Aye Thu Kha အဆီကျဆေးနှင့် အလှကုန် ဖြန့်ချီရေး

  • Home
  • Myanmar
  • Yangon
  • Aye Thu Kha အဆီကျဆေးနှင့် အလှကုန် ဖြန့်ချီရေး

Aye Thu Kha အဆီကျဆေးနှင့် အလှကုန် ဖြန့်ချီရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aye Thu Kha အဆီကျဆေးနှင့် အလှကုန် ဖြန့်ချီရေး, Health & Wellness Website, Yangon.

သားအိမ်ကျန်းမာလိုသူအမျိုးသမီးတိုင်းဒီPage ကို Like လုပ်ပေးထားနော်
Jolly herbal repair 🌹 Jolly M 🌹Jolly secret soap 🌹လက်လီလက်ကားရန်ကုန်ကိုယ်စားလှယ် ၀၉၂၅၀၁၆၈၅၇၆🍀🍀🩷🩷

တို့ အမျိုးသမီးတွေရဲ့  ခန္ဓာကိုယ်တခုလုံးကျန်းမာရေးနဲ့ အသားအရေ  အလှအပ  အားလုံးရဲ့ 70% ကို ထိန်းချုပ်ပြီး ပံပိုးပေးနေတာ အမ...
29/08/2026

တို့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်တခုလုံးကျန်းမာရေးနဲ့ အသားအရေ အလှအပ အားလုံးရဲ့ 70% ကို ထိန်းချုပ်ပြီး ပံပိုးပေးနေတာ အမျိုးသမီးဟော်မုန်းပါ

အမျိုးသမီးဟော်မုန်းက အသက် 13-14-15 နှစ် အရွယ် ရာသီစပေါ်တဲ့အချိန်ကစပြိး ထွက်လာပါတယ်
ရာသီလာနေတဲ့အချိန် သားဥကြွေချိန်မှာ
အများဆုံးထွက်ပါတယ်။
ရာသီ ပေါ်ချိန်မှစပြီးတော့ အသက်၃၅ နှစ်အထိဟာ အမျိုးသမီးဟော်မုန်းအကြွယ်ဝဆုံးအချိန်ပါ။

ဒါကြောင့် အသက်၂၀အရွယ်အမျိုးသမီး လေးတွေဟာဆိုရင် ဘာမှမလိမ်းဘဲ မပြင်ဆင်ဘဲနဲ့တောင် လှ‌သွေးကြွယ်နေတဲ့အချိန်ပေါ့

ကျန်းမာရေးဆိုရင်လည်း အချိန်မှန်မစား အချိန်မှန် မအိပ်တာတောင် ဒူပေတာပေ ခံနိုင်ကြတာပေါ့

အသက်၃၅ ကျော်လာပြီဆိုရင်တော့ အမျိုးသမီးဟော်မုန်း စပြီး ကျလာပါပြီ
ဒါပေမဲ့ ကျန်းမာရေးအရမသိသာသေးဘူး။
ရုပ်ရည်စပြီးကျလာပြီ။

အသက်၄၀ကျော်ရင် အမျိုးသမီးဟော်မုန်း ၅၀% ထိ ကျလာပြီ
အဲဒီမှာ ရုပ်ရည် သိသိသာသာကျလာပြီ
အသားအရည်မှိန်သွားပြီ တင်းတိပ်ဝက်ခြံ အမဲစက်တွေဖြစ်လာပြီ
ရံဖန်ရန်ခါမှာ အိပ်မပျော်တာ ခေါင်းမူးတာ
အပင်ပန်းမခံနိုင်တာ စပြီးဖြစ်လာတယ်။

၄၀ကျော် ကနေ ၅၀ဖက်ကိုရောက်လာလေ
အမျိုးသမီးဟော်မုန်းကျဆင်းနှုန်း အရမ်းမြန်လာတယ်။ 50%-60%-70%-80% အထိပေါ့

