးလာတတ်သလို အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီ သွေးမရောက်ရှိတာကြောင့် အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကျန်းမာရေးအတွက် အရက်ကို မသောက်သုံးတာကတော့ အကောင်းဆုံးပါပဲ။ အကယ်လို့ အဲ့လိုမလုပ်နိုင်ဘူးဆိုရင် အရက်ကို နည်းမှန်လမ်းမှန်နဲ့ သင့်တင့်ရုံပမာဏသာ မှီဝဲသောက်သုံးသင့်ပါတယ်။

References

1. https://www.webmd.com/heart-disease/heart-disease-alcohol-your-heart

2. https://health.clevelandclinic.org/4-facts-know-alcohol-affects-heart/

Morning sickness ​ခေါ်ကိုယ်ဝန်​ဆောင်စဥ်ပျို့အန်ခြင်းကိုယ်ဝန်ဆောင်ချိန်မှာ သွေးသား‌ဟော်မုန်းအပြောင်းအလဲများကြောင့်​မေ​မေတ...
09/11/2023

Morning sickness ​ခေါ်
ကိုယ်ဝန်​ဆောင်စဥ်ပျို့အန်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးသား‌
ဟော်မုန်းအပြောင်းအလဲများကြောင့်
​မေ​မေတို့မှာ ရုပ်ပိုင်းဆိုင်ရာအပြင်
စိတ်ပိုင်းဆိုင်ရာပြဿနာ​တွေကို
ခံစားလာရနိုင်ပါတယ်။

�� အတွေ့အများဆုံးပြဿနာကတော့
ုယ်ဝန်အစောပိုင်းကာလတွေမှာ ဖ
ြစ်တတ်တဲ့ Morning Sickness ဖြစ်ပါတယ်။

အချို့အမျိုးသမီးတွေမှာဆိုရင်
ကိုယ်ဝန်ဆောင်ကာလ တလျှောက်လုံးမှာ
တွေ့ရတတ်ပါတယ်။

Morning Sickness ခံစားရတဲ့
ကိုယ်ဝန်ဆောင် အမျိုးသမီး တွေဟာ
ပျို့တက်ခြင်း၊ အန်ခြင်း တွေ
ဖြစ်ကြပါတယ်။ အစားအသောက်အနံ (သို့)
အရသာ တခုခုကြောင့်
ပိုဆိုးစေတတ်ပါတယ်။ အထူးသဖြင့်
ကိုယ်ဝန်သန္ဓေစတည်ပြီး ၉ပတ်မြောက်မှာ
စတင်ခံစားရတတ်ပါတယ်။

▪︎ဘယ်သူတွေမှာ Morning Sickness
ပိုဖြစ်နိုင်သလဲ။

- ယခင် ကိုယ်ဝန်ဆောင်စဉ်က Morning
Sickness ခံစားရဖူးသူ
- ရောဂါအခံရှိသူများ (အသည်းရောဂါ၊
သိုင်းရွိုက်ရောဂါ)
- ကိုယ်ဝန်မဆောင်ခင် ယခင်ကတည်းက
အကြောင်းအမျိုးမျိုးကြောင့်
ပျို့အန်လွယ်သူများ (ဥပမာ-

ကားမူးတတ်ခြင်း၊ Migraine
ခေါင်းတခြမ်းကိုက်‌ ရောဂါ စသဖြင့်)
- အမြွှာပူးကိုယ်ဝန်ဆောင်ထား​သော​မေ​မေ
များစသူ‌တွေမှာ ပိုပြီး တွေ့ရတတ်ပါတယ်။

��ဒါ့အပြင် ိသားစု းရိုးထဲမှ Morning
Sickness ဆိုးဆိုးရွားရွားခံစားရသူရှိခဲ့ဖူးရင်
(သို့) ယခင်တခါ ကိုယ်ဝန်တုန်းကလည်း
Morning Sickness ကို ဆိုးရွားစွာ
ခံစားခဲ့ရဖူးရင် ယခုတစ်ခါ
ကိုယ်ဝန်ဆောင်ချိန်မှာ အခြား

ကိုယ်ဝန်ဆောင်တွေထက် ခံစားရတဲ့
လက္ခဏာက ပိုဆိုးနေတတ်ပါတယ်။
ဒီလိုပိုဆိုး​နေတာကို hyperemesis
gravidarum လို့ ခေါ်ပါတယ်။

��အများစုက ာမန် ာက်ဆေး၊
အစားအသောက်လောက်နဲ့ သက်သာပေမယ့်
တစ်ချို့အမျိုးသမီးတွေမှာ hyperemesis
gravidarum လို့ခေါ်တဲ့ လက္ခဏာ
ဆိုးဆိုးဝါးဝါးတွေ ခံစားရတတ်ပါတယ်။

▪︎ဘယ်လို အခြေအနေတွေဆို စိုးရိမ်
ရသလဲ?

