NutriBeauty by Dr.Ei

NutriBeauty by Dr.Ei Let’s build your perfect beauty with natural foods ����

Just wondering if anyone still remembers my page 🤓“NutriBeauty by Dr.Ei” page လေးကို လုံးဝမထိပဲ ပစ်ထားမိတော့ reach တွေရေ...
02/06/2025

Just wondering if anyone still remembers my page 🤓
“NutriBeauty by Dr.Ei” page လေးကို လုံးဝမထိပဲ ပစ်ထားမိတော့ reach တွေရော ရောက်သေးရဲ့လား သိချင်မိပါတယ်။
စာရေးသူလည်း အခြားမှာ ဆရာဝန်အဖြစ်ပဲ Practise လုပ်နေတော့ Nutrition ဖက်ကို Online Consultation အနည်းငယ်ပဲ ကြည့်နိုင်သေးတယ်ရှင်။ Nutrition စာတွေလည်း Update တွေ မဖတ်နိုင်သေးတော့ စာတွေ မရေးနိုင်ဖြစ်နေသေးတာ။
ဒါပေမယ့် ဒီက လူတွေရဲ့ စားသောက်နေထိုင်ပုံလေးတွေ၊ မတူညီတဲ့ Diet နဲ့ Lifestyle လေးတွေကို explore လုပ်ရင်း စာလေးတွေ ပြန်ရေးချင်မိလို့ တစ်ယောက်ယောက်များ Page လေးကို မှတ်မိသေးရဲ့လားလို့ ဒီစာလေးနဲ့ ပြန်နှုတ်ဆက်လိုက်ပါတယ်။

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း

မင်္ဂလာပါရှင် စာဖတ်သူတွေနဲ့ မတွေ့တာကြာပြီပေါ့။စာရေးသူဆရာမက အခု အခြားတစ်နိုင်ငံရောက်သွားတာနဲ့ consultation တွေကို Online ...
01/12/2024

မင်္ဂလာပါရှင်
စာဖတ်သူတွေနဲ့ မတွေ့တာကြာပြီပေါ့။

စာရေးသူဆရာမက အခု အခြားတစ်နိုင်ငံရောက်သွားတာနဲ့ consultation တွေကို Online ကနေပဲ လုပ်လို့ရတော့တာလေး လာပြောတာပါ။ ဘယ်မှာလာပြလို့ရလဲဆိုပြီး မေးရင် မရတော့ဘူးပြောရတာ အားနာပါတယ်ရှင်။ Timezone Difference လေးရှိလို့ online လေးတွေအတွက် Booking လေး ယူရင် reply ကြာတတ်တာမျိုးဖြစ်ရင် ကြိုပြီးတောင်းပန်ပါတယ်။ စာလေးတွေပြန်ရေးဖို့လည်း အားယူနေပါပြီ။

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း

20/10/2024

ကယ်လိုရီ နည်းပြီး အာဟာရရှိတာလေးတွေ ချက်စားကြမယ် ✅

စတီးရိုက်တွေ ဆေးတွေ မသုံးပဲ ဒါမျိုး Dramatic changes တွေဖြစ်နိုင်ပါ့မလား? သိပ်ကို ဖြစ်နိုင်ပါတယ်။ အောက်က results တွေကိုပ...
19/06/2024

စတီးရိုက်တွေ ဆေးတွေ မသုံးပဲ ဒါမျိုး Dramatic changes တွေဖြစ်နိုင်ပါ့မလား?