ဒီအချိန်အတွင်းမှာ သွေးဆုံးကိုင်ဖို့လက္ခဏာတွေ ကောင်းကောင်းခံစားရပြီပေါ့

နှလုံရောဂါမရှိဘဲ နှလုံးတုန်တာ
ဘာမှမလုပ်ဘဲမောတာ
စိတ်တိုလွယ်တာ စိုးရိမ်ပူပန်စိတ်များတာ
အမျိုးသမီးအင်္ဂါခြောက်တာ
အမျိုးသားနဲ့အတူနေချင်စိတ်လုံးဝမရှိတာ
ည၁၂နာရီအထိ အိပ်မရတာ
ဒါမှမဟုတ် ည တစ်နာရီမှာ တရေးနိုးပြီး
မိုးလင်းထိအိပ်လို့မရတော့တာ။
အချို့တွေတော့လည်း တစ်ညလုံးရဲ့အိပ်ပျော်သလို ထင်ရပေမယ့် နိုးနေတာမျိုး
ခေါင်းကြီးတခုလုံး အုံခဲနေတာ
အာရုံစိုက်လို့မရတာ
ခြေမသယ်ချင် လက်မသယ်ချင် ဖြစ်တာ
ခြေစစ်လက်ဆစ်တွေကိုက်တာ
ဖြစ်တတ်ပါတယ်
ဒါတွေကို သွေးဆုံးကိုင်လို့ သတ်မှတ်သလိုမတ်တတ်နာလို့ ခေါ်ပါတယ်

ဆရာဝန်ပြရင် ရောဂါရှာမရပါဘူး
သွေးဆုံးသွားပြီဆိုရင်တော့ အမျိုးသမီးဟော်မုန်းလုံးဝမထွက်တော့ပါဘူး

ဒါကြောင့် သွေးဆုံးကိုင်ဝေဒနာတွေ ပိုပြီးတော့ပြင်းပြင်းထန်ထန်ခံစားလာရပါတယ်။

ဒါကြောင့်အမျိုးသမီးအားလုံး
ကျန်းမာရေးကောင်းချင်တယ်ဆိုရင်
အသက်၄၀ကျော်ကစပြီးတော့
အမျိုးသမီးဟော်မုန်း အားဖြည့်တဲ့အစားအစာတွေကို ဂရုတစိုက်စားသောက်ရပါမယ်။
ဒါမှမဟုတ် အမျိုးသမီးဟော်မုန်းဖြည့်စွက်စာတွေကို ပုံမှန်စားသွားရပါမယ်။

အမြဲတမ်းကိုစားသွားရမှာလား မစားရင်ရောဘာတွေဖြစ်လာမှာလဲလို့ ယုကိုမေးကြပါတယ်။

အမျိုးသမီးဟော်မုန်းဖြေစွက်စာ မစားတဲ့သူက အိပ်ယာထဲမှာ ဘုန်းဘုန်းလည်းသွားမှာမဟုတ်ပါဘူး
တစ်နေ့တနေ့ မတ်တတ်နာတွေနဲ့ ရှာမရတဲ့ရောဂါတွေနဲ့ စိတ်ပင်ပန်း လူပင်ပန်းနေရမယ်
ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘူး။ မိသားစု ရှိနေရင်တောင်မှ
စိတ်မပျော်ရွှင်တော့ဘူး တစ်ယောက်တည်းအထီးကျန်လာမယ်။

အမျိုးသမီးဟော်မုန်းဖြည့်စွက်စာစားတဲ့သူတွေကတော့ နေ့စဉ် သွက်လက်ဖြတ်လတ်ပြီးတော့
ကျန်းမာပျော်ရွှင်မယ်။ နုပျိုပါမယ်။ မိသားစုနဲ့အတူသွား အတူလာပြီးတော့ ပျော်ရွှင်နဲ့ဘဝကိုရရှိပါလိမ့်မယ်။
မယုံမရှိပါနဲ့
ယုကိုယ်တိုင် သွေးဆုံး စောခဲ့ပြီး 42 မှာ သွေးဆုံးခဲ့ပါတယ် သွေးဆုံးကိုင်လည်း ခံစားခဲ့ရပါတယ်
ဒါပေမဲ့ယုက မကျန်းမာမှာ အရမ်းကြောက်တဲ့သူမို့ အမျိုးသမီးဟော်မုန်း ဖြည့်စွက်စာတွေကို
အမြဲတမ်းစားခဲ့ပါတယ်။
လေ့ကျင့်ခန်းလည်းလုပ်ခဲ့ပါတယ်။
တာရှည်ခံအစားအသောက်တွေကိုလည်း
အတက်နိုင်ဆုံးရှောင်ခဲ့ပါတယ်။
ဒါကြောင့်လည်း အသက် 49 နှစ်အရွယ် သွေးဆုံးပြီးတာ ၇နှစ် ရှိနေတာတောင်
ကျန်းမာပျော်ရွှင်စွာနဲ့ နေနိုင်ပါတယ်။
ဘဝမှာ အဓိပ္ပါယ်ရှိစွာ အချိန်ကို တန်ဖိုးရှိရှိ အသုံးချနေနိုင်ခဲ့ပါတယ်
အမျိုးသမီးတိုင်း သွေးဆုံးကိုင်ခြင်းမှ ကင်းဝေးကြပါစေရှင်