-အစားအသောက်လုံးဝစားမဝင်ဘဲ
တောက်လျှောက်အန်နေခြင်း
-ရင်တုန်ခြင်း
-ဆီးသွားနည်းပြီး ဆီးအရောင်ရင့်ခြင်း
စတာတွေဖြစ်လာခဲ့ရင် မိမိ ဆရာဝန်နဲ့
တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

��Morning Sicknes ဟာ မဖြစ်အောင် ကာ

ကွယ်လို့ မရပေမယ့် သက်သာအောင်
လုပ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီး အများစုဟာ
အစားအသောက် ပုံစံကို
ပြောင်းလဲပေးလိုက်တဲ့အခါ Morning
Sickness လက္ခဏာတွေ
သက်သာလာ​လေ့ရှိပါတယ်။

▪︎ Morning Sickness သက်သာအောင်
ဘယ်လိုစားသောက်ပေးရမလဲ?

- အစားစားတဲ့အခါ တခါစားရင်
နည်းနည်းချင်းစီ ခွဲပြီး တ‌စ်နေ့ကို ငါးကြိမ်-
ခြောက်ကြိမ်ခန့် ခွဲစားပါ။
- ဖြည်းဖြည်းချင်း အစာကြေညက်နေအောင်
ဝါးစားပါ။
- အနံ့ပြင်းတဲ့ အစားအသောက်တွေကို
တတ်နိုင်သလောက် ရှောင်ပါ။
- အဆီအဆိမ့်များပြီး အီစေနိုင်သော
အစားအစာများ၊ အလွန်စပ်သော
အစားအစာများ၊အလွန်ပူသော
အစားအသောက်များ ကိုရှောင်ပါ။

- အရည်များများ သောက်ပေးပါ။
- မနက်ထထချင်းကို ရင်ပြည့်အောင်
မစားပဲ

အဆာပြေလောက် အရင်စားပေးပါ။

��Morning Sicknes ကို သက်သာစေမယ့်
အစားအသောက်​တွေက​တော့-

- ရေခဲထည့်ဖျော်ထားသော
သစ်သီးဖျော်ရည်၊ smoothies နှင့်
ဒိန်ချဉ်များ
- အစာကြေလွယ်၊ ဝါးရလွယ်သော
စားစရာများ ဥပမာ- cracker မုန့်၊ ဘီစကစ်၊
cereal
- ဌက်ပျောသီး၊ ဖရဲသီး

- Herbal tea၊ ဂျင်းပြုတ်ရည်၊
စွပ်ပြုတ်အမျိုးမျိုး စတာ​​လေး​တွေကို
စားသုံး​ပေးသင့်ပါတယ်။

References
(1)
https://www.nhs.uk/pregnancy/related-
conditions/common-symptoms/vomiting-
and-morning-sickness/
(2)https://my.clevelandclinic.org/health/di
seases/16566-morning-sickness-nausea-
and-vomiting-of-pregnancy

ကလေးက ဖုန်းကြည့်များပြီးမျက်စိအားနည်းနေလို့ပါဆိုတဲ့မေမေတို့အတွက်ဒီနေ့လို နည်းပညာခေတ်ကြီးမှာကလေးကအစဖုန်းတစ်လုံးစီရှိနေကြတ...
07/11/2023

ကလေးက ဖုန်းကြည့်များပြီး
မျက်စိအားနည်းနေလို့ပါဆိုတဲ့
မေမေတို့အတွက်

ဒီနေ့လို နည်းပညာခေတ်ကြီးမှာ
ကလေးကအစဖုန်းတစ်လုံးစီရှိနေကြတာကို
တွေ့နေရပါတယ်။ ဒီလိုဖုန်းတွေရှိလာတာနဲ့
ကလေးတွေအနေနဲ့လည်း နေ့နေ့ညည
ဖုန်းကြည့်ချင်တာမျိုးဖြစ်တတ်ပါတယ်။

ဖုန်းကြည့်များတဲ့ ကလေး​တွေဟာ
အချိန်ကြာလာတာနဲ့အမျှ
မျက်စိအားနည်းလာတာမျိုး
ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်
မိဘတွေအနေနဲ့ ကလေးတွေရဲ့ဖုန်းသုံးချိန်ကို
ကန့်သတ်ဖို့လိုပြီး ဂရုစိုက်သင့်ပါတယ်။

ဒီနေ့မှာတော့ဖုန်းကြည့်များလို့
မျက်စိအားနည်းတဲ့ကလေးရှိတဲ့မိဘတွေအ
တွက် ဘယ်လိုအစားအသောက်တွေက
ကလေးတွေရဲ့မျက်စိကိုပြန်လည်အားဖြည့်
ပေးပြီးဘယ်လိုအလေ့အကျင့်ကောင်းတွေက
မျက်စိအတွက်အထောက်အကူဖြစ်စေမလဲဆိုတာကိုပြောပြ
ပေးသွားပါမယ်။