သိပ်ကို ဖြစ်နိုင်ပါတယ်။ အောက်က results တွေကိုပဲကြည့်ပါ။ Diet plus Exercise နဲ့ ဖြေးဖြေးမှန်မှန်သွားရင် ပိုကျန်းမာ ပိုကြည့်ကောင်းလာမှာပါ။ Client အစ်ကိုက တအားကြိုးစားပြီး ၁ နှစ်ကျော်လောက်နဲ့ ပြောင်းလဲလာတာပါ။

မဖြစ်နိုင်တာ မရှိပါဘူး။ ရေတိုလမ်းတွေ မလိုက်ပဲ ဖြည်းဖြည်းမှန်မှန်နည်းစနစ်တကျနဲ့ကြိုးစားထားရင် ရလဒ်ပိုကောင်းက ပုံတွေက သက်သေပါပဲ။

ပုံလေးတွေပေးသုံးတဲ့ Client အစ်ကိုကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ (အခု Client က နာမည်ရ Gym တစ်ခုမှ Trainer လည်းဖြစ်နေတဲ့အတွက်အရမ်းဝမ်းသာပါတယ်။)

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း



Client: ဒီနေ့တော့ ညစာ ထမင်းလုံးဝမစားဘူးဆရာမ။ ရေခဲမုန့် တစ်ဘူးနဲ့ အာလူးကြော်လေးပဲ!သူတို့ပြောတဲ့ တစ်ဘူး 🙂‍↕️
04/06/2024

Client: ဒီနေ့တော့ ညစာ ထမင်းလုံးဝမစားဘူးဆရာမ။ ရေခဲမုန့် တစ်ဘူးနဲ့ အာလူးကြော်လေးပဲ!

သူတို့ပြောတဲ့ တစ်ဘူး 🙂‍↕️

NutriBeauty by Dr.Ei Page လေးကို မှတ်မိသေးရဲ့လား? စာရေးသူလည်း ဖြေစရာ စာမေးပွဲတွေ အားလုံးပြီးဆုံးအောင်မြင် သွားပြီမို့ Pa...
01/06/2024

NutriBeauty by Dr.Ei Page လေးကို မှတ်မိသေးရဲ့လား?
စာရေးသူလည်း ဖြေစရာ စာမေးပွဲတွေ အားလုံးပြီးဆုံးအောင်မြင် သွားပြီမို့ Page လေး ပြန် Run ပါပြီရှင်။
အလုပ်လေးတွေလည်း ပြန်လက်ခံပါပြီ။ အပန်းမကြီးရင် you tube channel လေးကိုလည်း subscribe လုပ်ပေးပါဦးနော်။

https://youtube.com/?si=7_FNK4YNIrEo14xm

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း

စာလေးတွေ မရေးသေးပဲ ခဏရပ်ထားတာ ကြာပါပြီ။ Page လေး Active မဖြစ်ပေမယ့် လက်ဆောင်လေးတွေ ပို့ပို့ပေးတော့ ကျေးဇူးလည်းတင် အားလည်...
11/02/2024

စာလေးတွေ မရေးသေးပဲ ခဏရပ်ထားတာ ကြာပါပြီ။ Page လေး Active မဖြစ်ပေမယ့် လက်ဆောင်လေးတွေ ပို့ပို့ပေးတော့ ကျေးဇူးလည်းတင် အားလည်းနာပါတယ်ရှင်။
Kremlin S က နှစ်တိုင်းပို့နေကျ လက်ဆောင်လေး ဒီနှစ်တော့ Page နာမည်လေး သေချာ Customized လုပ်ပေးထားလို့ အမှတ်တရအနေနဲ့ ပုံလေးတင်လိုက်ပါတယ် 🥰🤍

“ မျက်ကွင်းညို၊ မျက်တွင်းချိုင့်တဲ့ သူပဲ ဖတ်ပါ” NutriBeauty နာမည်တပ်ထားပြီး ဆရာမက အာဟာရအကြောင်းတွေပဲရေးသလိုဖြစ်နေတယ်။ ဒီ...
07/01/2024

“ မျက်ကွင်းညို၊ မျက်တွင်းချိုင့်တဲ့ သူပဲ ဖတ်ပါ”

NutriBeauty နာမည်တပ်ထားပြီး ဆရာမက အာဟာရအကြောင်းတွေပဲရေးသလိုဖြစ်နေတယ်။ ဒီနေ့တော့ ပထမဆုံးအနေနဲ့ အလှအပအကြောင်းလေးလည်း တင်လိုက်ပါတယ်။ Review သဘောမျိုးလေးနဲ့ Sharing လုပ်ချင်တာပါ။