အပျိုလေးက ဘာလို့Jolly Herbalသောက်သင့်တာတုန်း ❓❓❓   🙆မိန်းကလေး တစ်ယောက် ရှိသင့်တဲ့ ရင်သား ကိုကိတ်သင့်သလောက်ကိတ်စေဖို့   ရ...
28/08/2026

အပျိုလေးက ဘာလို့Jolly Herbalသောက်သင့်တာတုန်း ❓❓❓

🙆မိန်းကလေး တစ်ယောက် ရှိသင့်တဲ့ ရင်သား ကိုကိတ်သင့်သလောက်ကိတ်စေဖို့
ရင်သားသေးတဲ့အခါ အုံထူ တဲ့ underwear တွေ၀တ်ပြီး ပူတယ်
အုံခွက်နဲ့ ရင်သား တစ်ခြားစီ ဖြစ်နေတက်တဲ့ ပြသနာ တွေ ကို
Jolly Herbalလေးသောက်ပြီး ဖြေရှင်းလို့ရပီ 😍😍😍

ကိတ်ချင်တဲ့ မမ လှလှ လေးတွေအတွက် Jolly Herbalလေးသောက်
ရင်သားတင်းရင်းစေပြီးကိတ်စေတယ် ☺️☺️

👚 မြန်မာ၀တ်စုံ၀တ်တဲ့အခါ ပိုပြီးယုံကြည်မှုရစေတာပေါ့

👙 Underwear ကို အုံထူ၀တ်စရာမလိုတော့ပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ယုံကြည်မှုပိုရစေတာJolly Herbal 🥰

ဒါ့အပြင်
#ဓမ္မတာလာရက်မမှန်တာ
#ရာသီထိန်တာ
#အဖြူဆင်းတာ
#ရာသီလာစဥကြိုကခြဲတာ
#ပိပိအနံဆိုးထွက်တာ
တွေ ကိုလည်း သက်သာစေတယ် 😍

မိန်းကလေးတိုင်းရဲ့ မရှိမဖြစ် Jolly Herbal

တစ်လစာ 3 ဘူး 66000 ကျပ်

#ရောင်းအားအကောင်းဆုံးအမျိုးသမီးဆေး
ောင်းတွေရထားတဲ့ဆေး
#မိန်းကလေးတိုင်းအသဲစွဲတဲ့ဆေး

ယုံကြည်မှုလျော့နည်းနေပြီလား?💪ကိုယ့်ရဲ့တက်ကြွမှုနဲ့စွမ်းအားကို ပြန်လည်ဂရုစိုက်ဖို့ အချိန်ရောက်ပါပြီ။တက်ကြွမှု၊ယုံကြည်မှုန...
28/08/2026

ယုံကြည်မှုလျော့နည်းနေပြီလား?💪ကိုယ့်ရဲ့တက်ကြွမှုနဲ့စွမ်းအားကို ပြန်လည်ဂရုစိုက်ဖို့ အချိန်ရောက်ပါပြီ။
တက်ကြွမှု၊ယုံကြည်မှုနဲ့နေ့စဉ် Performance ကို ထောက်ပံ့ပေးနိုင်မယ့် Jolly M

စွမ်းဆောင်ရည်ကျဆင်းနေလို့ စိတ်ညစ်နေပြီလား? 🤔အလုပ်ပင်ပန်းမှု၊ စိတ်ဖိစီးမှုများခြင်း၊ အနားယူချိန်နည်းခြင်းတွေကြောင့် အမျို...
27/08/2026