�� ုန်လာဥနီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်ရွက်နဲ့
ုက်လန်ရွက်တွေလို
အစိမ်းရောင်ရှိတဲ့အရွက်တွေ၊
အချဉ်ဓာတ်များတဲ့ အသီးတွေ၊ ဘယ်ရီသီး၊
ဥအမျိုးမျိုး၊ အဆီများတဲ့ ငါးအမျိုးမျိုး၊
အခွံမာသီးနဲ့ အစေ့အဆံတွေ၊ နို
့ထွက်ပစ္စည်းတွေ၊ စတာတွေက
ကလေးတွေရဲ့ မျက်စိတွေကို အ
ာဟာရတွေပေးတဲ့
အစားအစာတွေဖြစ်ပါတယ်။

ဒါပြီးရင်တော့
ဘယ်လိုအလေ့အကျင့်ကောင်းတွေက
မျက်လုံးအားနည်းတာကို
သက်သာစေမလဲဆိုတာကို
ပြောပြပေးသွားပါမယ်။

(၁) ဖုန်းသုံးချိန်ကို ကန့်သတ်ပါ။

မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ ဖုန်းသုံးချိန်၊
ကွန်ပျူတာသုံးချိန်တွေကို
ကန့်သတ်ထိန်းချုပ်ဖို့လိုပါတယ်။ ဒါကတော့
ကလေးတွေရဲ့ မျက်စိအားနည်းတာကို

ကာကွယ်တဲ့
အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

(၂) ၂၀-၂၀-၂၀ ဥပဒေသကို
လိုက်နာခိုင်းပါ။

ဖုန်း(သို့မဟုတ်) ကွန်ပျူတာသုံးတာ မိနစ်
၂၀ ပြည့်တိုင်း ပေ၂၀ အကွာမှာရှိတဲ့အရာကို
စက္ကန့်၂၀ ခန့်ကြည့်တတ်တဲ့
အလေ့အကျင့်လေးရှိအောင်
လေ့ကျင့်ပေးပါ။

(၃) ဖုန်းမျက်နှာပြင် အပြင်အဆင်ကို
ဂရုစိုက်စေပါ။

ဖုန်းတွေ၊ ကွန်ပျူတာတွေရဲ့ မျက်နှာပြင်ကို
အလင်းအမှောင်၊ ကာလာအနေအထား၊
စာလုံးအကြီးအသေးကိုလည်း ဂရုစိုက်ဖို့
မှာကြားပေးပါ။ ဒါ့အပြင် blue light filter
ခံသုံးဖို့ကိုလည်း ပြောပြပေးပါ။

(၄) ဖုန်းသုံးနေချိန် မျက်တောင်ခတ်အောင်
ပြောပြပေးပါ။

မျက်တောင်ခတ်ခြင်းက မျက်လုံးရဲ့
အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး
မျက်စိခြောက်သွေ့ပြီး ယားယံတာ

မျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၅) မျက်စိလေ့ကျင့်ခန်းလုပ်အောင်
ပြောပြထားပါ။

မျက်စိကို အနားပေးထားတဲ့အချိန်မှာ
မျက်စိလေ့ကျင့်ခန်းလုပ်အောင်လည်း
ညွှန်ကြားထားသင့်ပါတယ်။ အပေါ်ကြည့်၊
အောက်ကြည့်၊ ဘယ်ကြည့်၊ ညာကြည့်၊
ပိတ်လိုက်၊ ဖွင့်လိုက်လုပ်ပေးခြင်းကလည်း
မျက်စိလေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။

(၆) ရေများများသောက်စေပါ။

ရေများများသောက်ခြင်းက
မျက်စိတင်မဟုတ်ပဲ
ခန္ဓာကိုယ်တစ်ခုလုံးအတွက်ပါအထောက်အ
ကူပြုပါတယ်။
ရေဓာတ်ခန်းခြောက်ခြင်းကလည်း မျက်စိကို
သက်တောင့်သက်သာမဖြစ်စေပဲ
နေရခက်စေပါတယ်။

�� ကလေးတိုင်း
တစ်ယောက်နဲ့တစ်ယောက်မတူညီနိုင်တာမို့
ကလေးတွေရဲ့ မျက်စိအတွက်

အလေ့အကျင့်ကောင်းတွေနဲ့
သေသေချာချာလေ့ကျင့်ပေးနိုင်ပါတယ်။
အကောင်းဆုံးကတော့ ဖုန်းသုံးချိန်နဲ့
အခြားကိုယ်လက်လှုပ်ရှားဖြစ်မယ့်အလေ့အ
ကျင့်တစ်ခုကို ညီမျှအောင်
လေ့ကျင့်ပေးတာကတော့
အကောင်းဆုံးဖြစ်ပါတယ်။

References

https://timesofindia.indiatimes.com/life-
style/parenting/web-stories/best-foods-
to-improve-your-childs-
eyesight/photostory/87509169.cms

https://www.mmjoshieyeinstitute.com/blo
g/natural-way-to-improve-child-eye-
health/ #:~:text=Increase%20outdoor%20
activities%2D%20Encourage%20childre
n,20%2F20%2F20%20rule.

Address

Mahabandoola Road
Yangon
11141

Alerts

Be the first to know and let us send you an email when London Vitamin Company- Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share