အစချီပြီးပြောရရင် ဒေါက်တာအိက မျက်ကွင်းအရမ်းညိုပြီး မျိုးရိုးအရ မျက်တွင်းချိုင့်တဲ့ထဲပါပါတယ်။ ဆယ်ကျော်သက်တည်းက ညိုလာတဲ့မျက်လုံးဟာဆိုရင်ဖြင့် အခုအရွယ်ရောက်ပြီး ဒီရက်ပိုင်းအိပ်ရေးတွေပျက်၊ စိတ်ဖိစီးတာတွေများလာတော့ ပိုချိုင့်ပိုညိုလာပြီရော။

အဲ့တာနဲ့ Best Friend ထဲကတစ်ယောက်ဖြစ်တဲ့ Doctor Albert က Under Eye Booster လေးထိုးပေးမယ်ဆိုတာနဲ့ ထိုးဖြစ်ခဲ့ပါတယ်။ စထိုးတုန်းကတော့ တစ်ကြိမ်တည်းနဲ့ result ကိုလည်းမှန်းမထားခဲ့ဖူးပေါ့နော်။ Under Eye Filler မဟုတ်တော့ ဖောင်းဖောင်းကြီးဖြစ်နေတာမျိုး မရှိပါဘူး။ ပထမဆုံးအကြိမ် လုပ်ဖူးတော့ နည်းနည်းကြောက်နေပေမယ့် ဆရာ့ရဲ့ လက်ရာကို အပြည့်အဝယုံကြည်တာမို့ စိုးရိမ်စိတ်တော့ အရမ်းမဖြစ်ခဲ့ဘူး။

ဒီတော့ ဆရာမဘာတွေပြောင်းလဲသွားလဲဆိုတာ တစ်ပုံချင်းစီအောက်မှာ ကြည့်သွားပေးပါဦး။ ရုပ်ဆိုးဆိုးပုံလေးတွေတော့ သည်းခံပေးပါရှင်။

ဒေါက်တာ Myo Oo နဲ့ ဆွေးနွေးချင်ရင်တော့Thu Nandar Aesthetic Clinicမှာ Appointment လေးယူပေးပါနော်။

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း


“ စပျစ်သီး စားတော့မယ်ဆိုရင် “ဒီရက်ပိုင်း ရေပန်းစားနေတဲ့ စာလေးတစ်ခုဖတ်မိတာ ၁၂ မထိုးခင် နှစ်မကူးခင် စပျစ်သီး ၁၂ လုံးစားပြီ...
31/12/2023

“ စပျစ်သီး စားတော့မယ်ဆိုရင် “

ဒီရက်ပိုင်း ရေပန်းစားနေတဲ့ စာလေးတစ်ခုဖတ်မိတာ ၁၂ မထိုးခင် နှစ်မကူးခင် စပျစ်သီး ၁၂ လုံးစားပြီး ဆုတောင်းရင် တစ်နှစ်လုံးကြွယ်ဝ ချမ်းသာနိုင်တယ် ဆိုလားပဲ။ အနီရောင်ဝတ်ပြီး ခုံအောက်ဝင်တာလည်း ထပ်ဖတ်လိုက်ရသေးတယ်။ ဒါကတော့ FA (Forever Alone) တွေအတွက်ဆိုလား။ လုပ်ကြည့်မယ့်သူတွေရော ရှိလား မသိဘူး။
ဒီတော့ ဆရာမလည်း စပျစ်သီးစားမယ့်လူတွေ အတွက် စပျစ်သီးရဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့ အချက်လေးတွေ အနည်းငယ်ရေးသားလိုက်ပါတယ်။

🍇 စပျစ်သီးက တကယ်တော့ သကြားပမာဏ များတဲ့အသီးထဲမှာ ပါပါတယ်။ စပျစ်သီးမှည့် ၁၂ လုံးခန့်မှာ သကြား ၆-၇ ဂရမ်ခန့် ပါဝင်နေပါတယ်။ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲခန့်ရှိပါတယ်။ ဆီးချိုသမားတွေကတော့ အများကြီးစားဖို့ မသင့်တော်ပါဘူး။