စွမ်းဆောင်ရည်ကျဆင်းနေလို့ စိတ်ညစ်နေပြီလား? 🤔
အလုပ်ပင်ပန်းမှု၊ စိတ်ဖိစီးမှုများခြင်း၊ အနားယူချိန်နည်းခြင်းတွေကြောင့် အမျိုးသားများရဲ့ စွမ်းဆောင်ရည်နဲ့ ယုံကြည်မှုတွေ လျော့နည်းလာနိုင်ပါတယ်။
💜 Jolly M က အမျိုးသားများအတွက် အထူးဖော်စပ်ထားတဲ့ ဖြည့်စွက်အားဆေးဖြစ်ပြီး
✔️ ခန္ဓာကိုယ်အားအင်တိုးစေခြင်း
✔️ နေ့စဉ်စွမ်းဆောင်ရည်ကောင်းမွန်စေခြင်း
✔️ ယုံကြည်မှုတိုးစေခြင်း
✔️ အိမ်ထောင်ရေးဘဝ ပိုမိုပျော်ရွှင်စေခြင်းတို့ကို အထောက်အကူပြုနိုင်ပါတယ်။
✨ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ရယူဖို့ Jolly M ကို ရွေးချယ်လိုက်ပါ။
📩 အသေးစိတ်သိရှိလိုပါက Page Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

27/08/2026
27/08/2026

၊⁉️အသက်၄၀ ကျော် အိမ်ထောင်သက်အတွင်း ကလေးထပ်ရယူလိုသူလေးတွေအတွက်💕💕

#မအိ

အမျိုးသမီးတွေရဲ့ ဓမ္မတာရက်တွေမှာ ကိုက်ခဲခြင်းနှင့် ရာသီမမှန်ခြင်း ထိန်ခြင်းတို့ကြောင့် စိတ်ရောကိုယ်ပါ မပင်ပန်းစေဖို့ Jol...
26/08/2026

အမျိုးသမီးတွေရဲ့ ဓမ္မတာရက်တွေမှာ ကိုက်ခဲခြင်းနှင့် ရာသီမမှန်ခြင်း ထိန်ခြင်းတို့ကြောင့် စိတ်ရောကိုယ်ပါ မပင်ပန်းစေဖို့ Jolly Herbal Repair ရှိတယ်နော်

ဓမ္မတာလာတဲ့အချိန် နာကျင်ကိုက်ခဲမှုကို လျှော့ချပေးခြင်းကြောင့် ဓမ္မတာရက်တိုင်းလဲ ပေါ့ပေါ့ပါးပါး လန်းလန်းဆန်းဆန်း ဖြတ်သန်းနိုင်ပါတယ်။

သားအိမ်နှင့် ပတ်သတ်ပြီး သားဥအိမ်မှာ ရေအိတ်တည်ခြင်း၊ အသားလုံးတည်ခြင်း၊ သွေးသားပျစ်ခိုင်ခြင်းနှင့် ရာသီထိန်တာ မမှန်တာတို့မဖြစ်အောင် ကာကွယ်တားဆီးပေးပါတယ်။

ရာသီလာတတ်တဲ့အရွယ်မှ စပြီး သွေးဆုံးသည်အထိ မိန်းကလေးတိုင်းရသောက်သုံးသင့်တဲ့ ဆေးစွမ်းကောင်း တစ်လတ်ပါနော်

သဘာဝပစ္စည်းများဖြင့် ပေါင်းစပ် ထုတ်လုပ်ထားပြီး FDA ထောက်ခံချက် ရရှိထားပါသည်။

ညအိပ်ရာ ဝင်ခါနီးတိုင်း တစ်နေ့ (၁)လုံး သောက်သုံးပေးရုံပဲနော် ချစ်လေးတို့ရေ😊😊

1ဘူး 10လုံးပါ ၂၂၀၀၀ks💸


#အမျိုးသမီးတိုင်းအတွက်
#အိမ်ထောင်ရေးသုခဆေး

26/08/2026

၊💢ကလေးရဖို့အဓိကအရေးကြီးတဲ့လျှို့ဝှက်ချက်တခု၊💥
#မအိ
#ကလေးအရမြန်စေရန်
#ထိုင်းရောက်ရွှေမြန်မာ
#မလေးရောက်ရွှေမြန်မာ

26/08/2026

အသက်လေးဆယ်ကျော်ကလေးယူနေသူများအတွက်

သက် ၄၅ ကျော်လာတာနဲ့ ခဏခဏ ပူစပ်ပူလောင်ဖြစ်တယ်... ညဘက် အိပ်မပျော်ဘူး... စိတ်တိုလွယ်လာတယ်... ဒါတွေက အသက်ကြီးလာလို့ ဖြစ်တာလာ...
26/08/2026

သက် ၄၅ ကျော်လာတာနဲ့ ခဏခဏ ပူစပ်ပူလောင်ဖြစ်တယ်... ညဘက် အိပ်မပျော်ဘူး... စိတ်တိုလွယ်လာတယ်... ဒါတွေက အသက်ကြီးလာလို့ ဖြစ်တာလား?"