🍇 ဒါပေမယ့် စပျစ်သီးမှာ ဓါတ်တိုး ဆန့်ကျင် ပစ္စည်းတွေ အများကြီးပါဝင်တဲ့ အတွက် ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းအားကောင်းစေပါတယ်။

🍇 Vitamin C, Vitamin K နဲ့ အခြားဓါတ်ပေါင်းတွေလည်းကြွယ်ဝပါသေးတယ်။

🍇 ဆိုဒီယမ်ဓါတ်နည်းပြီး ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အတွက်သွေးတိုးကိုလည်း ထိန်းညှိပေးနိုင်ပါသေးတယ်။

🍇 Melatonin ဓါတ် အနည်းငယ်ပါဝင်တဲ့ အတွက် စားပြီးရင်တော့ အိပ်ချင်စိတ်ဖြစ်တတ်ပါတယ်လို့ လေ့လာမှုတွေ အရတွေ့ရပါတယ်။

🍇 အသီးတွေထဲမှာ ပါတဲ့ Fructose သကြားကြောင့် အိပ်ရာမဝင်ခင် အများကြီးစားမယ်ဆိုရင် ဗိုက်အောင့်တတ်ပါတယ်နော်။ဒီတော့ ယတြာအနေနဲ့ စားမယ်ဆိုရင်လည်း ညဖက်ဖြစ်တဲ့အတွက် အများကြီး မစားဖို့တော့ တိုက်တွန်းချင်ပါတယ်။

စာဖတ်သူတို့ရော စပျစ်သီး ဝယ်ပြီးကြပြီလား။ ဆရာမတော့ မဝယ်ရသေးဘူး။ စားဖြစ်မယ် ဆိုရင်လည်းစပျစ်သီးအကျိုးကျေးဇူးလေးတွေသိရဖို့ အနည်းငယ်လေးရေးသားပေးလိုက်ပါတယ်ရှင်။ အားလုံးပဲနှစ်သစ်မှာလည်း ပျော်ရွှင်ကြပါစေ။

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း



Picture credit - freepik

Dr. Myat နဲ့ သူငယ်ချင်း ၂ ယောက်ဘာတွေပြောမလဲ? ခန့်မှန်းသွားပေးပါဦး?
18/12/2023

Dr. Myat နဲ့ သူငယ်ချင်း ၂ ယောက်ဘာတွေပြောမလဲ? ခန့်မှန်းသွားပေးပါဦး?

အခြားအလုပ်တွေ ရှုပ်နေလို့ အလုပ်လုပ်တဲ့ ပုံလေးတွေ မတင်တာ၊ စာလေးတွေ မရေးတာ ကြာသွားတယ်ရှင်။ ဆရာမ Page လေးမတွေ့တော့ဘူးတို့၊ ...
13/12/2023

အခြားအလုပ်တွေ ရှုပ်နေလို့ အလုပ်လုပ်တဲ့ ပုံလေးတွေ မတင်တာ၊ စာလေးတွေ မရေးတာ ကြာသွားတယ်ရှင်။
ဆရာမ Page လေးမတွေ့တော့ဘူးတို့၊ စာလေးတွေ မရေးတော့ဘူးလားနဲ့ သတိတရမေးလို့ ဒီ Page လေးကို အတတ်နိုင်ဆုံးပြန်ရေးပါ့မယ်ရှင်။ အလုပ်တွေကိစ္စတွေ အတွက်ရော၊ ဆေးခန်းပြဖို့ရော လာလာမေးကြတဲ့ အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။
Video လေးတွေလည်း ရိုက်ထားပါတယ်။

online appointment တွေအတွက်လည်း စုံစမ်းလို့ရပါတယ်ရှင်။

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း

“မီးသွေးနဲ့ ဖုတ်တဲ့ လတ်လတ်ဆတ်ဆတ် Pizza စားချင်ရင်"စာရေးသူက အာဟာရနဲ့ ဆိုင်တဲ့ ဆရာဝန်လည်းဖြစ်တော့ အစားအသောက်လတ်ဆတ်တာ၊ သဘာဝ...
03/12/2023