အဖြေကတော့ မဟုတ်ပါဘူး။

ဒါတွေဟာ ရာသီသွေးဆုံးချိန် (Menopause) မှာ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ရင်ဆိုင်နေတဲ့ သဘာဝအပြောင်းအလဲရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

လူအများစုက သွေးဆုံးပြီဆိုတာနဲ့ "အိုပြီ... ကျန်းမာရေးလည်း ကျသွားတော့မယ်" လို့ စိတ်ဓာတ်ကျတတ်ကြပါတယ်။

အမှန်တော့ Menopause ဟာ ရောဂါမဟုတ်ပါဘူး။ အမျိုးသမီးတိုင်း ဖြတ်သန်းရမယ့် သဘာဝ အဆင့်တစ်ခုသာ ဖြစ်ပါတယ်။

ဒီအချိန်မှာ ကိုယ့်ခန္ဓာကိုယ်ကို နားလည်ပြီး နေထိုင်စားသောက်မှုပုံစံကို နည်းနည်းလေး ပြောင်းလဲပေးလိုက်ရုံနဲ့ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ဆက်လက်ဖြတ်သန်းနိုင်ပါတယ်။

ဒါဆို... ဘာတွေကို ဂရုစိုက်သင့်လဲ? ဒီနေ့မှာ အတူကြည့်လိုက်ကြရအောင်..

၁။ အရိုးကျန်းမာရေးကို အရင်ကထက် ပိုဂရုစိုက်ပါ
===================================

သွေးဆုံးချိန်မှာ Estrogen ဟော်မုန်း လျော့ကျလာတာကြောင့် အရိုးပွရောဂါ ဖြစ်နိုင်ခြေ မြင့်လာပါတယ်။

ဒါကြောင့်

• နို့၊ ဒိန်ချဉ်၊ ချိစ်
• ငါးကလေး၊ ပုစွန်ဆိတ်
• အစိမ်းရောင် ဟင်းသီးဟင်းရွက်များ စားပေးပါ။

• မနက်ခင်း နေရောင်ခြည် ၁၀–၁၅ မိနစ် ခံပေးပါ။

၂။ နှလုံးကျန်းမာရေးကို မပေါ့ဆပါနဲ့
=============================

သွေးဆုံးပြီးနောက် နှလုံးရောဂါနဲ့ သွေးတွင်းအဆီမြင့်မားနိုင်ခြေ တဖြည်းဖြည်း မြင့်လာနိုင်ပါတယ်။

ဒါကြောင့်

• Omega 3 ကြွယ်ဝတဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး
• သစ်ကြားသီး၊ ဗာဒံစေ့၊ သစ်ဆိမ့်သီးစေ့ လို့ အစေ့အဆန်တွေ စားပေးပါ။
• သံလွင်ဆီ သုံးပေးပါ

၃။ ခဏခဏ ပူစပ်ပူလောင်ဖြစ်တာကို လျှော့ချနိုင်ပါတယ်
====================================

Hot Flashes ဟာ Menopause ရဲ့ အဖြစ်အများဆုံး လက္ခဏာတစ်ခု ဖြစ်ပါတယ်။

ဒါကြောင့်

• ကော်ဖီ၊ လက်ဖက်ရည် အလွန်အကျွံသောက်ခြင်း
• အစပ်လွန်တဲ့ အစားအစာများ
• အရက်၊ ဆေးလိပ် စတာတွေ ရှောင်ပါ
• အပူချိန်မြင့်တဲ့ ပတ်ဝန်းကျင် မှာ မနေပါနဲ့

💧 ရေများများသောက်ပြီး အဝတ်ပါးပါး ဝတ်ဆင်ပေးတာကလည်း အထောက်အကူ ဖြစ်စေပါတယ်။

၄။ နေ့တိုင်း လှုပ်ရှားပေးပါ
======================

လေ့ကျင့်ခန်းဟာ ကိုယ်အလေးချိန် ထိန်းပေးရုံသာမက စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးပါတယ်။

• တစ်နေ့ မိနစ် ၃၀ လမ်းလျှောက်ခြင်း
• ယောဂ
• ရေကူး၊ လမ်းလျှောက် စတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပါ

၅။ အိပ်ရေးဝဝ အိပ်ပါ
===================

သွေးဆုံးချိန်မှာ ညဘက် အိပ်မပျော်တာ အဖြစ်များပါတယ်။

ကောင်းကောင်းအိပ်ပျော်ဖို့

• အိပ်ချိန် ပုံမှန်ထားပါ။
• အိပ်ခါနီး ဖုန်းအသုံးပြုမှု လျှော့ပါ။
• ညနေဘက် Caffeine လျှော့သောက်ပါ။
• အိပ်ခန်းကို အေးအေး၊ တိတ်တိတ်ဆိတ်ဆိတ် ဖြစ်အောင်ထားပါ။

၆။ ရေများများသောက်ပြီး အမျှင်ဓာတ် ပြည့်ဝစွာ စားပါ

ဟော်မုန်းပြောင်းလဲမှုကြောင့် အသားအရေခြောက်ခြင်း၊ ဝမ်းချုပ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

နေ့စဉ်

• ရေ ၆–၈ ခွက်ခန့် သောက်ပါ။
• ဟင်းသီးဟင်းရွက်
• သစ်သီးဝလံ
• ဆန်လုံးညို၊ Oats နဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပိုစားပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်လဲ?
============================

အောက်ပါ လက္ခဏာတွေ ရှိနေရင် မပေါ့ဆပါနဲ့။

🔴 သွေးဆုံးပြီး ၁ နှစ်ကျော်မှာ သွေးပြန်ဆင်းခြင်း

🔴 သွေးဆင်းတာ အရမ်းများခြင်း

🔴 ဆီးသွားစဉ် နာကျင်ခြင်း

🔴 ရင်ဘတ်အောင့်ခြင်း

🔴 မခံနိုင်လောက်အောင် Hot Flashes ပူစပ်ပူလောင် ဖြစ်လာရင် သို့မဟုတ် စိတ်ကျရောဂါ လက္ခဏာများ ခံစားလာရရင်

ဆရာဝန်နဲ့ စောစောတိုင်ပင်ပြီး လိုအပ်တဲ့ ကုသမှု ခံယူသင့်ပါတယ်။

နိဂုံးချုပ်ဆိုရရင်

Menopause ဆိုတာ ဘဝရဲ့ အဆုံးမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ရမယ့် အချိန်သစ်တစ်ခုသာ ဖြစ်ပါတယ်။

မှန်ကန်တဲ့ အစားအသောက်၊ ပုံမှန်လေ့ကျင့်ခန်း၊ အိပ်ရေးဝဝ အိပ်စက်ခြင်းနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို ဂရုစိုက်မယ်ဆိုရင် သွေးဆုံးပြီးနောက်မှာလည်း ကျန်းမာပျော်ရွှင်ပြီး တက်ကြွတဲ့ ဘဝကို ဆက်လက်ဖြတ်သန်းနိုင်ပါတယ်။

ဒီအချက်လေးတွေက အသုံးဝင်တယ်ဆိုရင် Like, Share လုပ်ပြီး ကိုယ့်ရဲ့ အမေ၊ အဖွား၊ အစ်မ၊ အဒေါ်၊ မိတ်ဆွေ အမျိုးသမီးတွေအတွက်လည်း မျှဝေပေးလိုက်ပါ။

တစ်ယောက်ယောက်ရဲ့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ❤️

#ကျန်းမာရေး #အမျိုးသမီးကျန်းမာရေး
Crd to owner

Address

Yangon

Telephone

+959250168576

Website

Alerts

Be the first to know and let us send you an email when Aye Thu Kha အဆီကျဆေးနှင့် အလှကုန် ဖြန့်ချီရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aye Thu Kha အဆီကျဆေးနှင့် အလှကုန် ဖြန့်ချီရေး:

Shortcuts

Share