“မီးသွေးနဲ့ ဖုတ်တဲ့ လတ်လတ်ဆတ်ဆတ် Pizza စားချင်ရင်"

စာရေးသူက အာဟာရနဲ့ ဆိုင်တဲ့ ဆရာဝန်လည်းဖြစ်တော့ အစားအသောက်လတ်ဆတ်တာ၊ သဘာဝနဲ့ နီးစပ်တာလေးတွေဆို တအားကြိုက်ပါတယ်။ ဒီတော့ သတိတရနဲ့ ရန်ကုန်မြို့ထဲကထင်းမီးဖိုနဲ့ ဖုတ်တဲ့ Pizza လတ်လတ်ဆတ်ဆတ်လေးရနိုင်မယ့် နေရာလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ သွားထားတာကတော့ကြာပါပြီ။ တော်တော်များများလည်း သိပြီးသားနေရာလေးဖြစ်မှာပါ။

ထင်းမီးဖိုနဲ့လုပ်တာကို အရင်က မြန်မာနိုင်ငံမှာဆိုရင် ကလောမှာပဲ တွေ့ဖူးပြီး အရမ်းသဘောကျတာ။ အခုတော့ ရန်ကုန်မြို့၊ သင်္ဏန်းကျွန်းက Kokkoya Organicsမှာ လတ်လတ်ဆတ်ဆတ် စားခဲ့ရတယ်ရှင်။ သူ့ပေါင်မုန့်က ပွဆေး၊ တာရှည်ခံဆေးတွေ မသုံးထားပဲ တစ်ညလောက် ကြိုနှပ်ထားရပါတယ်။ စားခါနီးမှ Cheese လေးတွေ အသီးအရွက်လေးတွေ ထည့်ပြီးပူပူလေးလုပ်ပေးထားတော့ တကယ်ကို စားကောင်းပါတယ်။ Oven မဟုတ်ပဲ ထင်းမီးနဲ့သေချာဖုတ်ထားတာဆိုတော့ အချိန်တိုတဲ့အတွက် အသီးအနှံထဲမှာပါတဲ့ Nutrients တွေသိပ်မဆုံးရှံးပဲ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ သူ့ဆိုင်မှာ Booking ကြိုတင်ရင် ကိုယ်တိုင်လည်း Pizza ဝင်လုပ်လို့ရပါတယ်။

Pizza လေးအပြင် Kombucha လည်းသောက်ခဲ့သေးတယ်။ အခြား Organic အသီးအရွက်သုတ်လေးတွေ၊ လတ်လတ်ဆတ်ဆတ်ချက်ထားတဲ့ မှိုဟင်းချိုလေးတွေ၊ Baked Potato လေးတွေ လည်း စားခဲ့ပါသေးတယ်။ သတ်သတ်လွတ်လေးတွေကြိုက်တတ်တဲ့သူဆိုရင် အဆင်ပြေပါတယ်။ သွားရဝေးတာရယ်၊ ကားပါကင်နေရာ အကျယ်ကြီး မရှိတာကလွဲရင် ကျန်တာတွေ သဘောကျပါတယ်။ Organic စိုက်ခင်းလေးတွေလေ့လာလို့ ရတဲ့အပြင် သဘာဝနဲ့ နေထိုင်ရတာ ကြိုက်တတ်ရင်တော့ သွားပျော်တဲ့နေရာလေးပါရှင်။

ဆရာမကတော့ အာဟာရဆရာဝန်ပီပီ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လတ်ဆတ်တဲ့ အစားအသောက်လေးမြင်ရင် မနေတတ်လို့ စာဖတ်သူတွေအတွက်လည်း လက်တို့လိုက်ပါတယ်။
🚫No Sponsored 🚫No Collaboration

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း

Address

Yangon

Alerts

Be the first to know and let us send you an email when NutriBeauty by Dr.Ei posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NutriBeauty by Dr.Ei:

Share